သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿငိမ္းခ်မ္းေရးညီလာခံ AA ကို ဖိတ္ၾကားမည္မဟုတ္


ေနျပည္ေတာ္ရွိ ၂၁ ရာစု ပင္လံုညီလာခံ လံႈ႔ေဆာ္ ဆိုင္းဘုတ္။ (ၾသဂုတ္ ၂၆၊ ၂၀၁၆)

[Zawgyi/Unicode]

ဒီလထဲက်င္းပမယ့္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ - ၂၁ ရာစုပင္လံု အစည္းအေ၀းကို NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္မထိုးေသးတဲ့ လက္နက္ကုိင္အဖဲြ႔ေတြကို ဖိတ္ၾကားဖို႔ အစိုးရနဲ႔ သေဘာတူညီခ်က္ ရရွိေပမဲ့ လတ္တေလာ တိုက္ပဲြျပင္းထန္ေနတဲ့ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ ပါ၀င္မွာမဟုတ္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပေပးပါမယ္။

၂၁ ရာစုပင္လံု စတုတၱအႀကိမ္အစည္းအေ၀းမွာ NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္မထိုးေသးတဲ့အဖဲြ႕ေတြကို ဖိတ္ၾကားဖို႔ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြက ေတာင္းဆိုခဲ့ရာမွာ အစိုးရဘက္က လက္ခံခဲ့ေပမဲ့ AA အဖြ႔ဲကုိ ခ်န္လွပ္ထားခဲ့တာပါ။

လက္နက္ကုိင္အဖဲြ႔ ၇ ဖဲြ႔ကုိ ဖိတ္ၾကားမယ့္ အစီအစဥ္နဲ႔ ပတ္သက္လုိ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံရံုး ၀န္ႀကီးဌာနရဲ႕ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက အခုလုိ ေျပာပါတယ္။

“လက္မွတ္ မထိုးတဲ့အဖဲြ႕ေတြ ၇ ဖဲြ႕ ဖိတ္မယ္ေပါ့ေနာ္။ တခ်ိဳ႕အဖဲြ႕အစည္းေတြက်ရင္ ဥပေဒအရ က်ေနာ္တို႔ ဖိတ္ၾကားဖို႔ အကန္႔အသတ္ရွိတယ္။ ဒါမ်ိဳးေတြက် က်ေနာ္တို႔ ဖိတ္ၾကားႏိုင္မွာ မဟုတ္ဘူး။ မထိုးရေသးတဲ့အဖဲြ႕ စုစုေပါင္း ၇ ဖဲြ႕ဖိတ္မယ္။ ဖိတ္တဲ့အခါမွာလည္း ထိုးၿပီးသားအဖဲြ႕ေတြကို ညီလာခံကို တက္ေရာက္ဖို႔အတြက္ ထိပ္သီးေခါင္းေဆာင္ ႏွစ္ေယာက္ က်ေနာ္တို႔ ဖိတ္တယ္။ အလားတူပဲ မထိုးရေသးတဲ့အဖဲြ႕ေတြကိုလည္း ထိပ္သီးေခါင္းေဆာင္ ႏွစ္ေယာက္ဖိတ္မယ္။ ဖိတ္တဲ့အခါမွာလည္း သူတို႔ လူစားထိုး တက္ေရာက္ခြင့္ မရွိဘူး။ ဖိတ္ၾကားတဲ့ ထိပ္သီးေခါင္းေဆာင္ေတြပဲ ကိုယ္တိုင္တက္ေပါ့ေနာ္။ ”

NCA အပစ္ရပ္စာခ်ဳပ္ကုိ လက္မွတ္မထုိးရေသးတဲ့ ၀၊ မိုင္းလား၊ SSPP ရွမ္းေျမာက္၊ ကခ်င္၊ ကိုးကန္႔၊ တအန္း(ပေလာင္)နဲ႔ ကရင္နီ လက္နက္ကိုင္အဖဲြ႕ေတြကုိ ညီလာခံတက္ဖုိ႔ ဖိတ္ၾကားမွာ ျဖစ္ေပမဲ့ မတ္လ ၂၃ ရက္ေန႔ကပဲ အၾကမ္းဖက္ အဖဲြ႔အစည္းအျဖစ္ သတ္မွတ္ထားတဲ့ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ကုိ ခ်န္ထားခဲ့တာလည္း ျဖစ္ပါတယ္။

တပ္မေတာ္နဲ႔ စစ္ေရးတင္းမာေနတဲ့ AA အဖဲြ႔အပါအ၀င္ မဟာမိတ္ ၃ ဖဲြ႔ျဖစ္တဲ့ ကုိးကန္႔နဲ႔ တအန္း(ပေလာင္) အဖဲြ႔ေတြကေတာ့ ၂၁ရာစုပင္လံု ညီလာခံကို ဖိတ္ၾကားရင္ တက္ေရာက္လုိေၾကာင္း ဇူလိုင္လ ၂၁ ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ထားတာပါ။ ဒါေပမဲ့လည္း မဟာမိတ္ျဖစ္တဲ့ AA အဖဲြ႔ကို ခ်န္လွပ္ထားမယ္ဆုိရင္ တက္ေရာက္မွာ မဟုတ္ေၾကာင္း PSLF/TNLA တအန္း(ပေလာင္)အဖဲြ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးတာ့အိုက္ေက်ာ္က ေျပာပါတယ္။

“၂၁ ရာစုပင္လံုညီလာခံမွာ အစိုးရဘက္က ဖိတ္ၾကားလာလို႔ ရွိရင္ က်ေနာ္တို႔က တက္ေရာက္ဖို႔ ရွိတယ္။ က်ေနာ္တို႔ ၃ ဖဲြ႕လံုး ဖိတ္မွပဲ တက္ေရာက္မွာ ျဖစ္တယ္။ ဒါက တစ္ႏိုင္ငံလံုးနဲ႔ဆိုင္တဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြလို႔ သူတို႔က သတ္မွတ္တယ္။ ဒီဟာကိုမွ သူတို႔က ဟိုအဖဲြ႕ကို ခ်န္ထားမယ္။ ဒီအဖဲြ႕ကို ေခၚမယ္ဆိုရင္ေတာ့ လက္ရွိ ဒီ ၿငိမ္းခ်မ္းေရးျဖစ္စဥ္က အဲလိုမ်ိဳးေၾကာင့္ ေႏွာင့္ေႏွးၾကန္႔ၾကာေနတာျဖစ္တယ္။”

ကိုးကန္႔၊ တအန္း(ပေလာင္)နဲ႔ AA ရခိုင္အဖဲြ႕ ၃ ဖဲြ႕ဟာ ညီေနာင္မဟာမိတ္အျဖစ္ ဖဲြ႕စည္းထားသလို ဒီ ၃ ဖဲြ႕နဲ႔ ကခ်င္အဖဲြ႕တို႔ဟာ ေျမာက္ပိုင္းမဟာမိတ္အျဖစ္ ဖဲြ႕စည္းၿပီး အစိုးရနဲ႔ Bilateral ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆိုေရး ေဆြးေႏြးေနတာပါ။

ဒီအထဲက AA အဖဲြ႔ကုိ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြမွာ ခ်န္လွပ္ထားမယ္ ဆုိရင္ ျဖစ္ေပၚလာႏုိင္တဲ့ အက်ဳိးဆက္ေတြအေပၚမွာ ႏိုင္ငံေရးေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးက အခုလို သံုးသပ္ပါတယ္။

“AA ကို မဖိတ္ရင္ သူတို႔ ေျမာက္ပိုင္း ၄ဖဲြ႕ေပါ့ေနာ္။ က်န္တဲ့အဖဲြ႕ေတြ တက္ပ့ါမလားဆိုတဲ့ ျပႆနာရွိပါတယ္။ ပထမအခ်က္အေနနဲ႔ ေပါ့ေနာ္။ ဒုတိယအခ်က္အေနနဲ႔ေျပာမယ္ဆိုရင္ ဒီ ၿငိမ္းခ်မ္းေရးအတြက္ ေဆြးေႏြးဖု႔ိအတြက္ အစိုးရက လမ္းဖြင္ထားတယ္ဆိုတဲ့ ကိစၥရွိတာကိုး။ တကယ္လို႔ ဒီ လက္မွတ္မထိုးတဲ့အဖဲြ႕ေတြ တက္လာခဲ့လို႔ရွိရင္ အဓိက AA အပါအ၀င္ ေျမာက္ပိုင္း ၄ ဖဲြ႕ေပါ့ေနာ္။ Bilateral မထိုးရေသးတာ။ တက္လာမယ္ဆိုလို႔ရွိရင္ ဒီညီလာခံမွာ ပါ၀င္ေဆြးေႏြးခြင့္မရွိေတာင္မွ သူတို႔နဲ႔ ဆက္ၿပီးေတာ့ ဒီအပစ္အခတ္ရပ္စဲေရးေဆြးေႏြးပဲြ လုပ္ဖို႔ လမ္းစရွာႏိုင္မယ့္ အခြင့္အေရးေတာ့ ရွိတာေပါ့။ တကယ္လို႔ သူတို႔သာ မဖိတ္ဘူး။ မတက္ဘူးဆို ဒီလမ္းစေပ်ာက္သြားလိမ့္မယ္လို႔ ထင္ပါတယ္။”

ေျမာက္ပိုင္း မဟာမိတ္ ၄ ဖဲြ႕ဟာ အရင္ႏွစ္ ဒီဇင္ဘာလက တ႐ုတ္ႏိုင္ငံမွာ အစိုးရနဲ႔ ေနာက္ဆံုးေဆြးေႏြးခဲ့ၿပီး COVID 19 ကပ္ေရာဂါျဖစ္ပြားခဲ့တဲ့ေနာက္ ေဆြးေႏြးပဲြေတြ ရပ္ဆိုင္းေနတာျဖစ္ပါတယ္။

ဒီေန႔ ၿပီးဆံုးသြားတဲ့ အစိုးရနဲ႔ NCA လက္မွတ္ထိုး တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႕အၾကား ေဆြးေႏြးပဲြမွာ ၂၁ ရာစုပင္လံုမွာ ေဆြးေႏြးအတည္ျပဳမယ့္ ျပည္ေထာင္စု သေဘာတူညီခ်က္ အစိတ္အပိုင္း ၃က အခ်က္အေတာ္မ်ားမ်ားကို သေဘာတူညီခ်က္ ရခဲ့ေၾကာင္း နဲ႔ က်န္ေနတဲ့အခ်က္ေတြကို ဆက္လက္ ေဆြးေႏြးသြားဖို႔ ရွိေၾကာင္းလည္း သတင္းစာရွင္းလင္းပဲြမွာ ထည့္သြင္း ေျပာၾကားခဲ့ၾကပါတယ္။

ၿငိမ္းခ်မ္းေရးညီလာခံ AA ကို ဖိတ္ၾကားမည္မဟုတ္
please wait

No media source currently available

0:00 0:04:00 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ငြိမ်းချမ်းရေးညီလာခံ AA ကို ဖိတ်ကြားမည်မဟုတ်

ဒီလထဲကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ အစည်းအဝေးကို NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားဖို့ အစိုးရနဲ့ သဘောတူညီချက် ရရှိပေမဲ့ လတ်တလော တိုက်ပွဲပြင်းထန်နေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပါဝင်မှာမဟုတ်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ပြောပြပေးပါမယ်။

၂၁ ရာစုပင်လုံ စတုတ္တအကြိမ်အစည်းအဝေးမှာ NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေကို ဖိတ်ကြားဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တောင်းဆိုခဲ့ရာမှာ အစိုးရဘက်က လက်ခံခဲ့ပေမဲ့ AA အဖွ့ဲကို ချန်လှပ်ထားခဲ့တာပါ။

လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ကို ဖိတ်ကြားမယ့် အစီအစဉ်နဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“လက်မှတ် မထိုးတဲ့အဖွဲ့တွေ ၇ ဖွဲ့ ဖိတ်မယ်ပေါ့နော်။ တချို့အဖွဲ့အစည်းတွေကျရင် ဥပဒေအရ ကျနော်တို့ ဖိတ်ကြားဖို့ အကန့်အသတ်ရှိတယ်။ ဒါမျိုးတွေကျ ကျနော်တို့ ဖိတ်ကြားနိုင်မှာ မဟုတ်ဘူး။ မထိုးရသေးတဲ့အဖွဲ့ စုစုပေါင်း ၇ ဖွဲ့ဖိတ်မယ်။ ဖိတ်တဲ့အခါမှာလည်း ထိုးပြီးသားအဖွဲ့တွေကို ညီလာခံကို တက်ရောက်ဖို့အတွက် ထိပ်သီးခေါင်းဆောင် နှစ်ယောက် ကျနော်တို့ ဖိတ်တယ်။ အလားတူပဲ မထိုးရသေးတဲ့အဖွဲ့တွေကိုလည်း ထိပ်သီးခေါင်းဆောင် နှစ်ယောက်ဖိတ်မယ်။ ဖိတ်တဲ့အခါမှာလည်း သူတို့ လူစားထိုး တက်ရောက်ခွင့် မရှိဘူး။ ဖိတ်ကြားတဲ့ ထိပ်သီးခေါင်းဆောင်တွေပဲ ကိုယ်တိုင်တက်ပေါ့နော်။ ”

NCA အပစ်ရပ်စာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ ဝ၊ မိုင်းလား၊ SSPP ရှမ်းမြောက်၊ ကချင်၊ ကိုးကန့်၊ တအန်း(ပလောင်)နဲ့ ကရင်နီ လက်နက်ကိုင်အဖွဲ့တွေကို ညီလာခံတက်ဖို့ ဖိတ်ကြားမှာ ဖြစ်ပေမဲ့ မတ်လ ၂၃ ရက်နေ့ကပဲ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို ချန်ထားခဲ့တာလည်း ဖြစ်ပါတယ်။

တပ်မတော်နဲ့ စစ်ရေးတင်းမာနေတဲ့ AA အဖွဲ့အပါအဝင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်နဲ့ တအန်း(ပလောင်) အဖွဲ့တွေကတော့ ၂၁ရာစုပင်လုံ ညီလာခံကို ဖိတ်ကြားရင် တက်ရောက်လိုကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားတာပါ။ ဒါပေမဲ့လည်း မဟာမိတ်ဖြစ်တဲ့ AA အဖွဲ့ကို ချန်လှပ်ထားမယ်ဆိုရင် တက်ရောက်မှာ မဟုတ်ကြောင်း PSLF/TNLA တအန်း(ပလောင်)အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော်က ပြောပါတယ်။

“၂၁ ရာစုပင်လုံညီလာခံမှာ အစိုးရဘက်က ဖိတ်ကြားလာလို့ ရှိရင် ကျနော်တို့က တက်ရောက်ဖို့ ရှိတယ်။ ကျနော်တို့ ၃ ဖွဲ့လုံး ဖိတ်မှပဲ တက်ရောက်မှာ ဖြစ်တယ်။ ဒါက တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလို့ သူတို့က သတ်မှတ်တယ်။ ဒီဟာကိုမှ သူတို့က ဟိုအဖွဲ့ကို ချန်ထားမယ်။ ဒီအဖွဲ့ကို ခေါ်မယ်ဆိုရင်တော့ လက်ရှိ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်က အဲလိုမျိုးကြောင့် နှောင့်နှေးကြန့်ကြာနေတာဖြစ်တယ်။”

ကိုးကန့်၊ တအန်း(ပလောင်)နဲ့ AA ရခိုင်အဖွဲ့ ၃ ဖွဲ့ဟာ ညီနောင်မဟာမိတ်အဖြစ် ဖွဲ့စည်းထားသလို ဒီ ၃ ဖွဲ့နဲ့ ကချင်အဖွဲ့တို့ဟာ မြောက်ပိုင်းမဟာမိတ်အဖြစ် ဖွဲ့စည်းပြီး အစိုးရနဲ့ Bilateral နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေး ဆွေးနွေးနေတာပါ။

ဒီအထဲက AA အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ချန်လှပ်ထားမယ် ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေအပေါ်မှာ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက အခုလို သုံးသပ်ပါတယ်။

“AA ကို မဖိတ်ရင် သူတို့ မြောက်ပိုင်း ၄ဖွဲ့ပေါ့နော်။ ကျန်တဲ့အဖွဲ့တွေ တက်ပ့ါမလားဆိုတဲ့ ပြဿနာရှိပါတယ်။ ပထမအချက်အနေနဲ့ ပေါ့နော်။ ဒုတိယအချက်အနေနဲ့ပြောမယ်ဆိုရင် ဒီ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖု့ိအတွက် အစိုးရက လမ်းဖွင်ထားတယ်ဆိုတဲ့ ကိစ္စရှိတာကိုး။ တကယ်လို့ ဒီ လက်မှတ်မထိုးတဲ့အဖွဲ့တွေ တက်လာခဲ့လို့ရှိရင် အဓိက AA အပါအဝင် မြောက်ပိုင်း ၄ ဖွဲ့ပေါ့နော်။ Bilateral မထိုးရသေးတာ။ တက်လာမယ်ဆိုလို့ရှိရင် ဒီညီလာခံမှာ ပါဝင်ဆွေးနွေးခွင့်မရှိတောင်မှ သူတို့နဲ့ ဆက်ပြီးတော့ ဒီအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ လုပ်ဖို့ လမ်းစရှာနိုင်မယ့် အခွင့်အရေးတော့ ရှိတာပေါ့။ တကယ်လို့ သူတို့သာ မဖိတ်ဘူး။ မတက်ဘူးဆို ဒီလမ်းစပျောက်သွားလိမ့်မယ်လို့ ထင်ပါတယ်။”

မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ဟာ အရင်နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ အစိုးရနဲ့ နောက်ဆုံးဆွေးနွေးခဲ့ပြီး COVID 19 ကပ်ရောဂါဖြစ်ပွားခဲ့တဲ့နောက် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေတာဖြစ်ပါတယ်။

ဒီနေ့ ပြီးဆုံးသွားတဲ့ အစိုးရနဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အကြား ဆွေးနွေးပွဲမှာ ၂၁ ရာစုပင်လုံမှာ ဆွေးနွေးအတည်ပြုမယ့် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃က အချက်အတော်များများကို သဘောတူညီချက် ရခဲ့ကြောင်း နဲ့ ကျန်နေတဲ့အချက်တွေကို ဆက်လက် ဆွေးနွေးသွားဖို့ ရှိကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောကြားခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG