သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KIA ဖမ္းသြားတ့ဲ ရွမ္းနီေက်ာင္းသား ႏွစ္ဦး အသတ္ခံရတဲ့ေပၚ တရားမ ွ်တမႈေတာင္းဆို


KIA ကခ်င္လြတ္လပ္ေရးအဖဲြ႔၀င္တခ်ဳိ႕။ (ႏို၀င္ဘာ ၀၂၊ ၂၀၁၃)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕နယ္မွာ KIO ကခ်င္လြတ္လပ္ေရးအဖဲြ႔၀င္တခ်ဳိ႕နဲ႔ ခုိက္ရန္ျဖစ္ပြားခဲ့တဲ့ ေက်ာင္းသားေတြ ေနာက္ပုိင္းမွာ ဖမ္းဆီး သတ္ျဖတ္ခံခဲ့ရတဲ့အေပၚ တရားမွ်တမႈရေရး ေတာင္းဆုိေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ေပးထားပါတယ္။

ကခ်င္ျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းအစပ္က ဖားကန္႔ၿမိဳ႕နယ္ ေဟာင္ပါးေက်းရြာအုပ္စု ဆယ္ဇင္းရြာမွာ ဒီလ ၆ ရက္ေန႔က KIO အဖဲြ႔ရဲ႕ ေဒသခံအရာရွိ တေယာက္နဲ႔ ခုိက္ရန္ျဖစ္ပြားခဲ့ၿပီးေနာက္ စစ္ကိုင္းတိုင္း ဟုမၼလင္းၿမိဳ႕နယ္ ပါဟုတ္ေက်းရြာက ေက်ာင္းသား လူငယ္ ႏွစ္ ဦး သတ္ျဖတ္ခံခဲ့ရတာပါ။

မံုရြာတကၠသိုလ္မွာ အေ၀းသင္ အဂၤလိပ္စာ ပထမႏွစ္တက္ေရာက္ေနတဲ့ ေမာင္သန္႔ဇင္ေအာင္နဲ႔ ၉ တန္းေက်ာင္းသားေမာင္ေဇာ္မ်ိဳးဦး တုိ႔ဟာ တျခားသူငယ္ခ်င္းေတြနဲ႔ ႏႈတ္ဆက္ပဲြလုပ္ဖုိ႔ ပါဟုတ္ရြာကေန ဆယ္ဇင္းရြာကို သြားေရာက္စဥ္ အရပ္၀တ္ အ၀တ္အစား ၀တ္ဆင္ထားတဲ့ KIA ၿမိဳ႕နယ္မွဴးနဲ႔ ခိုက္ရန္ျဖစ္ခဲ့တယ္လို႔ ရွမ္းတိုင္းရင္းသားမ်ား စာေပနဲ႔ယဥ္ေက်းမႈေကာ္မတီ တကၠသိုလ္မ်ား မံုရြာရဲ႕ ဒုတိယဥကၠ႒ ေဆခမ္းဖက VOA ကို ေျပာပါတယ္။

ခိုက္ရန္ျဖစ္ခဲ့တဲ့ေနာက္ သူတို႔ႏွစ္ဦးကို ဖမ္းဆီးေခၚေဆာင္သြားၿပီး ေသဆံုးသြားခဲ့တာလို႔လည္း ေဆခမ္းဖက ဆက္ေျပာပါတယ္။

“ဆဲြလားရမ္းလားနဲ႔ ျဖစ္ေနတဲ့ အခ်ိန္အတြင္းမွာပဲ ေက်ာင္းသား ႏွစ္ ေယာက္ကလည္း သူတို႔ကို ဒီလို ထိုးရပါ့မလားဆိုၿပီး ခုခံတဲ့အခ်ိန္မွာ ကားေပၚပါလာတဲ့ သူ႔ရဲ႕အဖဲြ႕နဲ႔ တစ္ခါတည္း ဝိုင္းဖမ္းၿပီး ေခၚသြားတယ္လို႔ က်ေနာ္တို႔ သတင္းၾကားရပါတယ္။ ၉ ရက္၊ ၁၀ ရက္ေလာက္မွာက်ေတာ့ သူတို႔က သတင္းအစအနလံုး၀ ေပ်ာက္သြားတယ္ခင္ဗ်။ ဒီၾကားတည္းမွာေတာ့ သိန္း ၁၀၀ နဲ႔ ကေလးကို ျပန္ေရြးရင္ ကေလးကို ျပန္ေပးမယ္၊ ဘာညာၾကားလို႔ မိဘေတြကလည္း ပိုက္ဆံနဲ႔ ေရြးႏိုင္ေအာင္ ႀကိဳးစားၾကတယ္ေပါ့ခင္ဗ်ာ။ ၂၂၊ ၂၃ မွာက်ေတာ့ ဒီကေလး ႏွစ္ေယာက္က ဆံုးသြားၿပီဆိုၿပီးမွ ဆယ္ဇင္းမွာရွိတဲ့ တရားေဟာဆရာ၊ ဓမၼဆရာကေန တဆင့္ သူတို႔ မိဘေတြကို ဆက္သြယ္လာတယ္လို႔ က်ေနာ္တို႔ သတင္းရပါတယ္။”

ေသဆံုးသြားတဲ့ ေက်ာင္းသား ႏွစ္ ဦးဟာ စစ္ကိုင္းတိုင္အထက္ပိုင္းမွာ ေနထိုင္တဲ့ ရွမ္းနီလူမ်ိဳးေတြျဖစ္ၿပီး သူတို႔ေသဆံုးတာနဲ႔ ပတ္သက္လို႔ ရွမ္းနီ ႏိုင္ငံေရးပါတီေတြနဲ႔ အရပ္ဘက္အဖဲြ႕အစည္းေတြက ျပစ္မႈက်ဴးလြန္သူကို အေရးယူဖို႔ ေတာင္းဆိုတာေတြလည္း ရွိခဲ့ပါတယ္။

ရွမ္းတိုင္းရင္းသား အရပ္ဘက္အဖဲြ႕အစည္းရဲ႕ ေတာင္းဆိုခ်က္ကို ေဆခမ္းဖက အခုလို ဆက္ေျပာပါတယ္။

“ခု ဆံုးသြားတဲ့အခါက်ေတာ့ ကေလးမိဘေတြရဲ႕ဆႏၵအရေသာ္လည္းေကာင္း၊ က်ေနာ္တို႔ ရွမ္းတိုင္းရင္းသား႐ိုးရာ ဗုဒၶဘာသာ ထံုးတမ္းအရေသာ္လည္းေကာင္း၊ Dead Body ကို ျပန္ေပးပါဆိုၿပီး က်ေနာ္တို႔ပထမဆံုး ေတာင္းဆိုထားပါတယ္။ ထပ္ၿပီးေတာင္းဆိုထားတာက KIA ရဲ႕ ဒီျပဳမူေဆာင္ရြက္ခ်က္အေပၚမွာ ေနာက္ေနာင္ ဒီလို မလုပ္ေအာင္ ထိန္းေၾကာင္းေပးဖို႔နဲ႔ ဒီျဖစ္သြားတဲ့ကိစၥအေပၚမွာ မွန္မွန္ကန္ကန္ စစ္ေဆးအေရးယူေပးႏိုင္ဖို႔ ၊ ေနာက္ တိုင္းရင္းသားအခ်င္းခ်င္း တန္းတူညီမွ်မႈရရွိဖို႔ အတြက္ ဝိုင္း၀န္းတိုက္တြန္းေပးၾကဖို႔ ေတာင္းဆိုထားပါတယ္။”

ဝိုင္း၀န္းတိုက္တြန္းဖို႔ ေတာင္းဆိုထားတဲ့အဖဲြ႕ေတြမွာ အစိုးရ၊ ၿငိမ္းခ်မ္းေရးနဲ႔ ျပန္လည္သင့္ျမတ္ေရးဗဟိုဌာန၊ လူ႔အခြင့္အေရးေကာ္မရွင္နဲ႔ တိုင္းရင္းသားႏိုင္ငံအဖဲြ႕ေတြ ပါ၀င္သလို ကုလသမဂၢနဲ႔ ႏိုင္ငံတကာ သံတမန္ေတြကိုလည္း ပါ၀င္ပါတယ္။

ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ေမးျမန္းႏိုင္ဖို႔ KIO ကို ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းေခၚဆိုလို႔ မရခဲ့ပါဘူး။

ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္အဖဲြ႕က ဦးလမိုင္ဂြမ္ဂ်ာကေတာ့ KIA အရာရွိနဲ႔ လူငယ္ ၄ေယာက္ ရန္ျဖစ္ၿပီး လူငယ္ ႏွစ္ေယာက္ကို ဖမ္းဆီးေခၚေဆာင္တာ မွန္ကန္ေၾကာင္းနဲ႔ ေနာက္ပိုင္းမွာ သူတို႔ကို စစ္ေဆးစဥ္ ေသဆံုးတယ္လို႔ ၾကားသိရေၾကာင္း အတည္ျပဳပါတယ္။

ဒီေန႔ ညေနပိုင္းမွာေတာ့ ႏွစ္ဘက္ေစ့စပ္ေဆြးေႏြးရာမွာ ေက်ေအးသြားၿပီျဖစ္တယ္လို႔လည္း ေျပာပါတယ္။

“အခု အဲဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့မွ KIA ဗဟိုကလည္း ထိေရာက္စြာ အေရးယူဖို႔ ေကာ္မရွင္ဖြင့္ၿပီးေတာ့မွ သူတို႔ စိစစ္ခိုင္းတယ္။ စိစစ္တဲ့အခါမွာ သူတို႔ အဲဒီမွာ စစ္ေဆးၿပီးမွ ႐ိုက္ပုတ္ၿပီးမွ လက္လြန္ၿပီးေတာ့ ဆံုးပါးသြားၿပီ ဆိုတာ ေသခ်ာတာေပါ့။ အဲဒါေၾကာင့္မို႔ ဒီေန႔ သူတို႔ အဲဒီမွာရွိတဲ့ ရပ္မိရပ္ဖေတြ၊ သူတို႔ မိဘေတြအားလံုးနဲ႔ KIO အဖဲြ႕ေတြနဲ႔ လူမႈေရးအရ ညွိႏိႈင္းေျဖရွင္းၾကတယ္။ ဒီေန႔ေတာ့ အားလံုးေျပလည္သြားၿပီလို႔ေတာ့ သိရတယ္ဗ်။ ဆိုင္းေတာင္မွာလို႔ ေျပာတယ္ဗ်။ ဆိုင္းေတာင္၊ ဖားကန္႔မွာ။ ေက်ေအးသြားတာက ၄ နာရီ ၁၀မိနစ္ေလာက္မွာပဲ။”

KIO က ေသဆံုးသြားတဲ့ ေက်ာင္းသား ႏွစ္ ဦးအတြက္ ဘာသာေရး အခမ္းအနားေဆာင္ရြက္ဖို႔ တစ္ေယာက္ကို ေငြ သိန္း ၂၀၀ စီ ေပးအပ္ခဲ့တယ္လို႔လည္း ေျပာပါတယ္။

ေဒသခံျပည္သူေတြကေတာ့ လူမ်ိဳးစု ၂ခုအၾကားမွာ ပဋိပကၡေတြျဖစ္ပြားမွာကို စိုးရိမ္ေနၾကသလို ရွမ္း ႏိုင္ငံေရးပါတီေတြနဲ႔ အရပ္ဘက္အဖဲြ႕အစည္းေတြကလည္း ဒီကိစၥအေပၚ အေလးထား ေထာက္ျပေ၀ဖန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

KIA ဖမ်းသွားတဲ့ ရှမ်းနီကျောင်းသား နှစ်ဦး အသတ်ခံရတဲ့ပေါ် တရားမ ျှတမှုတောင်းဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ KIO ကချင်လွတ်လပ်ရေးအဖွဲ့ဝင်တချို့နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ကျောင်းသားတွေ နောက်ပိုင်းမှာ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် တရားမျှတမှုရရေး တောင်းဆိုနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ပေးထားပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းရွာမှာ ဒီလ ၆ ရက်နေ့က KIO အဖွဲ့ရဲ့ ဒေသခံအရာရှိ တယောက်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ပါဟုတ်ကျေးရွာက ကျောင်းသား လူငယ် နှစ် ဦး သတ်ဖြတ်ခံခဲ့ရတာပါ။

မုံရွာတက္ကသိုလ်မှာ အဝေးသင် အင်္ဂလိပ်စာ ပထမနှစ်တက်ရောက်နေတဲ့ မောင်သန့်ဇင်အောင်နဲ့ ၉ တန်းကျောင်းသားမောင်ဇော်မျိုးဦး တို့ဟာ တခြားသူငယ်ချင်းတွေနဲ့ နှုတ်ဆက်ပွဲလုပ်ဖို့ ပါဟုတ်ရွာကနေ ဆယ်ဇင်းရွာကို သွားရောက်စဉ် အရပ်ဝတ် အဝတ်အစား ဝတ်ဆင်ထားတဲ့ KIA မြို့နယ်မှူးနဲ့ ခိုက်ရန်ဖြစ်ခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ စာပေနဲ့ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ မုံရွာရဲ့ ဒုတိယဥက္ကဋ္ဌ ဆေခမ်းဖက VOA ကို ပြောပါတယ်။

ခိုက်ရန်ဖြစ်ခဲ့တဲ့နောက် သူတို့နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သေဆုံးသွားခဲ့တာလို့လည်း ဆေခမ်းဖက ဆက်ပြောပါတယ်။

“ဆွဲလားရမ်းလားနဲ့ ဖြစ်နေတဲ့ အချိန်အတွင်းမှာပဲ ကျောင်းသား နှစ် ယောက်ကလည်း သူတို့ကို ဒီလို ထိုးရပါ့မလားဆိုပြီး ခုခံတဲ့အချိန်မှာ ကားပေါ်ပါလာတဲ့ သူ့ရဲ့အဖွဲ့နဲ့ တစ်ခါတည်း ဝိုင်းဖမ်းပြီး ခေါ်သွားတယ်လို့ ကျနော်တို့ သတင်းကြားရပါတယ်။ ၉ ရက်၊ ၁၀ ရက်လောက်မှာကျတော့ သူတို့က သတင်းအစအနလုံး၀ ပျောက်သွားတယ်ခင်ဗျ။ ဒီကြားတည်းမှာတော့ သိန်း ၁၀၀ နဲ့ ကလေးကို ပြန်ရွေးရင် ကလေးကို ပြန်ပေးမယ်၊ ဘာညာကြားလို့ မိဘတွေကလည်း ပိုက်ဆံနဲ့ ရွေးနိုင်အောင် ကြိုးစားကြတယ်ပေါ့ခင်ဗျာ။ ၂၂၊ ၂၃ မှာကျတော့ ဒီကလေး နှစ်ယောက်က ဆုံးသွားပြီဆိုပြီးမှ ဆယ်ဇင်းမှာရှိတဲ့ တရားဟောဆရာ၊ ဓမ္မဆရာကနေ တဆင့် သူတို့ မိဘတွေကို ဆက်သွယ်လာတယ်လို့ ကျနော်တို့ သတင်းရပါတယ်။”

သေဆုံးသွားတဲ့ ကျောင်းသား နှစ် ဦးဟာ စစ်ကိုင်းတိုင်အထက်ပိုင်းမှာ နေထိုင်တဲ့ ရှမ်းနီလူမျိုးတွေဖြစ်ပြီး သူတို့သေဆုံးတာနဲ့ ပတ်သက်လို့ ရှမ်းနီ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြစ်မှုကျူးလွန်သူကို အရေးယူဖို့ တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းရဲ့ တောင်းဆိုချက်ကို ဆေခမ်းဖက အခုလို ဆက်ပြောပါတယ်။

“ခု ဆုံးသွားတဲ့အခါကျတော့ ကလေးမိဘတွေရဲ့ဆန္ဒအရသော်လည်းကောင်း၊ ကျနော်တို့ ရှမ်းတိုင်းရင်းသားရိုးရာ ဗုဒ္ဓဘာသာ ထုံးတမ်းအရသော်လည်းကောင်း၊ Dead Body ကို ပြန်ပေးပါဆိုပြီး ကျနော်တို့ပထမဆုံး တောင်းဆိုထားပါတယ်။ ထပ်ပြီးတောင်းဆိုထားတာက KIA ရဲ့ ဒီပြုမူဆောင်ရွက်ချက်အပေါ်မှာ နောက်နောင် ဒီလို မလုပ်အောင် ထိန်းကြောင်းပေးဖို့နဲ့ ဒီဖြစ်သွားတဲ့ကိစ္စအပေါ်မှာ မှန်မှန်ကန်ကန် စစ်ဆေးအရေးယူပေးနိုင်ဖို့ ၊ နောက် တိုင်းရင်းသားအချင်းချင်း တန်းတူညီမျှမှုရရှိဖို့ အတွက် ဝိုင်းဝန်းတိုက်တွန်းပေးကြဖို့ တောင်းဆိုထားပါတယ်။”

ဝိုင်းဝန်းတိုက်တွန်းဖို့ တောင်းဆိုထားတဲ့အဖွဲ့တွေမှာ အစိုးရ၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဗဟိုဌာန၊ လူ့အခွင့်အရေးကော်မရှင်နဲ့ တိုင်းရင်းသားနိုင်ငံအဖွဲ့တွေ ပါဝင်သလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ သံတမန်တွေကိုလည်း ပါဝင်ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KIO ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာကတော့ KIA အရာရှိနဲ့ လူငယ် ၄ယောက် ရန်ဖြစ်ပြီး လူငယ် နှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်တာ မှန်ကန်ကြောင်းနဲ့ နောက်ပိုင်းမှာ သူတို့ကို စစ်ဆေးစဉ် သေဆုံးတယ်လို့ ကြားသိရကြောင်း အတည်ပြုပါတယ်။

ဒီနေ့ ညနေပိုင်းမှာတော့ နှစ်ဘက်စေ့စပ်ဆွေးနွေးရာမှာ ကျေအေးသွားပြီဖြစ်တယ်လို့လည်း ပြောပါတယ်။

“အခု အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ KIA ဗဟိုကလည်း ထိရောက်စွာ အရေးယူဖို့ ကော်မရှင်ဖွင့်ပြီးတော့မှ သူတို့ စိစစ်ခိုင်းတယ်။ စိစစ်တဲ့အခါမှာ သူတို့ အဲဒီမှာ စစ်ဆေးပြီးမှ ရိုက်ပုတ်ပြီးမှ လက်လွန်ပြီးတော့ ဆုံးပါးသွားပြီ ဆိုတာ သေချာတာပေါ့။ အဲဒါကြောင့်မို့ ဒီနေ့ သူတို့ အဲဒီမှာရှိတဲ့ ရပ်မိရပ်ဖတွေ၊ သူတို့ မိဘတွေအားလုံးနဲ့ KIO အဖွဲ့တွေနဲ့ လူမှုရေးအရ ညှိနှိုင်းဖြေရှင်းကြတယ်။ ဒီနေ့တော့ အားလုံးပြေလည်သွားပြီလို့တော့ သိရတယ်ဗျ။ ဆိုင်းတောင်မှာလို့ ပြောတယ်ဗျ။ ဆိုင်းတောင်၊ ဖားကန့်မှာ။ ကျေအေးသွားတာက ၄ နာရီ ၁၀မိနစ်လောက်မှာပဲ။”

KIO က သေဆုံးသွားတဲ့ ကျောင်းသား နှစ် ဦးအတွက် ဘာသာရေး အခမ်းအနားဆောင်ရွက်ဖို့ တစ်ယောက်ကို ငွေ သိန်း ၂၀၀ စီ ပေးအပ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒေသခံပြည်သူတွေကတော့ လူမျိုးစု ၂ခုအကြားမှာ ပဋိပက္ခတွေဖြစ်ပွားမှာကို စိုးရိမ်နေကြသလို ရှမ်း နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဒီကိစ္စအပေါ် အလေးထား ထောက်ပြဝေဖန်ထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG