သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္းစစ္နဲ႔ ကေလးစစ္သား


ျပည္တြင္းစစ္နဲ႔ ကေလးစစ္သား
please wait

No media source currently available

0:00 0:05:30 0:00
တိုက္႐ိုက္ လင့္ခ္

ျပည္တြင္းစစ္မွာ လက္နက္ကိုင္အဖြဲ႕ေတြဟာ ကေလးစစ္သားကို အနည္းနဲ႔အမ်ား သုံးၾကပါတယ္။ ျမန္မာျပည္မွာေတာ့ အသက္ (၁၈) ႏွစ္ မျပည့္ရင္ စစ္မႈထမ္းခြင့္ မျပဳတဲ့ဥပေဒကို အစိုးရက အတည္ျပဳၿပီး ကုလသမဂၢကို လြန္ခဲ့တဲ့ စက္တင္ဘာလက ေပးအပ္လိုက္ေၾကာင္း ႏိုင္ငံျခားဌာနက ေၾကညာပါတယ္။ ကေလးစစ္သားသုံးခြင့္ျပဳတဲ့ စာခ်ဳပ္ကို (၂၀၀၂) မွာ ကုလသမဂၢ စတင္က်င့္သုံးေပမယ့္ ျမန္မာကေတာ့ (၁၃) ႏွစ္ၾကာေတာ့မွ ေ႐ြးေကာက္ပြဲအစိုးရလက္ထက္ (၂၀၁၅) မွာ လက္မွတ္ထိုးပါတယ္။ အဲဒီေနာက္ပိုင္း ကေလးစစ္သားေတြ တပ္ကထြက္ခြင့္ရတဲ့သတင္းကို ေတြ႕လာရပါတယ္။

လြန္ခဲ့တဲ့ ဇြန္လ (၉) ရက္ေန႔ထုတ္ ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ရဲ႕ “ကေလးနဲ႔စစ္” Children and Armed Conflict အစီရင္ခံစာမွာေတာ့ ကေလးစစ္သား (၅၉) ေယာက္ကို လႊတ္ေပးၿပီး တပ္မေတာ္အမႈထမ္း (၁၂) ဦး အေရးယူခံရတာကို ခ်ီးက်ဴးထားပါတယ္။ DKBA ကရင္တပ္ဖြဲ႕၊ KIA ကခ်င္တပ္ဖြဲ႕၊ KNU ကရင္တပ္ဖြဲ႕၊ ကရင္နီတပ္ဖြဲ႕၊ ရွမ္းျပည္တပ္ဖြဲ႕ စတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြ ကုလသမဂၢနဲ႔ ပူးေပါင္းေဆာင္႐ြက္တာကို ႀကိဳဆိုထားပါတယ္။ KIA ကခ်င္တပ္ဖြဲ႕က ကေလးစစ္သည္ (၂၅) ေယာက္ လႊတ္ေပးတာကိုလည္း ႀကိဳဆိုေၾကာင္း မွတ္တမ္းတင္ထားပါတယ္။

ကေလးစစ္သား စုေဆာင္းမႈနည္းပါးလာၿပီး စုေဆာင္းသူေတြကို အေရးယူလာတာေၾကာင့္ တပ္မေတာ္ကို ကေလးစစ္သားစုေဆာင္းသူစာရင္းမွာ ထည့္သြင္းေတာ့မွာ မဟုတ္ေတာ့ဘူးလို႔ ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ ဒါေပမဲ့ တိုက္ပြဲေတြမွာ ကေလးစစ္သား သုံးေနတာကို ခ်က္ခ်င္းရပ္ဆိုင္းမွသာ တပ္မေတာ္ကို စာရင္းထဲက ဖယ္ရွားမယ္ဆိုတဲ့ ႁခြင္းခ်က္ကိုလည္း ေဖာ္ျပထားပါတယ္။ ကေလးစစ္သားအသုံးျပဳမႈကို လာမယ့္ (၁၂) လအတြင္း ကုလသမဂၢကိုယ္စားလွယ္က ေစာင့္ၾကည့္ၿပီး ေက်နပ္ေလာက္ေအာင္ စုံစမ္းစစ္ေဆးမွာ ျဖစ္ပါတယ္။ ဒီလိုေစာင့္ၾကည့္ေလ့လာရာမွာ ေက်နပ္ေလာက္စရာမရွိရင္ ကေလးစစ္သားစုေဆာင္းသူစာရင္းမွာ တပ္မေတာ္ကို ျပန္လည္ထည့္သြင္းရမယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ စာရင္းကေန ႁခြင္းခ်က္နဲ႔ ယာယီဖယ္ရွားထားတာမ်ိဳး ျဖစ္ပုံရပါတယ္။

ဒါေပမဲ့ သတ္ျဖတ္မႈ၊ ထိခိုက္ဒဏ္ရာရမႈ၊ အဓမၼက်င့္မႈ စတဲ့ အၾကမ္းဖက္မႈေတြကို က်ဴးလြန္သူမ်ားစာရင္းမွာ တပ္မေတာ္ကို ထည့္သြင္းထားဆဲ ျဖစ္တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ ကေလးေတြကို အဓမၼခိုင္းေစတဲ့ လက္နက္ကိုင္ေတြထဲမွာ တပ္မေတာ္၊ ကခ်င္လက္နက္ကိုင္၊ ‘ဝ’ လက္နက္ကိုင္နဲ႔ ရွမ္းလက္နက္ကိုင္ အဖြဲ႕အစည္းေတြ ပါဝင္ပါတယ္။ ၂၀၁၉ ေနာက္ပိုင္းမွာ ကေလးသူငယ္ ႏွစ္ရာနီးပါးကို စစ္စခန္းေတြမွာ အခိုင္းအေစအျဖစ္ တပ္မေတာ္က သုံးခဲ့တယ္လို႔ ဆိုပါတယ္။ ကေလးအေသအေပ်ာက္ အမ်ားဆုံးေဒသဟာ ရခိုင္ျပည္နယ္ျဖစ္ၿပီး ရွမ္းျပည္နယ္က ဒုတိယအမ်ားဆုံး ျဖစ္ပါတယ္။ ေျမျမဳပ္မိုင္းနင္းမိမႈနဲ႔ ပစ္ခတ္မႈေၾကာင့္ ကေလးေတြ ေသေက်ဒဏ္ရာ ရၾကပါတယ္။ တပ္မေတာ္နဲ႔ နယ္ျခားေစာင့္တပ္က စာသင္ေက်ာင္း (၅၁) ခုမွာ စခန္းခ်တဲ့အတြက္ ေက်ာင္းေတြကို တိုက္ခိုက္ခံရပါတယ္။

ေ႐ြးေကာက္ပြဲအစိုးရဖြဲ႕စည္းၿပီး မၾကာမီ ၂၀၁၂ မွာ ကုလသမဂၢနဲ႔ ျမန္မာအစိုးရ သေဘာတူညီခ်က္ လက္မွတ္ထိုးၿပီး ကေလးစစ္သား စုေဆာင္းမႈ ပိတ္ပင္ပါတယ္။ ကေလးစစ္သားကို လႊတ္ေပးဖို႔ ကုလသမဂၢနဲ႔ ဗမာအစိုးရ ပူးေပါင္းၿပီး စီမံကိန္း ခ်မွတ္တာေတြ႕ရပါတယ္။ ပူးတြဲစီမံကိန္းစၿပီး မၾကာမီ တပ္မေတာ္က ကေလးစစ္သား (၄၀) ေက်ာ္ လႊတ္ေပးပါတယ္။ ဒါေပမဲ့ စစ္သားစုေဆာင္းတဲ့အခါ ကေလးေတြ ပါဝင္ေနတုန္းပါပဲ။ စစ္မႈထမ္း (၉၀) ရာခိုင္ႏႈန္းကို တပ္မေတာ္ၾကည္းက ယူထားပါတယ္။ ၁၉၈၈ ျပည္သူ႔အုံႂကြမႈႀကီးကို ႏွိမ္နင္းလိုက္တဲ့ ေနာက္ပိုင္းမွာ စစ္အင္အားတိုးခ်ဲ႕လာတာမို႔ စစ္သားအမ်ားအျပား စုေဆာင္းဖို႔ လိုလာပါတယ္။ လက္နက္ကိုင္ပဋိပကၡရွိတဲ့အတြက္ အၿမဲတမ္း စစ္သားစုေဆာင္းေနပါတယ္။ ျမန္မာ့ျပည္တြင္း ဥပေဒမွာလည္း (၁၈) ႏွစ္မျပည့္သူကို စစ္တပ္ထဲ မသြင္းဖို႔ တားျမစ္ထားပါတယ္။

၁၉၅၉ ခုႏွစ္ ျပည္သူ႔စစ္အက္ဥပေဒနဲ႔ ၂၀၁၀ ျပည္သူ႔စစ္မႈထမ္းဥပေဒမွာလည္း အသက္ (၁၈) ႏွစ္ ျပည့္သူသာ စစ္မႈထမ္းခြင့္ ရွိတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ေမြးသကၠရာဇ္ အေထာက္အထား မရွိတာဟာ ျပႆနာ ျဖစ္ပါတယ္။ ကေလးေမြးခ်ိန္မွာ မွတ္ပုံတင္ၿပီး (၁၀) ႏွစ္အ႐ြယ္မွာ တႀကိမ္၊ (၁၈) ႏွစ္မွာ တႀကိမ္ မွတ္ပုံတင္ၾကဖို႔ (၁၉၉၃) ျမန္မာႏိုင္ငံ ကေလးဥပေဒမွာ ျပဌာန္းထားပါတယ္။ ဒါေပမဲ့ ၿမိဳ႕မွာ (၉၀) ရာခိုင္ႏႈန္း မွတ္ပုံတင္ၾကၿပီး၊ နယ္မွာ (၆၀) ရာခိုင္ႏႈန္း မွတ္ပုံတင္ၾကပါတယ္။ အစိုးရ႐ုံးရွိတဲ့ ၿမိဳ႕ကိုသြားၿပီး မွတ္ပုံတင္တာဟာ စရိတ္အကုန္အက်မ်ားတဲ့အတြက္ ၿမိဳ႕နဲ႔ေဝးေလ မွတ္ပုံတင္ မရွိေလ ျဖစ္ပါတယ္။

တိုင္းရင္းသား လက္နက္ကိုင္ ႀကီးစိုးတဲ့ေနရာမွာလည္း အစိုးရမွတ္ပုံတင္ မရွိၾကပါဘူး။ စစ္သားစုေဆာင္ရာမွာ အသက္နဲ႔ ပတ္သက္တဲ့ စာ႐ြက္ အေထာက္အထားျပဖို႔လိုတဲ့အတြက္ ၾကားပြဲစားက ေမြးလက္မွတ္ အတုလုပ္တာေၾကာင့္ ကေလးစစ္သားတိုင္း အသက္ (၁၈) ႏွစ္ေက်ာ္ ေနတာေတြ႕ရပါတယ္။ စုေဆာင္းေရးစခန္းမွာ အသက္ကို စစ္ေဆးတဲ့ သီးျခားစနစ္ မရွိေသးပါဘူး။ စုေဆာင္းေရးစခန္းကို လာဘ္ထိုးရင္ေတာ့ လြတ္ေျမာက္ဖို႔ အခြင့္အလမ္း ရွိႏိုင္ပါတယ္။ ကေလးကာကြယ္ေရးဥပေဒကို ထိထိေရာက္ေရာက္ မက်င့္သုံးႏိုင္လို႔ လက္နက္ကိုင္အဖြဲ႕ေတြမွာ ကေလးစစ္သား ရွိေနတာ ျဖစ္ပါတယ္။

==Unicode==

ပြည်တွင်းစစ်မှာ လက်နက်ကိုင်အဖွဲ့တွေဟာ ကလေးစစ်သားကို အနည်းနဲ့အများ သုံးကြပါတယ်။ မြန်မာပြည်မှာတော့ အသက် (၁၈) နှစ် မပြည့်ရင် စစ်မှုထမ်းခွင့် မပြုတဲ့ဥပဒေကို အစိုးရက အတည်ပြုပြီး ကုလသမဂ္ဂကို လွန်ခဲ့တဲ့ စက်တင်ဘာလက ပေးအပ်လိုက်ကြောင်း နိုင်ငံခြားဌာနက ကြေညာပါတယ်။ ကလေးစစ်သားသုံးခွင့်ပြုတဲ့ စာချုပ်ကို (၂၀၀၂) မှာ ကုလသမဂ္ဂ စတင်ကျင့်သုံးပေမယ့် မြန်မာကတော့ (၁၃) နှစ်ကြာတော့မှ ရွေးကောက်ပွဲအစိုးရလက်ထက် (၂၀၁၅) မှာ လက်မှတ်ထိုးပါတယ်။ အဲဒီနောက်ပိုင်း ကလေးစစ်သားတွေ တပ်ကထွက်ခွင့်ရတဲ့သတင်းကို တွေ့လာရပါတယ်။

လွန်ခဲ့တဲ့ ဇွန်လ (၉) ရက်နေ့ထုတ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ “ကလေးနဲ့စစ်” Children and Armed Conflict အစီရင်ခံစာမှာတော့ ကလေးစစ်သား (၅၉) ယောက်ကို လွှတ်ပေးပြီး တပ်မတော်အမှုထမ်း (၁၂) ဦး အရေးယူခံရတာကို ချီးကျူးထားပါတယ်။ DKBA ကရင်တပ်ဖွဲ့၊ KIA ကချင်တပ်ဖွဲ့၊ KNU ကရင်တပ်ဖွဲ့၊ ကရင်နီတပ်ဖွဲ့၊ ရှမ်းပြည်တပ်ဖွဲ့ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်တာကို ကြိုဆိုထားပါတယ်။ KIA ကချင်တပ်ဖွဲ့က ကလေးစစ်သည် (၂၅) ယောက် လွှတ်ပေးတာကိုလည်း ကြိုဆိုကြောင်း မှတ်တမ်းတင်ထားပါတယ်။

ကလေးစစ်သား စုဆောင်းမှုနည်းပါးလာပြီး စုဆောင်းသူတွေကို အရေးယူလာတာကြောင့် တပ်မတော်ကို ကလေးစစ်သားစုဆောင်းသူစာရင်းမှာ ထည့်သွင်းတော့မှာ မဟုတ်တော့ဘူးလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေမှာ ကလေးစစ်သား သုံးနေတာကို ချက်ချင်းရပ်ဆိုင်းမှသာ တပ်မတော်ကို စာရင်းထဲက ဖယ်ရှားမယ်ဆိုတဲ့ ခြွင်းချက်ကိုလည်း ဖော်ပြထားပါတယ်။ ကလေးစစ်သားအသုံးပြုမှုကို လာမယ့် (၁၂) လအတွင်း ကုလသမဂ္ဂကိုယ်စားလှယ်က စောင့်ကြည့်ပြီး ကျေနပ်လောက်အောင် စုံစမ်းစစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီလိုစောင့်ကြည့်လေ့လာရာမှာ ကျေနပ်လောက်စရာမရှိရင် ကလေးစစ်သားစုဆောင်းသူစာရင်းမှာ တပ်မတော်ကို ပြန်လည်ထည့်သွင်းရမယ်လို့ ဆိုပါတယ်။ ဒါကြောင့် စာရင်းကနေ ခြွင်းချက်နဲ့ ယာယီဖယ်ရှားထားတာမျိုး ဖြစ်ပုံရပါတယ်။

ဒါပေမဲ့ သတ်ဖြတ်မှု၊ ထိခိုက်ဒဏ်ရာရမှု၊ အဓမ္မကျင့်မှု စတဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်သူများစာရင်းမှာ တပ်မတော်ကို ထည့်သွင်းထားဆဲ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကလေးတွေကို အဓမ္မခိုင်းစေတဲ့ လက်နက်ကိုင်တွေထဲမှာ တပ်မတော်၊ ကချင်လက်နက်ကိုင်၊ ‘ဝ’ လက်နက်ကိုင်နဲ့ ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်ပါတယ်။ ၂၀၁၉ နောက်ပိုင်းမှာ ကလေးသူငယ် နှစ်ရာနီးပါးကို စစ်စခန်းတွေမှာ အခိုင်းအစေအဖြစ် တပ်မတော်က သုံးခဲ့တယ်လို့ ဆိုပါတယ်။ ကလေးအသေအပျောက် အများဆုံးဒေသဟာ ရခိုင်ပြည်နယ်ဖြစ်ပြီး ရှမ်းပြည်နယ်က ဒုတိယအများဆုံး ဖြစ်ပါတယ်။ မြေမြုပ်မိုင်းနင်းမိမှုနဲ့ ပစ်ခတ်မှုကြောင့် ကလေးတွေ သေကျေဒဏ်ရာ ရကြပါတယ်။ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်က စာသင်ကျောင်း (၅၁) ခုမှာ စခန်းချတဲ့အတွက် ကျောင်းတွေကို တိုက်ခိုက်ခံရပါတယ်။

ရွေးကောက်ပွဲအစိုးရဖွဲ့စည်းပြီး မကြာမီ ၂၀၁၂ မှာ ကုလသမဂ္ဂနဲ့ မြန်မာအစိုးရ သဘောတူညီချက် လက်မှတ်ထိုးပြီး ကလေးစစ်သား စုဆောင်းမှု ပိတ်ပင်ပါတယ်။ ကလေးစစ်သားကို လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ ဗမာအစိုးရ ပူးပေါင်းပြီး စီမံကိန်း ချမှတ်တာတွေ့ရပါတယ်။ ပူးတွဲစီမံကိန်းစပြီး မကြာမီ တပ်မတော်က ကလေးစစ်သား (၄၀) ကျော် လွှတ်ပေးပါတယ်။ ဒါပေမဲ့ စစ်သားစုဆောင်းတဲ့အခါ ကလေးတွေ ပါဝင်နေတုန်းပါပဲ။ စစ်မှုထမ်း (၉၀) ရာခိုင်နှုန်းကို တပ်မတော်ကြည်းက ယူထားပါတယ်။ ၁၉၈၈ ပြည်သူ့အုံကြွမှုကြီးကို နှိမ်နင်းလိုက်တဲ့ နောက်ပိုင်းမှာ စစ်အင်အားတိုးချဲ့လာတာမို့ စစ်သားအများအပြား စုဆောင်းဖို့ လိုလာပါတယ်။ လက်နက်ကိုင်ပဋိပက္ခရှိတဲ့အတွက် အမြဲတမ်း စစ်သားစုဆောင်းနေပါတယ်။ မြန်မာ့ပြည်တွင်း ဥပဒေမှာလည်း (၁၈) နှစ်မပြည့်သူကို စစ်တပ်ထဲ မသွင်းဖို့ တားမြစ်ထားပါတယ်။

၁၉၅၉ ခုနှစ် ပြည်သူ့စစ်အက်ဥပဒေနဲ့ ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေမှာလည်း အသက် (၁၈) နှစ် ပြည့်သူသာ စစ်မှုထမ်းခွင့် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မွေးသက္ကရာဇ် အထောက်အထား မရှိတာဟာ ပြဿနာ ဖြစ်ပါတယ်။ ကလေးမွေးချိန်မှာ မှတ်ပုံတင်ပြီး (၁၀) နှစ်အရွယ်မှာ တကြိမ်၊ (၁၈) နှစ်မှာ တကြိမ် မှတ်ပုံတင်ကြဖို့ (၁၉၉၃) မြန်မာနိုင်ငံ ကလေးဥပဒေမှာ ပြဌာန်းထားပါတယ်။ ဒါပေမဲ့ မြို့မှာ (၉၀) ရာခိုင်နှုန်း မှတ်ပုံတင်ကြပြီး၊ နယ်မှာ (၆၀) ရာခိုင်နှုန်း မှတ်ပုံတင်ကြပါတယ်။ အစိုးရရုံးရှိတဲ့ မြို့ကိုသွားပြီး မှတ်ပုံတင်တာဟာ စရိတ်အကုန်အကျများတဲ့အတွက် မြို့နဲ့ဝေးလေ မှတ်ပုံတင် မရှိလေ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် ကြီးစိုးတဲ့နေရာမှာလည်း အစိုးရမှတ်ပုံတင် မရှိကြပါဘူး။ စစ်သားစုဆောင်ရာမှာ အသက်နဲ့ ပတ်သက်တဲ့ စာရွက် အထောက်အထားပြဖို့လိုတဲ့အတွက် ကြားပွဲစားက မွေးလက်မှတ် အတုလုပ်တာကြောင့် ကလေးစစ်သားတိုင်း အသက် (၁၈) နှစ်ကျော် နေတာတွေ့ရပါတယ်။ စုဆောင်းရေးစခန်းမှာ အသက်ကို စစ်ဆေးတဲ့ သီးခြားစနစ် မရှိသေးပါဘူး။ စုဆောင်းရေးစခန်းကို လာဘ်ထိုးရင်တော့ လွတ်မြောက်ဖို့ အခွင့်အလမ်း ရှိနိုင်ပါတယ်။ ကလေးကာကွယ်ရေးဥပဒေကို ထိထိရောက်ရောက် မကျင့်သုံးနိုင်လို့ လက်နက်ကိုင်အဖွဲ့တွေမှာ ကလေးစစ်သား ရှိနေတာ ဖြစ်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG