သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစိုးရလက္ေအာက္ခံ မဟုတ္တဲ့ အစိုးရတပ္


NCA ေလးႏွစ္ျပည့္ အခမ္းအနားတြင္ ေတြ႔ရသည့္ တပ္မေတာ္အရာရွိႀကီးမ်ား။ (ေနျပည္ေတာ္၊ ေအာက္တိုဘာ ၂၈၊ ၂၀၁၉ )
အစိုးရလက္ေအာက္ခံ မဟုတ္တဲ့ အစိုးရတပ္
please wait

No media source currently available

0:00 0:05:14 0:00
တိုက္႐ိုက္ လင့္ခ္

လြန္ခဲ့တဲ့ (၂၀၀၇) ကစၿပီး ရခိုင္ျပည္နယ္မွာ လူ႔အခြင့္အေရးခ်ဳိးဖ်က္မႈနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ေခါင္းေဆာင္ပိုင္းက ထိပ္တန္းအရာရိွ (၁၄) ဦးကို ဒဏ္ခတ္အေရးယူထားဆဲ့ျဖစ္ေၾကာင္း ၿဗိတိသွ်အစိုးရက ဧၿပီလ (၂၇) ရက္ေန႔က ေၾကညာပါတယ္။ ဒီအရာရိွေတြကို ၿဗိတိန္ႏိုင္ငံဝင္ခြင့္မျပဳဘဲ၊ သူတို႔နဲ႔ ဘ႑ာေရးဆက္သြယ္တဲ့ အဂၤလိပ္ကုမၸဏီကို ရာဇဝင္ေၾကာင္းအရ အေရးယူမယ္လို႔ ဆုိပါတယ္။ အေမရိကန္ကလည္း အလားတူ အေရးယူထားပါတယ္။ ဒါေပမဲ့ အေရးယူခံရသူေတြဟာ အဂၤလန္၊ အေမရိကန္တုိ႔နဲ႔ ရင္းႏီွးသူေတြ မဟုတ္လို႔ ဘာမွအရာေရာက္မွာ မဟုတ္ဘူးလို႔ ျမင္ၾကပါတယ္။

ျမန္မာအစိုးရတပ္ရဲ ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈကို စံုစမ္းေလ့လာတဲ့ ကုလသမဂၢအခ်က္အလက္ ရွာေဖြေရးမစ္ရွင္က (၂၀၁၈) ေႏွာင္းပိုင္းမွာ အစီရင္ခံစာထုတ္ေဝၿပီးတဲ့ ေနာက္ပိုင္း တာဝန္ရိွသူေတြကို အေရးယူဖို႔ ေဆာင္ရြက္လာတာ ျဖစ္ပါတယ္။ ၂၀၁၁ ကေန ၂၀၁၈ အထိ ဒီမိုကေရစီ ျပဳျပင္ေရးလုပ္ဖို႔ ေရြးေကာက္ပြဲအစိုးရေတြ ႀကိဳးပမ္းခ်ိန္မွာ တသီးတျခား ရပ္တည္ေနတဲ့ တပ္မေတာ္ဟာ ရာဇဝတ္မႈမ်ဳိးစံုကို က်ဴးလြန္တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ျပစ္ဒဏ္ကင္းလြတ္ခြင့္ရေနတာမို႔ အစိုးရတပ္အေနနဲ႔ တာဝန္သိဖို႔အတြက္ ႏုိ္င္ငံတကာအသိုင္းအဝိုင္းက တြန္းအားေပးရမယ္လို႔ အႀကံျပဳထားပါတယ္။

NLD အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ေရြးေကာက္ပြဲအႏိုင္ရလို႔ (၂၀၁၆) မတ္လကစၿပီး အစိုးရဖြဲ႔စည္းခဲ့ေပမယ့္ စစ္တပ္ဟာ သီးသန္႔အဖြဲ႔အစည္းအျဖစ္ ရပ္တည္ေနပါတယ္။ ကာကြယ္ေရး၊ ျပည္ထဲေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးဌာနေတြဟာ စစ္တပ္လက္ေအာက္ခံျဖစ္ေနၿပီး စစ္ဦးစီးခ်ဳပ္ ေရြးခ်ယ္တဲ့ စစ္ဗုိလ္ေတြဟာ လႊတ္ေတာ္မွာ ေနရာယူၾကပါတယ္။ ဒီဌာနေတြအေပၚမွာ NLD အစိုးရ ၾသဇာမရိွပါဘူး။ ဒါေပမဲ့ စစ္တပ္ရဲ ႔ တရားဝင္အသံုးစရိတ္ကိုေတာ့ NLD အစိုးရက အတည္ျပဳရပါတယ္။ ေရြးေကာက္တင္ေျမွာက္တဲ့ အစိုးရအမိန္႔ကို နာခံစရာမလိုတဲ့ အစိုးရစစ္တပ္အျဖစ္ ရပ္တည္ႏိုင္ေအာင္ (၂၀၀၈) အေျခခံဥပေဒက ဖန္တီးထားတာ ျဖစ္ပါတယ္။ အႏွစ္ (၂၀) ေက်ာ္ၾကာတဲ့ စစ္အစိုးရလက္ထက္မွာ စစ္တပ္ဟာ စီးပြားေရးလုပ္ငန္းမ်ဳိးစံုနဲ႔ ခရိုနီအသိုင္းအဝိုင္းကို တည္ေဆာက္ႏိုင္ခဲ့ပါတယ္။ အဲဒီလုပ္ငန္းေတြဟာ ဒီကေနအထိ ရွင္သန္ေနၿပီး စစ္တပ္ကို အက်ဳိးျပဳေနဆဲ ျဖစ္ပါတယ္။

အစိုးရဘတ္ဂ်က္အသံုးစရိတ္မွာမပါတဲ့ စစ္တပ္ရဲ ႔ဝင္ေငြဟာ သမားရိုးက်မဟုတ္တဲ့ ဝင္ေငြျဖစ္တယ္လို႔ ကုလသမဂၢမစ္ရွင္က သတ္မွတ္ပါတယ္။ ဒီလိုသမာရိုးက်မဟုတ္တဲ့ ဝင္ေငြရင္းျမစ္ေတြ ရိွေနလို႔ စစ္တပ္ဟာ ဘယ္သူ႔ကိုမွ ဂရုမစိုက္ဘဲ တသီးတျခား ရပ္တည္ႏိုင္တာလို႔ ယူဆပါတယ္။ ဒါေၾကာင့္ တပ္မေတာ္ရဲ ႔ စီးပြားေရးလုပ္ငန္းေတြကို ဆန္းစစ္ေလ့လာၿပီး သင့္ေတာ္သလို အေရးယူဖို႔ ကုလသမဂၢမစ္ရွင္းက အႀကံေပးထားပါတယ္။ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီိက ျမန္မာစစ္တပ္ရဲ ႔ အက်ဳိးစီးပြား The Economic Interests of Myanmar Military ဆိုတဲ့ စာမ်က္ႏွာ တစ္ရာေက်ာ္စာတမ္းကို ၂၀၁၉ စက္တင္ဘာလက ထုတ္ေဝပါတယ္။ စစ္တပ္ရဲ ႔ စီးပြားေရး အရင္းအျမစ္ကို ျဖတ္ပစ္ဖို႔ ရည္ရြယ္တာ ျဖစ္ပါတယ္။

စီးပြားေရးမွာ ႀကီးစိုးၿပီး တသီးတျခားရပ္တည္ႏုိင္တဲ့ အေနအထားမွာ မရိွေတာ့တဲ့ တပ္မေတာ္ဟာ အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးဥပေဒကို ရိုေသေလးစားလာၿပီး၊ တာဝန္သိလာလိမ့္မယ္လို႔ ကုလသမဂၢမစ္ရွင္က ေမွ်ာ္လင့္ထားပံုရပါတယ္။ ဒီလိုအေျခအေနကို ေရာက္ဖို႔အတြက္ တပ္မေတာ္ကို ျပဳျပင္ေျပာင္းလဲရမယ္လို႔လည္း ဆိုပါတယ္။ တပ္မေတာ္ပိုင္ ကုမၸဏီအားလံုးနဲ႔ လက္ေအာက္ခံလုပ္ငန္းေတြကို ပစ္မွတ္ထားၿပီး စီးပြားေရးအရ အေရးယူပိတ္ဆို႔မႈေတြ လုပ္သင့္တယ္လို႔ ကုလသမဂၢမစ္ရွင္က အႀကံျပဳထားပါတယ္။ ဒါေပမဲ့ ျပည္သူလူထုရဲ ႔ လူမႈအက်ဳိးစီးပြားကို မထိခိုက္ေအာင္ အေသအခ်ာ စဥ္းစားခ်င့္ခ်ိန္ၿပီးမွာ ဒဏ္ခတ္အေရးယူတာေတြ လုပ္ရမယ္လို႔ ဆိုပါတယ္။ လူ႔အခြင့္အေရး ခ်ဳိးဖ်က္ရာမွာ တာဝန္ရိွတဲ့ တပ္မေတာ္အရာရိွေတြကို ပစ္မွတ္ထားၿပီး အေရးယူဖို႔လည္း တိုက္တြန္းထားပါတယ္။

NLD အစိုးရေဆာင္ရြက္ဖို႔ ကုလသမဂၢမစ္ရွင္က အႀကံေပးထားတာေတြကေတာ့ အမ်ားႀကီးပါပဲ။ တပ္မေတာ္ကို အရပ္ဘက္ထိန္းခ်ဳပ္မႈနဲ႔ ႀကီးၾကပ္မႈေအာက္ကို အျပည့္အဝ ေရာက္ရိွေအာင္ လုပ္ေဆာင္ရမယ္လို႔ ဆိုပါတယ္။ ေနာက္ေတာ့ တပ္မေတာ္ရန္ပံုေငြအားလံုးကို လႊတ္ေတာ္ရဲ ႔ ထိန္းခ်ဳပ္မႈေအာက္မွာ ထားရမယ္လို႔ ဆိုပါတယ္။ တပ္မေတာ္ကို စီးပြားေရးမလုပ္ဖို႔ တားျမစ္တဲ့ ဥပေဒကိုိ လႊတ္ေတာ္က ျပဌာန္းၿပီး၊ စီးပြားေရးလုပ္ငန္းမွာ စစ္ဗိုလ္ေတြ ပါဝင္ေနတာကို ပိတ္ပင္တားျမစ္ရမယ္လို႔လည္း ဆုိပါတယ္။

ကုလသမဂၢမစ္ရွင္ဟာ ကိုယ္ျဖစ္ေစခ်င္တာကို စိတ္ကူးယဥ္ၿပီး အႀကံေပးေနတာ သိသာထင္ရွားပါတယ္။ အေျခခံဥပေဒကို အဖ်ားအနားေတာင္ ျပင္ဆင္ဖုိ႔ ခက္ခဲပါတယ္။ NLD အစိိုးရက မၾကာေသးမီက ျပင္ဆင္ဖို႔ ႀကိဳးစားတာ အခ်ည္းႏီွး ျဖစ္သြားပါတယ္။ အႏွစ္ (၇၀) ေလာက္ရိွၿပီျဖစ္တဲ့ စစ္တပ္ရဲ ႔ စီးပြားေရးအစဥ္အလာကို ကြယ္ေပ်ာက္ေအာင္လုပ္ဖို႔ကိစၥဟာ အေျပာလြယ္သေလာက္ လက္ေတြ႔လုပ္ဖို႔ ခက္ခဲပါတယ္။ စစ္တပ္ကို မဆက္ဆံဖို႔ ႏိုိင္ငံျခားအဖြဲ႔အစည္းေတြကို တိုက္တြန္းတာေလာက္ပဲ လုပ္ႏိုင္လိမ့္မယ္ ထင္ပါတယ္။ ေရွ ႔အပတ္မွာ အစိုးရတပ္ရဲ ႔ စီးပြားေရးလုပ္ငန္းအေၾကာင္း တင္ျပပါမယ္။


==Unicode ==

လွန်ခဲ့တဲ့ (၂၀၀၇) ကစပြီး ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖျက်မှုနဲ့ ပတ်သက်ပြီး တပ်မတော်ခေါင်းဆောင်ပိုင်းက ထိပ်တန်းအရာရှိ (၁၄) ဦးကို ဒဏ်ခတ်အရေးယူထားဆဲ့ဖြစ်ကြောင်း ဗြိတိသျှအစိုးရက ဧပြီလ (၂၇) ရက်နေ့က ကြေညာပါတယ်။ ဒီအရာရှိတွေကို ဗြိတိန်နိုင်ငံဝင်ခွင့်မပြုဘဲ၊ သူတို့နဲ့ ဘဏ္ဍာရေးဆက်သွယ်တဲ့ အင်္ဂလိပ်ကုမ္ပဏီကို ရာဇဝင်ကြောင်းအရ အရေးယူမယ်လို့ ဆိုပါတယ်။ အမေရိကန်ကလည်း အလားတူ အရေးယူထားပါတယ်။ ဒါပေမဲ့ အရေးယူခံရသူတွေဟာ အင်္ဂလန်၊ အမေရိကန်တို့နဲ့ ရင်းနှီးသူတွေ မဟုတ်လို့ ဘာမှအရာရောက်မှာ မဟုတ်ဘူးလို့ မြင်ကြပါတယ်။

မြန်မာအစိုးရတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို စုံစမ်းလေ့လာတဲ့ ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးမစ်ရှင်က (၂၀၁၈) နှောင်းပိုင်းမှာ အစီရင်ခံစာထုတ်ဝေပြီးတဲ့ နောက်ပိုင်း တာဝန်ရှိသူတွေကို အရေးယူဖို့ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။ ၂၀၁၁ ကနေ ၂၀၁၈ အထိ ဒီမိုကရေစီ ပြုပြင်ရေးလုပ်ဖို့ ရွေးကောက်ပွဲအစိုးရတွေ ကြိုးပမ်းချိန်မှာ တသီးတခြား ရပ်တည်နေတဲ့ တပ်မတော်ဟာ ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာမို့ အစိုးရတပ်အနေနဲ့ တာဝန်သိဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက တွန်းအားပေးရမယ်လို့ အကြံပြုထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအနိုင်ရလို့ (၂၀၁၆) မတ်လကစပြီး အစိုးရဖွဲ့စည်းခဲ့ပေမယ့် စစ်တပ်ဟာ သီးသန့်အဖွဲ့အစည်းအဖြစ် ရပ်တည်နေပါတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေဟာ စစ်တပ်လက်အောက်ခံဖြစ်နေပြီး စစ်ဦးစီးချုပ် ရွေးချယ်တဲ့ စစ်ဗိုလ်တွေဟာ လွှတ်တော်မှာ နေရာယူကြပါတယ်။ ဒီဌာနတွေအပေါ်မှာ NLD အစိုးရ သြဇာမရှိပါဘူး။ ဒါပေမဲ့ စစ်တပ်ရဲ့ တရားဝင်အသုံးစရိတ်ကိုတော့ NLD အစိုးရက အတည်ပြုရပါတယ်။ ရွေးကောက်တင်မြှောက်တဲ့ အစိုးရအမိန့်ကို နာခံစရာမလိုတဲ့ အစိုးရစစ်တပ်အဖြစ် ရပ်တည်နိုင်အောင် (၂၀၀၈) အခြေခံဥပဒေက ဖန်တီးထားတာ ဖြစ်ပါတယ်။ အနှစ် (၂၀) ကျော်ကြာတဲ့ စစ်အစိုးရလက်ထက်မှာ စစ်တပ်ဟာ စီးပွားရေးလုပ်ငန်းမျိုးစုံနဲ့ ခရိုနီအသိုင်းအဝိုင်းကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေဟာ ဒီကနေအထိ ရှင်သန်နေပြီး စစ်တပ်ကို အကျိုးပြုနေဆဲ ဖြစ်ပါတယ်။

အစိုးရဘတ်ဂျက်အသုံးစရိတ်မှာမပါတဲ့ စစ်တပ်ရဲ့ဝင်ငွေဟာ သမားရိုးကျမဟုတ်တဲ့ ဝင်ငွေဖြစ်တယ်လို့ ကုလသမဂ္ဂမစ်ရှင်က သတ်မှတ်ပါတယ်။ ဒီလိုသမာရိုးကျမဟုတ်တဲ့ ဝင်ငွေရင်းမြစ်တွေ ရှိနေလို့ စစ်တပ်ဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ တသီးတခြား ရပ်တည်နိုင်တာလို့ ယူဆပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆန်းစစ်လေ့လာပြီး သင့်တော်သလို အရေးယူဖို့ ကုလသမဂ္ဂမစ်ရှင်းက အကြံပေးထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွား The Economic Interests of Myanmar Military ဆိုတဲ့ စာမျက်နှာ တစ်ရာကျော်စာတမ်းကို ၂၀၁၉ စက်တင်ဘာလက ထုတ်ဝေပါတယ်။ စစ်တပ်ရဲ့ စီးပွားရေး အရင်းအမြစ်ကို ဖြတ်ပစ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

စီးပွားရေးမှာ ကြီးစိုးပြီး တသီးတခြားရပ်တည်နိုင်တဲ့ အနေအထားမှာ မရှိတော့တဲ့ တပ်မတော်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေကို ရိုသေလေးစားလာပြီး၊ တာဝန်သိလာလိမ့်မယ်လို့ ကုလသမဂ္ဂမစ်ရှင်က မျှော်လင့်ထားပုံရပါတယ်။ ဒီလိုအခြေအနေကို ရောက်ဖို့အတွက် တပ်မတော်ကို ပြုပြင်ပြောင်းလဲရမယ်လို့လည်း ဆိုပါတယ်။ တပ်မတော်ပိုင် ကုမ္ပဏီအားလုံးနဲ့ လက်အောက်ခံလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ လုပ်သင့်တယ်လို့ ကုလသမဂ္ဂမစ်ရှင်က အကြံပြုထားပါတယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ လူမှုအကျိုးစီးပွားကို မထိခိုက်အောင် အသေအချာ စဉ်းစားချင့်ချိန်ပြီးမှာ ဒဏ်ခတ်အရေးယူတာတွေ လုပ်ရမယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေး ချိုးဖျက်ရာမှာ တာဝန်ရှိတဲ့ တပ်မတော်အရာရှိတွေကို ပစ်မှတ်ထားပြီး အရေးယူဖို့လည်း တိုက်တွန်းထားပါတယ်။

NLD အစိုးရဆောင်ရွက်ဖို့ ကုလသမဂ္ဂမစ်ရှင်က အကြံပေးထားတာတွေကတော့ အများကြီးပါပဲ။ တပ်မတော်ကို အရပ်ဘက်ထိန်းချုပ်မှုနဲ့ ကြီးကြပ်မှုအောက်ကို အပြည့်အဝ ရောက်ရှိအောင် လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ နောက်တော့ တပ်မတော်ရန်ပုံငွေအားလုံးကို လွှတ်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရမယ်လို့ ဆိုပါတယ်။ တပ်မတော်ကို စီးပွားရေးမလုပ်ဖို့ တားမြစ်တဲ့ ဥပဒေကို လွှတ်တော်က ပြဌာန်းပြီး၊ စီးပွားရေးလုပ်ငန်းမှာ စစ်ဗိုလ်တွေ ပါဝင်နေတာကို ပိတ်ပင်တားမြစ်ရမယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂမစ်ရှင်ဟာ ကိုယ်ဖြစ်စေချင်တာကို စိတ်ကူးယဉ်ပြီး အကြံပေးနေတာ သိသာထင်ရှားပါတယ်။ အခြေခံဥပဒေကို အဖျားအနားတောင် ပြင်ဆင်ဖို့ ခက်ခဲပါတယ်။ NLD အစိုးရက မကြာသေးမီက ပြင်ဆင်ဖို့ ကြိုးစားတာ အချည်းနှီး ဖြစ်သွားပါတယ်။ အနှစ် (၇၀) လောက်ရှိပြီဖြစ်တဲ့ စစ်တပ်ရဲ့ စီးပွားရေးအစဉ်အလာကို ကွယ်ပျောက်အောင်လုပ်ဖို့ကိစ္စဟာ အပြောလွယ်သလောက် လက်တွေ့လုပ်ဖို့ ခက်ခဲပါတယ်။ စစ်တပ်ကို မဆက်ဆံဖို့ နိုင်ငံခြားအဖွဲ့အစည်းတွေကို တိုက်တွန်းတာလောက်ပဲ လုပ်နိုင်လိမ့်မယ် ထင်ပါတယ်။ ရှေ့အပတ်မှာ အစိုးရတပ်ရဲ့ စီးပွားရေးလုပ်ငန်းအကြောင်း တင်ပြပါမယ်။

XS
SM
MD
LG