သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၁ ရာစုပင္လံုညီလာခံ က်င္းပေရး သတ္မွတ္ရက္ သေဘာတူ


တုိင္းရင္းသားလက္နက္ကုိင္ ကိုယ္စားလွယ္မ်ားနဲ႔ ေဆြးေႏြးပြဲ တက္ေရာက္ခဲ့တဲ့ ျမန္မာအစုိးရ ကုိယ္စားလွယ္အဖြဲ႔။ (ၾသဂုတ္ ၂၊ ၂၀၂၀။ ဓာတ္ပုံ - ဦးလွေမာင္ေရႊ)

(Zawgyi / Unicode)

ျမန္မာအစုိးရနဲ႔ တိုင္းရင္းသား လက္နက္ကုိင္အဖဲြ႔ ကုိယ္စားလွယ္ေတြၾကား စေနေန႔ အစည္းအေ၀းမွာ မၿပီးျပတ္ေသးတဲ့ အခ်က္ေတြကို ဒီေန႔ ဆက္လက္ေဆြးေႏြးရာမွာ ႏွစ္ဖက္သေဘာတူညီမႈ ရခဲ့ၾကပါတယ္။ အျပည့္အစုံကို ကုိမုိးေဇာ္က စုစည္းတင္ျပထားပါတယ္။

စေနေန႔ ေဆြးေႏြးပဲြမွာ အစိုးရနဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြအၾကားမွာ Bilateral ေခၚ ႏွစ္ဖဲြ႔ခ်င္း ေဆြးေႏြးတာေတြကို ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတဲြေစာင့္ၾကည့္ေရး ေကာ္မတီ (JMC) အစည္းအေ၀းေတြနဲ႔ Parallel အၿပိဳင္က်င္းပေရးအတြက္ ေဆြးေႏြးခဲ့တာပါ။ ဒီလို ေဆြးေႏြးပဲြေတြ အၿပိဳင္က်င္းပဖို႔ ဆံုးျဖတ္ရာမွာ JMC ျပည္နယ္အဆင့္ ေဆြးေႏြးပဲြေတြ မက်င္းပႏိုင္ခဲ့တဲ့အတြက္ အခက္အခဲ ျဖစ္ခဲ့ရတာလို႔ ဒီေန႔ သတင္းစာရွင္းလင္းပဲြမွာ ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေျပာပါတယ္။

ဒီေန႔ ထပ္မံေဆြးေႏြးရာမွာေတာ့ ေျပလည္မႈ ရခဲ့ၿပီျဖစ္ေၾကာင္း ဦးေဇာ္ေဌးက အခုလို ဆက္ေျပာပါတယ္။

“အဲဒါနဲ႔ပတ္သက္ၿပီး နဂိုက ေဆြးေႏြးခဲ့တယ္ေပါ့ေနာ္။ ႏွစ္ဖက္ အလုပ္အဖဲြ႔ၾကားမွာ အေက်အလည္ ျပန္ၿပီးေဆြးေႏြးဖို႔ ရွိတဲ့အတြက္ ေနျပည္ေတာ္မွာ က်ေနာ္တို႔ ၁ ရက္၊ ၂ ရက္ေန႔ေပါ့။ ဒီကေန႔ အစည္းအေ၀း ေအာင္ျမင္စြာ ၿပီးဆံုးတယ္။ ဒီႏွစ္ဖက္ၾကားမွာ ရွိေနတဲ့ စိုးရိမ္မႈေတြ၊ ျဖစ္ေပၚေနတဲ့ အဆင္မေျပမႈေတြ၊ ဒါေတြအားလံုး ႏွစ္ဖက္လံုးက ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတယ္။ ေဆြးေႏြးၿပီးရင္ေတာ့ သေဘာတူညီခ်က္ ရယူႏိုင္တဲ့အတြက္ က်ေနာ္တို႔ ေအာင္ျမင္တဲ့ အစည္းအေ၀းျဖစ္ေၾကာင္း ပဏာမအေနနဲ႔ ေျပာၾကားလိုပါတယ္။”

ဒီသေဘာတူညီခ်က္မွာ JMC-S ေခၚ ျပည္နယ္အဆင့္ ပူးတဲြေစာင့္ၾကည့္ေရးဆိုင္ရာ ေဆြးေႏြးပဲြေတြ စက္တင္ဘာ ေနာက္ဆံုးပတ္မွာ က်င္းပဖို႔လည္း သေဘာတူညီခဲ့ၾကပါတယ္။

ျမန္မာအစုိးရနဲ႔ တုိင္းရင္းသားလက္နက္ကုိင္ ကိုယ္စားလွယ္မ်ား ေဆြးေႏြးပြဲ။ (ၾသဂုတ္ ၂၊ ၂၀၂၀။ ဓာတ္ပုံ - ဦးလွေမာင္ေရႊ)
ျမန္မာအစုိးရနဲ႔ တုိင္းရင္းသားလက္နက္ကုိင္ ကိုယ္စားလွယ္မ်ား ေဆြးေႏြးပြဲ။ (ၾသဂုတ္ ၂၊ ၂၀၂၀။ ဓာတ္ပုံ - ဦးလွေမာင္ေရႊ)

ဒီေန႔ ေဆြးေႏြးပဲြ ေအာင္ျမင္ခဲ့တာေၾကာင့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀း က်င္းပမယ့္ အခ်ိန္ဇယားကို သေဘာတူညီႏိုင္ခဲ့ၾကေၾကာင္းလည္း တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြရဲ႕ ကိုယ္စားလွယ္ ႏိုင္ေအာင္မေငးက ေျပာပါတယ္။

“ေရွ႕ဆက္သြားမယ့္ အစည္းအေ၀းက ၄ ရက္၊ ၅ ရက္ေန႔မွာ က်ေနာ္တို႔ အလုပ္အဖဲြ႔ ထပ္ေဆြးေႏြးမယ္ အၿပီးသတ္။ ေဆြးေႏြးၿပီးရင္ သက္ဆိုင္ရာ က်ေနာ္တို႔ရဲ႕ EAO ေတြရဲ႕ ေခါင္းေဆာင္ေတြေပါ့။ PPST ေခါင္းေဆာင္ေတြကို တင္ျပေဆြးေႏြးၾကမယ္။ ဒီ ေနျပည္ေတာ္မွာလုပ္မယ္။ JICM အႀကိဳ အႀကိဳအၿပီးသတ္ကိုေတာ့ ၁၀ ရက္၊ ၁၁ ရက္မွာ လုပ္ၿပီးေတာ့ JICM အစည္းအေ၀းကိုေတာ့ ၁၃ ရက္ေန႔မွာ လုပ္ထားပါတယ္။ သက္ဆိုင္ရာ UPDJC အစည္းအေ၀းကိုေတာ့ ၁၇ ရက္ေန႔မွာ မွန္းထားၿပီးေတာ့ UPC အစည္းအေ၀းကိုေတာ့ ၁၉၊ ၂၀၊ ၂၁ မွာလုပ္ဖို႔ မွန္းထားတာေပါ့ေနာ္။”

UPC ေခၚ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ ရာစုပင္လံု စတုတၳ အစည္းအေ၀း က်င္းပေရးအတြက္ အစိုးရနဲ႔ NCA လက္မွတ္ထိုး တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔က အလုပ္အဖဲြ႔ ကိ္ုယ္စားလွယ္ေတြဟာ ၇ ႀကိမ္ေျမာက္ ညိႇႏိႈင္းခဲ့ၾကၿပီးလည္း ျဖစ္ပါတယ္။

ဒီအစည္းအေ၀းေတြမွာ NCA အပစ္ရပ္စာခ်ဳပ္ဆိုင္ရာ မူေဘာင္ ျပန္လည္ညႇိႏိႈင္းေရး၊ ၂၀၂၀ ျပည့္ ေရြးေကာက္ပဲြေနာက္ပုိင္း အဆင့္လိုက္ အေကာင္အထည္ေဖာ္မႈနဲ႔ ဖက္ဒရယ္ အေျခခံမူလမ္းညႊန္ စတဲ့ အပိုင္း ၃ ပိုင္း ပါ၀င္တဲ့ ျပည္ေထာင္စုစာခ်ဳပ္ အပိုင္း ၃ ကို အဓိက ေဆြးေႏြးခဲ့တာပါ။

ရရွိတဲ့ အခ်က္ေတြကိုေတာ့ ႏွစ္ဖက္ေခါင္းေဆာင္ေတြထံ တင္ျပၿပီး JICM ေခၚ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ ညိႇႏိႈင္းအစည္းအေဝးနဲ႔ UPDJC ေခၚ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈ ပူးတဲြေကာ္မတီ စတဲ့ အစည္းအေ၀းေတြမွာ အတည္ျပဳခ်က္ရယူမွာ ျဖစ္ပါတယ္။

အတည္ျပဳခ်က္ ရယူၿပီးရင္ေတာ့ UPC ေခၚ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀းကို ဒီေန႔ သေဘာတူညီခဲ့ၾကတဲ့အတိုင္း ဒီလ ၁၉ ရက္ကေန ၂၁ ရက္ထိ ၃ ရက္ၾကာ က်င္းပမွာျဖစ္ပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံကို ဒီႏွစ္ ဧၿပီလမွာ က်င္းပဖို႔ မူလက ျပင္ဆင္ခဲ့ေပမယ့္ COVID-19 ကပ္ေရာဂါေၾကာင့္ ရက္ေရႊ႕ဆိုင္းလာခဲ့ရတာပါ။ လက္ရွိ သတ္မွတ္ထားတဲ့ ေန႔ရက္ကိုေတာ့ လာမယ့္ ႏို၀င္ဘာလမွာ ေရြးေကာက္ပဲြ က်င္းပဖို႔လည္း ရွိေနတာေၾကာင့္ ထပ္မံေျပာင္းေရႊ႕ဖို႔ မရွိႏိုင္ေၾကာင္းလည္း သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

၂၁ ရာစုပင်လုံညီလာခံ ကျင်းပရေး သတ်မှတ်ရက် သဘောတူ

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေကြား စနေနေ့ အစည်းအဝေးမှာ မပြီးပြတ်သေးတဲ့ အချက်တွေကို ဒီနေ့ ဆက်လက်ဆွေးနွေးရာမှာ နှစ်ဖက်သဘောတူညီမှု ရခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

စနေနေ့ ဆွေးနွေးပွဲမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားမှာ Bilateral ခေါ် နှစ်ဖွဲ့ချင်း ဆွေးနွေးတာတွေကို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးတွေနဲ့ Parallel အပြိုင်ကျင်းပရေးအတွက် ဆွေးနွေးခဲ့တာပါ။ ဒီလို ဆွေးနွေးပွဲတွေ အပြိုင်ကျင်းပဖို့ ဆုံးဖြတ်ရာမှာ JMC ပြည်နယ်အဆင့် ဆွေးနွေးပွဲတွေ မကျင်းပနိုင်ခဲ့တဲ့အတွက် အခက်အခဲ ဖြစ်ခဲ့ရတာလို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

ဒီနေ့ ထပ်မံဆွေးနွေးရာမှာတော့ ပြေလည်မှု ရခဲ့ပြီဖြစ်ကြောင်း ဦးဇော်ဌေးက အခုလို ဆက်ပြောပါတယ်။

“အဲဒါနဲ့ပတ်သက်ပြီး နဂိုက ဆွေးနွေးခဲ့တယ်ပေါ့နော်။ နှစ်ဖက် အလုပ်အဖွဲ့ကြားမှာ အကျေအလည် ပြန်ပြီးဆွေးနွေးဖို့ ရှိတဲ့အတွက် နေပြည်တော်မှာ ကျနော်တို့ ၁ ရက်၊ ၂ ရက်နေ့ပေါ့။ ဒီကနေ့ အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးတယ်။ ဒီနှစ်ဖက်ကြားမှာ ရှိနေတဲ့ စိုးရိမ်မှုတွေ၊ ဖြစ်ပေါ်နေတဲ့ အဆင်မပြေမှုတွေ၊ ဒါတွေအားလုံး နှစ်ဖက်လုံးက ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်။ ဆွေးနွေးပြီးရင်တော့ သဘောတူညီချက် ရယူနိုင်တဲ့အတွက် ကျနော်တို့ အောင်မြင်တဲ့ အစည်းအဝေးဖြစ်ကြောင်း ပဏာမအနေနဲ့ ပြောကြားလိုပါတယ်။”

ဒီသဘောတူညီချက်မှာ JMC-S ခေါ် ပြည်နယ်အဆင့် ပူးတွဲစောင့်ကြည့်ရေးဆိုင်ရာ ဆွေးနွေးပွဲတွေ စက်တင်ဘာ နောက်ဆုံးပတ်မှာ ကျင်းပဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲ အောင်မြင်ခဲ့တာကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပမယ့် အချိန်ဇယားကို သဘောတူညီနိုင်ခဲ့ကြကြောင်းလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ် နိုင်အောင်မငေးက ပြောပါတယ်။

“ရှေ့ဆက်သွားမယ့် အစည်းအဝေးက ၄ ရက်၊ ၅ ရက်နေ့မှာ ကျနော်တို့ အလုပ်အဖွဲ့ ထပ်ဆွေးနွေးမယ် အပြီးသတ်။ ဆွေးနွေးပြီးရင် သက်ဆိုင်ရာ ကျနော်တို့ရဲ့ EAO တွေရဲ့ ခေါင်းဆောင်တွေပေါ့။ PPST ခေါင်းဆောင်တွေကို တင်ပြဆွေးနွေးကြမယ်။ ဒီ နေပြည်တော်မှာလုပ်မယ်။ JICM အကြို အကြိုအပြီးသတ်ကိုတော့ ၁၀ ရက်၊ ၁၁ ရက်မှာ လုပ်ပြီးတော့ JICM အစည်းအဝေးကိုတော့ ၁၃ ရက်နေ့မှာ လုပ်ထားပါတယ်။ သက်ဆိုင်ရာ UPDJC အစည်းအဝေးကိုတော့ ၁၇ ရက်နေ့မှာ မှန်းထားပြီးတော့ UPC အစည်းအဝေးကိုတော့ ၁၉၊ ၂၀၊ ၂၁ မှာလုပ်ဖို့ မှန်းထားတာပေါ့နော်။”

ျမန္မာအစုိးရနဲ႔ တုိင္းရင္းသားလက္နက္ကုိင္ ကိုယ္စားလွယ္မ်ား ေဆြးေႏြးပြဲ တက္ေရာက္သူမ်ား။ (ၾသဂုတ္ ၂၊ ၂၀၂၀။ ဓာတ္ပုံ - ဦးလွေမာင္ေရႊ)
ျမန္မာအစုိးရနဲ႔ တုိင္းရင္းသားလက္နက္ကုိင္ ကိုယ္စားလွယ္မ်ား ေဆြးေႏြးပြဲ တက္ေရာက္သူမ်ား။ (ၾသဂုတ္ ၂၊ ၂၀၂၀။ ဓာတ္ပုံ - ဦးလွေမာင္ေရႊ)

UPC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပရေးအတွက် အစိုးရနဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က အလုပ်အဖွဲ့ ကိုယ်စားလှယ်တွေဟာ ၇ ကြိမ်မြောက် ညှိနှိုင်းခဲ့ကြပြီးလည်း ဖြစ်ပါတယ်။

ဒီအစည်းအဝေးတွေမှာ NCA အပစ်ရပ်စာချုပ်ဆိုင်ရာ မူဘောင် ပြန်လည်ညှိနှိုင်းရေး၊ ၂၀၂၀ ပြည့် ရွေးကောက်ပွဲနောက်ပိုင်း အဆင့်လိုက် အကောင်အထည်ဖော်မှုနဲ့ ဖက်ဒရယ် အခြေခံမူလမ်းညွှန် စတဲ့ အပိုင်း ၃ ပိုင်း ပါဝင်တဲ့ ပြည်ထောင်စုစာချုပ် အပိုင်း ၃ ကို အဓိက ဆွေးနွေးခဲ့တာပါ။

ရရှိတဲ့ အချက်တွေကိုတော့ နှစ်ဖက်ခေါင်းဆောင်တွေထံ တင်ပြပြီး JICM ခေါ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနဲ့ UPDJC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ စတဲ့ အစည်းအဝေးတွေမှာ အတည်ပြုချက်ရယူမှာ ဖြစ်ပါတယ်။

အတည်ပြုချက် ရယူပြီးရင်တော့ UPC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဒီနေ့ သဘောတူညီခဲ့ကြတဲ့အတိုင်း ဒီလ ၁၉ ရက်ကနေ ၂၁ ရက်ထိ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဒီနှစ် ဧပြီလမှာ ကျင်းပဖို့ မူလက ပြင်ဆင်ခဲ့ပေမယ့် COVID-19 ကပ်ရောဂါကြောင့် ရက်ရွှေ့ဆိုင်းလာခဲ့ရတာပါ။ လက်ရှိ သတ်မှတ်ထားတဲ့ နေ့ရက်ကိုတော့ လာမယ့် နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့လည်း ရှိနေတာကြောင့် ထပ်မံပြောင်းရွှေ့ဖို့ မရှိနိုင်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG