သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္နယ္စပ္လက္နက္ကိုင္အဖဲြ႕ေတြကို တ႐ုတ္သံတမန္ေတြ႕ဆံု


တ႐ုတ္အထူးသံတမန္ မစၥတာ ဆြန္ေကာ့ရွန္ (ဓာတ္ပံု - The Kachin Net)

[Zawgyi/Unicode]

ဒီရက္ပိုင္းေတြ အတြင္းမွာ တ႐ုတ္ျမန္မာနယ္စပ္ အေျခစိုုက္လက္နက္ကိုင္အဖဲြ႔ေတြနဲ႔ တ႐ုတ္အထူးသံတမန္ မစၥတာ ဆြန္ေကာ့ရွန္တို႔ ေတြ႕ဆံုၿပီး COVID 19 အေရး၊ ၂၁ ပင္လံုအစည္းအေ၀းနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြေတြ စတင္ေရးကို ေဆြးေႏြးခဲ့တဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

လာမယ့္လအတြင္းမွာ က်င္းပမယ့္ ၂၁ ပင္လံု စတုတၱအစည္းအေ၀း စတင္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ တ႐ုတ္အစိုးရ ကိုယ္စားလွယ္ အထူးသံတမန္ မစၥတာဆြန္ေကာ့ရွန္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြ ေတြ႔ဆံုတယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။

ကခ်င္လြတ္လပ္ေရးအဖဲြ႕ KIO ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးႀကီးေနာ္ဘူကေတာ့ KIO ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးအင္ဘန္လနဲ႔ မစၥတာဆြန္ေကာ့ရွန္တို႔ဟာ ဒီလ ၂၅ ရက္ေန႔ က တ႐ုတ္ႏိုင္ငံ ယင္က်န္းၿမိဳ႕မွာ ေတြ႔ဆံုေဆြးေႏြးခဲ့ေၾကာင္း VOA ကို ေျပာပါတယ္။

ဒီေဆြးေႏြးပဲြမွာ အဓိက ေဆြးေႏြးျဖစ္တဲ့အခ်က္ေတြကို ဗိုလ္မွဴးႀကီးေနာ္ဘူက အခုလို ဆက္ေျပာပါတယ္။

"COVID 19 ကေတာ့ အားလံုး ဝိုင္း၀န္းၿပီး ကာကြယ္ေပးရမယ့္ ကိစၥေတြေပါ့။ သေဘာကေတာ့ က်ေနာ္တို႔လည္း နယ္စပ္ေဒသမွာ ေနထိုင္တယ္ဆိုေတာ့ ဒီ ေရာဂါပိုးမကူးစက္ေအာင္ က်ေနာ္တို႔ဆီမွာလည္း တာ၀န္ရွိတယ္။ သူတို႔ တ႐ုတ္ျပည္ဘက္မွာလည္း တာ၀န္ရွိတာေပါ့။ အားလံုး ဝိုင္း၀န္းၿပီးမွ ႏွိမ္နင္းၾကရေအာင္ဆိုတဲ့အေၾကာင္းေတြလည္း ပါတယ္တဲ့။ ေနာက္တစ္ခုကေတာ့ ပင္လံုညီလာခံ ဖိတ္ၾကားစာေရာ ရၿပီလားေပါ့။ ရလို႔ရွိရင္ သြားရင္ေတာ့ ေကာင္းပါတယ္ဆိုၿပီး အၾကံျပဳတာေပါ့။ အဲဒါ ပါတာေပါ့။ ေနာက္ တစ္ခ်က္ကေတာ့ NRPC နဲ႔ ေဆြးေႏြးတဲ့ဟာေတာ့ ခုေလာေလာဆယ္ကေတာ့ COVID 19 ေရာဂါေၾကာင့္ ရပ္တန္႔ေနတဲ့ အေနအထားျဖစ္ပါတယ္။ အဲဒါလည္း ဆက္ၿပီးေတာ့ ေဆြးေႏြးႏိုင္ေအာင္ေတာ့ ႀကိဳးစားၾကပါဆိုၿပီး အားေပးတာေပါ့။ အဲဒါအေၾကာင္းလည္း ပါတာေပါ့။ ”

အျခားေဆြးေႏြးတဲ့အခ်က္ကေတာ့ နယ္စပ္ေဒသတည္ ၿငိမ္းေအးခ်မ္းေရးကိစၥေတြ ပါ၀င္ေၾကာင္း ေျပာပါတယ္။

တ႐ုတ္အစိုးရရဲ႕ အထူးသံတမန္ဟာ တ႐ုတ္ျမန္မာနယ္စပ္အေျခစိုက္ UWSA ၀၊ NDAA မိုင္းလား၊ SSPP ရွမ္းျပည္တိုးတက္ေရးပါတီ၊ MNDAA ကိုးကန္႔၊ TNLA တအန္း(ပေလာင္)၊ AA ရခိုင္စတဲ့အဖဲြ႔ေတြနဲ႔ တ႐ုတ္ႏိုင္ငံအတြင္းမွာ ေတြ႔ဆံုေဆြးေႏြးခဲ့ေၾကာင္းလည္း သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။

TNLA ရဲ႕ ေျပာေရးဆိုခြင့့္ရွိသူ ဗိုလ္မွဴးတာ့အိုက္ေက်ာ္ကေတာ့ ဒီလိုေတြ႕ဆံုတာကို သူမသိေသးေၾကာင္း ေျပာဆိုပါတယ္။

“ က်ေနာ္ မသိရေသးဘူး။”

ေလ့လာသံုးသပ္သူ တခ်ိဳ႕ကေတာ့ တ႐ုတ္နယ္စပ္အေျခစိုက္ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြနဲ႔ တ႐ုတ္ကိုယ္စားလွယ္ ေတြ႔ဆံုခ်ိန္မွာ လက္ရွိ တင္းမာေနတဲ့ တ႐ုတ္- အေမရိကန္ဆက္ဆံေရး အေျခအေနကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း ေျပာဆိုတာေတြ ရွိပါတယ္။

KIO က ဗိုလ္မွဴးႀကီးေနာ္ဘူကေတာ့ ေဆြးေႏြးပဲြ တက္ေရာက္သူေတြက ျပန္လည္ေျပာျပရာမွာ ဒီအခ်က္ မပါ၀င္ဘူးလို႔ ဆိုပါတယ္။

“ေဆြးေႏြးတဲ့အပိုင္းမွာ ပါသလား ဒါေတာ့ က်ေနာ္လည္း မသိဘူးခင္ဗ်။ ဒါေပမဲ့ က်ေနာ္တို႔ကို ျပန္ေျပာတဲ့အပိုင္းမွာ ဒီအေၾကာင္းေတြ မပါဘူးခင္ဗ်။”

ႏိုင္ငံေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့ တ႐ုတ္-အေမရိကန္ဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးတယ္ဆိုတဲ့အခ်က္အေပၚ သူ႔အျမင္ကို အခုလို ေျပာပါတယ္။

“က်ေနာ့္အျမင္ကေတာ့ ေလာေလာဆယ္မွာေတာ့ အေမရိကန္နဲ႔ တ႐ုတ္ရဲ႕ ပဋိပကၡကို တိုက္႐ိုက္ထင္ဟပ္တဲ့ ျပဳမူေျပာဆိုမႈမ်ိဳးကေတာ့ တ႐ုတ္အေနနဲ႔ ေျပာဆိုမွာ မဟုတ္ဘူးလို႔ ထင္ပါတယ္။ အဲေတာ့ ပထမအခ်က္အေနနဲ႔ကေတာ့ တ႐ုတ္အေနနဲ႔ ဒီနယ္စပ္မွာ ရွိတဲ့ FPNCC အဖဲြ႕ ၇ ဖဲြ႕နဲ႔ပတ္သက္ၿပီး သူတို႔ အေလးထားေၾကာင္း၊ မျပတ္ေစာင့္ၾကည့္ေၾကာင္းကို ေဖာ္ျပႏိုင္ပါတယ္။ ႏွစ္ ဒီ ၂၁ ရာစုပင္လံုနဲ႔ပတ္သက္ၿပီးေတာ့ တိုက္တြန္းေျပာဆိုတာမ်ိဳး လုပ္ႏိုင္ပါတယ္။ ၃ အခ်က္အေနနဲ႔ေတာ့ COVID 19 ကိစၥထည့္ေျပာႏိုင္ပါတယ္။ ဒီ သံုး ခ်က္ေလာက္ပဲ ေျပာမယ္ ထင္ပါတယ္။ ”

FPNCC ေခၚ ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညွိႏိႈင္းေရးေကာ္မတီမွာ NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္မထိုးေသးတဲ့ တ႐ုတ္နယ္စပ္အေျခစိုက္အဖဲြ႕ ၇ ဖဲြ႕ ပါ၀င္တာျဖစ္ပါတယ္။

FPNCC အဖဲြ႕ေတြ ဟာ တ႐ုတ္ကိုယ္စားလွယ္က ကမကထျပဳမႈနဲ႔အတူ ၿပီးခဲ့တဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ရာစုပင္လံုအစည္းအေ၀းေတြမွာေတာ့ ပါ၀င္တက္ေရာက္ခဲ့ေလ့ရွိပါတယ္။ ဒီတႀကိမ္ ညီလာခံကိုေတာ့ COVID 19 ေၾကာင့္ အက်ဥ္းရံုး က်င္းပဖို႔ စီစဥ္ရတာေၾကာင့္ NCA လက္မွတ္ မထိုးေသးတဲ့အဖဲြ႕ေတြကို ဖိတ္ၾကားဖို႔ မေရမရာ ရွိေနပါတယ္။

တ႐ုတ္ ကိုယ္စားလွယ္မစၥတာဆြန္ေကာ့ရွန္ဟာလည္း COVID 19 ကပ္ေရာဂါ ျဖစ္ပြားေနတဲ့အေျခအေနေၾကာင့္ ပါ၀င္တက္ေရာက္ဖို႔ မရွိေၾကာင္းလည္း သတင္းေတြ ထြက္ေပၚေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်နယ်စပ်လက်နက်ကိုင်အဖွဲ့တွေကို တရုတ်သံတမန်တွေ့ဆုံ

ဒီရက်ပိုင်းတွေ အတွင်းမှာ တရုတ်မြန်မာနယ်စပ် အခြေစိုက်လက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်တို့ တွေ့ဆုံပြီး COVID 19 အရေး၊ ၂၁ ပင်လုံအစည်းအဝေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ရေးကို ဆွေးနွေးခဲ့တဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

လာမယ့်လအတွင်းမှာ ကျင်းပမယ့် ၂၁ ပင်လုံ စတုတ္တအစည်းအဝေး စတင်ဖို့ ပြင်ဆင်နေချိန်မှာ တရုတ်အစိုးရ ကိုယ်စားလှယ် အထူးသံတမန် မစ္စတာဆွန်ကော့ရှန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ မစ္စတာဆွန်ကော့ရှန်တို့ဟာ ဒီလ ၂၅ ရက်နေ့ က တရုတ်နိုင်ငံ ယင်ကျန်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း VOA ကို ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးဖြစ်တဲ့အချက်တွေကို ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

"COVID 19 ကတော့ အားလုံး ဝိုင်းဝန်းပြီး ကာကွယ်ပေးရမယ့် ကိစ္စတွေပေါ့။ သဘောကတော့ ကျနော်တို့လည်း နယ်စပ်ဒေသမှာ နေထိုင်တယ်ဆိုတော့ ဒီ ရောဂါပိုးမကူးစက်အောင် ကျနော်တို့ဆီမှာလည်း တာဝန်ရှိတယ်။ သူတို့ တရုတ်ပြည်ဘက်မှာလည်း တာဝန်ရှိတာပေါ့။ အားလုံး ဝိုင်းဝန်းပြီးမှ နှိမ်နင်းကြရအောင်ဆိုတဲ့အကြောင်းတွေလည်း ပါတယ်တဲ့။ နောက်တစ်ခုကတော့ ပင်လုံညီလာခံ ဖိတ်ကြားစာရော ရပြီလားပေါ့။ ရလို့ရှိရင် သွားရင်တော့ ကောင်းပါတယ်ဆိုပြီး အကြံပြုတာပေါ့။ အဲဒါ ပါတာပေါ့။ နောက် တစ်ချက်ကတော့ NRPC နဲ့ ဆွေးနွေးတဲ့ဟာတော့ ခုလောလောဆယ်ကတော့ COVID 19 ရောဂါကြောင့် ရပ်တန့်နေတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒါလည်း ဆက်ပြီးတော့ ဆွေးနွေးနိုင်အောင်တော့ ကြိုးစားကြပါဆိုပြီး အားပေးတာပေါ့။ အဲဒါအကြောင်းလည်း ပါတာပေါ့။ ”

အခြားဆွေးနွေးတဲ့အချက်ကတော့ နယ်စပ်ဒေသတည် ငြိမ်းအေးချမ်းရေးကိစ္စတွေ ပါဝင်ကြောင်း ပြောပါတယ်။

တရုတ်အစိုးရရဲ့ အထူးသံတမန်ဟာ တရုတ်မြန်မာနယ်စပ်အခြေစိုက် UWSA ဝ၊ NDAA မိုင်းလား၊ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ၊ MNDAA ကိုးကန့်၊ TNLA တအန်း(ပလောင်)၊ AA ရခိုင်စတဲ့အဖွဲ့တွေနဲ့ တရုတ်နိုင်ငံအတွင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော်ကတော့ ဒီလိုတွေ့ဆုံတာကို သူမသိသေးကြောင်း ပြောဆိုပါတယ်။

“ ကျနော် မသိရသေးဘူး။”

လေ့လာသုံးသပ်သူ တချို့ကတော့ တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တရုတ်ကိုယ်စားလှယ် တွေ့ဆုံချိန်မှာ လက်ရှိ တင်းမာနေတဲ့ တရုတ်- အမေရိကန်ဆက်ဆံရေး အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြောင်း ပြောဆိုတာတွေ ရှိပါတယ်။

KIO က ဗိုလ်မှူးကြီးနော်ဘူကတော့ ဆွေးနွေးပွဲ တက်ရောက်သူတွေက ပြန်လည်ပြောပြရာမှာ ဒီအချက် မပါဝင်ဘူးလို့ ဆိုပါတယ်။

“ဆွေးနွေးတဲ့အပိုင်းမှာ ပါသလား ဒါတော့ ကျနော်လည်း မသိဘူးခင်ဗျ။ ဒါပေမဲ့ ကျနော်တို့ကို ပြန်ပြောတဲ့အပိုင်းမှာ ဒီအကြောင်းတွေ မပါဘူးခင်ဗျ။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ တရုတ်-အမေရိကန်ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတယ်ဆိုတဲ့အချက်အပေါ် သူ့အမြင်ကို အခုလို ပြောပါတယ်။

“ကျနော့္အမြင်ကတော့ လောလောဆယ်မှာတော့ အမေရိကန်နဲ့ တရုတ်ရဲ့ ပဋိပက္ခကို တိုက်ရိုက်ထင်ဟပ်တဲ့ ပြုမူပြောဆိုမှုမျိုးကတော့ တရုတ်အနေနဲ့ ပြောဆိုမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲတော့ ပထမအချက်အနေနဲ့ကတော့ တရုတ်အနေနဲ့ ဒီနယ်စပ်မှာ ရှိတဲ့ FPNCC အဖွဲ့ ၇ ဖွဲ့နဲ့ပတ်သက်ပြီး သူတို့ အလေးထားကြောင်း၊ မပြတ်စောင့်ကြည့်ကြောင်းကို ဖော်ပြနိုင်ပါတယ်။ နှစ် ဒီ ၂၁ ရာစုပင်လုံနဲ့ပတ်သက်ပြီးတော့ တိုက်တွန်းပြောဆိုတာမျိုး လုပ်နိုင်ပါတယ်။ ၃ အချက်အနေနဲ့တော့ COVID 19 ကိစ္စထည့်ပြောနိုင်ပါတယ်။ ဒီ သုံး ချက်လောက်ပဲ ပြောမယ် ထင်ပါတယ်။”

FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီမှာ NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးသေးတဲ့ တရုတ်နယ်စပ်အခြေစိုက်အဖွဲ့ ၇ ဖွဲ့ ပါဝင်တာဖြစ်ပါတယ်။

FPNCC အဖွဲ့တွေ ဟာ တရုတ်ကိုယ်စားလှယ်က ကမကထပြုမှုနဲ့အတူ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံအစည်းအဝေးတွေမှာတော့ ပါဝင်တက်ရောက်ခဲ့လေ့ရှိပါတယ်။ ဒီတကြိမ် ညီလာခံကိုတော့ COVID 19 ကြောင့် အကျဉ်းရုံး ကျင်းပဖို့ စီစဉ်ရတာကြောင့် NCA လက်မှတ် မထိုးသေးတဲ့အဖွဲ့တွေကို ဖိတ်ကြားဖို့ မရေမရာ ရှိနေပါတယ်။

တရုတ် ကိုယ်စားလှယ်မစ္စတာဆွန်ကော့ရှန်ဟာလည်း COVID 19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့အခြေအနေကြောင့် ပါဝင်တက်ရောက်ဖို့ မရှိကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG