သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဝါဒလေ့လာရေးအဖွဲ့များ


ISP ဦးအောင်သူငြိမ်း၊ မြန်မာ့အရေးလေ့လာသူ ဒေါက်တာရန်မျိုးသိန်း နှင့် ကိုကျော်ကျော်သိန်း (VOA)
ISP ဦးအောင်သူငြိမ်း၊ မြန်မာ့အရေးလေ့လာသူ ဒေါက်တာရန်မျိုးသိန်း နှင့် ကိုကျော်ကျော်သိန်း (VOA)
မူဝါဒလေ့လာရေးအဖွဲ့များ
please wait

No media source currently available

0:00 0:05:42 0:00
တိုက်ရိုက် လင့်ခ်

ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ မြန်မာပြည်ရောက်နေတဲ့သတင်းကို မီဒီယာမျိုးစုံက ဖော်ပြကြပါတယ်။ အစိုးရဌာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကြေညာချက်ထုတ်ပြန်ပြီး ပြည်သူလူထုကို သတိပေးကြပါတယ်။ ဒီအထဲမှာ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးဌာန Institute for Strategy and Policy ရဲ့ ကိုဗစ်-၁၉ အထူးသုံးသပ်ချက် (၃) ခုဟာ ထင်ရှားပါတယ်။ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို ပညာရှင်တွေက လေ့လာသုံးသပ်ထားပါတယ်။ ဧပြီလမှာ တကြိမ်၊ မေလမှာ နှစ်ကြိမ် အခမဲ့ထုတ်ဝေတာမို့ တာဝန်ရှိသူတွေ လေ့လာသင့်ပါတယ်။

နိုင်ငံတိုင်းမှာ အစိုးရအကြံပေးအဖွဲ့ ရှိသလို၊ လွတ်လပ်တဲ့ တသီးပုဂ္ဂလ မူဝါဒရေးရာသုတေသနအဖွဲ့လည်း ရှိပါတယ်။ မူဝါဒလေ့လာရေးအကြံပေးအဖွဲ့ Think Tank ရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ ပါဝင်တာကိုလည်း ကမ္ဘာပေါ်မှာ အသိအမှတ်ပြုထားတာ ကြာပါပြီ။ အမေရိကန်က Pennsylvania တက္ကသိုလ်ရဲ့ ၂၀၁၉ စာရင်းအရ ကမ္ဘာမှာ မူဝါဒလေ့လာရေးအဖွဲ့ (၈၂၄၈) ရှိပါတယ်။ အမေရိကန်မှာ (၁၈၇၂) ဖွဲ့ရှိလို့ အများဆုံး ဖြစ်ပါတယ်။ အိန္ဒိယက (၅၀၉) နဲ့ ဒုတိယလိုက်နေပြီး၊ တရုတ်က (၅၀၇) ဖွဲ့နဲ့ တတိယ ဖြစ်နေပါတယ်။ အင်္ဂလန်မှာ (၃၂၁)၊ ဂျာမဏီ (၂၁၈) ရှိပါတယ်။ ရုရှားမှာ (၂၁၅) ဖွဲ့ရှိပြီး ဂျပန်မှာ (၁၂၈) ဖွဲ့ ရှိပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနေရှားက (၃၁) ဖွဲ့ရှိလို့ အများဆုံး ဖြစ်ပါတယ်။ မလေးရှားမှာ (၂၃) ဖွဲ့၊ ဖိလစ်ပိုင်မှာ (၂၁) ဖွဲ့၊ စင်္ကာပူမှာ (၁၈) ဖွဲ့၊ ထိုင်းမှာ (၁၅) ဖွဲ့၊ ကမ္ဘောဒီးယားမှာ (၁၄) ဖွဲ့၊ ဗိယက်နမ်မှာ (၁၁) ဖွဲ့၊ လာအိုမှာ (၄) ဖွဲ့ ရှိကြောင်း ဖော်ပြထားပါတယ်။ ဒီစာရင်းမှာ မြန်မာမပါပါဘူး။ ဒါပေမဲ့ အာရှဖောင်ဒေးရှင်းက (၂၀၁၆) မှာ ထုတ်ပြန်ထားတဲ့ “Policy Institute” စာရင်းမှာတော့ မြန်မာပြည်မှာ မူဝါဒလေ့လာရေးအဖွဲ့ပေါင်း (၄၆) ဖွဲ့ ရှိတယ်လို့ ဖော်ပြထားပြီး တဖွဲ့ချင်းရဲ့ မှတ်တမ်းအကျဉ်းကိုလည်း ဖော်ပြထားပါတယ်။ ဒီအတိုင်းဆိုရင် အာဆီယံနိုင်ငံတွေထဲမှာ မူဝါဒလေ့လာရေးအဖွဲ့ အများဆုံးရှိတာဟာ မြန်မာပြည် ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီစာရင်းထဲမှာ အမျိုးသမီးအရေး၊ ပညာရေး၊ တိုင်းရင်းသားအရေးစတဲ့ ရေးရာအရပ်သား အသင်းအဖွဲ့တွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

ယထာဘူတကျစွာ ကြည့်ရှုဆင်ခြင်နိုင်ဖို့အတွက် မူဝါဒလေ့လာရေးအဖွဲ့ဟာ သူ့တပါးသြဇာမဟုတ်ဘဲ၊ မိမိဘာသာသီးခြားလွတ်လပ်စွာ ရပ်တည်နိုင်ရမယ်ဆိုတဲ့ အနောက်တိုင်းအယူအဆ ရှိပါတယ်။ ဒါပေမဲ့ အာဏာရှင်ဓလေ့ ရင့်သန်နေတဲ့ နိုင်ငံတွေမှာတော့ အာဏာပိုင်အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ မူဝါဒလေ့လာရေးအဖွဲ့တွေ ရှိလာပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ နှီးနှောဖလှယ်ပွဲတွေ ကျင်းပတယ်။ စာအုပ်စာတမ်း အစီရင်ခံစာနဲ့ စာစောင်တွေ ထုတ်ဝေပါတယ်။ ဘာသာရပ်ဆိုင်ရာ လေ့လာဆန်းစစ်ရေးအဖွဲ့တွေလည်း ရှိပါတယ်။ အရပ်သားအသင်းအဖွဲ့ (Civil Society) နဲ့ မူဝါဒလေ့လာရေးအဖွဲ့ဟာ ကွာခြားပါတယ်။ လေ့လာဆန်းစစ်ရေးအဖွဲ့ဟာ သုတေသီစုံညီတဲ့အဖွဲ့ ဖြစ်တာမို့ အရေးကိစ္စတခုအတွက် စည်းရုံးလှုံဆော်တာမျိုး၊ ဆန္ဒပြကန့်ကွက်တာမျိုး မလုပ်ကြပါဘူး။

အခုလို ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ရင်ဆိုင်နေရလို့ တပြည်လုံးအကျပ်အတည်း ဖြစ်နေချိန်မှာ မူဝါဒလေ့လာရေးအဖွဲ့တွေဟာ အရေးကြီးတဲ့အခန်းက ပါဝင်နိုင်ပါတယ်။ ပြည်သူလူထုနဲ့ရော အာဏာပိုင်နဲ့ရော ထိတွေ့နေတဲ့ အဖွဲ့အစည်းတွေဖြစ်လို့ သတင်းမှားနဲ့ လုပ်ကြံသတင်းတွေကို ရှင်းလင်းနိုင်ပါတယ်။ ပြဿနာတခုကို ဘက်ပေါင်းစုံကကြည့်ပြီး အမြန်ဆုံးတင်ပြတာဟာ မူဝါဒလေ့လာရေးအဖွဲ့ရဲ့ လုပ်ရိုးလုပ်စဉ်လုပ်ငန်း ဖြစ်ပါတယ်။ သတင်းဖြန့်ချီဖို့ မဟုတ်ဘဲ၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာမယ့် လူမှုစီးပွားရေး ဒုက္ခတွေကိုလည်း ပြည်သူလူထု နားလည်အောင် မူဝါဒလေ့လာရေးအဖွဲ့တွေက လိုရင်းတိုရှင်း ပြောပြနိုင်ပါတယ်။ ဒီလိုအယူအဆအမျိုးမျိုး၊ လုပ်ကွက်အမျိုးမျိုးနဲ့ အကျိုးသက်ရောက်မှုအမျိုးမျိုးကို ရှင်းလင်းတင်ပြတမျိုးကို အစိုးရဌာနတွေ လုပ်လေ့လုပ်ထ မရှိတာကို တွေ့ရပါတယ်။

Pennsylvania တက္ကသိုလ်ထုတ် ၂၀၁၉ Think Tank အညွန်းမှာ အရှေ့အာရှက ထိပ်တန်းအဖွဲ့ (၁၀၇) ဖွဲ့ကို ဖော်ပြထားပါတယ်။ ထိပ်တိုင်းမှာ စင်္ကာပူရဲ့ မူဝါဒလေ့လာရေး Think Tank (၈) ဖွဲ့ ပါဝင်ပါတယ်။ မြန်မာကတော့ Tagaung Institute of Political Studies က အဆင့် (၉၄)၊ Institute for Strategy and Policy (ISP) က အဆင့် (၁၀၃) မှာ ရှိပါတယ်။ ထိုင်းနိုင်ငံကနာမည်ကျော် Asian Institute of Technology က အဆင့် (၁၀၄)၊ မလေးရှားက Asia-Europe Institute က အဆင့် (၁၀၇) အသီးသီး ရှိကြပါတယ်။

ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေ ခေါင်းဆောင်ခဲ့တဲ့ အစိုးရတွေနဲ့ ဦးသိန်းစိန်အစိုးရတို့ကြား ထင်ရှားတဲ့ ကွာခြားချက်က အကြံဉာဏ် လက်ခံနိုင်မှု ဖြစ်ပါတယ်။ ဦးနေဝင်း ကြီးစိုးခဲ့တဲ့ (၂၆) နှစ်နဲ့ ဦးသန်းရွှေ ကြီးစိုးခဲ့တဲ့ (၂၂) နှစ် စုစုပေါင်း (၄၈) နှစ်ကာလမှာ ဗမာအစိုးရဟာ ပြည်တွင်းပြည်ပ အကြံဉာဏ်တွေကို လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရကတော့ အာဏာရယူပြီး မကြာမီ ပြည်တွင်းမှာ အကြံပေးအဖွဲ့တွေ ဖွဲ့စည်းရုံသာမကဘဲ နိုင်ငံခြားအကြံဉာဏ်ကိုပါ ကြိုဆိုတာကို တွေ့ရပါတယ်။ လက်ရှိအစိုးရက မူဝါဒလေ့လာရေးအဖွဲ့တွေရဲ့ အကြံဉာဏ်ကို ဘယ်လောက် လက်ခံတယ်ဆိုတာကိုတော့ စောင့်ကြည့်ဖို့သာ ရှိပါတယ်။

===Unicode==








XS
SM
MD
LG