သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္တပ္ရဲ ႔ ဘတ္ဂ်က္အသံုးစရိတ္


Graphic content / Armed government troops cross a bomb damaged bridge outside the compound of the Gote Twin police station in Shan State on August 15, 2019.
စစ္တပ္ရဲ ႔ ဘတ္ဂ်က္အသံုးစရိတ္
please wait

No media source currently available

0:00 0:11:17 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာအစိုးရရဲ ႔ ဘတ္ဂ်က္အသံုးစရိတ္မွာ စစ္တပ္ရဲ ႔ အသံုးစရိတ္ဟာ အမ်ားဆံုး ျဖစ္ပါတယ္။ ပညာေရးနဲ႔ က်န္းမာေရးအသံုးစရိတ္ ႏွစ္ခုေပါင္းထက္ မ်ားပါတယ္။ တိုင္းျပည္ႏွစ္စဥ္ အသားတင္ထုတ္လုပ္မႈရဲ ႔ (၃) ရာခိုင္ႏႈန္းေလာက္ကို စစ္တပ္က သံုးစြဲေနတာပါ။ အစိုးရအသံုးစရိတ္ရဲ ႔ (၁၅) ရာခိုင္ႏႈန္းနီးပါး စစ္တပ္ကို ေပးရတာဟာ လုပ္ရိုးလုပ္စဥ္လုိ ျဖစ္္ေနပါတယ္။ ဒါေပမဲ့ ဒီႏွစ္ကစၿပီး ပညာေရးနဲ႔ က်န္းမာေရးစရိတ္ ႏွစ္ခုေပါင္းဟာ စစ္တပ္အသံုးစရိတ္ထက္ ပိုမ်ားလာတာ ေတြ႔ရပါတယ္။ အသံုးစရိတ္အမ်ားဆံုးရတဲ့ စစ္တပ္မွာ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေတြလည္း အမ်ားအျပား ရိွပါေသးတယ္။

NLD အစိုးရလက္ထက္မွာ စစ္တပ္အသံုးစရိတ္ကို ပထမဆံုးအႀကိမ္ ျဖတ္ေတာက္ႏုိင္တာဟာ ဒီႏွစ္ရဲ ႔ ထူးျခားခ်က္တခုလို ျဖစ္ပါတယ္။ ျဖည့္စြက္ဘတ္ဂ်က္အေနနဲ႔ ကာကြယ္ေရးဌာနက စစ္တပ္အသံုးစရိတ္ က်ပ္သန္း (၁) သိန္း (၉) ေသာင္းေက်ာ္ ေတာင္းခံတာကိုိ လႊတ္ေတာ္က က်ပ္သန္း (၁) ေသာင္းေက်ာ္ ျဖတ္ေတာက္လိုက္ပါတယ္။ ကာကြယ္ေရးစရိတ္ကို (၁၀) ရာခိုင္ႏႈန္းေလာက္သာ ေလွ်ာ့ခ်တာ ျဖစ္ေပမယ့္ ဒါဟာ ပထမဆံုးအႀကိမ္ျဖစ္လို႔ ထူးျခားသလို ျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးသိန္းစိန္ရဲ ႔ အစိုးရသက္တမ္းအတြင္းမွာ စစ္အသံုးစရိတ္ ေလွ်ာ့ခ်တာမ်ဳိး မရိွခဲ့ပါဘူး။

တပ္မေတာ္အသံုးစရိတ္ကို ဦးေဆာင္စစ္ေဆးသူဟာ မရမ္းကုန္းၿမိဳ ႔နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေမဝင္းျမင့္ပါ။ NLD ပါတီရဲ ႔ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႔ဝင္လည္း ျဖစ္ပါတယ္။ ေဒါက္တာေမဝင္းျမင့္က က်ပ္သန္း (၂) ေသာင္း၊ (၂) ေထာင္ေက်ာ္ ျဖတ္ေတာက္ဖို႔ ပထမဆံုး တင္ျပခဲ့တယ္လို႔ သိရိွရပါတယ္။ အမႈထမ္းပို႔ေဆာင္ေရးစရိတ္၊ ပစၥည္းပို႔ေဆာင္ေရးစရိတ္၊ အေဆာက္အဦးထိန္းသိမ္းေရးစရိတ္၊ ပညာရွင္ငွားတဲ့စရိတ္ စတာေတြကို ျဖတ္ေတာက္တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ကာကြယ္ေရးဌာန စစ္ေထာက္ခ်ဳပ္မွာ တာဝန္္ရိွသူေတြနဲ႔ ညိွႏိႈင္းတဲ့အခါမွာ မူလျဖတ္ထားတဲ့ ပမာဏရဲ ႔ တဝက္ေလာက္ကိုသာ ျဖတ္ေတာက္ႏုိင္ခဲ့ေၾကာင္း သိရိွရပါတယ္။ က်ပ္သန္း (၂) ေသာင္းေက်ာ္ ျဖတ္ေတာက္ဖို႔ တင္ျပေပမယ့္ က်ပ္သန္း (၁) ေသာင္းေက်ာ္သာ ျဖတ္ေတာက္ႏုိင္တဲ့သေဘာ ျဖစ္ပါတယ္။

စစ္တပ္အသံုးစရိတ္နဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္မွာ အေသးစိတ္ စီစစ္တာမ်ဳိး မရိွခဲ့ဘူးလို႔ ကိုယ္စားလွယ္ေတြဘက္က ေထာက္ျပတာကို VOA သတင္းေထာက္ ေမခ က ေမလ (၂၇) ရက္ေန႔က သတင္းပို႔ၿပီး ျဖစ္ပါတယ္။ လႊတ္ေတာ္သက္တမ္းမွာ စစ္တပ္ဘတ္ဂ်က္ကို စစ္ေဆးခြင့္မရိွဘူးလို႔ မဂၤလာဒံု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လိႈင္ဝင္းက ေျပာဆိုေၾကာင္း သိရပါတယ္။ စာရင္းစစ္တဲ့အခါမွာလည္း အရပ္ဘက္ကို စစ္ခြင့္မျပဳဘဲ တပ္မေတာ္စာရင္းကပဲ စစ္တယ္လို႔ ဆိုပါတယ္။ စစ္ေဆးတာကိုလည္း လႊတ္ေတာ္ရဲ ႔သီးသန္႔ (၁၅) ဦး ေကာ္မတီကသာ ၾကည့္ရႈခြင့္ ရိွပါတယ္။ ဒါေပမဲ့ ဒီကိစၥဟာ လွ်ဳိ ႔ဝွက္ခ်က္ျဖစ္လို႔ အျပင္ကို ထုတ္ေျပာခြင့္ မရိွဘူးလို႔ ဆိုပါတယ္။ အစိုးရေပးတဲ့ အသံုးစရိတ္ကို စစ္တပ္က ဘယ္လိုသံုးစြဲေနတယ္ဆိုတာကို ဘယ္လိုမွ မသိႏိုင္ေၾကာင္း ဦးေအာင္လိႈင္ဝင္းက ရွင္းျပပါတယ္။

စစ္တပ္အသံုးစရိတ္ ျဖတ္ေတာက္မႈနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္မွာ ေဆြးေႏြးတဲ့အခါ ကာကြယ္ေရးဝန္ႀကီးက အိမ္နီးခ်င္းႏုိင္ငံေတြကိုၾကည့္ဖို႔ သတိေပးသြားပါတယ္။ အိမ္နီးခ်င္းႏိုင္ငံေတြရဲ ႔ ကာကြယ္ေရးစရိတ္က ျမန္မာထက္မ်ားတာကို ရည္ညႊန္းသြားတာပါ။ ထိုင္း၊ မေလးရွား၊ စကၤာပူ၊ ဗိယက္နမ္၊ ဖိလစ္ပိုင္နဲ႔ အင္ဒိုနီးရွားတို႔ရဲ ႔ စစ္တပ္အသံုးစရိတ္ဟာ ျမန္မာထက္မ်ားေပမယ့္ က်ခံတဲ့အေနအထားမွာ ရိွၾကပါတယ္။ ဒါေပမဲ့ တပ္မေတာ္ရဲ ႔ အသံုးစရိတ္ဟာ တိုင္းျပည္အတြက္ ဝန္ထုပ္ဝန္ပိုးႀကီးလုိ ျဖစ္ေနတာကို သိဖုိ႔လိုပါတယ္။ ထိုင္းစစ္တပ္ရဲ ႔ အသံုးစရိတ္ဟာ အစုိးရအသံုးစရိတ္ရဲ ႔ (၇) ရာခိုင္ႏႈန္းသာရိွၿပီး တိုင္းျပည္ရဲ ႔ အသားတင္ထုတ္လုပ္မႈရဲ ႔ (၁) ဒႆမ (၄) ရာခိုင္ႏႈန္းသာ ရိွပါတယ္။ တပ္မေတာ္ရဲ ႔ အသံုးစရိတ္ကေတာ့ အစိုးရအသံုးစရိတ္ရဲ ႔ (၁၅) ရာခိုင္ႏႈန္းနီးပါးရိွၿပီး တိုင္းျပည္ထုတ္လုပ္မႈရဲ ႔ (၃) ရာခိုင္ႏႈန္း ရိွေနပါတယ္။

သဘာဝသယံဇာတ ၾကြယ္ဝၿပီး၊ လူသားရင္းျမစ္ရိွတဲ့ အေရွ ႔အလယ္ပိုင္းနဲ႔ အာဖရိကေျမာက္ပိုင္းေဒသက ႏုိင္ငံ (၁၈) ႏိုင္ငံ၊ မဖြံ႔ၿဖိဳးမတိုးတက္ရတဲ့အေၾကာင္းကို ၂၀၁၉ ဧၿပီလထုတ္ International Journal of Emerging Markets စာေစာင္မွာ ေဖာ္ျပပါတယ္။ အစိုးရအေၾကြးမ်ားျပားမႈ၊ စစ္တပ္စရိတ္ႀကီးမားမႈ၊ အဂတိလိုက္စားမႈ၊ အတတ္ပညာ အဆင့္အတန္း နိမ့္က်မႈနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈဟာ တိုင္းျပည္ရဲ ႔ ေရရွည္ကုန္ထုတ္လုပ္မႈကို က်ဆင္းေစတယ္လို႔ ဆိုပါတယ္။ အေၾကြးတင္ရိွမႈ၊ စစ္စရိတ္ႀကီးမားမႈနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈကေတာ့ လက္ရိွအသားတင္ထုတ္လုပ္မႈကို က်ဆင္းေစတယ္လို႔ ေဖာ္ျပထားပါတယ္။

ရခိုင္၊ ခ်င္း၊ ရွမ္းနဲ႔ ကခ်င္ျပည္နယ္က စစ္ဆင္ေရးေတြကို အေၾကာင္းျပၿပီး စစ္တပ္က အသံုးစရိတ္ တိုးေတာင္းတာ ျဖစ္ပါတယ္။ စစ္ဆင္ေရး ေအာင္ျမင္တဲ့ အတိုင္းအတာေပၚမွာ မူတည္ၿပီး စစ္တပ္ရဲ ႔ ခ်ဳပ္ကိုင္မႈနယ္ပယ္လည္း က်ယ္ျပန္႔သြားႏုိုင္ပါတယ္။ စစ္တပ္ရဲ ႔ ၾသဇာအာဏာကို ေရြးေကာက္ပြဲနည္းနဲ႔ က်ားကန္ၿပီး တည္ေဆာက္ထားတဲ့ ႏုိင္ငံေရးစနစ္ကို က်င့္သံုးေနတာျဖစ္လို႔ စစ္တပ္ဟာ အရပ္သားအစိုးရထမ္းရြက္ေနရတဲ့ ဝန္ထုပ္ဝန္ပိုးႀကီးလို ျဖစ္ေနပါတယ္။ ဒါဟာ တုိးတက္ဖြံ႔ၿဖိဳးေရးအတြက္ေရာ ဒီမိုကေရစီ ရွင္သန္ေရးအတြက္ေရာ အလားအလာမေကာင္းေၾကာင္း တင္ျပလိုက္ရပါတယ္။

== Unicode ==

မြန်မာအစိုးရရဲ့ ဘတ်ဂျက်အသုံးစရိတ်မှာ စစ်တပ်ရဲ့ အသုံးစရိတ်ဟာ အများဆုံး ဖြစ်ပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ် နှစ်ခုပေါင်းထက် များပါတယ်။ တိုင်းပြည်နှစ်စဉ် အသားတင်ထုတ်လုပ်မှုရဲ့ (၃) ရာခိုင်နှုန်းလောက်ကို စစ်တပ်က သုံးစွဲနေတာပါ။ အစိုးရအသုံးစရိတ်ရဲ့ (၁၅) ရာခိုင်နှုန်းနီးပါး စစ်တပ်ကို ပေးရတာဟာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီနှစ်ကစပြီး ပညာရေးနဲ့ ကျန်းမာရေးစရိတ် နှစ်ခုပေါင်းဟာ စစ်တပ်အသုံးစရိတ်ထက် ပိုများလာတာ တွေ့ရပါတယ်။ အသုံးစရိတ်အများဆုံးရတဲ့ စစ်တပ်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်း အများအပြား ရှိပါသေးတယ်။

NLD အစိုးရလက်ထက်မှာ စစ်တပ်အသုံးစရိတ်ကို ပထမဆုံးအကြိမ် ဖြတ်တောက်နိုင်တာဟာ ဒီနှစ်ရဲ့ ထူးခြားချက်တခုလို ဖြစ်ပါတယ်။ ဖြည့်စွက်ဘတ်ဂျက်အနေနဲ့ ကာကွယ်ရေးဌာနက စစ်တပ်အသုံးစရိတ် ကျပ်သန်း (၁) သိန်း (၉) သောင်းကျော် တောင်းခံတာကို လွှတ်တော်က ကျပ်သန်း (၁) သောင်းကျော် ဖြတ်တောက်လိုက်ပါတယ်။ ကာကွယ်ရေးစရိတ်ကို (၁၀) ရာခိုင်နှုန်းလောက်သာ လျှော့ချတာ ဖြစ်ပေမယ့် ဒါဟာ ပထမဆုံးအကြိမ်ဖြစ်လို့ ထူးခြားသလို ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ရဲ့ အစိုးရသက်တမ်းအတွင်းမှာ စစ်အသုံးစရိတ် လျှော့ချတာမျိုး မရှိခဲ့ပါဘူး။

တပ်မတော်အသုံးစရိတ်ကို ဦးဆောင်စစ်ဆေးသူဟာ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်ပါ။ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ ဒေါက်တာမေဝင်းမြင့်က ကျပ်သန်း (၂) သောင်း၊ (၂) ထောင်ကျော် ဖြတ်တောက်ဖို့ ပထမဆုံး တင်ပြခဲ့တယ်လို့ သိရှိရပါတယ်။ အမှုထမ်းပို့ဆောင်ရေးစရိတ်၊ ပစ္စည်းပို့ဆောင်ရေးစရိတ်၊ အဆောက်အဦးထိန်းသိမ်းရေးစရိတ်၊ ပညာရှင်ငှားတဲ့စရိတ် စတာတွေကို ဖြတ်တောက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးဌာန စစ်ထောက်ချုပ်မှာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းတဲ့အခါမှာ မူလဖြတ်ထားတဲ့ ပမာဏရဲ့ တဝက်လောက်ကိုသာ ဖြတ်တောက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ကျပ်သန်း (၂) သောင်းကျော် ဖြတ်တောက်ဖို့ တင်ပြပေမယ့် ကျပ်သန်း (၁) သောင်းကျော်သာ ဖြတ်တောက်နိုင်တဲ့သဘော ဖြစ်ပါတယ်။

စစ်တပ်အသုံးစရိတ်နဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အသေးစိတ် စီစစ်တာမျိုး မရှိခဲ့ဘူးလို့ ကိုယ်စားလှယ်တွေဘက်က ထောက်ပြတာကို VOA သတင်းထောက် မေခ က မေလ (၂၇) ရက်နေ့က သတင်းပို့ပြီး ဖြစ်ပါတယ်။ လွှတ်တော်သက်တမ်းမှာ စစ်တပ်ဘတ်ဂျက်ကို စစ်ဆေးခွင့်မရှိဘူးလို့ မင်္ဂလာဒုံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောဆိုကြောင်း သိရပါတယ်။ စာရင်းစစ်တဲ့အခါမှာလည်း အရပ်ဘက်ကို စစ်ခွင့်မပြုဘဲ တပ်မတော်စာရင်းကပဲ စစ်တယ်လို့ ဆိုပါတယ်။ စစ်ဆေးတာကိုလည်း လွှတ်တော်ရဲ့သီးသန့် (၁၅) ဦး ကော်မတီကသာ ကြည့်ရှုခွင့် ရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ လျှို့ဝှက်ချက်ဖြစ်လို့ အပြင်ကို ထုတ်ပြောခွင့် မရှိဘူးလို့ ဆိုပါတယ်။ အစိုးရပေးတဲ့ အသုံးစရိတ်ကို စစ်တပ်က ဘယ်လိုသုံးစွဲနေတယ်ဆိုတာကို ဘယ်လိုမှ မသိနိုင်ကြောင်း ဦးအောင်လှိုင်ဝင်းက ရှင်းပြပါတယ်။

စစ်တပ်အသုံးစရိတ် ဖြတ်တောက်မှုနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ဆွေးနွေးတဲ့အခါ ကာကွယ်ရေးဝန်ကြီးက အိမ်နီးချင်းနိုင်ငံတွေကိုကြည့်ဖို့ သတိပေးသွားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကာကွယ်ရေးစရိတ်က မြန်မာထက်များတာကို ရည်ညွှန်းသွားတာပါ။ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဗိယက်နမ်၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားတို့ရဲ့ စစ်တပ်အသုံးစရိတ်ဟာ မြန်မာထက်များပေမယ့် ကျခံတဲ့အနေအထားမှာ ရှိကြပါတယ်။ ဒါပေမဲ့ တပ်မတော်ရဲ့ အသုံးစရိတ်ဟာ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးကြီးလို ဖြစ်နေတာကို သိဖို့လိုပါတယ်။ ထိုင်းစစ်တပ်ရဲ့ အသုံးစရိတ်ဟာ အစိုးရအသုံးစရိတ်ရဲ့ (၇) ရာခိုင်နှုန်းသာရှိပြီး တိုင်းပြည်ရဲ့ အသားတင်ထုတ်လုပ်မှုရဲ့ (၁) ဒဿမ (၄) ရာခိုင်နှုန်းသာ ရှိပါတယ်။ တပ်မတော်ရဲ့ အသုံးစရိတ်ကတော့ အစိုးရအသုံးစရိတ်ရဲ့ (၁၅) ရာခိုင်နှုန်းနီးပါးရှိပြီး တိုင်းပြည်ထုတ်လုပ်မှုရဲ့ (၃) ရာခိုင်နှုန်း ရှိနေပါတယ်။

သဘာဝသယံဇာတ ကြွယ်ဝပြီး၊ လူသားရင်းမြစ်ရှိတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းဒေသက နိုင်ငံ (၁၈) နိုင်ငံ၊ မဖွံ့ဖြိုးမတိုးတက်ရတဲ့အကြောင်းကို ၂၀၁၉ ဧပြီလထုတ် International Journal of Emerging Markets စာစောင်မှာ ဖော်ပြပါတယ်။ အစိုးရအကြွေးများပြားမှု၊ စစ်တပ်စရိတ်ကြီးမားမှု၊ အဂတိလိုက်စားမှု၊ အတတ်ပညာ အဆင့်အတန်း နိမ့်ကျမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုဟာ တိုင်းပြည်ရဲ့ ရေရှည်ကုန်ထုတ်လုပ်မှုကို ကျဆင်းစေတယ်လို့ ဆိုပါတယ်။ အကြွေးတင်ရှိမှု၊ စစ်စရိတ်ကြီးမားမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကတော့ လက်ရှိအသားတင်ထုတ်လုပ်မှုကို ကျဆင်းစေတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်၊ ချင်း၊ ရှမ်းနဲ့ ကချင်ပြည်နယ်က စစ်ဆင်ရေးတွေကို အကြောင်းပြပြီး စစ်တပ်က အသုံးစရိတ် တိုးတောင်းတာ ဖြစ်ပါတယ်။ စစ်ဆင်ရေး အောင်မြင်တဲ့ အတိုင်းအတာပေါ်မှာ မူတည်ပြီး စစ်တပ်ရဲ့ ချုပ်ကိုင်မှုနယ်ပယ်လည်း ကျယ်ပြန့်သွားနိုင်ပါတယ်။ စစ်တပ်ရဲ့ သြဇာအာဏာကို ရွေးကောက်ပွဲနည်းနဲ့ ကျားကန်ပြီး တည်ဆောက်ထားတဲ့ နိုင်ငံရေးစနစ်ကို ကျင့်သုံးနေတာဖြစ်လို့ စစ်တပ်ဟာ အရပ်သားအစိုးရထမ်းရွက်နေရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးလို ဖြစ်နေပါတယ်။ ဒါဟာ တိုးတက်ဖွံ့ဖြိုးရေးအတွက်ရော ဒီမိုကရေစီ ရှင်သန်ရေးအတွက်ရော အလားအလာမကောင်းကြောင်း တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG