သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လက္နက္ကုိင္တပ္ဖြဲ႔ေတြ ေပါင္းစည္းေရးကိစၥ သေဘာတူညီမႈ မရႏုိင္ေသး


ဇူလိုင္ ၂၈ ရက္ေန႔က " EAO ကိုယ္စားလွယ္မ်ား + အစိုးရ ကိုယ္စားလွယ္မ်ားႏွုင့္ UPDJC နိုင္ငံေရးပါတီ ကိုယ္စားလွယ္မ်ား ေဆြးေႏြးပြဲ '' (ဓါတ္ပံု- Hla Maung Shwe fb)

(Zawgyi/Unicode)

ျမန္မာအစုိးရနဲ႔ တိုင္းရင္းသား လက္နက္ကုိင္ အဖဲြ႔ေတြက ကုိယ္စားလွယ္ေတြရဲ႕ အစည္းအေ၀း ဗုဒၶဟူးေန႔က အဆုံးသတ္ခဲ့ရာမွာ အေရးႀကီးတဲ့ အခ်က္ေတြ ေဆြးေႏြးဖုိ႔ က်န္ေနတာေၾကာင့္ လာမယ့္ စေနေန႔မွာ ထပ္မံေတြ႔ဆုံဖုိ႔ သေဘာတူခဲ့ၾကတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ကိုမိုးေဇာ္က ရန္ကုန္ကေန သတင္းေပးပို႔တာျဖစ္ပါတယ္။

ေရွ႕လထဲ က်င္းပဖုိ႔ စီစဥ္ထားတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းမွာ ေဆြးေႏြးမယ့္ ကိစၥေတြကုိ အစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြ ကိုယ္စားလွယ္ေတြ ၄ ရက္ၾကာ ညွိႏႈိင္းခဲ့ၾကေပမယ့္ လက္နက္ကုိင္တပ္ေတြ ေပါင္းစည္းေရး အပါအ၀င္ တျခားအေရးႀကီးတဲ့ အပုိင္းေတြ က်န္ေနေသးတဲ့အတြက္ ထပ္မံေတြ႔ဆုံဖုိ႔ စီစဥ္ခဲ့ၾကတာပါ။

ရန္ကုန္ၿမိဳ႔မွာ ဒီလ ၂၅ရက္ေန႔က စတင္ေဆြးေႏြးခဲ့တဲ့ အထဲမွာေတာ့ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုေရးအတြက္ NCA အပစ္ရပ္စာခ်ဳပ္ဆိုင္ရာ မူေဘာင္ ျပန္လည္ညွိႏိႈင္းေရး၊ ၂၀၂၀ ျပည့္ ေရြးေကာက္ပဲြ ေနာက္ပုိင္း အဆင့္လိုက္အေကာင္အထည္ေဖာ္မႈနဲ႔ ဖက္ဒရယ္အေျခခံမူ လမ္းၫႊန္စတဲ့ အပိုင္း၃ပိုင္းနဲ႔ ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

ဒီအထဲမွာ လက္နက္ကုိင္တပ္ဖဲြ႔ေတြနဲ႔ ပတ္သက္တဲ့ လံုျခံဳေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းေရး ကိစၥအပါအ၀င္ အေရးႀကီးတဲ့ အခ်က္တခ်ဳိ႕ ညွိႏႈိင္းဖုိ႔ က်န္ေနဆဲျဖစ္ေၾကာင္း တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႕ ကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့ ႏိုင္ေအာင္မေငးက VOA ကို အခုလို ေျပာပါတယ္။

“ မူေဘာင္ဆိုရင္ ၁၃ခ်က္ရၿပီး ၃ခ်က္က်န္ေသးတယ္။ အဆင့္လိုက္မွာဆိုရင္ လံုျခံဳေရးဆိုင္ရာ ဇယား ၁ က ေခါင္းစဥ္ ၈ခုကို ရၿပီးေတာ့ ဇယား ၂မွာ ဆိုရင္ လံုျခံဳေရးျပန္လည္ေပါင္းစည္းျခင္းဆိုတဲ့ ေခါင္းစဥ္က နည္းနည္း က်န္ေသးတယ္။ အပိုင္း ၃မွာက ဖက္ဒရယ္တည္ေဆာက္ေရးလမ္းၫႊန္ အေျခခံမူမွာေတာ့ က်ေနာ္တို႔ ၂ခ်က္ ရၿပီးေတာ့ ဆက္လက္ ေဆြးေႏြးဖို႔ အတြက္က ၆ခ်က္ က်န္ေသးတယ္။ ဒါေပမဲ့ အဲဒီ ၆ခ်က္က်န္တာက လည္း တစ္ခ်က္နဲ႔ တစ္ခ်က္ ဆက္စပ္ေနေတာ့ လာမယ့္ ၾသဂုတ္လ ၁ရက္ေန႔မွာ ေနျပည္ေတာ္မွာ ေနာက္ဆံုးအစည္းအေ၀းပဲြလုပ္မယ္။ အဲလို အစီအစဥ္ရွိပါတယ္ ခင္ဗ်။”

လာမယ့္ စေနေန႔မွာ ေနာက္ထပ္ ေဆြးေႏြးၿပီး ရရွိတဲ့အခ်က္ေတြကို ႏွစ္ဖက္ကိုယ္စားလွယ္ေတြက သက္ဆိုင္ရာ ေခါင္းေဆာင္ေတြထံကို တင္ျပဖို႔ ရွိေနၿပီး အဲဒီေနာက္မွာ JICM ေခၚ NCA အေကာင္အထည္ ေဖာ္မူဆိုင္ရာ ညိွႏိႈင္းအစည္းအေဝး နဲ႔ UPDJC ေခၚ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတဲြေကာ္မတီ စတဲ့အစည္းအေ၀းေတြမွာ အတည္ျပဳခ်က္ ရယူမွာ ျဖစ္ပါတယ္။

ၿငိမ္းခ်မ္းေရးေကာ္မရွင္ရဲ႕ အၾကံေပးအဖဲြ႕၀င္ ဦးလွေမာင္ေရႊကေတာ့ ေရွ႕လထဲ က်င္းပမယ့္ ၂၁ ရာစုပင္လုံ ညီလာခံမွာ တုိးတက္မႈေတြ ရမယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုပါတယ္။

“ညီလာခံကိုေတာ့ ၾသဂုတ္လထဲမွာပဲ ေအာင္ျမင္စြာက်င္းပဖို႔ကိုေတာ့ အားလံုးက ႏွစ္ဘက္ေပါ့ေလ အစိုးရဘက္ေကာ၊ EAO ဘက္ေကာ ရွိသလို ႏိုင္ငံေရးပါတီဘက္မွာလည္း ရွိတယ္။ က်ေနာ္တို႔ တိုးတက္မႈေတြကေတာ့ အစည္းအေ၀း တစ္ခုၿပီးတိုင္းမွာ ရွိတယ္။ တိုးတက္မႈေတြကိုေတာ့ ထပ္ထပ္ၿပီး ဒီထပ္ပိုၿပီး အခ်က္အလက္ေတြ ပိုရေအာင္၊ သေဘာတူညီခ်က္ေတြ ပိုရဖို႔ေတာ့ အားလံုးက အာသီသရွိတဲ့အတြက္ ညီလာခံကိုကေတာ့ ၾသဂုတ္လထဲမွာပဲ ေအာင္ေအာင္ျမင္ျမင္ က်င္းပႏိုင္မယ္လို႔ က်ေနာ္ကေတာ့ ယံုၾကည္တယ္ခင္ဗ်။”

တပ္မေတာ္နဲ႔ တုိက္ပဲြေတြ ျဖစ္ပြားေနတဲ့ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ အပါအ၀င္ ေျမာက္ပုိင္းမဟာမိတ္ အဖဲြ႔ေတြကလည္း ၂၁ ရာစု ပင္လုံ ေဆြးေႏြးပဲြကုိ တက္ေရာက္ဖုိ႔ ဆႏၵရွိေၾကာင္း မၾကာေသးခင္ကပဲ ပူးတဲြေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။ ညီလာခံက်င္းပတဲ့အခါ NCA စာခ်ဳပ္ကို လက္မွတ္ မေရးထိုးေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေတြကို ဖိတ္ၾကားဖို႔အတြက္လည္း အစိုးရနဲ႔ ေဆြးေႏြးေနတဲ့ NCA လက္မွတ္ထိုးအဖဲြ႕ေတြက တိုက္တြန္းထားပါတယ္။

NCA လက္မွတ္ မထိုးေသးတဲ့အဖဲြ႕ေတြကို ဖိတ္ၾကားေရးနဲ႔ ပတ္သက္ၿပီး ဦးလွေမာင္ေရႊက အခုလို ေျပာပါတယ္။

“ဒီေန႔ အစည္းအေ၀းမွာေတာ့ ဖိတ္ၾကားမယ့္ အေထြေထြကိစၥကို ဒီေန႔ အစည္းအေ၀းမွာ က်ေနာ္တို႔ အေနနဲ႔ ၿပီးျပတ္ေအာင္ေတာ့ အတည္မျပဳႏိုင္ေသးဘူး။ ေနာက္ထပ္ေဆြးေႏြးပဲြေတြမွာလည္း ဆက္ၿပီး ေဆာင္ရြက္ဖို႔ ရွိမယ္။ အဲဒီအတည္ျပဳခ်က္ေတြအတိုင္းပဲ ဆက္ၿပီးေတာ့ ဖိတ္မွာပါပဲ။ NCA လက္မွတ္ မေရးထိုးရေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕ေခါင္းေဆာင္ေတြကို ဖိတ္ဖို႔ လ်ာထားခ်က္ေတြကေတာ့ ရွိေနတယ္ေပါ့။ အတည္ျပဳခ်က္ေတြေတာ့ က်ေနာ္တို႔ လိုမယ္ေပါ့။”

လက္ရွိ က်င္းပၿပီးစီးတဲ့ ညွိႏိႈင္းအစည္းအေ၀းဟာ အစိုးရနဲ႔ တိုင္းရင္းသားလက္နက္က္ိုင္အဖဲြ႕ေတြအၾကား ၆ႀကိမ္ေျမာက္ေဆြးေႏြးပဲြလည္း ျဖစ္ပါတယ္။ ၾသဂုတ္လ ၁ရက္ေန႔မွာ က်င္းမယ့္ ၇ႀကိမ္ေျမာက္ ေဆြးေႏြးပဲြကိုေတာ့ ေနျပည္ေတာ္မွာ က်င္းပမွာပါ။

ဒီညိွႏိႈင္းေဆြးေႏြးပဲြေတြ ၿပီးျပတ္ရင္၂ႏွစ္ေက်ာ္ ရပ္ဆိုင္းေနတဲ့ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ရာစုပင္လံု စတုတၱအစည္းအေ၀းကို က်င္းပႏိုင္မွာလည္း ျဖစ္ပါတယ္။

ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ ၂ႏွစ္ေက်ာ္ ရပ္ဆိုင္းရတာဟာ လံုျခံဳေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းေရးနဲ႔ ျပည္ေထာင္စုက ခဲြမထြက္ေရးဆိုတဲ့အခ်က္ေတြအေပၚမွာ အေက်အလည္ မေဆြးေႏြးႏိုင္တာေၾကာင့္လို႔လည္း သံုးသပ္တာေတြ ရွိေနတာပါ။

တိုက္႐ိုက္ လင့္ခ္


....................

လက်နက်ကိုင်တပ်ဖွဲ့တွေပေါင်းစည်းရေးကိစ္စ သဘောတူညီမှု မရနိုင်သေး

(Unicode)

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေရဲ့ အစည်းအဝေး ဗုဒ္ဓဟူးနေ့က အဆုံးသတ်ခဲ့ရာမှာ အရေးကြီးတဲ့ အချက်တွေ ဆွေးနွေးဖို့ ကျန်နေတာကြောင့် လာမယ့် စနေနေ့မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ကိုမိုးဇော်က ရန်ကုန်ကနေ သတင်းပေးပို့တာဖြစ်ပါတယ်။

ရှေ့လထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ ဆွေးနွေးမယ့် ကိစ္စတွေကို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကိုယ်စားလှယ်တွေ ၄ ရက်ကြာ ညှိနှိုင်းခဲ့ကြပေမယ့် လက်နက်ကိုင်တပ်တွေ ပေါင်းစည်းရေး အပါအဝင် တခြားအရေးကြီးတဲ့ အပိုင်းတွေ ကျန်နေသေးတဲ့အတွက် ထပ်မံတွေ့ဆုံဖို့ စီစဉ်ခဲ့ကြတာပါ။

ရန်ကုန်မြို့မှာ ဒီလ ၂၅ရက်နေ့က စတင်ဆွေးနွေးခဲ့တဲ့ အထဲမှာတော့ ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုရေးအတွက် NCA အပစ်ရပ်စာချုပ်ဆိုင်ရာ မူဘောင် ပြန်လည်ညှိနှိုင်းရေး၊ ၂၀၂၀ ပြည့် ရွေးကောက်ပွဲ နောက်ပိုင်း အဆင့်လိုက်အကောင်အထည်ဖော်မှုနဲ့ ဖက်ဒရယ်အခြေခံမူ လမ်းညွှန်စတဲ့ အပိုင်း၃ပိုင်းနဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒီအထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စအပါအဝင် အရေးကြီးတဲ့ အချက်တချို့ ညှိနှိုင်းဖို့ ကျန်နေဆဲဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ နိုင်အောင်မငေးက VOA ကို အခုလို ပြောပါတယ်။

“ မူဘောင်ဆိုရင် ၁၃ချက်ရပြီး ၃ချက်ကျန်သေးတယ်။ အဆင့်လိုက်မှာဆိုရင် လုံခြုံရေးဆိုင်ရာ ဇယား ၁ က ခေါင်းစဉ် ၈ခုကို ရပြီးတော့ ဇယား ၂မှာ ဆိုရင် လုံခြုံရေးပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့ ခေါင်းစဉ်က နည်းနည်း ကျန်သေးတယ်။ အပိုင်း ၃မှာက ဖက်ဒရယ်တည်ဆောက်ရေးလမ်းညွှန် အခြေခံမူမှာတော့ ကျနော်တို့ ၂ချက် ရပြီးတော့ ဆက်လက် ဆွေးနွေးဖို့ အတွက်က ၆ချက် ကျန်သေးတယ်။ ဒါပေမဲ့ အဲဒီ ၆ချက်ကျန်တာက လည်း တစ်ချက်နဲ့ တစ်ချက် ဆက်စပ်နေတော့ လာမယ့် သြဂုတ်လ ၁ရက်နေ့မှာ နေပြည်တော်မှာ နောက်ဆုံးအစည်းအဝေးပွဲလုပ်မယ်။ အဲလို အစီအစဉ်ရှိပါတယ် ခင်ဗျ။”

လာမယ့် စနေနေ့မှာ နောက်ထပ် ဆွေးနွေးပြီး ရရှိတဲ့အချက်တွေကို နှစ်ဖက်ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ ခေါင်းဆောင်တွေထံကို တင်ပြဖို့ ရှိနေပြီး အဲဒီနောက်မှာ JICM ခေါ် NCA အကောင်အထည် ဖော်မူဆိုင်ရာ ညှိနှိုင်းအစည်းအဝေး နဲ့ UPDJC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ စတဲ့အစည်းအဝေးတွေမှာ အတည်ပြုချက် ရယူမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကတော့ ရှေ့လထဲ ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံမှာ တိုးတက်မှုတွေ ရမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

“ညီလာခံကိုတော့ သြဂုတ်လထဲမှာပဲ အောင်မြင်စွာကျင်းပဖို့ကိုတော့ အားလုံးက နှစ်ဘက်ပေါ့လေ အစိုးရဘက်ကော၊ EAO ဘက်ကော ရှိသလို နိုင်ငံရေးပါတီဘက်မှာလည်း ရှိတယ်။ ကျနော်တို့ တိုးတက်မှုတွေကတော့ အစည်းအဝေး တစ်ခုပြီးတိုင်းမှာ ရှိတယ်။ တိုးတက်မှုတွေကိုတော့ ထပ်ထပ်ပြီး ဒီထပ်ပိုပြီး အချက်အလက်တွေ ပိုရအောင်၊ သဘောတူညီချက်တွေ ပိုရဖို့တော့ အားလုံးက အာသီသရှိတဲ့အတွက် ညီလာခံကိုကတော့ သြဂုတ်လထဲမှာပဲ အောင်အောင်မြင်မြင် ကျင်းပနိုင်မယ်လို့ ကျနော်ကတော့ ယုံကြည်တယ်ခင်ဗျ။”

တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေကလည်း ၂၁ ရာစု ပင်လုံ ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဆန္ဒရှိကြောင်း မကြာသေးခင်ကပဲ ပူးတွဲကြေညာချက် ထုတ်ပြန်ထားပါတယ်။ ညီလာခံကျင်းပတဲ့အခါ NCA စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားဖို့အတွက်လည်း အစိုးရနဲ့ ဆွေးနွေးနေတဲ့ NCA လက်မှတ်ထိုးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

NCA လက်မှတ် မထိုးသေးတဲ့အဖွဲ့တွေကို ဖိတ်ကြားရေးနဲ့ ပတ်သက်ပြီး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ဒီနေ့ အစည်းအဝေးမှာတော့ ဖိတ်ကြားမယ့် အထွေထွေကိစ္စကို ဒီနေ့ အစည်းအဝေးမှာ ကျနော်တို့ အနေနဲ့ ပြီးပြတ်အောင်တော့ အတည်မပြုနိုင်သေးဘူး။ နောက်ထပ်ဆွေးနွေးပွဲတွေမှာလည်း ဆက်ပြီး ဆောင်ရွက်ဖို့ ရှိမယ်။ အဲဒီအတည်ပြုချက်တွေအတိုင်းပဲ ဆက်ပြီးတော့ ဖိတ်မှာပါပဲ။ NCA လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို ဖိတ်ဖို့ လျာထားချက်တွေကတော့ ရှိနေတယ်ပေါ့။ အတည်ပြုချက်တွေတော့ ကျနော်တို့ လိုမယ်ပေါ့။”

လက်ရှိ ကျင်းပပြီးစီးတဲ့ ညှိနှိုင်းအစည်းအဝေးဟာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ၆ကြိမ်မြောက်ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။ သြဂုတ်လ ၁ရက်နေ့မှာ ကျင်းမယ့် ၇ကြိမ်မြောက် ဆွေးနွေးပွဲကိုတော့ နေပြည်တော်မှာ ကျင်းပမှာပါ။

ဒီညှိနှိုင်းဆွေးနွေးပွဲတွေ ပြီးပြတ်ရင်၂နှစ်ကျော် ရပ်ဆိုင်းနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ စတုတ္တအစည်းအဝေးကို ကျင်းပနိုင်မှာလည်း ဖြစ်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂နှစ်ကျော် ရပ်ဆိုင်းရတာဟာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးနဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးဆိုတဲ့အချက်တွေအပေါ်မှာ အကျေအလည် မဆွေးနွေးနိုင်တာကြောင့်လို့လည်း သုံးသပ်တာတွေ ရှိနေတာပါ။

XS
SM
MD
LG