(Zawgyi/Unicode)
ပင္လံုၿငိမ္းခ်မ္းေရးညီလာခံ မၾကာခင္ က်င္းပႏိုင္ေရး ျပင္ဆင္တဲ့အေနနဲ႔၊ အစိုးရနဲ႔ NCA အပစ္ရပ္လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြ ေဆြးေႏြးေနတာကို ေနာက္တစ္ရက္ ထပ္တိုးလိုက္ရပါတယ္။ ဒီ ဆဌမအႀကိမ္ အလုပ္အဖြဲ႕ ညႇိႏႈိင္းအစည္းအေဝးကို ဘာေၾကာင့္ ခုလို ရက္ထပ္တိုးလိုက္ရတာပါလဲ။ ပင္လံုညီလာခံ က်င္းပႏိုင္ဖို႔ ရက္ကို အတည္ျပဳႏိုင္ၿပီလို႔ အမ်ားယူဆထားတာေရာ ဘယ္လိုအေျခအေနရွိေနပါလဲ။
ဒီေဆြးေႏြးပြဲေတြမွာ ပါဝင္ေနတဲ့ ပအို႔အမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႔က ဒုဥကၠဌ ခြန္ျမင့္ထြန္းကို ကိုဝင္းမင္းက သီးသန္႔ေမးျမန္းထားပါတယ္။
ဝင္းမင္း။ ။ အခုလာမယ့္ ေရြးေကာက္ပြဲမတိုင္ခင္လုပ္ဖို႔ ျပင္္ဆင္ေနတဲ့ ပင္လံုၿငိမ္းခ်မ္းေရးညီလာခံ အႀကိဳအျဖစ္၊ NCA လက္မွတ္ထိုး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ အစိုးရအၾကား အခုလုပ္ေနတဲ့ ေဆြးေႏြးပြဲမွာ၊ ေနာက္တပ္ (၁) ရက္အျဖစ္ ဇူလိုင္ (၂၉) ရက္ေန႔ကို ထပ္တိုးလိုက္ရတယ္လို႔ ၾကားပါတယ္။ ဘာေၾကာင့္ အဓိက ခုလို ထပ္တိုးလိုက္ရတာပါလဲ။
ဦးခြန္ျမင့္ထြန္း။ ။ အဓိကအခ်က္အေနနဲ႔ကေတာ့ အခု စတုတၳအႀကိမ္ ပင္လံုအစည္းအေဝးလုပ္ဖို႔ကိစၥကေတာ့ အေျခခံအားျဖင့္ သေဘာတူညီမူေတြ ေတာ္ေတာ္မ်ားမ်ား ရထားၿပီး ျဖစ္ပါတယ္။ ဒီညီလာခံျဖစ္ဖို႔ကေတာ့ ရာခိုင္ႏႈန္း ေတာ္ေတာ္မ်ားသြားၿပီ ျဖစ္ပါတယ္။ ထိုနည္းတူ ဒီပင္လံုအစည္းအေဝးမွာ ခ်ဳပ္ဆိုမယ့္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အပိုင္း (၃) နဲ႔ ပတ္သက္ၿပီး၊ သေဘာတူညီမူ ေတာ္ေတာ္မ်ားမ်ား ရထားၿပီးသားျဖစ္ပါတယ္။ သို႔ေသာ္လည္းပဲ ဒီကာလမွာ လံုၿခံဳေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းေရး အေပၚနဲ႔၊ JICM (NCA အေကာင္အထည္ ေဖာ္မူဆိုင္ရာ ညိွႏိႈင္းအစည္းအေဝး) မွာ ဆံုးျဖတ္ခဲ့တဲ့၊ ပစ္ခတ္တိုက္ခိုက္မူ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ (JMC) အစည္းအေဝးေတြနဲ႔ ႏွစ္ဖက္အၾကားေဆြးေႏြးပြဲ (Bilateral) ေတြကို တျပိဳင္နက္ထဲလုပ္ဖို႔ ကိစၥေတြမွာေတာ့ သူ႔ဘက္ကိုယ့္ဘက္ အျမင္ အနည္းငယ္ သေဘာထား ကြာဟမူေတြ၊ မတူေသးတာေတြရွိေနတာမို႔ ညိႈႏိႈင္းဖို႔ လိုေနပါေသးတယ္။ ဒါေၾကာင့္ မိမိတို႔ သက္ဆိုင္ရာ အဖြဲ႔အစည္းေတြအၾကား ျပန္ၿပီး ေဆြးေႏြးညိႈႏိႈင္းၾကၿပီးမွ၊ အခု (၂၉) ရက္ေန႔မွာ ဒီအေပၚ သေဘာထားေပးၾကမွာျဖစ္ပါတယ္။
ဝင္းမင္း။ ။ အခုတစ္ေနတဲ့ ျပႆနာလို႔ ေျပာရမွာေပါ့ေနာ္၊ လံုၿခံဳေရးဆိုင္ရာ ျပန္လည္ ေပါင္းစည္းေရးနဲ႔ JICM ရဲ့ JMC ဆိုင္ရာ ဆံုးျဖတ္ခ်က္ေတြအေပၚ ဘယ္လို ေျဖရွင္းသင့္တယ္လို႔ အၾကံေပးခ်င္ပါလဲ။
ခြန္ျမင့္ထြန္း။ ။ အဓိကကေတာ့ ယံုၾကည္မူအေပၚမွာ အေျခခံတာျဖစ္ပါတယ္။ တဘက္နဲ႔တဘက္ ယံုၾကည္မူအားေကာင္းေနရင္ ေျပာပေလာက္တဲ့ ကိစၥေတြမဟုတ္ပါဘူး။ ဒါေပမဲ့ အခ်ိန္ကာလအားျဖင့္ ေဆြးေႏြးမူေတြ နည္းနည္း အီလာခ်ိန္မွာ ဒါက ျဖစ္တတ္တဲ့ သဘာဝပါပဲ။ ဒါေၾကာင့္ ဒီကိစၥရပ္ေတြနဲ႔ ပတ္သက္လို႔ မတူညီတဲ့ သေဘာထားေတြေပါ့ေနာ္၊ အခုဆိုရင္ ၂၀၂၀ အလြန္ အဆင့္လိုက္ လုပ္ငန္းစဥ္ေတြ ေဆြးေႏြးတဲ့အခါ၊ NCA အေကာင္အထည္ေဖာ္မူဆိုင္ရာ မူေဘာင္ေတြေဆြးေႏြးရာမွာ၊ သေဘာတူညီတာေတြရွိသလို၊ မတူႏိုင္ေသးတာေတြလည္းရွိေနတာမို႔၊ သေဘာတူညီႏိုင္တာေတြကို တူႏိုင္တဲ့အဆင့္မွာ လက္ခံၿပီးေတာ့၊ မတူႏိုင္ေသးတာေတြကို ၂၀၂၀ အလြန္က်ရင္၊ ဆက္ၿပီးေတာ့ ေဆြးေႏြးၾကမယ္ဆိုတဲ့ ေခါင္းစဥ္ထဲ ထည့္ၿပီးေတာ့ ဆက္ေဆြးေႏြး ၾကရင္ေတာ့ အဆင္ေျပ ႏိုင္ပါတယ္။ ထိုနည္းတူပဲ၊ အခ်ိန္ကာလအားျဖင့္ JMC အစည္းအေဝးေတြ ကိုလည္း အခ်ိန္နည္းနည္းယူလိုက္ရမွာေပါ့၊ ဥပမာဆိုရင္ ၾသဂုတ္လမွာ ၿပီးေအာင္လုပ္တာထက္၊ စက္တင္ဘာေလာက္ကို အခ်ိန္နည္းနည္းယူၿပီးေတာ့ ေဆြးေႏြးၾကမယ္ဆိုရင္ အဆင္ေျပသြားႏိုင္မယ္ လို႔ ျမင္ပါတယ္။
ဝင္းမင္း။ ။ သေဘာတူႏုိင္တာေတြကို အခုရႏိုင္သေလာက္ အေလ်ာ့အတင္းလုပ္ၿပီးေတာ့၊ ေဆြးေႏြးဖို႔ ခက္တဲ့ ကိစၥေတြကိုေတာ့ ေနာက္ကိုေရြႊ႕လိုက္မယ့္သေဘာေပါ့ေနာ္၊ ေနာက္ အခု စတုတၳပင္လံုကို အခုက်င္းပမဲ့ရက္ကို သတ္မွတ္ရာမွာေရာ အတည္ျပဳႏိုင္တဲ့ အေနအထားကို ေရာက္ၿပီလား။
ခြန္ျမင့္ထြန္း။ ။ ဒီရက္ကို အၾကမ္းဖ်င္းအားျဖင့္ေတာ့ ၾသဂုတ္လ ဒုတိယအပတ္ကို မွန္းၿပီး လုပ္ေနၾကပါတယ္။ ဒီရက္ပိုင္းကို အတိအက် သတ္မွတ္မူကေတာ့ မလုပ္ႏိုင္ေသးပါ။ အခု (၂၉) ရက္ေန႔မွာေတာ့၊ ဒီရက္သတ္မွတ္မူလို ကိစၥမ်ိဳးအတြက္ သေဘာထားေတြကို ေဆြးေႏြးႏိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ၿပီးရင္ေတာ့ JICM အႀကိဳညိႈႏိႈင္းအစည္းအေဝးနဲ႔ JICM အစည္းအေဝးေတြ ဆက္ျဖစ္သြားဖို႔လိုပါတယ္။ ဒီအစည္းအေဝးေတြျဖစ္သြားမွ ပင္လံုညီလာခံကို ေအာင္ေအာင္ျမင္ျမင္ က်င္ပႏိုင္မယ္လို႔ ယံုၾကည္ထားပါတယ္။
ဝင္းမင္း။ ။ ဆိုလိုတာကေတာ့ ပင္လံုညီလာခံက်င္းပမယ့္ရက္ကို အတည္ျပဳႏိုင္ဖို႔ကေတာ့ လာမဲ့ ဒီ JICM စည္းေဝးက်မွ ျဖစ္ႏိုင္ၿပီးေတာ့၊ အခုထပ္တိုးတဲ့ အခု (၂၉)ရက္မွာေတာ့၊ ဒီရက္သတ္မွတ္မူ အေပၚ သေဘာထားေတြ ယူမွာပဲေပါ့ေနာ္။ အဲ့ဒိေတာ့ အခုလိုသေဘာထားယူရေအာင္ ဘယ္လို အခက္အခဲေတြ ျဖစ္ေနလို႔လဲ။ တခ်ိဳ႕ကေတာ့ ျပန္ၾကားေရးဝန္ႀကီးဌာနကလည္း ၾသဂုတ္လ ဘယ္ရက္ အတိအက်မွာ က်င္းပမယ္ဆိုၿပီး ေၾကညာထားၿပီးျဖစ္တာမို႔၊ အေတာ္မ်ားမ်ားကေတာ့ ဒီက်င္းပမယ့္ရက္ကို အတည္ျပဳၿပီးၿပီလို႔ ယူဆထားၾကပါတယ္။ အခုဘယ္လိုျဖစ္ေနလို႔လဲ။
ခြန္ျမင့္ထြန္း။ ။ အခုက သေဘာတူညီခ်က္ဆိုတာထက္ သေဘာထားစုစည္းထားတာမ်ိဳးသာ ျဖစ္ပါေသးတယ္။ အခု ကၽြန္ေတာ္တို႔ အလုပ္အဖြဲ႔အဆင့္အေနနဲ႔ ေဆြးေႏြးညိႈႏိႈင္းဖို႔သာ ျဖစ္ၿပီး၊ ဆံုးျဖတ္ခ်က္ အတည္ျပဳဖို႔ကေတာ့ မလုပ္ႏိုင္ပါဘူး။ အခု ဒီမွာ သေဘာထားစုစည္းႏိုင္တာေတြကို မိခင္အဖြဲ႔အစည္းဆိုင္ရာ အစုအဖြဲ႔ေတြထဲမွာ အတည္ျပဳခ်က္ ျပန္ယူရမွာ ျဖစ္ပါတယ္။
ဝင္းမင္း။ ခုလို အေသးစိတ္ ရွင္းျပေပးတဲ့အတြက္ ေက်းဇူးပါ။
ေဆြးေႏြးပြဲေတြမွာ ပါဝင္ေနတဲ့ ပအို႔အမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႔က ဒုဥကၠဌ ခြန္ျမင့္ထြန္းကို ကိုဝင္းမင္းက သီးသန္႔ေမးျမန္းထားတာပါ။
................
(Unicode)
ပင်လုံငြိမ်းချမ်းရေးညီလာခံ မကြာခင် ကျင်းပနိုင်ရေး ပြင်ဆင်တဲ့အနေနဲ့၊ အစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေတာကို နောက်တစ်ရက် ထပ်တိုးလိုက်ရပါတယ်။ ဒီ ဆဌမအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ဘာကြောင့် ခုလို ရက်ထပ်တိုးလိုက်ရတာပါလဲ။ ပင်လုံညီလာခံ ကျင်းပနိုင်ဖို့ ရက်ကို အတည်ပြုနိုင်ပြီလို့ အများယူဆထားတာရော ဘယ်လိုအခြေအနေရှိနေပါလဲ။
ဒီဆွေးနွေးပွဲတွေမှာ ပါဝင်နေတဲ့ ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့က ဒုဥက္ကဌ ခွန်မြင့်ထွန်းကို ကိုဝင်းမင်းက သီးသန့်မေးမြန်းထားပါတယ်။
ဝင်းမင်း။ ။ အခုလာမယ့် ရွေးကောက်ပွဲမတိုင်ခင်လုပ်ဖို့ ပြင်ဆင်နေတဲ့ ပင်လုံငြိမ်းချမ်းရေးညီလာခံ အကြိုအဖြစ်၊ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရအကြား အခုလုပ်နေတဲ့ ဆွေးနွေးပွဲမှာ၊ နောက်တပ် (၁) ရက်အဖြစ် ဇူလိုင် (၂၉) ရက်နေ့ကို ထပ်တိုးလိုက်ရတယ်လို့ ကြားပါတယ်။ ဘာကြောင့် အဓိက ခုလို ထပ်တိုးလိုက်ရတာပါလဲ။
ဦးခွန်မြင့်ထွန်း။ ။ အဓိကအချက်အနေနဲ့ကတော့ အခု စတုတ္ထအကြိမ် ပင်လုံအစည်းအဝေးလုပ်ဖို့ကိစ္စကတော့ အခြေခံအားဖြင့် သဘောတူညီမူတွေ တော်တော်များများ ရထားပြီး ဖြစ်ပါတယ်။ ဒီညီလာခံဖြစ်ဖို့ကတော့ ရာခိုင်နှုန်း တော်တော်များသွားပြီ ဖြစ်ပါတယ်။ ထိုနည်းတူ ဒီပင်လုံအစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၃) နဲ့ ပတ်သက်ပြီး၊ သဘောတူညီမူ တော်တော်များများ ရထားပြီးသားဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီကာလမှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး အပေါ်နဲ့၊ JICM (NCA အကောင်အထည် ဖော်မူဆိုင်ရာ ညှိနှိုင်းအစည်းအဝေး) မှာ ဆုံးဖြတ်ခဲ့တဲ့၊ ပစ်ခတ်တိုက်ခိုက်မူ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးတွေနဲ့ နှစ်ဖက်အကြားဆွေးနွေးပွဲ (Bilateral) တွေကို တပြိုင်နက်ထဲလုပ်ဖို့ ကိစ္စတွေမှာတော့ သူ့ဘက်ကိုယ့်ဘက် အမြင် အနည်းငယ် သဘောထား ကွာဟမူတွေ၊ မတူသေးတာတွေရှိနေတာမို့ ညှိုနှိုင်းဖို့ လိုနေပါသေးတယ်။ ဒါကြောင့် မိမိတို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအကြား ပြန်ပြီး ဆွေးနွေးညှိုနှိုင်းကြပြီးမှ၊ အခု (၂၉) ရက်နေ့မှာ ဒီအပေါ် သဘောထားပေးကြမှာဖြစ်ပါတယ်။
ဝင်းမင်း။ ။ အခုတစ်နေတဲ့ ပြဿနာလို့ ပြောရမှာပေါ့နော်၊ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးနဲ့ JICM ရဲ့ JMC ဆိုင်ရာ ဆုံးဖြတ်ချက်တွေအပေါ် ဘယ်လို ဖြေရှင်းသင့်တယ်လို့ အကြံပေးချင်ပါလဲ။
ခွန်မြင့်ထွန်း။ ။ အဓိကကတော့ ယုံကြည်မူအပေါ်မှာ အခြေခံတာဖြစ်ပါတယ်။ တဘက်နဲ့တဘက် ယုံကြည်မူအားကောင်းနေရင် ပြောပလောက်တဲ့ ကိစ္စတွေမဟုတ်ပါဘူး။ ဒါပေမဲ့ အချိန်ကာလအားဖြင့် ဆွေးနွေးမူတွေ နည်းနည်း အီလာချိန်မှာ ဒါက ဖြစ်တတ်တဲ့ သဘာဝပါပဲ။ ဒါကြောင့် ဒီကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မတူညီတဲ့ သဘောထားတွေပေါ့နော်၊ အခုဆိုရင် ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်တွေ ဆွေးနွေးတဲ့အခါ၊ NCA အကောင်အထည်ဖော်မူဆိုင်ရာ မူဘောင်တွေဆွေးနွေးရာမှာ၊ သဘောတူညီတာတွေရှိသလို၊ မတူနိုင်သေးတာတွေလည်းရှိနေတာမို့၊ သဘောတူညီနိုင်တာတွေကို တူနိုင်တဲ့အဆင့်မှာ လက်ခံပြီးတော့၊ မတူနိုင်သေးတာတွေကို ၂၀၂၀ အလွန်ကျရင်၊ ဆက်ပြီးတော့ ဆွေးနွေးကြမယ်ဆိုတဲ့ ခေါင်းစဉ်ထဲ ထည့်ပြီးတော့ ဆက်ဆွေးနွေး ကြရင်တော့ အဆင်ပြေ နိုင်ပါတယ်။ ထိုနည်းတူပဲ၊ အချိန်ကာလအားဖြင့် JMC အစည်းအဝေးတွေ ကိုလည်း အချိန်နည်းနည်းယူလိုက်ရမှာပေါ့၊ ဥပမာဆိုရင် သြဂုတ်လမှာ ပြီးအောင်လုပ်တာထက်၊ စက်တင်ဘာလောက်ကို အချိန်နည်းနည်းယူပြီးတော့ ဆွေးနွေးကြမယ်ဆိုရင် အဆင်ပြေသွားနိုင်မယ် လို့ မြင်ပါတယ်။
ဝင်းမင်း။ ။ သဘောတူနိုင်တာတွေကို အခုရနိုင်သလောက် အလျော့အတင်းလုပ်ပြီးတော့၊ ဆွေးနွေးဖို့ ခက်တဲ့ ကိစ္စတွေကိုတော့ နောက်ကိုရွှေ့လိုက်မယ့်သဘောပေါ့နော်၊ နောက် အခု စတုတ္ထပင်လုံကို အခုကျင်းပမဲ့ရက်ကို သတ်မှတ်ရာမှာရော အတည်ပြုနိုင်တဲ့ အနေအထားကို ရောက်ပြီလား။
ခွန်မြင့်ထွန်း။ ။ ဒီရက်ကို အကြမ်းဖျင်းအားဖြင့်တော့ သြဂုတ်လ ဒုတိယအပတ်ကို မှန်းပြီး လုပ်နေကြပါတယ်။ ဒီရက်ပိုင်းကို အတိအကျ သတ်မှတ်မူကတော့ မလုပ်နိုင်သေးပါ။ အခု (၂၉) ရက်နေ့မှာတော့၊ ဒီရက်သတ်မှတ်မူလို ကိစ္စမျိုးအတွက် သဘောထားတွေကို ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ပြီးရင်တော့ JICM အကြိုညှိုနှိုင်းအစည်းအဝေးနဲ့ JICM အစည်းအဝေးတွေ ဆက်ဖြစ်သွားဖို့လိုပါတယ်။ ဒီအစည်းအဝေးတွေဖြစ်သွားမှ ပင်လုံညီလာခံကို အောင်အောင်မြင်မြင် ကျင်ပနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
ဝင်းမင်း။ ။ ဆိုလိုတာကတော့ ပင်လုံညီလာခံကျင်းပမယ့်ရက်ကို အတည်ပြုနိုင်ဖို့ကတော့ လာမဲ့ ဒီ JICM စည်းဝေးကျမှ ဖြစ်နိုင်ပြီးတော့၊ အခုထပ်တိုးတဲ့ အခု (၂၉)ရက်မှာတော့၊ ဒီရက်သတ်မှတ်မူ အပေါ် သဘောထားတွေ ယူမှာပဲပေါ့နော်။ အဲ့ဒိတော့ အခုလိုသဘောထားယူရအောင် ဘယ်လို အခက်အခဲတွေ ဖြစ်နေလို့လဲ။ တချို့ကတော့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း သြဂုတ်လ ဘယ်ရက် အတိအကျမှာ ကျင်းပမယ်ဆိုပြီး ကြေညာထားပြီးဖြစ်တာမို့၊ အတော်များများကတော့ ဒီကျင်းပမယ့်ရက်ကို အတည်ပြုပြီးပြီလို့ ယူဆထားကြပါတယ်။ အခုဘယ်လိုဖြစ်နေလို့လဲ။
ခွန်မြင့်ထွန်း။ ။ အခုက သဘောတူညီချက်ဆိုတာထက် သဘောထားစုစည်းထားတာမျိုးသာ ဖြစ်ပါသေးတယ်။ အခု ကျွန်တော်တို့ အလုပ်အဖွဲ့အဆင့်အနေနဲ့ ဆွေးနွေးညှိုနှိုင်းဖို့သာ ဖြစ်ပြီး၊ ဆုံးဖြတ်ချက် အတည်ပြုဖို့ကတော့ မလုပ်နိုင်ပါဘူး။ အခု ဒီမှာ သဘောထားစုစည်းနိုင်တာတွေကို မိခင်အဖွဲ့အစည်းဆိုင်ရာ အစုအဖွဲ့တွေထဲမှာ အတည်ပြုချက် ပြန်ယူရမှာ ဖြစ်ပါတယ်။
ဝင်းမင်း။ ခုလို အသေးစိတ် ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါ။
ဆွေးနွေးပွဲတွေမှာ ပါဝင်နေတဲ့ ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့က ဒုဥက္ကဌ ခွန်မြင့်ထွန်းကို ကိုဝင်းမင်းက သီးသန့်မေးမြန်းထားတာပါ။