သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၁ ရာစုပင္လုံညီလာခံ က်င္းပရက္ ထပ္ေရႊ႕ရႏုိင္ေျခရွိ


၂၁ ရာစု ပင္လံုညီလာခံ လံႈ႔ေဆာ္ ဆိုင္းဘုတ္။ ၾသဂုတ္ ၂၆ ၊၂၀၁၆၊ ေနျပည္ေတာ္။

(Zawgyi/Unicode)
လာမယ့္ ေရြးေကာက္ပြဲမတိုင္ခင္ ပင္လုံၿငိမ္းခ်မ္းေရးညီလာခံႀကီး က်င္းပႏိုင္ေရး အစိုးရနဲ႔ NCA အပစ္ရပ္ လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြ ညိွႏိႈင္းေနတာ၊ ထပ္ တစ္ေနတာေၾကာင့္၊ ေနာက္ကိုထပ္ေရႊ႕လိုက္ရပါတယ္။ ဒီ ဆဌမအႀကိမ္ အလုပ္အဖြဲ႔ အစည္းအေဝး ကို သတၱမအႀကိမ္အျဖစ္ ေနာက္ေရႊ႔ လိုက္ရတာေၾကာင့္၊ ပင္လုံညီလာခံ က်င္းပႏိုင္ဖို႔အရင္ မွန္းဆျပင္ဆင္ထားတဲ့ရက္ကိုေရာ ေနာက္ဆုတ္ သြားေစႏိိုင္ပါလား။

ဒီအေၾကာင္း အနီးကပ္ေစာင့္ၾကည့္သံုးသပ္ေနတဲ့ ISP ျမန္မာ (ျမန္မာႏိုင္ငံမဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရး အင္စတီက်ဴ) အဖြဲ႔က ညႊန္ၾကားေရးမွဴး ကိုေအာင္သူၿငိမ္းကို ကိုဝင္းမင္းက ေမးျမန္းထားပါတယ္။

ကိုဝင္းမင္း။ ။ ပင္လံုၿငိမ္းခ်မ္းေရးညီလာခံႀကီးကိုေပါ့ေနာ္ တႏွစ္ေက်ာ္ မက်င္းပႏိုင္ပဲ တစ္ ေနခဲ့ရာကေန၊ အခုလာမယ့္ ေရြးေကာက္ပြဲမတိုင္ခင္ကပ္ၿပီး စတုတၳအႀကိမ္အျဖစ္ က်င္းပဖို႔ျပင္ဆင္ေနတဲ့ ဒီအပတ္အစည္းအေဝးမွာ ဗုဒၶဟူးေန႔တရက္တိုးေဆြးေႏြးခဲ့တာ ဆက္တစ္ေနလို႔ ေနာက္ပိုင္းကို ေရြ႕လိုက္ရတယ္လို႔ ၾကားပါတယ္။ အခုလို ေနာက္ထပ္ေရႊ႕လိုက္ရတာေၾကာင့္ ပင္လံုမတိုင္ခင္ ၾကားမွာလုပ္ရမယ့္ အစည္းအေဝးအဆင့္ဆင့္ေတြလဲရွိေနတဲအခါမွာ မူလေမွ်ာ္မွန္းထားတဲ့ ေရွ႔လ ၾသဂုတ္လလယ္ထဲ ဒီ ၁၂၊ ၁၃၊၁၄ ေပါ့ေနာ္ လုပ္မယ့္အေနအထားကေန ေနာက္ကို ထပ္ေရြ႕သြားႏိုင္တယ္လို႔ သံုးသပ္မူေတြရွိေနပါတယ္။ ကိုေအာင္သူၿငိမ္း ဘယ္လိုျမင္ပါလဲ။

ကိုေအာင္သူၿငိမ္း။ ။ ေရြးေကာက္ပြဲမတိုင္ခင္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံတခု က်င္းပဖို႔ဆိုတာက အစိုးရဘက္ကလည္း လိုလားတယ္၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ဘက္ကလည္း လိုလားပါတယ္။ အထူးသျဖင့္ေတာ့ အစိုးရဘက္ကလည္း ဒီေရြးေကာက္ပြဲမတိုင္ခင္မွာ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္လို႔ အမွတ္လိုခ်င္တယ္ေပါ့။ တိုင္းရင္းသားအဖြဲ႔အစည္းေတြကလည္း ဒီေရြးေကာက္ပြဲရဲ႕ ဟိုဘက္ကာလမွာ ဘယ္သူပဲ အစိုးရျဖစ္သည္ျဖစ္ေစ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ဆက္လုပ္ဖို႔ သေဘာရွိၾကပါတယ္။ ဒါေပမယ့္ အခုၾကားရသေလာက္ သတင္းအရေတာ့ ဒီေဆြးေႏြးတဲ့အထဲမွာ တခ်ိဳ႕ကိစၥေတြ သေဘာတူတယ္။ ဒါေပမယ့္ တခ်ိဳ႕ မေျပလည္ေသးတဲ့ကိစၥေတြ ရွိတယ္ေပါေ့နာ္။ ဆိုေတာ့ အဲဒီအေနအထားမွာေတာ့ ၾသဂုတ္လ ေနာက္ဆံုးအပတ္အထိကို အစည္းအေ၀း ေရႊ႕သြားႏိုင္တယ္ဆိုတဲ့ သတင္းေတြလည္းရွိပါတယ္။

ကိုဝင္းမင္း။ ။ အဲ့ဒီေတာ့ အခုက အစိုးရဘက္ကလည္း လုပ္ခ်င္တယ္၊ တိုင္းရင္းသားေတြ ဘက္ကလည္း လုပ္ခ်င္တယ္ေပါ့ေနာ္ အဲဒီေတာ့ တပ္မေတာ္ဘက္ကေရာ။

ကိုေအာင္သူၿငိမ္း။ ။တပ္မေတာ္ဘက္က စဥ္းစားပံုကိုေတာ့ အေသအခ်ာမသိရဘူးေပါ့ေနာ္။ က်ေနာ္ထင္တာ သူတို႔လည္း ၿငိမ္းခ်မ္းေရးလိုခ်င္ပါလိမ့္မယ္။ ဒါေပမယ့္ အခုသိရသေလာက္က ဒီ JMC ေခၚတာေပါ့ဗ်ာ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး အဖြဲ႔ရွိတယ္ေလ အဲဒီမွာ တခ်ိဳ႕ မညိွႏိႈင္းရေသးတဲ့ ကိစၥေတြလည္း ရွိတယ္ အထူးသျဖင့္ KNU ေဒသတို႔ RCSS ေဒသေတြမွာ တိုက္ပြဲေတြ ျဖစ္ေနတာကို အဲဒါနဲ႔ ပတ္သက္လို႔လည္း ေဆြးေႏြးခ်င္တယ္ဆိုတဲ့ သေဘာေတြရွိတယ္။

ကိုဝင္းမင္း။ ။ အခုလို ပင္လံုက်င္းပမယ့္ရက္ ေနာက္ကို ေရြ႕သြားႏိုင္တာက၊ ဒီ ၾကားထဲမွာ အဆင့္ဆင့္လုပ္ဖို႔ရွိတဲ့ ဥပမာ JICM လို႔ေခၚတဲ့ NCA အေကာင္အထည္ေဖာ္မူဆိုင္ရာ ညိွႏိႈင္းအစည္းအေဝးတို႔ ေနာက္ UPDJC လို႔ေခၚတဲ့ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေဆြးေႏြးမူ ပူးတြဲေကာ္မတီ အစည္းအေဝးအဆင့္ဆင့္ေတြလည္း လိုက္ေရႊ႕ရတာေၾကာင့္လား။ ဘယ္လိုသံုးသပ္မိလဲ ကိုေအာင္သူၿငိမ္း။

ကိုေအာင္သူၿငိမ္း။ ။ တခုရွိတာက အခုက COVID ကာလ ျဖစ္တဲ့အတြက္ ဒီအစည္းအေ၀းကို ရက္အၾကာႀကီး လုပ္လို႔မရႏိုင္ဘူး ေနာက္တခါက်ေတာ့ အရင္တုန္းကလုပ္ခဲ့တဲ့ အဖြဲ႔အစည္းေတြက ကိုယ္စားလွယ္ေတြ ၇၀၀ ေလာက္တက္လာတဲ့အခါက်ေတာ့ အဲဒါကိုလည္း လူ ၂၀၀ ေလာက္ အေရအတြက္အထိ ေလွ်ာ့ခ်မယ္ဆိုတဲ့ သတင္းေတြလည္းရွိတယ္။ ေနာက္တခါက်ေတာ့ အျပင္မွာ ႀကိဳတင္ၿပီးေတာ့ သေဘာတူညီမႈေတြ ရထားၿပီးေတာ့မွပဲ ဒီအစည္းအေ၀းမွာ အတည္ျပဳတဲ့ သေဘာျဖစ္ဖို႔ ပိုမ်ားပါတယ္။ အဲဒီေတာ့ အျပင္မွာ အတည္ျပဳခ်က္ လုပ္ဖို႔အခ်က္ေတြ ဒါေတြသေဘာမတူဘူးဆိုရင္ေတာ့ ဒီအစည္းအေ၀းအထိသြားဖို႔ ခက္တဲ့အေနအထားရွိပါတယ္။

ကိုဝင္းမင္း။ ။ အဲ့ဒီေတာ့ ပင္လံုမတိုင္ခင္ အျပင္မွာ ဘယ္လို အဓိက အခ်က္ေတြကို ႀကိဳျပင္ေနၿပီး၊ ဘယ္လိုအေနအထားကို ေရာက္ေနတာလဲ။

ကိုေအာင္သူၿငိမ္း။ ။ ေယဘုယ်ေတာ့ အခ်က္ ၃ ခ်က္ေလာက္ သေဘာတူဖို႔ လုပ္ထားတာရွိတယ္။ တခုကေတာ့ NCA ေပါ့ေနာ္ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္နဲ႔ ပတ္သက္လို႔ ဘယ္လို အေကာင္အထည္ဆက္ေဖာ္မလဲဆိုတာ ေဆြးေႏြးၾကတာရွိတယ္။ ေနာက္တခုကေတာ့ Sequence ေခၚတာေပါ့ ဘယ္လုပ္ငန္းေတြကို စလုပ္မယ္ အစီအစဥ္ေပါ့ ၁၊၂၊၃၊၄ ဒါေတြနဲ႔ ပတ္သက္လို႔ ေဆြးေႏြးမယ္။ ေနာက္တခုကေတာ့ အနာဂတ္ ဖယ္ဒရယ္ျပည္ေထာင္စုရဲ႕ အေျခခံမူေတြေပါ့ ဒါေတြနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးၾကမယ္ဆိုတာရွိပါတယ္။ ဆိုေတာ့ အဲလိုအေနအထားမွာေတာ့ အခုခက္တာက တခ်ိဳ႕အခ်က္ေတြေတာ့ သေဘာတူတယ္ ဒါေပမယ့္လည္း မေျပလည္ေသးတဲ့ အခ်က္ေတြရွိတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ အဲ့ဒီေတာ့ ေရြးေကာက္ပြဲမတိုင္ခင္ ပင္လံုက်င္းပႏိုင္ဖို႔ အဓိက ထားၾကည့္ရင္ အခုျဖစ္ေနတာေတြကို ဘယ္လိုေက်ာ္လႊားသြားသင့္လဲ။

ကိုေအာင္သူၿငိမ္း။ ။ ေလာေလာဆည္မွာေတာ့ သိပ္အမ်ားႀကီး ေမွ်ာ္လင့္လို႔မရဘူး minimalist approach လို႔ေခၚတာေပါ့ဗ်ာ ။ အခုေရြးေကာက္ပြဲရဲ႕ ဟိုဘက္ကာလမွာလည္း ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို ဆက္ၿပီးေတာ့ လုပ္သြားမယ္ အဲဒီအခ်က္ေလာက္ သေဘာတူထားရင္ ရၿပီလို႔ ထင္ပါတယ္ဗ်။

ကိုဝင္းမင္း။ ။ ေရြးေကာက္ပြဲမတိုင္ခင္ ပင္လံုျဖစ္မျဖစ္က ေရြးေကာက္ပြဲမွာ ျပည္သူေတြ မဲေပးမူအေပၚ အဆံုးအျဖတ္ေပးႏိုင္မယ့္ အေနအထားဘယ္လိုရွိလဲ။

ကိုေအာင္သူၿငိမ္း။ ။ ဦးသိန္းစိန္တုန္းကလည္း ဒီ NCA သေဘာတူညီခ်က္ ရေအာင္လုပ္တယ္။ ဆိုေတာ့ ဒီအခ်က္ေတြေၾကာင့္ ေရြးေကာက္ပြဲမွာ အေထာက္အကူျဖစ္သလား မျဖစ္သလားေပါ့။ က်ေနာ္ထင္တာေတာ့လည္း သိပ္ေတာ့ မထူးလွဘူးလို႔ ထင္ပါတယ္။ ျပည္သူေတြကေတာ့ ၿငိမ္းခ်မ္းေရး အေရးႀကီးတယ္ ဆိုတာေတာ့ လက္ခံတယ္ ဒါေပမယ့္လည္း ေရြးေကာက္ပြဲမွာေတာ့ သူတို႔ႀကိဳက္တဲ့ ပါတီကို မဲေပးၾကမယ္လို႔ ထင္ပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ကိုေအာင္သူၿငိမ္းေရ။

ျမန္မာႏိုင္ငံမဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရး အင္စတီက်ဴအဖြဲ႔ (ISP ျမန္မာ) က ညႊန္ၾကားေရးမွဴး ကိုေအာင္သူၿငိမ္းကို ကိုဝင္းမင္းက ေမးျမန္းထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

၂၁ ရာစုပင်လုံညီလာခံ ကျင်းပရက် ထပ်ရွှေ့ရနိုင်ခြေရှိ

(Unicode)
လာမယ့် ရွေးကောက်ပွဲမတိုင်ခင် ပင်လုံငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပနိုင်ရေး အစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းနေတာ၊ ထပ် တစ်နေတာကြောင့်၊ နောက်ကိုထပ်ရွှေ့လိုက်ရပါတယ်။ ဒီ ဆဌမအကြိမ် အလုပ်အဖွဲ့ အစည်းအဝေး ကို သတ္တမအကြိမ်အဖြစ် နောက်ရွှေ့ လိုက်ရတာကြောင့်၊ ပင်လုံညီလာခံ ကျင်းပနိုင်ဖို့အရင် မှန်းဆပြင်ဆင်ထားတဲ့ရက်ကိုရော နောက်ဆုတ် သွားစေနိုင်ပါလား။

ဒီအကြောင်း အနီးကပ်စောင့်ကြည့်သုံးသပ်နေတဲ့ ISP မြန်မာ (မြန်မာနိုင်ငံမဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ) အဖွဲ့က ညွှန်ကြားရေးမှူး ကိုအောင်သူငြိမ်းကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

ကိုဝင်းမင်း။ ။ ပင်လုံငြိမ်းချမ်းရေးညီလာခံကြီးကိုပေါ့နော် တနှစ်ကျော် မကျင်းပနိုင်ပဲ တစ် နေခဲ့ရာကနေ၊ အခုလာမယ့် ရွေးကောက်ပွဲမတိုင်ခင်ကပ်ပြီး စတုတ္ထအကြိမ်အဖြစ် ကျင်းပဖို့ပြင်ဆင်နေတဲ့ ဒီအပတ်အစည်းအဝေးမှာ ဗုဒ္ဓဟူးနေ့တရက်တိုးဆွေးနွေးခဲ့တာ ဆက်တစ်နေလို့ နောက်ပိုင်းကို ရွေ့လိုက်ရတယ်လို့ ကြားပါတယ်။ အခုလို နောက်ထပ်ရွှေ့လိုက်ရတာကြောင့် ပင်လုံမတိုင်ခင် ကြားမှာလုပ်ရမယ့် အစည်းအဝေးအဆင့်ဆင့်တွေလဲရှိနေတဲအခါမှာ မူလမျှော်မှန်းထားတဲ့ ရှေ့လ သြဂုတ်လလယ်ထဲ ဒီ ၁၂၊ ၁၃၊၁၄ ပေါ့နော် လုပ်မယ့်အနေအထားကနေ နောက်ကို ထပ်ရွေ့သွားနိုင်တယ်လို့ သုံးသပ်မူတွေရှိနေပါတယ်။ ကိုအောင်သူငြိမ်း ဘယ်လိုမြင်ပါလဲ။

ကိုအောင်သူငြိမ်း။ ။ ရွေးကောက်ပွဲမတိုင်ခင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတခု ကျင်းပဖို့ဆိုတာက အစိုးရဘက်ကလည်း လိုလားတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဘက်ကလည်း လိုလားပါတယ်။ အထူးသဖြင့်တော့ အစိုးရဘက်ကလည်း ဒီရွေးကောက်ပွဲမတိုင်ခင်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အမှတ်လိုချင်တယ်ပေါ့။ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ဒီရွေးကောက်ပွဲရဲ့ ဟိုဘက်ကာလမှာ ဘယ်သူပဲ အစိုးရဖြစ်သည်ဖြစ်စေ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ သဘောရှိကြပါတယ်။ ဒါပေမယ့် အခုကြားရသလောက် သတင်းအရတော့ ဒီဆွေးနွေးတဲ့အထဲမှာ တချို့ကိစ္စတွေ သဘောတူတယ်။ ဒါပေမယ့် တချို့ မပြေလည်သေးတဲ့ကိစ္စတွေ ရှိတယ်ပေါေ့နာ်။ ဆိုတော့ အဲဒီအနေအထားမှာတော့ သြဂုတ်လ နောက်ဆုံးအပတ်အထိကို အစည်းအဝေး ရွှေ့သွားနိုင်တယ်ဆိုတဲ့ သတင်းတွေလည်းရှိပါတယ်။

ကိုဝင်းမင်း။ ။ အဲ့ဒီတော့ အခုက အစိုးရဘက်ကလည်း လုပ်ချင်တယ်၊ တိုင်းရင်းသားတွေ ဘက်ကလည်း လုပ်ချင်တယ်ပေါ့နော် အဲဒီတော့ တပ်မတော်ဘက်ကရော။

ကိုအောင်သူငြိမ်း။ ။တပ်မတော်ဘက်က စဉ်းစားပုံကိုတော့ အသေအချာမသိရဘူးပေါ့နော်။ ကျနော်ထင်တာ သူတို့လည်း ငြိမ်းချမ်းရေးလိုချင်ပါလိမ့်မယ်။ ဒါပေမယ့် အခုသိရသလောက်က ဒီ JMC ခေါ်တာပေါ့ဗျာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အဖွဲ့ရှိတယ်လေ အဲဒီမှာ တချို့ မညှိနှိုင်းရသေးတဲ့ ကိစ္စတွေလည်း ရှိတယ် အထူးသဖြင့် KNU ဒေသတို့ RCSS ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာကို အဲဒါနဲ့ ပတ်သက်လို့လည်း ဆွေးနွေးချင်တယ်ဆိုတဲ့ သဘောတွေရှိတယ်။

ကိုဝင်းမင်း။ ။ အခုလို ပင်လုံကျင်းပမယ့်ရက် နောက်ကို ရွေ့သွားနိုင်တာက၊ ဒီ ကြားထဲမှာ အဆင့်ဆင့်လုပ်ဖို့ရှိတဲ့ ဥပမာ JICM လို့ခေါ်တဲ့ NCA အကောင်အထည်ဖော်မူဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတို့ နောက် UPDJC လို့ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမူ ပူးတွဲကော်မတီ အစည်းအဝေးအဆင့်ဆင့်တွေလည်း လိုက်ရွှေ့ရတာကြောင့်လား။ ဘယ်လိုသုံးသပ်မိလဲ ကိုအောင်သူငြိမ်း။

ကိုအောင်သူငြိမ်း။ ။ တခုရှိတာက အခုက COVID ကာလ ဖြစ်တဲ့အတွက် ဒီအစည်းအဝေးကို ရက်အကြာကြီး လုပ်လို့မရနိုင်ဘူး နောက်တခါကျတော့ အရင်တုန်းကလုပ်ခဲ့တဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ၇၀၀ လောက်တက်လာတဲ့အခါကျတော့ အဲဒါကိုလည်း လူ ၂၀၀ လောက် အရေအတွက်အထိ လျှော့ချမယ်ဆိုတဲ့ သတင်းတွေလည်းရှိတယ်။ နောက်တခါကျတော့ အပြင်မှာ ကြိုတင်ပြီးတော့ သဘောတူညီမှုတွေ ရထားပြီးတော့မှပဲ ဒီအစည်းအဝေးမှာ အတည်ပြုတဲ့ သဘောဖြစ်ဖို့ ပိုများပါတယ်။ အဲဒီတော့ အပြင်မှာ အတည်ပြုချက် လုပ်ဖို့အချက်တွေ ဒါတွေသဘောမတူဘူးဆိုရင်တော့ ဒီအစည်းအဝေးအထိသွားဖို့ ခက်တဲ့အနေအထားရှိပါတယ်။

ကိုဝင်းမင်း။ ။ အဲ့ဒီတော့ ပင်လုံမတိုင်ခင် အပြင်မှာ ဘယ်လို အဓိက အချက်တွေကို ကြိုပြင်နေပြီး၊ ဘယ်လိုအနေအထားကို ရောက်နေတာလဲ။

ကိုအောင်သူငြိမ်း။ ။ ယေဘုယျတော့ အချက် ၃ ချက်လောက် သဘောတူဖို့ လုပ်ထားတာရှိတယ်။ တခုကတော့ NCA ပေါ့နော် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ ဘယ်လို အကောင်အထည်ဆက်ဖော်မလဲဆိုတာ ဆွေးနွေးကြတာရှိတယ်။ နောက်တခုကတော့ Sequence ခေါ်တာပေါ့ ဘယ်လုပ်ငန်းတွေကို စလုပ်မယ် အစီအစဉ်ပေါ့ ၁၊၂၊၃၊၄ ဒါတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်။ နောက်တခုကတော့ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံမူတွေပေါ့ ဒါတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်ဆိုတာရှိပါတယ်။ ဆိုတော့ အဲလိုအနေအထားမှာတော့ အခုခက်တာက တချို့အချက်တွေတော့ သဘောတူတယ် ဒါပေမယ့်လည်း မပြေလည်သေးတဲ့ အချက်တွေရှိတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ အဲ့ဒီတော့ ရွေးကောက်ပွဲမတိုင်ခင် ပင်လုံကျင်းပနိုင်ဖို့ အဓိက ထားကြည့်ရင် အခုဖြစ်နေတာတွေကို ဘယ်လိုကျော်လွှားသွားသင့်လဲ။

ကိုအောင်သူငြိမ်း။ ။ လောလောဆည်မှာတော့ သိပ်အများကြီး မျှော်လင့်လို့မရဘူး minimalist approach လို့ခေါ်တာပေါ့ဗျာ ။ အခုရွေးကောက်ပွဲရဲ့ ဟိုဘက်ကာလမှာလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဆက်ပြီးတော့ လုပ်သွားမယ် အဲဒီအချက်လောက် သဘောတူထားရင် ရပြီလို့ ထင်ပါတယ်ဗျ။

ကိုဝင်းမင်း။ ။ ရွေးကောက်ပွဲမတိုင်ခင် ပင်လုံဖြစ်မဖြစ်က ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးမူအပေါ် အဆုံးအဖြတ်ပေးနိုင်မယ့် အနေအထားဘယ်လိုရှိလဲ။

ကိုအောင်သူငြိမ်း။ ။ ဦးသိန်းစိန်တုန်းကလည်း ဒီ NCA သဘောတူညီချက် ရအောင်လုပ်တယ်။ ဆိုတော့ ဒီအချက်တွေကြောင့် ရွေးကောက်ပွဲမှာ အထောက်အကူဖြစ်သလား မဖြစ်သလားပေါ့။ ကျနော်ထင်တာတော့လည်း သိပ်တော့ မထူးလှဘူးလို့ ထင်ပါတယ်။ ပြည်သူတွေကတော့ ငြိမ်းချမ်းရေး အရေးကြီးတယ် ဆိုတာတော့ လက်ခံတယ် ဒါပေမယ့်လည်း ရွေးကောက်ပွဲမှာတော့ သူတို့ကြိုက်တဲ့ ပါတီကို မဲပေးကြမယ်လို့ ထင်ပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ် ကိုအောင်သူငြိမ်းရေ။

မြန်မာနိုင်ငံမဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူအဖွဲ့ (ISP မြန်မာ) က ညွှန်ကြားရေးမှူး ကိုအောင်သူငြိမ်းကို ကိုဝင်းမင်းက မေးမြန်းထားတာဖြစ်ပါတယ်။

XS
SM
MD
LG