သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ရဲ့ အခွင့်ထူးခံ ကုမ္ပဏီများ


The Myanmar Economic Corporation (MEC) headquarters - one of the country's main military conglomerate under US sanctions - is seen in Yangon on September 15, 2016. - Myanmar cheered a US promise to end sanctions on Thursday, with punters in its commercial
The Myanmar Economic Corporation (MEC) headquarters - one of the country's main military conglomerate under US sanctions - is seen in Yangon on September 15, 2016. - Myanmar cheered a US promise to end sanctions on Thursday, with punters in its commercial
စစ်တပ်ရဲ့ အခွင့်ထူးခံ ကုမ္ပဏီများ
please wait

No media source currently available

0:00 0:05:48 0:00
တိုက်ရိုက် လင့်ခ်

တပ်မတော်ရဲ့ စီးပွားရေးဦးပိုင် MEHL ရဲ့ စီးပွားရေးမိတ်ဖက်တဦးဖြစ်တဲ့ ‘ထာဝရနဒီ’ လုပ်ငန်းစုကို ရန်ကုန်စတော့အိပ်စ်ချိန်းမှာ လွန်ခဲ့တဲ့လက အစုရှယ်ယာရောင်းဝယ်ခွင့်ရတဲ့ ကုမ္ပဏီအဖြစ် စာရင်းသွင်းလိုက်တာဟာ အဂတိလိုက်စားမှုကို အားပေးရာရောက်တယ်လို့ မြန်မာနိုင်ငံတရားမျှတမှုအဖွဲ့ Justice for Myanmar က ဆိုပါတယ်။ ‘ထာဝရနဒီ’ ဟာ MEHL လက်အောက်ခံ လန်းပြည်ရေကြောင်းကုမ္ပဏီနဲ့ ဖက်စပ်လုပ်ပြီး လှိုင်ကုန်းတွင်ဆိပ်ကမ်းနဲ့ ထောက်ပံ့ပို့ဆောင်ရေးစီမံကိန်းကို အကောင်အထည် ဖော်နေပါတယ်။ လှိုင်သာယာမြို့နယ်မှာ မြေဧက (၄၀) ရှိတဲ့ ဆိပ်ကမ်းစီမံကိန်းကို ထာဝရနဒီကုမ္ပဏီက (၄၉) ရာခိုင်နှုန်း MEHL စစ်တပ်ပိုင် လန်းပြည်ကုမ္ပဏီက (၅၁) ရာခိုင်နှုန်း ပိုင်ဆိုင်ပါတယ်။

ဒါတင်မကသေးပါဘူး၊ အကောက်ခွန်ညွှန်ချုပ်ရဲ့ ဆိပ်ကမ်းအာဏာပိုင် အကြီးအကဲတွေဟာလည်း MEHL ရဲ့ ဒါရိုက်တာစစ်ဗိုလ်တွေ ဖြစ်နေတာကြောင့် မသင်္ကာစရာကိစ္စတွေ ဖြစ်နေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံစီးပွားရေးကို ပိတ်ဆို့ရင် သူတို့ကို ထိခိုက်တယ်လို့ ထာဝရနဒီရဲ့ ကြေညာစာတမ်းမှာ ဝန်ခံထားပါတယ်။ အခုဆိုင်းငံ့ထားပေမယ့် ထပ်မံပိတ်ဆို့လာရင် စီးမံကိန်းသစ်တွေ ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ အခွင့်ထူးခံ လက်ဝါးကြီးအုပ်ဓလေ့ကို ဒီကြေညာစာတမ်းက ဖော်ပြပါတယ်။

စစ်တပ်ပိုင်ကုမ္ပဏီကြီးတွေဖြစ်တဲ့ MEHL မြန်မာ့စီးပွားရေးဦးပိုင်လိမိတတ်နဲ့ MEC မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဟာ အစိုးရလက်အောက်ခံတွေ မဟုတ်တဲ့အတွက် သူတို့ရဲ့ဝင်ငွေကိုလည်း မသိနိုင်ပါဘူး။ တည်ထောင်ချိန်ကစပြီး ရွေးကောက်ပွဲအစိုးရဖွဲ့စည်းတဲ့ (၂၀၁၁) အထိ အခွန်ဆောင်စရာ မလိုပါဘူး။ MEHL နဲ့ MEC ဟာ ကျောက်စိမ်းကို အဓိကလုပ်ကိုင်တယ်လို့ ဆိုပါတယ်။ MEHL မှာ လက်အောက်ခံလုပ်ငန်း (၄၅) ခုရှိပြီး MEC အောက်မှာ လုပ်ငန်း (၆၁) ခု ရှိပါတယ်။ MEHL ကို ဝန်ဆောင်မှု၊ ကုန်သွယ်မှုနဲ့ ထုတ်လုပ်မှုဆိုပြီး (၃) ပိုင်း ခွဲထားပါတယ်။ ထုတ်လုပ်မှုဌာနအောက်မှာ စက်ရုံ (၄၁) ခုရှိပြီး၊ ဘဏ္ဍာရေးနဲ့ အာမခံလုပ်ငန်းမှာ ကုမ္ပဏီ (၅) ခု၊ စိုက်ပျိုးရေးနဲ့ ငါးလုပ်ငန်းမှာ (၄) ခု၊ ဆောက်လုပ်ရေးမှာ (၇) ခု၊ ခရီးသွားလုပ်ငန်းမှာ (၂) ခု နဲ့ ကုန်သွယ်ရေးမှာ (၅) ခု ရှိပါတယ်။

ကျောက်မျက်နဲ့ သတ္တုတွင်းကဏ္ဍမှာ MEHL ပိုင် ကုမ္ပဏီ (၃၁) ခု ရှိပါတယ်။ MEC ကလည်း ဓါတ်ငွေ့၊ ကျောက်မီးသွေး၊ ဆက်သွယ်ရေး၊ ဘဏ္ဍာရေးမှာ ပါဝင်ပြီး တပ်မတော်သုံးပစ္စည်းတွေ ထုတ်လုပ်ပေးပါတယ်။ MEHL လိမိတတ်က မြဝတီဘဏ်ကို (၁၉၉၃) မှာ တည်ထောင်ပါတယ်။ (၂၀၁၆) မှာ ကျပ်သန်းပေါင်း တစ်သန်းကျော် (သို့မဟုတ်) ဒေါ်လာ (၈၅၅) သန်း ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ စတုတ္ထ အကြီးဆုံးဘဏ်လုပ်ငန်းဖြစ်ပြီး အစုရှယ်ယာကို လက်ရှိ စစ်ဗိုလ်များနဲ့ အငြိမ်းစားစစ်ဗိုလ်များက ပိုင်ပါတယ်။ MEC ကော်ပိုရေးရှင်းကတော့ အင်းဝဘဏ်ကို ပိုင်ဆိုင်ပြီး MEC လက်အောက်ခံလုပ်ငန်းတွေကို ငွေကြေးထောက်ပံ့ပါတယ်။ MEHL, MEC တို့နဲ့ တပ်မတော်ဟာ မြေနေရာကောင်းကောင်း အတော်များများကို ပိုင်ဆိုင်ထားတာကြောင့်လည်း ဝင်ငွေကောင်းပါတယ်။

ရန်ကုန်မြို့တော်မှာ နေရာကောင်းလိုချင်ရင် MEHL, MEC နဲ့ တပ်မတော်ကို ချည်းကပ်ရပါတယ်။ ဒီနည်းနဲ့ Telenor နော်ဝေကုမ္ပဏီဟာ ရန်ကုန်မှာ နေရာကောင်းကို ရယူနိုင်ခဲ့ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းတွေက စစ်တပ်ပိုင် MEHL နဲ့ MEC ကုမ္ပဏီကြီးတွေကို ဆက်ကြေးသဘောမျိုး ပေးတာလည်း ရှိပါတယ်။ ဥပမာ ကလေးဝကျောက်မီးသွေးတွင်းကို ထူးဟန်သစ်ကုမ္ပဏီက (၆၈) ရာခိုင်နှုန်း၊ သတ္တုတွင်းဌာနက (၃၁) ရာခိုင်နှုန်း၊ MEHL က (၁) ရာခိုင်နှုန်း ခွဲဝေကြတယ်လို့ ဆိုပါတယ်။ ရေနံဓါတ်ငွေ့လုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်းနဲ့ သစ်လုပ်ငန်းတွေမှာလည်း စစ်တပ်ပိုင်ကုမ္ပဏီကြီးတွေ ရောထွေယှက်တင် ပါဝင်နေကြပါတယ်။ ကယားပြည်နယ်သတ္တထုတ်လုပ်မှုမှာ ရဲထွက်ကျော် သတ္တုကုမ္ပဏီက (၅၄) ရာခိုင်နှုန်း၊ သတ္တုတွင်းဌာနက (၃၃) ရာခိုင်နှုန်း MEHL က (၁၃) ရာခိုင်နှုန်း ဝေစု ရရှိကြပါတယ်။

တပ်မတော်ပစ္စည်း ဝယ်ယူရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်မောင်သန်း၊ စစ်ထောက်ပံ့ရေး တာဝန်ခံ၊ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် စတဲ့ စစ်ဗိုလ်တွေဟာ MEHL ဦးပိုင်ကုမ္ပဏီမှာ အရေးကြီးတဲ့ ရာထူးတွေကို ရယူထားပြီး အကျိုးအမြတ် ခံစားနေကြသူတွေဖြစ်ကြောင်း ဇွန်လ (၁၇) ရက်နေ့ထုတ် Justice for Myanmar ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အစိုးရတပ်ကို ခေါင်းဆောင်နေသူတွေက MEHL နဲ့ MEC စစ်တပ်စီးပွားရေးလုပ်ငန်းတွေကို ချုပ်ကိုင်နေတာဟာ အကျင့်ပျက်ခြစားမှုကို အားပေးရာရောက်တယ်လို့ ဆိုပါတယ်။

တပ်မတော်ပစ္စည်း ဝယ်ယူရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်မောင်သန်းဟာ ကုမ္ပဏီ (၁၉) ခုမှာလည်း ညွှန်ကြားရေးမှူးတာဝန်ယူထားသူ ဖြစ်ပါတယ်။ ဒီလို ပုဂ္ဂိုလ် အကျိုးအမြတ်ရှာတာကို စစ်ဆေးမယ့်သူ မရှိပါဘူး။ ဒီနှစ် လွတ်လပ်ရေးအထိမ်းအမှတ်ပွဲမှာ သမ္မတဦးဝင်းမြင့်က ဗိုလ်ချုပ်ခင်မောင်သန်းကို ဇေယျကျော်ထင်ဘွဲ့ ပေးအပ်ပြီး ဂုဏ်ပြုခဲ့ကြောင်း Justice for Myanmar က ဖော်ပြပါတယ်။ ရှေ့အပတ်မှာ ပဋိပက္ခဒေသတွေမှာ စစ်တပ်စီးပွားရှာပုံကို ဆက်လက်တင်ဆက်သွားပါမယ်။ စောင့်မျှော်ကြည့်ကြပါ။

==Unicode==








XS
SM
MD
LG