သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အစိုးရနဲ႔ လူမ်ဳိးစု လက္နက္ကိုင္ေတြၾကား ၿငိမ္းခ်မ္းေရးဆိုင္ရာ ေဆြးေႏြးပြဲ မၿပီးျပတ္ေသး


ေနျပည္ေတာ္မွာ က်င္းပတဲ့ အစုိးရနဲ႔ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ကုိယ္စားလွယ္ေတြ ေဆြးေႏြးပြဲ တက္ေရာက္ၾကသူမ်ား။ (ၾသဂုတ္ ၁၊ ၂၀၂၀။ ဓာတ္ပုံ - ဦးလွေမာင္ေရႊ)

(Zawgyi / Unicode)

ျမန္မာအစုိးရနဲ႔ တိုင္းရင္းသား လက္နက္ကုိင္အဖဲြ႔ ကုိယ္စားလွယ္ေတြၾကား ဒီကေန႔ အစည္းအေ၀းမွာ ႏွစ္ဖက္ညႇိႏိႈင္းမႈ မၿပီးျပတ္ေသးတဲ့အတြက္ တနဂၤေႏြေန႔မွာ ထပ္မံေတြ႔ဆုံဖုိ႔ သေဘာတူခဲ့ၾကပါတယ္။ အျပည့္အစုံကို ကုိမုိးေဇာ္ စုစည္းတင္ျပထားပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀း က်င္းပေရးအတြက္ ျမန္မာအစုိးရနဲ႔ တိုင္းရင္းသား လက္နက္ကုိင္အဖဲြ႔ ကုိယ္စားလွယ္ေတြ ရန္ကုန္ၿမိဳ႕မွာ ဇူလိုင္လ ၂၅ ရက္ေန႔က စတင္ေဆြးေႏြးခဲ့ၿပီး မၿပီးျပတ္ခဲ့တာေၾကာင့္ ဒီေန႔ ေနျပည္ေတာ္မွာ ဆက္လက္ေဆြးေႏြးၾကတာ ျဖစ္ပါတယ္။

ဒီကေန႔ ေဆြးေႏြးပဲြမွာေတာ့ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတဲြေစာင့္ၾကည့္ေရး ေကာ္မတီ (JMC) အစည္းအေ၀းနဲ႔ ပတ္သက္တာကို အဓိက ေဆြးေႏြးခဲ့ေၾကာင္း ပါ၀င္တက္ေရာက္ခဲ့တဲ့ ပအိုဝ္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ (PNLO) ရဲ႕ ဒုဥကၠ႒ ဦးခြန္ျမင့္ထြန္းက ဗြီအိုေအကို ေျပာပါတယ္။

“ဒီေန႔ေဆြးေႏြးတဲ့ ကိစၥကေတာ့ လာမယ့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ အေကာင္အထည္ေဖာ္တဲ့ ေနရာမွာ ပစ္ခတ္တိုက္ခိုက္မႈ ပူးတဲြေစာင့္ၾကည့္ေရး ေကာ္မတီ (JMC) ေတြကို က်င္းပသြားေရးကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ အဓိက ေဆြးေႏြးတာ ျဖစ္ပါတယ္။ ဒါကလည္း ဒီ NCA အေကာင္အထည္ေဖာ္မႈဆုိင္ရာ ညႇိႏိႈင္းအစည္းအေ၀း JICM အစည္းအေ၀း ဆံုးျဖတ္ခ်က္အေပၚမွာ အေျခခံၿပီးေတာ့ က်ေနာ္တုိ႔ ႏွစ္ဖက္ နားလည္မႈေတြ တူညီေအာင္ ေဆြးေႏြးၾကတာ ျဖစ္ပါတယ္။ ဒီေန႔ေဆြးေႏြးခ်က္က ဆံုးျဖတ္ခ်က္က မျပတ္ဘူး။ ဒီေန႔ ေဆြးေႏြးမႈကို မနက္ျဖန္မနက္ ၁၀ နာရီမွာ ထပ္မံၿပီး ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။”

ႏွစ္ဖက္ေဆြးေႏြးပဲြကို မူလက ၃ ရက္ သတ္မွတ္ခဲ့ေပမယ့္ အခုအခါ ၅ ရက္ထိ ေဆြးေႏြးခဲ့ရတာပါ။ ဘယ္လို သေဘာထားကြဲျပားမႈေတြ၊ အခက္အခဲေတြေၾကာင့္ ေဆြးေႏြးပြဲ မၿပီးရတာလဲ ဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။

ေနျပည္ေတာ္မွာ က်င္းပတဲ့ အစုိးရနဲ႔ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ကုိယ္စားလွယ္ေတြ ေဆြးေႏြးပြဲ တက္ေရာက္ၾကသူမ်ား။ (ၾသဂုတ္ ၁၊ ၂၀၂၀။ ဓာတ္ပုံ - ဦးလွေမာင္ေရႊ)
ေနျပည္ေတာ္မွာ က်င္းပတဲ့ အစုိးရနဲ႔ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ကုိယ္စားလွယ္ေတြ ေဆြးေႏြးပြဲ တက္ေရာက္ၾကသူမ်ား။ (ၾသဂုတ္ ၁၊ ၂၀၂၀။ ဓာတ္ပုံ - ဦးလွေမာင္ေရႊ)

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လံု စတုတၳ အစည္းအေ၀းမွာ ျပည္ေထာင္စု သေဘာတူညီခ်က္စာခ်ဳပ္ အပိုင္း ၃ ကို ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ဒီစာခ်ဳပ္မွာ NCA အပစ္ရပ္စာခ်ဳပ္ဆိုင္ရာ မူေဘာင္ ျပန္လည္ညႇိႏိႈင္းေရး၊ ၂၀၂၀ ျပည့္ ေရြးေကာက္ပဲြေနာက္ပုိင္း အဆင့္လိုက္ အေကာင္အထည္ေဖာ္မႈနဲ႔ ဖက္ဒရယ္အေျခခံမူလမ္းၫႊန္ စတဲ့ အပိုင္း ၃ ပိုင္း ပါ၀င္တာ ျဖစ္ပါတယ္။

ဒီကေန႔ေဆြးေႏြးခ်က္ကေတာ့ NCA အပစ္ရပ္စာခ်ဳပ္ဆိုင္ရာ မူေဘာင္ ျပန္လည္ညႇိႏိႈင္းေရး ေခါင္းစဥ္ေအာက္မွာ ပါ၀င္တာျဖစ္ပါတယ္။ မူေဘာင္ ျပန္လည္ညိႇႏိႈင္းေရးအတြက္ အခ်က္ ၁၃ ခ်က္ သေဘာတူညီခ်က္ ရရိွထားၿပီး က်န္ရိွေနတဲ့ ၃ ခ်က္ကို ဆက္လက္ေဆြးေႏြးတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လအတြင္းက ၄ ရက္ၾကာ အစည္းအေ၀းမွာ အပိုင္း ၃ ခုအနက္က အခ်က္အေတာ္မ်ားမ်ားကို သေဘာတူညီခ်က္ ရထားေပမယ့္ လက္နက္ကုိင္တပ္ေတြ ေပါင္းစည္းေရးဆိုတဲ့အခ်က္ ပါ၀င္တဲ့ လံုၿခံဳေရးဆုိင္ရာ ျပန္လည္ေပါင္းစည္းေရး ကိစၥမွာလည္း အခ်က္အခ်ိဳ႕ ေဆြးေႏြးဖုိ႔ က်န္ရိွေနပါေသးတယ္။

အစိုးရရဲ႕ ၿငိမ္းခ်မ္းေရးေကာ္မရွင္ရဲ႕ အႀကံေပးအဖဲြ႔၀င္ ဦးလွေမာင္ေရႊကေတာ့ ဒီေန႔ ေဆြးေႏြးတာေတြ မၿပီးျပတ္ေသးတာေၾကာင့္ ေဆြးေႏြးတဲ့ အခ်က္ေတြကို ထုတ္ေဖာ္ေျပာဆိုတာ မရိွပါဘူး။ မနက္ျဖန္မွာ ဆက္လက္ေဆြးေႏြးမယ္ ဆုိတာကိုေတာ့ အခုလုိ အတည္ျပဳ ေျပာဆုိပါတယ္။

“ဒီေန႔ ေဆြးေႏြးမႈေတြက မၿပီးျပတ္လို႔ မနက္ျဖန္မနက္ ၁၀ နာရီမွာေတာ့ ျပန္ၿပီးေတာ့ က်ေနာ္တုိ႔ ဆက္ေဆြးေႏြးမယ္ေပါ့။”

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀းကို မူလက ၾသဂုတ္လ ဒုတိယပတ္မွာ က်င္းပဖုိ႔ ရည္မွန္းထားေပမယ့္ လက္ရိွ ေဆြးေႏြးပဲြေတြ မၿပီးျပတ္ေသးတာေၾကာင့္ ဒီလကုန္ပိုင္းကို ေရႊ႕ဆုိင္းရမယ့္ အေျခအေန ရိွေနေၾကာင္း သံုးသပ္တာေတြ ရိွေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

အစိုးရနဲ့ လူမျိုးစု လက်နက်ကိုင်တွေကြား ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲ မပြီးပြတ်သေး

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေကြား ဒီကနေ့ အစည်းအဝေးမှာ နှစ်ဖက်ညှိနှိုင်းမှု မပြီးပြတ်သေးတဲ့အတွက် တနင်္ဂနွေနေ့မှာ ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုမိုးဇော် စုစည်းတင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပရေးအတွက် မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ ဇူလိုင်လ ၂၅ ရက်နေ့က စတင်ဆွေးနွေးခဲ့ပြီး မပြီးပြတ်ခဲ့တာကြောင့် ဒီနေ့ နေပြည်တော်မှာ ဆက်လက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးနဲ့ ပတ်သက်တာကို အဓိက ဆွေးနွေးခဲ့ကြောင်း ပါဝင်တက်ရောက်ခဲ့တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ဆွေးနွေးတဲ့ ကိစ္စကတော့ လာမယ့် ငြိမ်းချမ်းရေးဖြစ်စဉ် အကောင်အထည်ဖော်တဲ့ နေရာမှာ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) တွေကို ကျင်းပသွားရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အဓိက ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒါကလည်း ဒီ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အစည်းအဝေး ဆုံးဖြတ်ချက်အပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ နှစ်ဖက် နားလည်မှုတွေ တူညီအောင် ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးချက်က ဆုံးဖြတ်ချက်က မပြတ်ဘူး။ ဒီနေ့ ဆွေးနွေးမှုကို မနက်ဖြန်မနက် ၁၀ နာရီမှာ ထပ်မံပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။”

နှစ်ဖက်ဆွေးနွေးပွဲကို မူလက ၃ ရက် သတ်မှတ်ခဲ့ပေမယ့် အခုအခါ ၅ ရက်ထိ ဆွေးနွေးခဲ့ရတာပါ။ ဘယ်လို သဘောထားကွဲပြားမှုတွေ၊ အခက်အခဲတွေကြောင့် ဆွေးနွေးပွဲ မပြီးရတာလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထ အစည်းအဝေးမှာ ပြည်ထောင်စု သဘောတူညီချက်စာချုပ် အပိုင်း ၃ ကို ချုပ်ဆိုဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဒီစာချုပ်မှာ NCA အပစ်ရပ်စာချုပ်ဆိုင်ရာ မူဘောင် ပြန်လည်ညှိနှိုင်းရေး၊ ၂၀၂၀ ပြည့် ရွေးကောက်ပွဲနောက်ပိုင်း အဆင့်လိုက် အကောင်အထည်ဖော်မှုနဲ့ ဖက်ဒရယ်အခြေခံမူလမ်းညွှန် စတဲ့ အပိုင်း ၃ ပိုင်း ပါဝင်တာ ဖြစ်ပါတယ်။

ဒီကနေ့ဆွေးနွေးချက်ကတော့ NCA အပစ်ရပ်စာချုပ်ဆိုင်ရာ မူဘောင် ပြန်လည်ညှိနှိုင်းရေး ခေါင်းစဉ်အောက်မှာ ပါဝင်တာဖြစ်ပါတယ်။ မူဘောင် ပြန်လည်ညှိနှိုင်းရေးအတွက် အချက် ၁၃ ချက် သဘောတူညီချက် ရရှိထားပြီး ကျန်ရှိနေတဲ့ ၃ ချက်ကို ဆက်လက်ဆွေးနွေးတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းက ၄ ရက်ကြာ အစည်းအဝေးမှာ အပိုင်း ၃ ခုအနက်က အချက်အတော်များများကို သဘောတူညီချက် ရထားပေမယ့် လက်နက်ကိုင်တပ်တွေ ပေါင်းစည်းရေးဆိုတဲ့အချက် ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကိစ္စမှာလည်း အချက်အချို့ ဆွေးနွေးဖို့ ကျန်ရှိနေပါသေးတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကတော့ ဒီနေ့ ဆွေးနွေးတာတွေ မပြီးပြတ်သေးတာကြောင့် ဆွေးနွေးတဲ့ အချက်တွေကို ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးမယ် ဆိုတာကိုတော့ အခုလို အတည်ပြု ပြောဆိုပါတယ်။

“ဒီနေ့ ဆွေးနွေးမှုတွေက မပြီးပြတ်လို့ မနက်ဖြန်မနက် ၁၀ နာရီမှာတော့ ပြန်ပြီးတော့ ကျနော်တို့ ဆက်ဆွေးနွေးမယ်ပေါ့။”

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို မူလက သြဂုတ်လ ဒုတိယပတ်မှာ ကျင်းပဖို့ ရည်မှန်းထားပေမယ့် လက်ရှိ ဆွေးနွေးပွဲတွေ မပြီးပြတ်သေးတာကြောင့် ဒီလကုန်ပိုင်းကို ရွှေ့ဆိုင်းရမယ့် အခြေအနေ ရှိနေကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။

XS
SM
MD
LG