စစ္တပ္ကို သီးျခားလြတ္လပ္တဲ့ လက္နက္ကိုင္အဖြဲ႔အစည္းအျဖစ္ ရပ္တည္ႏုိင္ေအာင္ အေထာက္အကူျပဳတဲ့ စီးပြားေရးနယ္ပယ္ (၅) ခုကို လြန္ခဲ့တဲ့ ၾသဂုတ္လထုတ္ ကုလသမဂၢ အခ်က္အလက္ ရွာေဖြေရးမစ္ရွင္ရဲ ႔ အစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ ဒီအထဲမွာ ျမန္မာ့စီးပြားေရးဦးပိုင္လိမိတက္ (MEHL) နဲ႔ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း (MEC) ဟာ စစ္တပ္ပိုင္ကုမၸဏီအျဖစ္ ထင္ရွားပါတယ္။ သူတို႔ေအာက္မွာ စီးပြားေရးလုပ္ငန္းေပါင္း (၁၀၅) ခု ရိွတယ္လို႔ ေဖာ္ျပထားပါတယ္။
ခရိုနီကုမၸဏီေတြနဲ႔လည္း နီးကပ္စြာ ဆက္သြယ္ထားပါတယ္။ ရခိုင္စစ္ေဆးေရးမွာ ခရိုနီကုမၸဏီ (၄၅) ခုက ရန္ပံုေငြ ေထာက္ပံ့ထားပါတယ္။ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ား ေဆာင္ရြက္ေရးေကာ္မတီကို ကေမာၻဇအုပ္စုက ေဒၚလာ (၂) သန္းေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ကို ေဒၚလာ (၂) သန္းခြဲ လွဴဒါန္းခဲ့ၿပီး၊ Max Myanmar အုပ္စုကေတာ့ ေဒၚလာ (၁) သန္းခြဲ လွဴဒါန္းပါတယ္။ ၂၀၁၁ ေရြးေကာက္ပြဲအစိုးရ ဖြဲ႔စည္းခ်ိန္မွာ ကခ်င္ျပည္နယ္မွာ တိုက္ပြဲျပန္လည္ျဖစ္ပြားၿပီး ေက်ာက္စိမ္းတူးေဖာ္မႈနဲ႔ နယ္စပ္ကုန္သြယ္မႈကို စစ္တပ္က ခ်ဳပ္ကိုင္လိုက္တာမို႔ ေျမာက္ပိုင္းတုိင္းက စစ္ဗိုလ္အဆင့္ဆင့္ အက်ဳိးအျမတ္ ရရိွပါတယ္။
လက္နက္ကိုင္ပဋိပကၡ ျဖစ္ပြားေနတဲ့ ကခ်င္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ စစ္တပ္ရဲ ႔ စီးပြားေရးလုပ္ငန္းေတြ ရိွပါတယ္။ စစ္တပ္ပိုင္ေက်ာက္စိမ္းနဲ႔ ပတၱျမားလုပ္ငန္းေပါင္း (၂၃) ခု ေတြ႔ရတယ္လို႔ ေဖာ္ျပပါတယ္။ စစ္တပ္စီးပြားေရးလုပ္ငန္းေတြနဲ႔ ပတ္သက္တဲ့ ႏိုင္ငံျခားကုမၸဏီ (၄၄) ခု ရိွၿပီး၊ တပ္နဲ႔ဖက္စပ္လုပ္ထားတဲ့ ႏုိင္ငံျခားကုမၸဏီက (၁၄) ခု ရိွပါတယ္။ လက္နက္ခဲယမ္းနဲ႔ အျခားပစၥည္းေတြ တပ္မေတာ္ကို ေရာင္းခ်ေနတဲ့ ႏိုင္ငံ (၇) ႏုိင္ငံ ရိွပါတယ္။ ဒီအထဲမွာ ႏိုင္ငံပိုင္ကုမၸဏီ (၁၂) ခုနဲ႔ ပုဂၢလိကပိုင္ကုမၸဏီ (၂) ခုပါ ပါဝင္ပါတယ္။ စစ္ဘက္ေရာ အရပ္ဘက္ပါသံုးလို႔ ရတဲ့ပစၥည္းေတြ တပ္မေတာ္ကို ေရာင္းခ်ေနတဲ့ ပုဂၢလိကပိုင္ ႏိုင္ငံျခားကုမၸဏီ (၇) ခု ရိွေၾကာင္းကိုလည္း ကုလသမဂၢမစ္ရွင္က ေဖာ္ျပထားပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္နဲ႔ ပူးေပါင္းၿပီး သဘာဝသယံဇာတ ထုတ္ယူေနတဲ့ ႏုိင္ငံျခားကုမၸဏီလည္း ရိွပါတယ္။
ထူးျခားတာကေတာ့ စစ္တပ္ပိုင္လုပ္ငန္းႀကီး (၂) ခု ျဖစ္တဲ့ MEHL နဲ႔ MEC ကို ႏုိင္ငံပိုင္ မဟုတ္ဘူးလို႔ သတ္မွတ္ထားတဲ့ အခ်က္ပါပဲ။ MEHL နဲ႔ MEC ရဲ ႔ အစုရွယ္ယာားလံုးကို လက္ရိွစစ္ဗိုလ္နဲ႔ အၿငိမ္းစား စစ္ဗိုလ္ေတြက ပိုင္ဆိုင္ပါတယ္။ MEHL မွာ အစုရွယ္ယာ ပိုင္ဆိုင္သူ (၃၂၀,၀၀၀) ေက်ာ္ရိွတယ္လို႔ မန္ေနဂ်ာ ဗိုလ္မွဴးေဟာင္းလွမ်ဳိးက ေျပာေၾကာင္း ၂၀၁၇ ေဖေဖၚဝါရီလ (၁) ရက္ေန႔ထုတ္ Financial Times သတင္းစာမွာ Michael Peel က ေဖာ္ျပပါတယ္။ ၂၀၁၅-၁၆ မွာ MEHL ဟာ ေဒၚလာ (၇၅) သန္း အျမတ္အစြန္း ရရိွၿပီး၊ ဒီအထဲမွာ သံုးပံုတပံုကို အစုရွယ္ယာရွင္ေတြကို မွ်ေဝေပးတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ MEHL မွာ မေဖာ္ျပတဲ့ဝင္ေငြ အမ်ားအျပား ရိွႏိုင္ပါတယ္။ ၂၀၁၄ မွာ ေက်ာက္စိမ္း ေဒၚလာသန္း (၃၁,၀၀၀) ဖိုး ေရာင္းရတယ္လို႔ လန္ဒန္အေျခစိုက္ Global Witness အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
အမ်ားသိၾကတဲ့ စစ္တပ္ပိုင္ကုမၸဏီႀကီးေတြက စစ္ဗိုလ္ စီးပြားေရးေလာကရဲ ႔ ထြက္ျပဳစ အကင္းေလးသာ ျဖစ္တယ္လို႔ သံုးသပ္သူေတြလည္း ရိွပါတယ္။ အၿငိမ္းစား ဗိုလ္ခ်ဳပ္မွဴးႀကီး၊ ဗိုလ္ခ်ဳပ္ႀကီး၊ ဗိုလ္ခ်ဳပ္နဲ႔ ဗိုလ္မွဴးႀကီးေတြပိုင္တဲ့ စီးပြားေရးုလုပ္ငန္း အမ်ားအျပား ရိွပါတယ္။ အထူးသျဖင့္ ေက်ာက္မ်က္ေမွာင္ခိုလုပ္ငန္းကို ႀကီးစိုးၾကပါတယ္။ စစ္ဗိုလ္စီးပြားေရးနဲ႔ အရပ္သားျပဳျပင္ေရးဟာ ျပဒါးတလမ္း၊ သံတလမ္း မသက္ဆိုင္ေလာက္ေအာင္ ကြဲျပားျခားနားေနတယ္လို႔ ျမင္သူေတြလည္း ရိွပါတယ္။ MEHL ကိုယ္စားလွယ္နဲ႔ ေတြ႔ဖူးတဲ့ ႏုိင္ငံျခားအရာထမ္းတဦးကေတာ့ သီးျခားကမာၻက လူသားေတြနဲ႔ ေတြ႔ရသလိုပဲလို႔ မွတ္ခ်က္ခ်ထားပါတယ္။
ဟုတ္ပါတယ္။ MEHL နဲ႔ MIC ဟာ စစ္တပ္အတြက္ သီးျခားတည္ေဆာက္ထားတဲ့ အဖြဲ႔အစည္းေတြပါ။ စစ္တပ္ရဲ ႔ ပုဂၢလိကပိုင္ ကုမၸဏီသေဘာမ်ဳိးျဖစ္ေနၿပီး၊ လွ်ဳိ ႔ဝွက္စြာလုပ္ကိုင္တဲ့ အဖြဲ႔ေတြ ျဖစ္ပါတယ္။ စစ္ေခါင္းေဆာင္ပိုင္းကိုသာ အစီရင္ခံဖို႔ လိုပါတယ္။ ေရြးေကာက္ပြဲအစိုးရက ျပဳျပင္ေရးလုပ္လာတဲ့အခါမွာ (၂၀၁၇) ျမန္မာႏုိင္ငံမ်ားကုမၸဏီမ်ား ဥပေဒအရ စစ္တပ္ပိုင္ကုမၸဏီႀကီး (၂) ခုစလံုး ရင္းႏီွးျမဳပ္ႏံွမႈႏွင့္ ကုမၸဏီမ်ား ညႊန္ၾကားမွဳဦးစီးဌာန (DICA) ကို ႏွစ္စဥ္အစီရင္ခံစာ တင္ျပဖို႔ လိုအပ္လာပါတယ္။ ဒါေပမဲ့ အမ်ားျပည္သူသိရိွဖို႔အတြက္ ထုတ္ျပန္ေၾကညာစရာ မလိုေၾကာင္း သိရိွရပါတယ္။
စစ္တပ္ပိုင္စီးပြားေရးလုပ္ငန္းေတြမွာ အဂတိလိုက္စားမႈ အမ်ားဆံုး ေတြ႔ရတယ္လို႔ Michael Peel ရဲ ႔ သတင္းေဆာင္းပါးမွာ ေဖာ္ျပပါတယ္။ MEHL က စစ္ဗိုလ္ေတြဟာ စီးပြားေရးလုပ္ခ်င္တဲ့ ႏိုင္ငံျခားကုမၸဏီဆီက လာဘ္ယူေလ့ ရိွတယ္လို႔ ဆုိပါတယ္။ ဗိယက္နမ္ကာကြယ္ေရးဝန္ႀကီးဌာနပိုင္၊ Viettel နဲ႔ ပူးေပါင္းၿပီး တည္ေထာင္တဲ့ Mytel Telecom ဟာ စစ္တပ္ပိုင္ကုမၸဏီ ျဖစ္ပါတယ္။ ဒီလို စစ္တပ္လုပ္ငန္းေတြအျပင္ အစိုးရဘတ္ဂ်က္ အသံုးစရိတ္မွာလည္း စစ္တပ္ရယူတဲ့ ေဝစုဟာ အမ်ားဆံုး ျဖစ္ေနပါတယ္။ ဒီအေၾကာင္းကို ေရွ ႔အပတ္မွာ ဆက္လက္တင္ဆက္ပါမယ္။
==Unicode==
စစ်တပ်ကို သီးခြားလွတ်လပ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်အောင် အထောက်အကူပြုတဲ့ စီးပွားရေးနယ်ပယ် (၅) ခုကို လွန်ခဲ့တဲ့ သြဂုတ်လထုတ် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီအထဲမှာ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက် (MEHL) နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဟာ စစ်တပ်ပိုင်ကုမ္ပဏီအဖြစ် ထင်ရှားပါတယ်။ သူတို့အောက်မှာ စီးပွားရေးလုပ်ငန်းပေါင်း (၁၀၅) ခု ရှိတယ်လို့ ဖော်ပြထားပါတယ်။
ခရိုနီကုမ္ပဏီတွေနဲ့လည်း နီးကပ်စွာ ဆက်သွယ်ထားပါတယ်။ ရခိုင်စစ်ဆေးရေးမှာ ခရိုနီကုမ္ပဏီ (၄၅) ခုက ရန်ပုံငွေ ထောက်ပံ့ထားပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ ဆောင်ရွက်ရေးကော်မတီကို ကမ္ဘောဇအုပ်စုက ဒေါ်လာ (၂) သန်းကျော်၊ ကာကွယ်ရေးဦးစီးချုပ်ကို ဒေါ်လာ (၂) သန်းခွဲ လှူဒါန်းခဲ့ပြီး၊ Max Myanmar အုပ်စုကတော့ ဒေါ်လာ (၁) သန်းခွဲ လှူဒါန်းပါတယ်။ ၂၀၁၁ ရွေးကောက်ပွဲအစိုးရ ဖွဲ့စည်းချိန်မှာ ကချင်ပြည်နယ်မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားပြီး ကျောက်စိမ်းတူးဖော်မှုနဲ့ နယ်စပ်ကုန်သွယ်မှုကို စစ်တပ်က ချုပ်ကိုင်လိုက်တာမို့ မြောက်ပိုင်းတိုင်းက စစ်ဗိုလ်အဆင့်ဆင့် အကျိုးအမြတ် ရရှိပါတယ်။
လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိပါတယ်။ စစ်တပ်ပိုင်ကျောက်စိမ်းနဲ့ ပတ္တမြားလုပ်ငန်းပေါင်း (၂၃) ခု တွေ့ရတယ်လို့ ဖော်ပြပါတယ်။ စစ်တပ်စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ နိုင်ငံခြားကုမ္ပဏီ (၄၄) ခု ရှိပြီး၊ တပ်နဲ့ဖက်စပ်လုပ်ထားတဲ့ နိုင်ငံခြားကုမ္ပဏီက (၁၄) ခု ရှိပါတယ်။ လက်နက်ခဲယမ်းနဲ့ အခြားပစ္စည်းတွေ တပ်မတော်ကို ရောင်းချနေတဲ့ နိုင်ငံ (၇) နိုင်ငံ ရှိပါတယ်။ ဒီအထဲမှာ နိုင်ငံပိုင်ကုမ္ပဏီ (၁၂) ခုနဲ့ ပုဂ္ဂလိကပိုင်ကုမ္ပဏီ (၂) ခုပါ ပါဝင်ပါတယ်။ စစ်ဘက်ရော အရပ်ဘက်ပါသုံးလို့ ရတဲ့ပစ္စည်းတွေ တပ်မတော်ကို ရောင်းချနေတဲ့ ပုဂ္ဂလိကပိုင် နိုင်ငံခြားကုမ္ပဏီ (၇) ခု ရှိကြောင်းကိုလည်း ကုလသမဂ္ဂမစ်ရှင်က ဖော်ပြထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပူးပေါင်းပြီး သဘာဝသယံဇာတ ထုတ်ယူနေတဲ့ နိုင်ငံခြားကုမ္ပဏီလည်း ရှိပါတယ်။
ထူးခြားတာကတော့ စစ်တပ်ပိုင်လုပ်ငန်းကြီး (၂) ခု ဖြစ်တဲ့ MEHL နဲ့ MEC ကို နိုင်ငံပိုင် မဟုတ်ဘူးလို့ သတ်မှတ်ထားတဲ့ အချက်ပါပဲ။ MEHL နဲ့ MEC ရဲ့ အစုရှယ်ယာားလုံးကို လက်ရှိစစ်ဗိုလ်နဲ့ အငြိမ်းစား စစ်ဗိုလ်တွေက ပိုင်ဆိုင်ပါတယ်။ MEHL မှာ အစုရှယ်ယာ ပိုင်ဆိုင်သူ (၃၂၀,၀၀၀) ကျော်ရှိတယ်လို့ မန်နေဂျာ ဗိုလ်မှူးဟောင်းလှမျိုးက ပြောကြောင်း ၂၀၁၇ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ထုတ် Financial Times သတင်းစာမှာ Michael Peel က ဖော်ပြပါတယ်။ ၂၀၁၅-၁၆ မှာ MEHL ဟာ ဒေါ်လာ (၇၅) သန်း အမြတ်အစွန်း ရရှိပြီး၊ ဒီအထဲမှာ သုံးပုံတပုံကို အစုရှယ်ယာရှင်တွေကို မျှဝေပေးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ MEHL မှာ မဖော်ပြတဲ့ဝင်ငွေ အများအပြား ရှိနိုင်ပါတယ်။ ၂၀၁၄ မှာ ကျောက်စိမ်း ဒေါ်လာသန်း (၃၁,၀၀၀) ဖိုး ရောင်းရတယ်လို့ လန်ဒန်အခြေစိုက် Global Witness အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အများသိကြတဲ့ စစ်တပ်ပိုင်ကုမ္ပဏီကြီးတွေက စစ်ဗိုလ် စီးပွားရေးလောကရဲ့ ထွက်ပြုစ အကင်းလေးသာ ဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးကြီးတွေပိုင်တဲ့ စီးပွားရေးုလုပ်ငန်း အများအပြား ရှိပါတယ်။ အထူးသဖြင့် ကျောက်မျက်မှောင်ခိုလုပ်ငန်းကို ကြီးစိုးကြပါတယ်။ စစ်ဗိုလ်စီးပွားရေးနဲ့ အရပ်သားပြုပြင်ရေးဟာ ပြဒါးတလမ်း၊ သံတလမ်း မသက်ဆိုင်လောက်အောင် ကွဲပြားခြားနားနေတယ်လို့ မြင်သူတွေလည်း ရှိပါတယ်။ MEHL ကိုယ်စားလှယ်နဲ့ တွေ့ဖူးတဲ့ နိုင်ငံခြားအရာထမ်းတဦးကတော့ သီးခြားကမ္ဘာက လူသားတွေနဲ့ တွေ့ရသလိုပဲလို့ မှတ်ချက်ချထားပါတယ်။
ဟုတ်ပါတယ်။ MEHL နဲ့ MIC ဟာ စစ်တပ်အတွက် သီးခြားတည်ဆောက်ထားတဲ့ အဖွဲ့အစည်းတွေပါ။ စစ်တပ်ရဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီသဘောမျိုးဖြစ်နေပြီး၊ လျှို့ဝှက်စွာလုပ်ကိုင်တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ပိုင်းကိုသာ အစီရင်ခံဖို့ လိုပါတယ်။ ရွေးကောက်ပွဲအစိုးရက ပြုပြင်ရေးလုပ်လာတဲ့အခါမှာ (၂၀၁၇) မြန်မာနိုင်ငံများကုမ္ပဏီများ ဥပဒေအရ စစ်တပ်ပိုင်ကုမ္ပဏီကြီး (၂) ခုစလုံး ရင်းနှီးမြုပ်နံှမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ကို နှစ်စဉ်အစီရင်ခံစာ တင်ပြဖို့ လိုအပ်လာပါတယ်။ ဒါပေမဲ့ အများပြည်သူသိရှိဖို့အတွက် ထုတ်ပြန်ကြေညာစရာ မလိုကြောင်း သိရှိရပါတယ်။
စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေမှာ အဂတိလိုက်စားမှု အများဆုံး တွေ့ရတယ်လို့ Michael Peel ရဲ့ သတင်းဆောင်းပါးမှာ ဖော်ပြပါတယ်။ MEHL က စစ်ဗိုလ်တွေဟာ စီးပွားရေးလုပ်ချင်တဲ့ နိုင်ငံခြားကုမ္ပဏီဆီက လာဘ်ယူလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဗိယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင်၊ Viettel နဲ့ ပူးပေါင်းပြီး တည်ထောင်တဲ့ Mytel Telecom ဟာ စစ်တပ်ပိုင်ကုမ္ပဏီ ဖြစ်ပါတယ်။ ဒီလို စစ်တပ်လုပ်ငန်းတွေအပြင် အစိုးရဘတ်ဂျက် အသုံးစရိတ်မှာလည်း စစ်တပ်ရယူတဲ့ ဝေစုဟာ အများဆုံး ဖြစ်နေပါတယ်။ ဒီအကြောင်းကို ရှေ့အပတ်မှာ ဆက်လက်တင်ဆက်ပါမယ်။