သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ဘက္-အရပ္ဘက္ ေျပလည္ေရးအလားအလာ


စစ္ဘက္-အရပ္ဘက္ ေျပလည္ေရးအလားအလာ
please wait

No media source currently available

0:00 0:10:59 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီအသြင္ကူးေျပာင္းမႈ ေရွ႕ကိုဆက္လက္ေ႐ြ႕လ်ားႏိုင္ဖို႔အတြက္ အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရးေျပလည္မႈဟာ ဘယ္ေလာက္အေရးပါသလဲ၊ လက္ရွိဆက္ဆံေရး ဘယ္လိုလဲ၊ တိုးတက္ေကာင္းမြန္ႏိုင္တဲ့ လမ္းစရွိသလား ဆိုတာေတြကို ျမန္မာ့အေရးသုံးသပ္သူ ေဒါက္တာတင္ေမာင္သန္းနဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဒီတပတ္ ဆရာနဲ႔ ေဆြးေႏြးခ်င္တာကေတာ့ ျမန္မာႏိုင္ငံ စစ္တပ္-အရပ္ဘက္ ဆက္ဆံေရး ျဖစ္ပါတယ္။ ပထမဦးဆံုးကေတာ့ ျမန္မာ့ႏိုင္ငံေရး ေရွ ႔အလားအလာအတြက္ အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရးဟာ ဘယ္ေလာက္ အေရးႀကီးတယ္လို႔ ထင္ပါသလဲ။ အက်ဥ္းရံုးေလး သံုးသပ္ေပးပါ။

ေျဖ ။ ။ ပထမဦးဆံုး အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရးလို႔ ေျပာတဲ့အခါမွာ အစိုးရနဲ႔စစ္တပ္ ဆက္ဆံေရးဆိုတဲ့သေဘာထက္ စစ္ေရးဘက္က စစ္ဘက္ဆိုင္ရာကိစၥရပ္ေတြမွာ အရပ္သားေရြးေကာက္တင္ေျမွာက္ထားတဲ့ လူေတြက ဘယ္ေလာက္အထိ ဆံုးျဖတ္ႏုိင္သလဲ။ အဲဒီကိစၥေတြနဲ႔ ပတ္သက္တဲ့ ဆက္ဆံေရးက ဘယ္လိုရိွသလဲဆိုတာကို မ်ားေသာအားျဖင့္ ေျပာၾကတာမ်ားပါတယ္။ အရပ္ဘက္-စစ္ဘက္ အသံုးအႏႈန္းကို သံုးတဲ့အခါမွာ။ အခုလဲ အဲဒီရႈေထာင့္ကေန ၾကည့္ပါမယ္။ နံပတ္တစ္ အခက္အခဲကေတာ့ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံု အေျခခံဥပေဒကိုက ခက္တယ္လို႔ ေျပာရမယ္။ အဲဒီ အေျခခံဥပေဒ ေျပာင္းလဲေရးနဲ႔ အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရးက တိုက္ရိုက္ပတ္သက္တယ္လို႔ပဲ ေျပာရမွာပါ။ ၿပီးခဲ့တဲ့ ဖြဲ႔စည္းပံု ျပင္ဆင္ေရး ႀကိဳးပမ္းမႈက မေအာင္ျမင္ခဲ့ဘူး။ ဒါေၾကာင့္မို႔ အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရးဟာ အခုထက္ထိေတာ့ ဖြဲ႔စည္းပံုက ေပးထားတဲ့အတိုင္း ေကာင္းတဲ့အေျခအေနမွာ မရိွေသးဘူးလို႔ပဲ ေျပာရမွာပါ။

ေမး ။ ။ ဆိုေတာ့ အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရး မေျပလည္တဲ့အတြက္ အခုလို ဖြဲ႔စည္းပံုမ်ဳိး ျဖစ္လာရသလား။ အခုလို ဖြဲ႔စည္းပံုေၾကာင့္ အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရး မေျပလည္ ျဖစ္ေနရသလားဆိုတာကိုက ေမးစရာ ျဖစ္ေနပါတယ္။ ဒီ ဖြဲ႔စည္းပံုသည္ပင္ အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရး အဆင္မေျပလို႔ ကေမာက္ကမ ဖြဲ႔စည္းပံု ျဖစ္လာတယ္လုိ႔ ထင္တာပဲ။

ေျဖ ။ ။ အဲဒီလိုေတာ့ မဟုတ္ပါဘူး။ ဒီမိုကေရစီအေျပာင္းအလဲေတြမွာ ေယဘုယ် သတ္မွတ္ၾကတာက အဖြင့္၊ အကူး၊ အပိတ္ရယ္ဆိုၿပီးေတာ့ သံုးမ်ဳိး ပညာရွင္ေတြက ေရးသားၾကတာကို ေတြ႔ရပါတယ္။ အဲဒီအေျခအေန သံုးရပ္မွာ အထူးသျဖင့္ ဖြဲ႔စည္းပံုဆိုင္ရာ သေဘာတူညီခ်က္က အကူအေျပာင္းအတြက္ အေရးႀကီးပါတယ္။ ဒါေၾကာင့့္ ျမန္မာႏိုင္ငံအေနအထားကို ေျပာရလုိ႔ရိွရင္ ဒီဖြဲ႔စည္းပံုရဲ ႔ ပင္ကိုသေဘာသဘာဝကိုယ္က ဒီမိုကေရစီ အကူးအေျပာင္းကိုသြားဖို႔ ေရးဆြဲထားတဲ့ ဖြဲ႔စည္းပံု မဟုတ္ဘူး။ ဒီဖြဲ႔စည္းပံုရဲ ႔ ပင္ကိုသေဘာသဘာဝကိုယ္က အဖြင့္ liberalization လို႔ေျပာတဲ့ အဖြင့္အတြက္ပဲ အဓိကက်တဲ့ ဖြဲ႔စည္းပံုျဖစ္တယ္။ အကူးအတြက္ကေတာ့ တိုင္းရင္းသားေတြ၊ NLD ဦးေဆာင္တဲ့ ဒီမိုကေရစီအင္အားစုေတြ ၿပီးေတာ့ တပ္မေတာ္ ဒီ (၃) စု (၃) ပြင့္ဆိုင္ ေဆြးေႏြးပြဲေတြက ဆက္ၿပီးလိုပါေသးတယ္။ ဒါေၾကာင့္မို႔ လက္ရိွျမန္မာႏုိင္ငံဖြဲ႔စည္းပံုကို သံုးသပ္ေျပာရလို႔ရိွရင္ ဒီမိုကေရစီအေရြ ႔လို႔ေျပာတာထက္ အဖြင့္လို႔ေျပာတာက ပိုၿပီးသင့္တယ္။ ဒီမိုကေရစီကို ကူးဖုိ႔ဆိုတဲ့ လမ္းေၾကာင္းေပၚကို ေရာက္ဖို႔အတြက္ေတာ့ အမ်ားႀကီးလိုအံုးမယ္ထင္တယ္။

ေမး ။ ။ ဒါကေတာ့ သေဘာတရားအပိုင္းေပါ့။ လက္ေတြ႔ၾကည့္မယ္ဆိုရင္ ဆရာေျပာတဲ့ စစ္ဘက္၊ တိုင္းရင္းသားေတြရယ္၊ အရပ္ဘက္အစိုးရရယ္ ပူးေပါင္းၿပီးေတာ့ ေဆာင္ရြက္ရမယ္ဆိုေတာ့ အခုေလာေလာဆယ္မွာ တိုင္းရင္းသား ပုန္ကန္မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ စစ္တပ္နဲ႔ အစိုးရနဲ႔ သေဘာထားခ်င္း ကြဲလြဲတယ္လို႔ ဆရာ ျမင္ပါသလား။ ဥပမာ AA ကိစၥဆိုရင္ AA ေပၚမွာ အစိုးရေကာ၊ စစ္တပ္ေကာ ေလသံတစ္ခုတည္းထြက္ၿပီးေတာ့ ေျပာဆိုေနၾကတယ္လို႔ သံုးသပ္ေျပာဆိုေနၾကတာကို ေတြ႔ရပါတယ္။ ဆိုေတာ့ ဒီကိစၥကို လူေတြကအမ်ဳိးမ်ဳိး နားလည္ၾကတယ္။ သူတုိ႔ဟာ အတူတူပဲ ျဖစ္တယ္။ တဘက္ကလဲ မတူေပမယ့္ ဒါဟာအေပၚယံ လုပ္ျပေနျခင္းတာ ျဖစ္တယ္လို႔ ေျပာၾကတယ္။ ဆရာရဲ ႔ အျမင္ကို ေျပာျပေပးပါ။

ေျဖ ။ ။ ရခိုင္ကိစၥကေတာ့ သီးျခားထားၿပီးေတာ့ ေဆြးေႏြးတာ ေကာင္းပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မတူတဲ့ ျဖစ္ေပၚတိုးတက္လာတဲ့ သေဘာသဘာဝအရေပါ့။ အရင္တုန္းက တျခားတိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြနဲ႔ ေဆြးေႏြးပြဲ - အဲဒါ ၿငိမ္းခ်မ္းေရးျဖစ္စဥ္အေနနဲ႔ သြားေနတယ္။ သြားေနတဲ့အခါၾကေတာ့ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ရဲ ႔ တိုးတက္မႈဟာ ျမန္မာႏုိင္ငံအကူးအေျပာင္းအတြက္ ေတာ္ေတာ္ေလး အဓိကက်ပါတယ္။ အဲဒီေတာ့ ၾကည့္ရတာကလဲ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ စကတည္းက ေျပာရလို႔ရိွရင္ သတ္မွတ္ခဲ့တာက ႏုိင္ငံေရးေတြ႔ဆံုေဆြးေႏြးပြဲ။ အဲဒီႏုိင္ငံေရး ေတြ႔ဆံုေဆြးေႏြးပြဲရဲ ႔ သေဘာတူညီခ်က္ကေန ဖြဲ႔စည္းပံုေျပာင္းလဲေရးကို သြားၾကမယ္ေပ့ါ။ အဲဒီေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ ႏုိင္ငံေရးေတြ႔ဆံုေဆြးေႏြးပြဲအဆင့္ကို မကူးေျပာင္းႏုိင္တာက အဓိကအဟန္႔အတားျဖစ္မယ္လုိ႔ က်ေနာ္ထင္တယ္။

ေမး ။ ။ ဆိုေတာ့ အဲဒီေနရာမွာေကာ ဘယ္ဟာက အဓိကအခက္အခဲလဲ။ စစ္တပ္လား၊ တုိင္းရင္းသားေတြဘက္ကလား။ သို႔တည္မဟုတ္ အစိုးရလား။ အဲဒီလို အေျဖရွာလို႔ရမလား။

ေျဖ ။ ။ ေယဘုယ်အားျဖင့္ေတာ့ က်ေနာ္တုိ႔က ထဲထဲဝင္ဝင္ သတင္းအခ်က္အလက္ အတိအက် မရတဲ့အတြက္ မွန္းဆရတာ ခက္မယ္လို႔ ယူဆရပါတယ္။ ဒါေပမဲ့ ေယဘုယ်အားျဖင့္ ေျပာရမယ္ဆိုရင္ေတာ့ အေျခခံသေဘာတူညီခ်က္ေတြက အဲဒီျဖစ္စဥ္တေလွ်ာက္မွာ ထြက္လာတာရိွတယ္။ အေသးစိတ္ က်ေနာ္တုိ႔ မေဆြးေႏြးတာ - ဥပမာ ဖယ္ဒရယ္စနစ္ကို သြားမယ္ဆိုတဲ့ဟာနဲ႔ ဒီမိုကေရစီကို သြားမယ္ဆိုတဲ့ဟာ။ ဒါေပမဲ့ ဒီမိုကေရစီကို နားလည္မႈက ဘာလဲ။ ဖယ္ဒရယ္ကို နားလည္မႈက ဘာလဲ။ ဘယ္လို စနစ္နဲ႔သြားမလဲ။ အစရိွတဲ့ အေသးစိတ္ေဆြးေႏြးမႈေတြကေတာ့ လိုလိမ့္မယ္ထင္တယ္။ အဲဒါေတြကို အခု NLD အစိုးရသက္တမ္း (၅) ႏွစ္အတြင္းမွာေတာ့ ပိုၿပီးေတာ့ အကူးအေျပာင္းဘက္ သေဘာကၾကည့္မယ္ဆိုရင္ က်ေနာ္တုိ႔ သေဘာတူညီခ်က္ေတြ ထြက္လာတာကို မေတြ႔ရေသးဘူး။

ေမး ။ ။ ေနာက္တခုက ICJ မွာ စြဲဆိုေလွ်ာက္ထားခံရတဲ့ ကိစၥ။ ဒီကိစၥမွာလဲ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တုိင္ သြားေရာက္ၿပီးေတာ့ ခုခံတယ္။ အခ်ဳိ ႔က ဒါဟာ တပ္မေတာ္ရဲ ႔ လုပ္ရပ္ကို ကာကြယ္ေပးတာဆိုေတာ့ သင့္ျမတ္ေရးကို ဦးတည္တဲ့လမ္းေၾကာင္းလို႔ တခ်ဳိ ႔က သံုးသပ္ၾကပါတယ္။

ေျဖ ။ ။ ေယဘုယ်အားျဖင့္ေတာ့ ICJ မွာ ျပစ္တင္စြဲဆိုလိုက္တယ္ဆိုတာကေတာ့ တိုင္းျပည္ကိုစြဲတာဆုိေတာ့ တုိင္းျပည္ကို ကိုယ္စားျပဳတဲ့အေနနဲ႔ အစိုးရက တာဝန္ယူေျဖရွင္းရတာေပါ့။ ဒါေပမဲ့ ၂၀၀၈ ဖြဲ႔စည္းပံုကိုက တပ္မေတာ္က သူ႔ရဲ ႔အေရးကိစၥေတြကို သူပဲဆံုးျဖတ္မယ္ဆိုတာ ျပဌာန္းထားတာရိွတယ္။ တိုင္းျပည္အေနနဲ႔ ခုခံကာကြယ္ရတဲ့အခါမွာ သေဘာသဘာဝမက်တဲ့ အေနအထားတရပ္ သာမန္တျခားေသာတိုင္းျပည္အမ်ားစုမွာ ႀကံဳေတြ႔ေနရတာ မဟုတ္ဘဲနဲ႔ ခုခံကာကြယ္ရတဲ့ အေနအထားမ်ဳိးေပါ့။ ဒါေၾကာင့္မို႔ တခ်ဳိ ႔ကိစၥေတြမွာလဲ ရိွေနတဲ့အေျခအေနအတြင္းက ျမန္မာႏိုင္ငံအေနအထားအရ ေပါင္းစပ္ၿပီးေဆာင္ရြက္ရတဲ့ အေနအထားလုိ႔ က်ေနာ္ကေတာ့ ဒီလိုပဲ နားလည္ပါတယ္။ ဒါေပမဲ့ တပ္မေဟာ္ဟာ တျဖည္းျဖည္းနဲ႔ အရပ္ဘက္အစိုးရရဲ ႔ စီမံထိန္းခ်ဳပ္မႈေအာက္မွာ ေရာက္လာမွသာ ဒီျပႆနာေတြက ေတာ္ေတာ္ေျဖရွင္းလို႔ ရပါလိမ့္မယ္။ မဟုတ္ရင္ အေတာ္ေလး ခက္ခဲလိမ့္မယ္ထင္တယ္။ ICJ သီးျခားေဆာင္ရြက္မယ့္ဟာကို တပ္က တာဝန္ဆက္ၿပီးေဆာင္ရြက္ရမွာက ျမန္မာႏုိင္ငံ ဖြဲ႔စည္းပံုအေျခခံသေဘာအရ။ တိုင္းျပည္အေနနဲ႔ အစိုးရက တာဝန္ယူရေပမယ့္ တပ္မေတာ္ကပဲ တာဝန္ယူေျဖရွင္းရမွာပါ။ ဒီေတာ့ ဒီတိုးတက္မႈေတြ အာရံုရဖို႔ဆိုတာက အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရးေပၚမွာ မူတည္တယ္။ ဘယ္ေလာက္အထိ ေရြ ႔ႏုိင္မလဲ အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရးက အခုန အရပ္ဘက္ထိန္းခ်ဳပ္မႈေအာက္ကို ေရာက္ဖို႔ ဘယ္ေလာက္အထိ ေရြ ႔ႏုိင္မလဲဆိုတာကေတာ့ အခုထက္ထိ ရွင္းရွင္းလင္းလင္း ျမင္ခြင့္မရေသးပါဘူး။

ေမး ။ ။ ICJ, တုိင္းရင္းသားေတြနဲ႔ ျဖစ္ေနတဲ့ ျပႆနာေတြမွာေတာ့ ကိုယ့္အက်ဳိးစီးပြား - တပ္မေတာ္ဘက္ကလဲ သူ႔အက်ဳိးစီးပြား။ အရပ္ဘက္အစိုးရဘက္ကလဲ သူ႔အက်ဳိးစီးပြား အာဏာနဲ႔ ပတ္သက္ၿပီးေတာ့ အက်ဳိးအျမတ္ ၾကည့္ေကာင္းၾကည့္ၾကမွာေပါ့။ ဒါေပမဲ့ အခုလို ကိုဗစ္ေရာဂါ ကာကြယ္ေရးကိစၥမ်ဳိးမွာၾကေတာ့ ႏွစ္ခုစလံုးရဲ ႔ အက်ဳိးစီးပြားဟာ တိုင္းျပည္ရဲ ႔ အက်ုဳိးစီးပြား၊ လူ႔အဖြဲ႔အစည္းရဲ ႔ အက်ဳိးစီးပြားဆုိတဲ့ တူညီေသာ ဘံုအက်ဳိးစီးပြားျဖစ္ေနတယ္။ ဒီကိစၥမွာ ဘာေၾကာင့္ မေပါင္းစည္းႏုိင္ၾကသလဲဆိုတာ စဥ္းစားစရာျဖစ္တယ္လို႔ ထင္တာပဲ က်ေနာ္ကေတာ့။

ေျဖ ။ ။ မေပါင္းစည္းႏို္င္ဘူးလို႔ေတာ့ အဲဒီလုိေတာ့ ေျပာလို႔ေတာ့ ရခ်င္မွရမယ္ထင္တယ္။ က်ေနာ္တို႔ မသိႏုိင္တာလဲ ျဖစ္ႏုိင္တယ္။ ဥပမာအားျဖင့္ အတည္မျပဳႏိုင္တဲ့ သတင္းေတြက တပ္မေတာ္မွာရိွေနတဲ့ စက္ေတြကို အသံုးျပဳေရး။ ဒါေပမဲ့ အဓိကျပႆနာက reagent လို႔ေခၚတဲ့ စမ္းသပ္တဲ့ေဆးေတြ ဝယ္ယူရရိွႏို္င္ဖို႔ အေျခအေန။ ဒါေတြနဲ႔ ဆက္စပ္ေနတယ္။ ေနာက္ၿပီးေတာ့ ေခါင္းေဆာင္ေတြ မေျပာေပမယ့္ အဲဒီလို အစည္းအေဝးေတြမွာ ညႊန္ၾကားေရးမွဴးခ်ဳပ္အဆင့္ေတြမွာ ဒီလိုနားလည္မႈေတြလဲ ရိွၿပီးသားလို႔ သိရတယ္။ ဝန္ထမ္းမွာ အျမင့္ဆံုးအဆင့္ level မွာေတာ့ ပူးေပါင္းေဆာင္ရြက္ေရးကိစၥတခ်ဳိ ႔သေဘာတူညီမႈေတြ ရိွၿပီးသားလုိ႔ က်ေနာ္သိတယ္။ ဒါေတြက က်ေနာ္တို႔ မျမင္ရလိုိ႔ေပါ့။ ဖြင့္ၿပီးေတာ့ ေျပာႏိုင္မယ္ဆိုရင္ေတာ့ အမ်ားႀကီးေကာင္းမယ္လို႔ က်ေနာ္ထင္တယ္။

ေမး ။ ။ ေနာက္ဆံုးေမးခ်င္တာက ဆရာေျပာခဲ့တဲ့ liberalization အဆင့္ကေန အေရြ ႔ကူးေျပာင္းသြားတဲ့ democratization အဆင့္ကို ကူးေျပာင္းမယ့္အဆင့္ ျမန္မာႏုိင္ငံမွာ အဓိက အဲဒီလမ္းေၾကာင္းကို ဦးတည္ႏို္င္မယ့္ လုပ္ရပ္က အေျခအေနက ဘယ္လိုလဲလို႔ ေျပာရမလဲ။ ဘယ္လိုျဖစ္လာရင္ သူတုိ႔က အေရြ ႔ဘက္ကို ဦးတည္သြားႏိုင္မလဲ။

ေျဖ ။ ။ ဥပမာအားျဖင့္ ပထမဦးဆံုးအေရြ ႔ လက္ရိွစနစ္အတြင္းမွာပဲ ေရးရာကိစၥေတြနဲ႔ ပတ္သက္လို႔ရိွရင္ ေကာ္မတီတရပ္ ျပည္ေထာင္စုျပည္သူ႔လႊတ္ေတာ္က ဖြဲ႔စည္းၾကတာ ရိွပါတယ္။ ဥပေဒတရပ္အေနနဲ႔ ျပဌာန္းထားတယ္။ ဒါေပမဲ့ တပ္မေတာ္သားေတြနဲ႔ သက္ဆိုင္ရာကၽြမ္းက်င္ပညာရွင္ေတြနဲ႔ ဖြဲ႔စည္းထားရမယ္ ဆိုတာမ်ဳိး။ ဥပမာ တပ္မေတာ္ေရးရာ ဘတ္ဂ်က္ေကာ္မတီတခုမ်ဳိး စၿပီးေတာ့ လုပ္လို႔ရမလားေပါ့။ ဒါက ပြင့္လင္းျမင္သာမႈကိုသြားတဲ့ အခ်က္။ ဒီလိုေျခလွမ္းမ်ဳိးေတြက ဖြဲ႔စည္းပံုမွာ တခ်က္မွာသြားၿပီးေတာ့ ေတြ႔ရတယ္။ ဒါေပမဲ့ အရပ္ဘက္ကေရာ၊ စစ္ဘက္ကေရာ ဒါကို အသံုးျပဳသြားတာ လႊတ္ေတာ္သက္တမ္းႏွစ္ခုရိွၿပီ၊ အခုထက္ထိေတာ့ မေတြ႔ရေသးဘူး။ လာမယ့္သက္တမ္းေတြမွာ အဲဒီလို ပြင့္လင္းျမင္သာမႈမ်ဳိးကို တပ္မေတာ္ကလဲ လက္ခံလာမယ္ဆိုရင္ေတာ့ ဒါက အရပ္ဘက္-စစ္ဘက္ ဆက္ဆံေရးရဲ ႔ တိုးတက္မႈတခုလို႔ ေျပာရမွာပါ။ ဒါက ေပးထားတဲ့ အင္မတန္က်ဥ္းတဲ့ခြင္ထဲက ျဖစ္ႏုိင္ေျခတခုကို ေျပာတာပါ။ ပိုၿပီးက်ယ္ျပန္႔တဲ့ အေျပာင္းအလဲဆုိတာကေတာ့ တပ္မေတာ္နဲ႔ အရပ္ဘက္ ဒီမိုကေရစီေခါင္းေဆာင္ေတြနဲ႔ ၿပီးေတာ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးေရးေပၚမွာပဲ မူတည္လိမ့္မယ္လို႔ ထင္တယ္။ မဟုတ္လို႔ရိွရင္ေတာ့ က်ေနာ္တို႔တုိင္းျပည္က ပိုၿပီး ရွည္ၾကာတဲ့ အာဏာရွင္ တပိုင္းလို႔ပဲ ေျပာခ်င္ေျပာေပါ့ အဲဒီလိုစနစ္ေအာက္က ထြက္ႏုိင္ဖို႔ဆိုတာကိုက ခက္အံုးမွာပါ။


==Unicode==

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ရှေ့ကိုဆက်လက်ရွေ့လျားနိုင်ဖို့အတွက် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးပြေလည်မှုဟာ ဘယ်လောက်အရေးပါသလဲ၊ လက်ရှိဆက်ဆံရေး ဘယ်လိုလဲ၊ တိုးတက်ကောင်းမွန်နိုင်တဲ့ လမ်းစရှိသလား ဆိုတာတွေကို မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဒီတပတ် ဆရာနဲ့ ဆွေးနွေးချင်တာကတော့ မြန်မာနိုင်ငံ စစ်တပ်-အရပ်ဘက် ဆက်ဆံရေး ဖြစ်ပါတယ်။ ပထမဦးဆုံးကတော့ မြန်မာ့နိုင်ငံရေး ရှေ့အလားအလာအတွက် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဟာ ဘယ်လောက် အရေးကြီးတယ်လို့ ထင်ပါသလဲ။ အကျဉ်းရုံးလေး သုံးသပ်ပေးပါ။

ဖြေ ။ ။ ပထမဦးဆုံး အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးလို့ ပြောတဲ့အခါမှာ အစိုးရနဲ့စစ်တပ် ဆက်ဆံရေးဆိုတဲ့သဘောထက် စစ်ရေးဘက်က စစ်ဘက်ဆိုင်ရာကိစ္စရပ်တွေမှာ အရပ်သားရွေးကောက်တင်မြှောက်ထားတဲ့ လူတွေက ဘယ်လောက်အထိ ဆုံးဖြတ်နိုင်သလဲ။ အဲဒီကိစ္စတွေနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးက ဘယ်လိုရှိသလဲဆိုတာကို များသောအားဖြင့် ပြောကြတာများပါတယ်။ အရပ်ဘက်-စစ်ဘက် အသုံးအနှုန်းကို သုံးတဲ့အခါမှာ။ အခုလဲ အဲဒီရှုထောင့်ကနေ ကြည့်ပါမယ်။ နံပတ်တစ် အခက်အခဲကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုက ခက်တယ်လို့ ပြောရမယ်။ အဲဒီ အခြေခံဥပဒေ ပြောင်းလဲရေးနဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးက တိုက်ရိုက်ပတ်သက်တယ်လို့ပဲ ပြောရမှာပါ။ ပြီးခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမှုက မအောင်မြင်ခဲ့ဘူး။ ဒါကြောင့်မို့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဟာ အခုထက်ထိတော့ ဖွဲ့စည်းပုံက ပေးထားတဲ့အတိုင်း ကောင်းတဲ့အခြေအနေမှာ မရှိသေးဘူးလို့ပဲ ပြောရမှာပါ။

မေး ။ ။ ဆိုတော့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး မပြေလည်တဲ့အတွက် အခုလို ဖွဲ့စည်းပုံမျိုး ဖြစ်လာရသလား။ အခုလို ဖွဲ့စည်းပုံကြောင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး မပြေလည် ဖြစ်နေရသလားဆိုတာကိုက မေးစရာ ဖြစ်နေပါတယ်။ ဒီ ဖွဲ့စည်းပုံသည်ပင် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အဆင်မပြေလို့ ကမောက်ကမ ဖွဲ့စည်းပုံ ဖြစ်လာတယ်လို့ ထင်တာပဲ။

ဖြေ ။ ။ အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီအပြောင်းအလဲတွေမှာ ယေဘုယျ သတ်မှတ်ကြတာက အဖွင့်၊ အကူး၊ အပိတ်ရယ်ဆိုပြီးတော့ သုံးမျိုး ပညာရှင်တွေက ရေးသားကြတာကို တွေ့ရပါတယ်။ အဲဒီအခြေအနေ သုံးရပ်မှာ အထူးသဖြင့် ဖွဲ့စည်းပုံဆိုင်ရာ သဘောတူညီချက်က အကူအပြောင်းအတွက် အရေးကြီးပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေအထားကို ပြောရလို့ရှိရင် ဒီဖွဲ့စည်းပုံရဲ့ ပင်ကိုသဘောသဘာဝကိုယ်က ဒီမိုကရေစီ အကူးအပြောင်းကိုသွားဖို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ မဟုတ်ဘူး။ ဒီဖွဲ့စည်းပုံရဲ့ ပင်ကိုသဘောသဘာဝကိုယ်က အဖွင့် liberalization လို့ပြောတဲ့ အဖွင့်အတွက်ပဲ အဓိကကျတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ အကူးအတွက်ကတော့ တိုင်းရင်းသားတွေ၊ NLD ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေ ပြီးတော့ တပ်မတော် ဒီ (၃) စု (၃) ပွင့်ဆိုင် ဆွေးနွေးပွဲတွေက ဆက်ပြီးလိုပါသေးတယ်။ ဒါကြောင့်မို့ လက်ရှိမြန်မာနိုင်ငံဖွဲ့စည်းပုံကို သုံးသပ်ပြောရလို့ရှိရင် ဒီမိုကရေစီအရွေ့လို့ပြောတာထက် အဖွင့်လို့ပြောတာက ပိုပြီးသင့်တယ်။ ဒီမိုကရေစီကို ကူးဖို့ဆိုတဲ့ လမ်းကြောင်းပေါ်ကို ရောက်ဖို့အတွက်တော့ အများကြီးလိုအုံးမယ်ထင်တယ်။

မေး ။ ။ ဒါကတော့ သဘောတရားအပိုင်းပေါ့။ လက်တွေ့ကြည့်မယ်ဆိုရင် ဆရာပြောတဲ့ စစ်ဘက်၊ တိုင်းရင်းသားတွေရယ်၊ အရပ်ဘက်အစိုးရရယ် ပူးပေါင်းပြီးတော့ ဆောင်ရွက်ရမယ်ဆိုတော့ အခုလောလောဆယ်မှာ တိုင်းရင်းသား ပုန်ကန်မှုတွေနဲ့ ပတ်သက်ပြီးတော့ စစ်တပ်နဲ့ အစိုးရနဲ့ သဘောထားချင်း ကွဲလွဲတယ်လို့ ဆရာ မြင်ပါသလား။ ဥပမာ AA ကိစ္စဆိုရင် AA ပေါ်မှာ အစိုးရကော၊ စစ်တပ်ကော လေသံတစ်ခုတည်းထွက်ပြီးတော့ ပြောဆိုနေကြတယ်လို့ သုံးသပ်ပြောဆိုနေကြတာကို တွေ့ရပါတယ်။ ဆိုတော့ ဒီကိစ္စကို လူတွေကအမျိုးမျိုး နားလည်ကြတယ်။ သူတို့ဟာ အတူတူပဲ ဖြစ်တယ်။ တဘက်ကလဲ မတူပေမယ့် ဒါဟာအပေါ်ယံ လုပ်ပြနေခြင်းတာ ဖြစ်တယ်လို့ ပြောကြတယ်။ ဆရာရဲ့ အမြင်ကို ပြောပြပေးပါ။

ဖြေ ။ ။ ရခိုင်ကိစ္စကတော့ သီးခြားထားပြီးတော့ ဆွေးနွေးတာ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မတူတဲ့ ဖြစ်ပေါ်တိုးတက်လာတဲ့ သဘောသဘာဝအရပေါ့။ အရင်တုန်းက တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပွဲ - အဲဒါ ငြိမ်းချမ်းရေးဖြစ်စဉ်အနေနဲ့ သွားနေတယ်။ သွားနေတဲ့အခါကြတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ တိုးတက်မှုဟာ မြန်မာနိုင်ငံအကူးအပြောင်းအတွက် တော်တော်လေး အဓိကကျပါတယ်။ အဲဒီတော့ ကြည့်ရတာကလဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကတည်းက ပြောရလို့ရှိရင် သတ်မှတ်ခဲ့တာက နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ။ အဲဒီနိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲရဲ့ သဘောတူညီချက်ကနေ ဖွဲ့စည်းပုံပြောင်းလဲရေးကို သွားကြမယ်ပေ့ါ။ အဲဒီတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်ကို မကူးပြောင်းနိုင်တာက အဓိကအဟန့်အတားဖြစ်မယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ ဆိုတော့ အဲဒီနေရာမှာကော ဘယ်ဟာက အဓိကအခက်အခဲလဲ။ စစ်တပ်လား၊ တိုင်းရင်းသားတွေဘက်ကလား။ သို့တည်မဟုတ် အစိုးရလား။ အဲဒီလို အဖြေရှာလို့ရမလား။

ဖြေ ။ ။ ယေဘုယျအားဖြင့်တော့ ကျနော်တို့က ထဲထဲဝင်ဝင် သတင်းအချက်အလက် အတိအကျ မရတဲ့အတွက် မှန်းဆရတာ ခက်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ အခြေခံသဘောတူညီချက်တွေက အဲဒီဖြစ်စဉ်တလျှောက်မှာ ထွက်လာတာရှိတယ်။ အသေးစိတ် ကျနော်တို့ မဆွေးနွေးတာ - ဥပမာ ဖယ်ဒရယ်စနစ်ကို သွားမယ်ဆိုတဲ့ဟာနဲ့ ဒီမိုကရေစီကို သွားမယ်ဆိုတဲ့ဟာ။ ဒါပေမဲ့ ဒီမိုကရေစီကို နားလည်မှုက ဘာလဲ။ ဖယ်ဒရယ်ကို နားလည်မှုက ဘာလဲ။ ဘယ်လို စနစ်နဲ့သွားမလဲ။ အစရှိတဲ့ အသေးစိတ်ဆွေးနွေးမှုတွေကတော့ လိုလိမ့်မယ်ထင်တယ်။ အဲဒါတွေကို အခု NLD အစိုးရသက်တမ်း (၅) နှစ်အတွင်းမှာတော့ ပိုပြီးတော့ အကူးအပြောင်းဘက် သဘောကကြည့်မယ်ဆိုရင် ကျနော်တို့ သဘောတူညီချက်တွေ ထွက်လာတာကို မတွေ့ရသေးဘူး။

မေး ။ ။ နောက်တခုက ICJ မှာ စွဲဆိုလျှောက်ထားခံရတဲ့ ကိစ္စ။ ဒီကိစ္စမှာလဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သွားရောက်ပြီးတော့ ခုခံတယ်။ အချို့က ဒါဟာ တပ်မတော်ရဲ့ လုပ်ရပ်ကို ကာကွယ်ပေးတာဆိုတော့ သင့်မြတ်ရေးကို ဦးတည်တဲ့လမ်းကြောင်းလို့ တချို့က သုံးသပ်ကြပါတယ်။

ဖြေ ။ ။ ယေဘုယျအားဖြင့်တော့ ICJ မှာ ပြစ်တင်စွဲဆိုလိုက်တယ်ဆိုတာကတော့ တိုင်းပြည်ကိုစွဲတာဆိုတော့ တိုင်းပြည်ကို ကိုယ်စားပြုတဲ့အနေနဲ့ အစိုးရက တာဝန်ယူဖြေရှင်းရတာပေါ့။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုက တပ်မတော်က သူ့ရဲ့အရေးကိစ္စတွေကို သူပဲဆုံးဖြတ်မယ်ဆိုတာ ပြဌာန်းထားတာရှိတယ်။ တိုင်းပြည်အနေနဲ့ ခုခံကာကွယ်ရတဲ့အခါမှာ သဘောသဘာဝမကျတဲ့ အနေအထားတရပ် သာမန်တခြားသောတိုင်းပြည်အများစုမှာ ကြုံတွေ့နေရတာ မဟုတ်ဘဲနဲ့ ခုခံကာကွယ်ရတဲ့ အနေအထားမျိုးပေါ့။ ဒါကြောင့်မို့ တချို့ကိစ္စတွေမှာလဲ ရှိနေတဲ့အခြေအနေအတွင်းက မြန်မာနိုင်ငံအနေအထားအရ ပေါင်းစပ်ပြီးဆောင်ရွက်ရတဲ့ အနေအထားလို့ ကျနော်ကတော့ ဒီလိုပဲ နားလည်ပါတယ်။ ဒါပေမဲ့ တပ်မဟော်ဟာ တဖြည်းဖြည်းနဲ့ အရပ်ဘက်အစိုးရရဲ့ စီမံထိန်းချုပ်မှုအောက်မှာ ရောက်လာမှသာ ဒီပြဿနာတွေက တော်တော်ဖြေရှင်းလို့ ရပါလိမ့်မယ်။ မဟုတ်ရင် အတော်လေး ခက်ခဲလိမ့်မယ်ထင်တယ်။ ICJ သီးခြားဆောင်ရွက်မယ့်ဟာကို တပ်က တာဝန်ဆက်ပြီးဆောင်ရွက်ရမှာက မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံသဘောအရ။ တိုင်းပြည်အနေနဲ့ အစိုးရက တာဝန်ယူရပေမယ့် တပ်မတော်ကပဲ တာဝန်ယူဖြေရှင်းရမှာပါ။ ဒီတော့ ဒီတိုးတက်မှုတွေ အာရုံရဖို့ဆိုတာက အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးပေါ်မှာ မူတည်တယ်။ ဘယ်လောက်အထိ ရွေ့နိုင်မလဲ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးက အခုန အရပ်ဘက်ထိန်းချုပ်မှုအောက်ကို ရောက်ဖို့ ဘယ်လောက်အထိ ရွေ့နိုင်မလဲဆိုတာကတော့ အခုထက်ထိ ရှင်းရှင်းလင်းလင်း မြင်ခွင့်မရသေးပါဘူး။

မေး ။ ။ ICJ, တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပြဿနာတွေမှာတော့ ကိုယ့်အကျိုးစီးပွား - တပ်မတော်ဘက်ကလဲ သူ့အကျိုးစီးပွား။ အရပ်ဘက်အစိုးရဘက်ကလဲ သူ့အကျိုးစီးပွား အာဏာနဲ့ ပတ်သက်ပြီးတော့ အကျိုးအမြတ် ကြည့်ကောင်းကြည့်ကြမှာပေါ့။ ဒါပေမဲ့ အခုလို ကိုဗစ်ရောဂါ ကာကွယ်ရေးကိစ္စမျိုးမှာကြတော့ နှစ်ခုစလုံးရဲ့ အကျိုးစီးပွားဟာ တိုင်းပြည်ရဲ့ အကျိုုးစီးပွား၊ လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားဆိုတဲ့ တူညီသော ဘုံအကျိုးစီးပွားဖြစ်နေတယ်။ ဒီကိစ္စမှာ ဘာကြောင့် မပေါင်းစည်းနိုင်ကြသလဲဆိုတာ စဉ်းစားစရာဖြစ်တယ်လို့ ထင်တာပဲ ကျနော်ကတော့။

ဖြေ ။ ။ မပေါင်းစည်းနိုင်ဘူးလို့တော့ အဲဒီလိုတော့ ပြောလို့တော့ ရချင်မှရမယ်ထင်တယ်။ ကျနော်တို့ မသိနိုင်တာလဲ ဖြစ်နိုင်တယ်။ ဥပမာအားဖြင့် အတည်မပြုနိုင်တဲ့ သတင်းတွေက တပ်မတော်မှာရှိနေတဲ့ စက်တွေကို အသုံးပြုရေး။ ဒါပေမဲ့ အဓိကပြဿနာက reagent လို့ခေါ်တဲ့ စမ်းသပ်တဲ့ဆေးတွေ ဝယ်ယူရရှိနိုင်ဖို့ အခြေအနေ။ ဒါတွေနဲ့ ဆက်စပ်နေတယ်။ နောက်ပြီးတော့ ခေါင်းဆောင်တွေ မပြောပေမယ့် အဲဒီလို အစည်းအဝေးတွေမှာ ညွှန်ကြားရေးမှူးချုပ်အဆင့်တွေမှာ ဒီလိုနားလည်မှုတွေလဲ ရှိပြီးသားလို့ သိရတယ်။ ဝန်ထမ်းမှာ အမြင့်ဆုံးအဆင့် level မှာတော့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတချို့သဘောတူညီမှုတွေ ရှိပြီးသားလို့ ကျနော်သိတယ်။ ဒါတွေက ကျနော်တို့ မမြင်ရလို့ပေါ့။ ဖွင့်ပြီးတော့ ပြောနိုင်မယ်ဆိုရင်တော့ အများကြီးကောင်းမယ်လို့ ကျနော်ထင်တယ်။

မေး ။ ။ နောက်ဆုံးမေးချင်တာက ဆရာပြောခဲ့တဲ့ liberalization အဆင့်ကနေ အရွေ့ကူးပြောင်းသွားတဲ့ democratization အဆင့်ကို ကူးပြောင်းမယ့်အဆင့် မြန်မာနိုင်ငံမှာ အဓိက အဲဒီလမ်းကြောင်းကို ဦးတည်နိုင်မယ့် လုပ်ရပ်က အခြေအနေက ဘယ်လိုလဲလို့ ပြောရမလဲ။ ဘယ်လိုဖြစ်လာရင် သူတို့က အရွေ့ဘက်ကို ဦးတည်သွားနိုင်မလဲ။

ဖြေ ။ ။ ဥပမာအားဖြင့် ပထမဦးဆုံးအရွေ့ လက်ရှိစနစ်အတွင်းမှာပဲ ရေးရာကိစ္စတွေနဲ့ ပတ်သက်လို့ရှိရင် ကော်မတီတရပ် ပြည်ထောင်စုပြည်သူ့လွှတ်တော်က ဖွဲ့စည်းကြတာ ရှိပါတယ်။ ဥပဒေတရပ်အနေနဲ့ ပြဌာန်းထားတယ်။ ဒါပေမဲ့ တပ်မတော်သားတွေနဲ့ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားရမယ် ဆိုတာမျိုး။ ဥပမာ တပ်မတော်ရေးရာ ဘတ်ဂျက်ကော်မတီတခုမျိုး စပြီးတော့ လုပ်လို့ရမလားပေါ့။ ဒါက ပွင့်လင်းမြင်သာမှုကိုသွားတဲ့ အချက်။ ဒီလိုခြေလှမ်းမျိုးတွေက ဖွဲ့စည်းပုံမှာ တချက်မှာသွားပြီးတော့ တွေ့ရတယ်။ ဒါပေမဲ့ အရပ်ဘက်ကရော၊ စစ်ဘက်ကရော ဒါကို အသုံးပြုသွားတာ လွှတ်တော်သက်တမ်းနှစ်ခုရှိပြီ၊ အခုထက်ထိတော့ မတွေ့ရသေးဘူး။ လာမယ့်သက်တမ်းတွေမှာ အဲဒီလို ပွင့်လင်းမြင်သာမှုမျိုးကို တပ်မတော်ကလဲ လက်ခံလာမယ်ဆိုရင်တော့ ဒါက အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးရဲ့ တိုးတက်မှုတခုလို့ ပြောရမှာပါ။ ဒါက ပေးထားတဲ့ အင်မတန်ကျဉ်းတဲ့ခွင်ထဲက ဖြစ်နိုင်ခြေတခုကို ပြောတာပါ။ ပိုပြီးကျယ်ပြန့်တဲ့ အပြောင်းအလဲဆိုတာကတော့ တပ်မတော်နဲ့ အရပ်ဘက် ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးရေးပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ထင်တယ်။ မဟုတ်လို့ရှိရင်တော့ ကျနော်တို့တိုင်းပြည်က ပိုပြီး ရှည်ကြာတဲ့ အာဏာရှင် တပိုင်းလို့ပဲ ပြောချင်ပြောပေါ့ အဲဒီလိုစနစ်အောက်က ထွက်နိုင်ဖို့ဆိုတာကိုက ခက်အုံးမှာပါ။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG