သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္အမ်ိဳးသမီးသတ္ခံရမႈ ေဒသခံေတြ ဆႏၵျပ


[Zawgyi/Unicode]

ကရင္ျပည္နယ္မွာ ဒီလထဲ ေဒသခံအမ်ိဳးသမီး တစ္ ဦးကို တပ္မေတာ္သား ႏွစ္ ဦးက ပစၥည္းလုယူ သတ္ျဖတ္ခဲ့တာ အပါအဝင္ စစ္တပ္ရဲ႕ လက္ခ်က္ေၾကာင့္ ေသဆုံးမႈေတြကို ေဒသခံေထာင္နဲ႔ခ်ီ ဒီေန႔ ကန႔္ကြက္ဆႏၵျပခဲ့ၾကတဲ့အေၾကာင္း ေျပာျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။

ကရင္အမ်ိဳးသမီးသတ္ခံရမႈနဲ႔ ပတ္သက္ၿပီး ေဒသခံေတြ ဆႏၵျပေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Salween Peace - ဇူလိုင္ ၂၈၊ ၂၀၂၀)
ကရင္အမ်ိဳးသမီးသတ္ခံရမႈနဲ႔ ပတ္သက္ၿပီး ေဒသခံေတြ ဆႏၵျပေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Salween Peace - ဇူလိုင္ ၂၈၊ ၂၀၂၀)

ဒီလထဲမွာပဲ ဖာပြန္ၿမိဳ႕နယ္၊ ပိုလိုထေက်း႐ြာမွာ အမ်ိဳးသမီး တစ္ ဦးကို တပ္မေတာ္ သားႏွစ္ဦးက ပစၥည္းလုယက္ခါ ေသနတ္နဲ႔ ပစ္သတ္ခဲ့တာအပါအဝင္ မၾကာေသးခင္ လေတြအတြင္း ေဒသခံေတြ တပ္မေတာ္သားေတြ လက္ခ်က္နဲ႔ ေသဆုံးခဲ့ရတဲ့ ျဖစ္ရပ္ကို ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ ကန႔္ကြက္ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။ ေဒသခံ အရပ္သားေတြ ေသဆုံးမႈေတြကို ကန႔္ကြက္တဲ့အေနနဲ႔ ႐ြာေပါင္း ၁၁၄ ႐ြာက ေဒသခံ ၄,၆၀၀ ေက်ာ္ ပါဝင္ ဆႏၵျပခဲ့ၾကေၾကာင္းလည္း ဆႏၵျပပြဲ စီစဥ္သူေတြက သတင္းထုတ္ျပန္ထားပါတယ္။ ဆႏၵျပပြဲမွာ ဦးေဆာင္ပါဝင္ခဲ့သူ တဦးျဖစ္တဲ့ ေစာဘီကေတာ့ ဥပေဒမဲ့ သတ္ျဖတ္မႈေတြကို ကန႔္ကြက္ဖို႔နဲ႔ တပ္မေတာ္က ေဒသတြင္းမွာ အေျခစိုက္ထားတာေတြကို ဖယ္ရွားေပးဖို႔ ေတာင္းဆိုဆႏၵျပခဲ့တာလို႔ ေျပာပါတယ္။

"က်ေနာ္တို႔ ျပည္သူလူထုေတြေပါ့ေနာ္။ တပ္မေတာ္အေပၚ အယံုအၾကည္မရွိဘူး။ သူတို႔ သြားလာလႈပ္ရွားတာ ျပည္သူအႏၱရာယ္ လူၿခဳံမႈ မရွိဘူး။ တပ္မေတာ္စစ္စခန္းေတြ ျပည္သူလူထုရွိတဲ့ေနရာေဒသတဝိုက္မွာမရွိေစခ်င္ဘူးေပါ့။ ျပည္သူက မေက်နပ္ဘူး။ ျပည္သူကိုေနာက္မထိဖို႔အတြက္ ျပည္သူေတြေနရာနဲ႔ နီးေနတဲ့ တပ္ေတြကို မရွိေပးဖို႔ေတာင္းဆိုတာပါ။ ဒီလိုတပ္ေတြရွိေနတာက ျပည္သူတြက္လုံၿခံမႈ မရွိဘူး။ ဘဝအာမခံခ်က္မရွိဘူး။"

ဒီႏွစ္ ဇန္နဝါရီလကစလို႔ တပ္မေတာ္သားတခ်ိဳ႕ရဲ႕ လက္ခ်က္ေၾကာင့္ ကရင္ျပည္နယ္တြင္းမွာ ေသဆုံးတဲ့ အရပ္သား ငါး ေယာက္ထက္မနည္း ရွိခဲ့ေၾကာင္းလည္း ဆႏၵျပသူေတြရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒီလ ၁၆ ရက္ေန႔က တပ္မေတာ္သား ၂ ဦးရဲ႕ ပစၥည္းလုယက္ သတ္ျဖတ္မႈအတြက္ တပ္မေတာ္က အေရးယူဖို႔ ေျပာဆိုထားေပမဲ့ ပြင့္လင္းျမင္သာမႈရွိဖို႔လည္း ေဒသခံေတြက လိုလားေနၾကတာပါ။

"ေလာေလာဆယ္က်ေနာ္တို႔ဘက္က လုံးဝမသိရဘူး။ သိခ်င္တာေပါ့ေနာ္။ ေလာေလာဆယ္ကေတာ့ ဘယ္လိုေျပာေျပာ သူတို႔ေပးၾကည့္မွာ မဟုတ္ဘူး။ အေရးယူမယ္ဆိုတာေျပာတယ္။ သတင္းမွန္ျပန္ၾကားေရးက ထုတ္ျပန္တာက်ေတာ့ မေတာ္တဆ ျဖစ္သလိုေျပာထားတယ္။ မဟုတ္တာေတြ ေျပာတယ္။ မေတာ္တဆဆိုတာမ်ိဳးေပါ့။ ေသနတ္က မပစ္ဘဲ သူ႔ဘာသာထြက္တာမ်ိဳးေျပာတယ္။"

တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ကေတာ့ ဒီလ ၁၆ ရက္ေန႔က လုယက္သတ္ျဖတ္မႈနဲ႔ ပတ္သက္လို႔ စစ္သည္ ႏွစ္ ဦးကို ဖမ္းဆီးထားၿပီး စစ္တရား႐ုံး စစ္ေဆးေတြ႕ရွိခ်က္အတိုင္း စစ္စည္းကမ္းအရ ထိေရာက္စြာ အေရးယူသြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။ ျဖစ္စဥ္မွာ တာဝန္ေပါ့ေလ်ာ့ခဲ့တဲ့ စခန္းက တာဝန္ရွိသူေတြကိုလည္း ထိေရာက္ျပင္းထန္စြာ အေရးယူသြားမယ္လို႔ ထုတ္ျပန္ထားပါတယ္ရွင္။

ကရင္အမ်ိဳးသမီးသတ္ခံရမႈ ေဒသခံေတြ ဆႏၵျပ
please wait

No media source currently available

0:00 0:03:11 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကရင်အမျိုးသမီးသတ်ခံရမှု ဒေသခံတွေ ဆန္ဒပြ

ကရင်ပြည်နယ်မှာ ဒီလထဲ ဒေသခံအမျိုးသမီး တစ် ဦးကို တပ်မတော်သား နှစ် ဦးက ပစ္စည်းလုယူ သတ်ဖြတ်ခဲ့တာ အပါအဝင် စစ်တပ်ရဲ့ လက်ချက်ကြောင့် သေဆုံးမှုတွေကို ဒေသခံထောင်နဲ့ချီ ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့အကြောင်း ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ဒီလထဲမှာပဲ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာမှာ အမျိုးသမီး တစ် ဦးကို တပ်မတော် သားနှစ်ဦးက ပစ္စည်းလုယက်ခါ သေနတ်နဲ့ ပစ်သတ်ခဲ့တာအပါအဝင် မကြာသေးခင် လတွေအတွင်း ဒေသခံတွေ တပ်မတော်သားတွေ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကို ထောင်နဲ့ချီတဲ့ ဒေသခံတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဒေသခံ အရပ်သားတွေ သေဆုံးမှုတွေကို ကန့်ကွက်တဲ့အနေနဲ့ ရွာပေါင်း ၁၁၄ ရွာက ဒေသခံ ၄,၆၀၀ ကျော် ပါဝင် ဆန္ဒပြခဲ့ကြကြောင်းလည်း ဆန္ဒပြပွဲ စီစဉ်သူတွေက သတင်းထုတ်ပြန်ထားပါတယ်။ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့သူ တဦးဖြစ်တဲ့ စောဘီကတော့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို ကန့်ကွက်ဖို့နဲ့ တပ်မတော်က ဒေသတွင်းမှာ အခြေစိုက်ထားတာတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တာလို့ ပြောပါတယ်။

ကရင္အမ်ိဳးသမီးသတ္ခံရမႈနဲ႔ ပတ္သက္ၿပီး ေဒသခံေတြ ဆႏၵျပေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Salween Peace - ဇူလိုင္ ၂၈၊ ၂၀၂၀)
ကရင္အမ်ိဳးသမီးသတ္ခံရမႈနဲ႔ ပတ္သက္ၿပီး ေဒသခံေတြ ဆႏၵျပေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Salween Peace - ဇူလိုင္ ၂၈၊ ၂၀၂၀)

"ကျနော်တို့ ပြည်သူလူထုတွေပေါ့နော်။ တပ်မတော်အပေါ် အယုံအကြည်မရှိဘူး။ သူတို့ သွားလာလှုပ်ရှားတာ ပြည်သူအန္တရာယ် လူခြုံမှု မရှိဘူး။ တပ်မတော်စစ်စခန်းတွေ ပြည်သူလူထုရှိတဲ့နေရာဒေသတဝိုက်မှာမရှိစေချင်ဘူးပေါ့။ ပြည်သူက မကျေနပ်ဘူး။ ပြည်သူကိုနောက်မထိဖို့အတွက် ပြည်သူတွေနေရာနဲ့ နီးနေတဲ့ တပ်တွေကို မရှိပေးဖို့တောင်းဆိုတာပါ။ ဒီလိုတပ်တွေရှိနေတာက ပြည်သူတွက်လုံခြံမှု မရှိဘူး။ ဘဝအာမခံချက်မရှိဘူး။"

ဒီနှစ် ဇန်နဝါရီလကစလို့ တပ်မတော်သားတချို့ရဲ့ လက်ချက်ကြောင့် ကရင်ပြည်နယ်တွင်းမှာ သေဆုံးတဲ့ အရပ်သား ငါး ယောက်ထက်မနည်း ရှိခဲ့ကြောင်းလည်း ဆန္ဒပြသူတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလ ၁၆ ရက်နေ့က တပ်မတော်သား ၂ ဦးရဲ့ ပစ္စည်းလုယက် သတ်ဖြတ်မှုအတွက် တပ်မတော်က အရေးယူဖို့ ပြောဆိုထားပေမဲ့ ပွင့်လင်းမြင်သာမှုရှိဖို့လည်း ဒေသခံတွေက လိုလားနေကြတာပါ။

ကရင္အမ်ိဳးသမီးသတ္ခံရမႈနဲ႔ ပတ္သက္ၿပီး ေဒသခံေတြ ဆႏၵျပေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Salween Peace - ဇူလိုင္ ၂၈၊ ၂၀၂၀)
ကရင္အမ်ိဳးသမီးသတ္ခံရမႈနဲ႔ ပတ္သက္ၿပီး ေဒသခံေတြ ဆႏၵျပေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Salween Peace - ဇူလိုင္ ၂၈၊ ၂၀၂၀)

"လောလောဆယ်ကျနော်တို့ဘက်က လုံးဝမသိရဘူး။ သိချင်တာပေါ့နော်။ လောလောဆယ်ကတော့ ဘယ်လိုပြောပြော သူတို့ပေးကြည့်မှာ မဟုတ်ဘူး။ အရေးယူမယ်ဆိုတာပြောတယ်။ သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်တာကျတော့ မတော်တဆ ဖြစ်သလိုပြောထားတယ်။ မဟုတ်တာတွေ ပြောတယ်။ မတော်တဆဆိုတာမျိုးပေါ့။ သေနတ်က မပစ်ဘဲ သူ့ဘာသာထွက်တာမျိုးပြောတယ်။"

တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကတော့ ဒီလ ၁၆ ရက်နေ့က လုယက်သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ စစ်သည် နှစ် ဦးကို ဖမ်းဆီးထားပြီး စစ်တရားရုံး စစ်ဆေးတွေ့ရှိချက်အတိုင်း စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်မှာ တာဝန်ပေါ့လျော့ခဲ့တဲ့ စခန်းက တာဝန်ရှိသူတွေကိုလည်း ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်ရှင်။

XS
SM
MD
LG