သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေရွာင္ျပည္သူေတြ မဲေပးခြင့္ရေရး ကခ်င္လူငယ္ေတြ ကူညီေဆာင္ရြက္


ကခ်င္ျပည္နယ္ Laiza ၿမိဳ႕က IDP ဒုကၡသည္စခန္းတခုမွာ ေတြ႔ရတဲ့ ကခ်င္စစ္ေရွာင္ ဒုကၡသည္တခ်ိဳ႕။ (ေအာက္တိုဘာ ၂၉၊ ၂၀၁၃)

[Zawgyi/Unicode]

ႏိုင္ငံတဝွမ္း ၂၀၂၀ ျပည့္ႏွစ္ေရြးေကာက္ပြဲမွာ မဲေပးခြင့္ရွိတဲ့ မဲဆႏၵရွင္စာရင္း ထုတ္ျပန္ထားတဲ့အခ်ိန္ ကခ်င္ IDP စစ္ေရွာင္ျပည္သူေတြ မဲေပးခြင့္ရေရး ကခ်င္ႏုိင္ငံေရးပါတီေတြနဲ႔ ကခ်င္လူငယ္အဖြဲ႔ေတြ ေဆာင္ရြက္ေနၾကတဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မဆုမြန္က စုစည္းတင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံမွာ လာမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲမွာ မဲေပးခြင့္ရွိတဲ့ မဲဆႏၵရွင္စာရင္းကို တႏိုင္လံုးအတိုင္းအတာနဲ႔ ၿပီးခဲ့တဲ့ ဇူလို္င္လ ၂၅ ရက္ေန႔ကေန ၾသဂုတ္လ ၇ ရက္ေန႔အထိ ပထမဆံုးအၾကိမ္ ထုတ္ျပန္ထားပါတယ္။ စစ္ေရးပဋိပကၡေတြနဲ႔ နယ္ေျမမတည္ၿငိမ္ႏိုင္ေသးတဲ့ တုိင္းရင္းေဒသေတြက အထူးသျဖင့္ မိမိတို႔ေနရပ္ရင္းကေန တိမ္းေရွာင္ထြက္ေျပးခဲ့ၾကရတဲ့ စစ္ေရွာင္ျပည္သူေတြ ႏုိင္ငံသားတို႔ အခြင့္အေရးနဲ႔အညီ မဲေပးႏိုင္ခြင့္ရွိေအာင္ IDP စစ္ေရွာင္စခန္းေတြမွာ မဲဆႏၵရွင္စာရင္းေတြ ျပဳစုၿပီး ထုတ္ျပန္ထားပါတယ္လို႔ ေရြးေကာက္ပြဲေကာ္မရွင္က ေျပာဆိုထားပါတယ္။

တခ်ိန္တည္းမွာပဲ သိန္းခ်ီတဲ့ ကခ်င္စစ္ေရွာင္ျပည္သူေတြ မဲေပးခြင့္ရေရး ကခ်င္နိုင္ငံေရးပါတီေတြနဲ႔ ကခ်င္လူငယ္ေတြဘက္က မွန္ကန္တဲ့ မဲစာရင္းေတြျဖစ္လာေရး မဲစာရင္းစိစစ္မႈေတြ ဝိုင္းဝန္း ေဆာင္ရြက္ေနၾကပါတယ္။ ခုလက္ရွိ ေနရပ္ကို မျပန္ႏိုင္ၾကေသးတဲ့ ကခ်င္ျပည္နယ္က စစ္ေရွာင္စခန္းေတြထဲက မဲဆႏၵရွင္စာရင္းေတြ ကပ္ထားတဲ့အေျခအေနကိုေတာ့ ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ အစိုးရထိန္းခ်ဳပ္နယ္ေျမထဲက Mai NaIDP ဒုကၡသည္စခန္းက ကခ်င္လူငယ္ Hpau Dut Lu Htoi ေျပာျပပါတယ္။

"ကမ့္က မိုင္နားမွာက ကမ့္အမ်ားၾကီး ရတယ္ေပါ့ေနာ္။ AG ကမ့္ RG ကမ့္ေပါ့ေနာ္ ... ကမ့္ငါးကမ့္ေလာက္ရွိတယ္။ အဲ့ဒီကမ့္က စာရင္းေတြကို သူတို႔လာေကာက္ၿပီးမွ ကပ္တာေပါ့ေနာ္။ အသက္ ၁၈ ႏွစ္ျပည့္ၿပီးသူတုိင္း မဲေပးႏုိင္ေအာင္ မဲဆႏၵရွင္စာရင္းကို အခု က်မတို႔ ရပ္ကြက္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး႐ံုးေတြမွာ အခုကပ္ထားတယ္ ၾသဂုတ္လ ၇ ရက္ေန႔အထိေပါ့ေနာ္။ ဟုတ္တယ္။ ဒီကမ့္ထဲက စာရင္းကို သူတို႔က ေတာင္းတယ္ေပါ့ေနာ္။ တဆင့္ေတာင္းၿပီးေတာ့ မိုင္နားအုပ္ခ်ဳပ္ေရးမွဴးရံုးမွာ ကပ္ထားတယ္ေပါ့ေနာ္။ အဲ့လိုမ်ိဳး အေျခအေနမွာရွိပါတယ္။ မဲစာရင္းအမွားအယြင္းကေတာ့ တခ်ိဳ႕တေလ ေတြ႔ရပါတယ္ ပထမတခါ ကပ္တဲ့အခ်ိန္မွာ တခ်ိဳ႕က်ေတာ့ နာမည္မပါဘူး။ တခ်ိဳ႕က်ေတာ့ ေသသြားတာတို႔ လူမရွိတဲ့သူနာမည္ပါတာတို႔ ေတြ႔ရပါတယ္။ အဲ့ဒါေတြကို ရပ္ကြက္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး႐ံုးေတြမွာ ျပန္ၿပီး ေလွ်ာက္ထားဖို႔ ရတယ္ဆိုၿပီး အဲ့ဒီ့မွာ ျပန္ေလွ်ာက္ဖို႔လုပ္ေနၾကပါတယ္။"

ကခ်င္ျပည္နယ္တြင္းက ကခ်င္ဒုကၡသည္ေတြထဲ ေနရပ္ျပန္သြားၾကသူတခ်ိဳ႕ေရာ ေနရပ္ကို မျပန္ႏုိင္ၾကေသးဘဲ IDP စခန္းေတြထဲမွာပဲ ခိုလံႈေနထိုင္ၾကဆဲ ကခ်င္ျပည္သူေတြ ႏုိင္ငံသားအခြင့္အေရးနဲ႔အညီ မဲေပးႏိုင္ေအာင္ ကခ်င္ႏိုင္ငံေရးလႈပ္ရွားသူေတြနဲ႔ ကခ်င္လူငယ္ေတြက ဝိုင္းဝန္းေဆာင္ရြက္ေပးေနၾကတယ္လို႔လည္း ကခ်င္လူ႔အခြင့္အေရးေရွ႕ေနတဦးျဖစ္တဲ့ ေဒၚဒြဲဘူကေျပာျပပါတယ္။

"အဓိကကေတာ့ က်မတို႔ကခ်င္ျပည္နယ္မွာ ဒုကၡသည္စခန္းေတြရွိတယ္ တခ်ိဳ႕လည္း တိုက္ပြဲ မျဖစ္တဲ့အခါက်ေတာ့ ျပန္တဲ့သူေတြလည္း ရွိတယ္။တခ်ိဳ႕ကလည္း မျပန္ေသးဘူးေပါ့ေနာ္။ အဓိကကေတာ့- ဟိုမွာ လံုလံုျခံဳျခံဳနဲ႔ ျပန္ႏိုင္ဖို႔ရယ္ ေနထုိင္စားေသာက္ႏုိင္ဖို႔ရယ္ေပါ့ေနာ္။အခု က်မတို႔ လူငယ္ပိုင္းေတြဘက္ကေတာ့ ဒီကမ့္ေတြထဲမွာ မဲစာရင္းၾကည့္ေပးႏုိင္ဖို႔ေပါ့။ ကမ့္တာဝန္ခံေတြနဲ႔ ဆက္စပ္ပူးေပါင္း လုပ္ကိုင္ႏိုင္ဖို႔လည္း က်မတို႔ ႀကိဳးစားထားပါတယ္။ ေနာက္ၿပီးေတာ့ တခ်ိဳ႕ကမ့္ေတြကေတာ့ ကမ့္ထဲကေန ျပန္သြားၾကတဲ့သူေတြရွိတယ္ သူတို႔ေဒသမွာပဲ မဲထည့္ခ်င္တာရွိတယ္ အဲ့တာေတြကိုလည္း က်မတို႔က ကမ့္ထဲမွာမဟုတ္ပဲနဲ႔ ေနရင္းေဒသမွာပဲ မဲထည့္ခြင့္ရေအာင္ သက္ဆုိင္ရာ ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္ကို စာေတြ တင္ေပးထားတာရွိပါတယ္။ က်မတို႔ဒီတၾကိမ္ မဲစာရင္းမွာ မပါေသးတဲ့သူေတြမပါေသးတဲ့သူေတြ ဒီတၾကိမ္မမွီရင္ ဒုတိယအၾကိမ္မွာပါေအာင္ မဲစာရင္းေတြကို စိစစ္ၾကည့္ရႈ႕ေပးသြားဖို႔စီစဥ္ေနၾကပါတယ္။"

စစ္ေရးပဋိပကၡေတြနဲ႔ နယ္ေျမမတည္ၿငိမ္ႏိုင္ေသးတဲ့ ကခ်င္ျပည္နယ္တြင္း ကခ်င္ျပည္သူေတြ လိုလားတာကေတာ့- စစ္မီးေတြၿငိမ္းၿပီး နယ္ေျမတြင္းမွာ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ႏိုင္ဖို႔ပါ။ ကခ်င္စစ္ေရွာင္ေတြအပါအဝင္ ကခ်င္လူငယ္မ်ိဳးဆက္ေတြအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြ အေကာင္အထည္ေဖာ္ႏိုင္ေအာင္ အထူးသျဖင့္ မူးယစ္ေဆးဝါး ျပႆနာပေပ်ာက္ေရးေျဖရွင္းႏုိင္ေအာင္လည္း ကခ်င္ႏုိင္ငံေရးပါတီေတြဘက္က ၾကိဳးစားသြားၾကဖို႔ရွိပါတယ္လို႔ ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီဘက္ကေန ကခ်င္ျပည္နယ္ ျမစ္ၾကီးနားၿမိဳ႕နယ္ ကိုယ္စားျပဳ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္အမွတ္ ၁၁ ကေန ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ျပင္ဆင္ေနတဲ့ ေဒၚဒြဲဘူကေျပာပါတယ္။

"အဓိက က်မတို႔ ကခ်င္ျပည္နယ္သူ ကခ်င္ျပည္နယ္သားေတြ လိုလားတာက ၿငိမ္းခ်မ္းေရးျဖစ္ပါတယ္ရွင့္။ က်မတို႔ကိုယ္တိုင္ ဒီမွာပဲ ေနၾကတဲ့သူေတြဆိုေတာ့ ဒီမၿငိမ္းခ်မ္းမႈကို ကိုယ္တုိင္ခံစားေနၾကရတယ္။ဘယ္လိုေဆာင္ရြက္မယ္ဆိုရင္ ၿငိမ္းခ်မ္းေရး တုိးတက္လာေစမယ္ဆိုတာကိုလည္း က်မတို႔က ေကာင္းေကာင္းသိပါတယ္။ ကခ်င္ျပည္နယ္တြင္း ၿငိမ္းခ်မ္းေရးအသီးအပြင့္ေတြကို ကခ်င္ျပည္သူေတြ ခံစားရေအာင္ က်မတို႔ေဒသအတြက္ေပါ့ေနာ္ ၾကိဳးစားသြားၾကမွာပါ။ေနာက္ အထူးသျဖင့္ သဘာဝသံယံဇာတေတြ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးေတြအတြက္လည္း က်မတို႔ကခ်င္ျပည္သူေတြကပဲ ဦးစီးၿပီး လုပ္ရမယ့္အလုပ္ေတြျဖစ္တယ္။ ၿပီးရင္ ကခ်င္ေဒသထဲမွာ မူးယစ္ေဆးဝါးကလည္း သံုးတာေရာ ေရာင္းတာေရာ တအားကိုမ်ားျပားေနတာ။ သံုးစြဲသူက အရမ္းကိုမ်ားေနခဲ့ေတာ့ အဲ့တာေတြကို ျပန္လည္ထူေထာင္ေရးေပါ့။ ဒါေတြက ကခ်င္ျပည္သူေတြဘက္ကေန မဲေပးခြင့္ရွိမွ ကခ်င္ျပည္နယ္တိုးတက္ေရး လက္ေတြ႔အေကာင္အထည္ ေဖာ္ႏိုင္ၾကမွာျဖစ္ပါတယ္။"

အခုလက္ရွိမွာေတာ့ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ KIO လက္ေအာက္ခံ ကခ်င္လြတ္ေျမာက္ေရးတပ္ KIA တပ္နဲ႔ အစိုးရတပ္တို႔ၾကား တိုက္ပြဲေတြျပင္းထန္ၿပီး တေက်ာ့ျပန္စစ္ေတြျဖစ္ခဲ့တာ ၉ ႏွစ္တုိင္ခဲ့ၿပီျဖစ္ပါတယ္။ ဒီကခ်င္စစ္ကို ေရွာင္ေျပးခဲ့ၾကရတဲ့ ကခ်င္ျပည္သူဒုကၡသည္ေတြကေတာ့- လတ္တေလာ ကခ်င္လြတ္ေျမာက္ေရးအဖြဲ႔ (KIO) ထိန္းခ်ဳပ္နယ္ေျမအတြင္းမွာ ခိုလံႈေနထိုင္သူက ၇၀,၀၀၀ နီးပါးနဲ႔ အစိုးရ ထိန္းခ်ဳပ္နယ္ေျမထဲမွာ ၄၀,၀၀၀ နီးပါး၊ စုစုေပါင္း ၁၀၀,၀၀၀ ေက်ာ္အထိ ရွိေနပါတယ္လို႔- ကခ်င္ေဒသ စစ္ေဘးေရွာင္ျပည္သူမ်ား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ (KHCC) က ဗီြအိုေအျမန္မာပိုင္းကိုေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်ရှောင်ပြည်သူတွေ မဲပေးခွင့်ရရေး ကချင်လူငယ်တွေ ကူညီဆောင်ရွက်

နိုင်ငံတဝှမ်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ထားတဲ့အချိန် ကချင် IDP စစ်ရှောင်ပြည်သူတွေ မဲပေးခွင့်ရရေး ကချင်နိုင်ငံရေးပါတီတွေနဲ့ ကချင်လူငယ်အဖွဲ့တွေ ဆောင်ရွက်နေကြတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်းကို တနိုင်လုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့အထိ ပထမဆုံးအကြိမ် ထုတ်ပြန်ထားပါတယ်။ စစ်ရေးပဋိပက္ခတွေနဲ့ နယ်မြေမတည်ငြိမ်နိုင်သေးတဲ့ တိုင်းရင်းဒေသတွေက အထူးသဖြင့် မိမိတို့နေရပ်ရင်းကနေ တိမ်းရှောင်ထွက်ပြေးခဲ့ကြရတဲ့ စစ်ရှောင်ပြည်သူတွေ နိုင်ငံသားတို့ အခွင့်အရေးနဲ့အညီ မဲပေးနိုင်ခွင့်ရှိအောင် IDP စစ်ရှောင်စခန်းတွေမှာ မဲဆန္ဒရှင်စာရင်းတွေ ပြုစုပြီး ထုတ်ပြန်ထားပါတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပါတယ်။

တချိန်တည်းမှာပဲ သိန်းချီတဲ့ ကချင်စစ်ရှောင်ပြည်သူတွေ မဲပေးခွင့်ရရေး ကချင်နိုင်ငံရေးပါတီတွေနဲ့ ကချင်လူငယ်တွေဘက်က မှန်ကန်တဲ့ မဲစာရင်းတွေဖြစ်လာရေး မဲစာရင်းစိစစ်မှုတွေ ဝိုင်းဝန်း ဆောင်ရွက်နေကြပါတယ်။ ခုလက်ရှိ နေရပ်ကို မပြန်နိုင်ကြသေးတဲ့ ကချင်ပြည်နယ်က စစ်ရှောင်စခန်းတွေထဲက မဲဆန္ဒရှင်စာရင်းတွေ ကပ်ထားတဲ့အခြေအနေကိုတော့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အစိုးရထိန်းချုပ်နယ်မြေထဲက Mai NaIDP ဒုက္ခသည်စခန်းက ကချင်လူငယ် Hpau Dut Lu Htoi ပြောပြပါတယ်။

"ကမ့်က မိုင်နားမှာက ကမ့်အများကြီး ရတယ်ပေါ့နော်။ AG ကမ့် RG ကမ့်ပေါ့နော် ... ကမ့်ငါးကမ့်လောက်ရှိတယ်။ အဲ့ဒီကမ့်က စာရင်းတွေကို သူတို့လာကောက်ပြီးမှ ကပ်တာပေါ့နော်။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်အောင် မဲဆန္ဒရှင်စာရင်းကို အခု ကျမတို့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ အခုကပ်ထားတယ် သြဂုတ်လ ၇ ရက်နေ့အထိပေါ့နော်။ ဟုတ်တယ်။ ဒီကမ့်ထဲက စာရင်းကို သူတို့က တောင်းတယ်ပေါ့နော်။ တဆင့်တောင်းပြီးတော့ မိုင်နားအုပ်ချုပ်ရေးမှူးရုံးမှာ ကပ်ထားတယ်ပေါ့နော်။ အဲ့လိုမျိုး အခြေအနေမှာရှိပါတယ်။ မဲစာရင်းအမှားအယွင်းကတော့ တချို့တလေ တွေ့ရပါတယ် ပထမတခါ ကပ်တဲ့အချိန်မှာ တချို့ကျတော့ နာမည်မပါဘူး။ တချို့ကျတော့ သေသွားတာတို့ လူမရှိတဲ့သူနာမည်ပါတာတို့ တွေ့ရပါတယ်။ အဲ့ဒါတွေကို ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ ပြန်ပြီး လျှောက်ထားဖို့ ရတယ်ဆိုပြီး အဲ့ဒီ့မှာ ပြန်လျှောက်ဖို့လုပ်နေကြပါတယ်။"

ကချင်ပြည်နယ်တွင်းက ကချင်ဒုက္ခသည်တွေထဲ နေရပ်ပြန်သွားကြသူတချို့ရော နေရပ်ကို မပြန်နိုင်ကြသေးဘဲ IDP စခန်းတွေထဲမှာပဲ ခိုလှုံနေထိုင်ကြဆဲ ကချင်ပြည်သူတွေ နိုင်ငံသားအခွင့်အရေးနဲ့အညီ မဲပေးနိုင်အောင် ကချင်နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ကချင်လူငယ်တွေက ဝိုင်းဝန်းဆောင်ရွက်ပေးနေကြတယ်လို့လည်း ကချင်လူ့အခွင့်အရေးရှေ့နေတဦးဖြစ်တဲ့ ဒေါ်ဒွဲဘူကပြောပြပါတယ်။

"အဓိကကတော့ ကျမတို့ကချင်ပြည်နယ်မှာ ဒုက္ခသည်စခန်းတွေရှိတယ် တချို့လည်း တိုက်ပွဲ မဖြစ်တဲ့အခါကျတော့ ပြန်တဲ့သူတွေလည်း ရှိတယ်။တချို့ကလည်း မပြန်သေးဘူးပေါ့နော်။ အဓိကကတော့- ဟိုမှာ လုံလုံခြုံခြုံနဲ့ ပြန်နိုင်ဖို့ရယ် နေထိုင်စားသောက်နိုင်ဖို့ရယ်ပေါ့နော်။အခု ကျမတို့ လူငယ်ပိုင်းတွေဘက်ကတော့ ဒီကမ့်တွေထဲမှာ မဲစာရင်းကြည့်ပေးနိုင်ဖို့ပေါ့။ ကမ့်တာဝန်ခံတွေနဲ့ ဆက်စပ်ပူးပေါင်း လုပ်ကိုင်နိုင်ဖို့လည်း ကျမတို့ ကြိုးစားထားပါတယ်။ နောက်ပြီးတော့ တချို့ကမ့်တွေကတော့ ကမ့်ထဲကနေ ပြန်သွားကြတဲ့သူတွေရှိတယ် သူတို့ဒေသမှာပဲ မဲထည့်ချင်တာရှိတယ် အဲ့တာတွေကိုလည်း ကျမတို့က ကမ့်ထဲမှာမဟုတ်ပဲနဲ့ နေရင်းဒေသမှာပဲ မဲထည့်ခွင့်ရအောင် သက်ဆိုင်ရာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို စာတွေ တင်ပေးထားတာရှိပါတယ်။ ကျမတို့ဒီတကြိမ် မဲစာရင်းမှာ မပါသေးတဲ့သူတွေမပါသေးတဲ့သူတွေ ဒီတကြိမ်မမှီရင် ဒုတိယအကြိမ်မှာပါအောင် မဲစာရင်းတွေကို စိစစ်ကြည့်ရှု့ပေးသွားဖို့စီစဉ်နေကြပါတယ်။"

စစ်ရေးပဋိပက္ခတွေနဲ့ နယ်မြေမတည်ငြိမ်နိုင်သေးတဲ့ ကချင်ပြည်နယ်တွင်း ကချင်ပြည်သူတွေ လိုလားတာကတော့- စစ်မီးတွေငြိမ်းပြီး နယ်မြေတွင်းမှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ပါ။ ကချင်စစ်ရှောင်တွေအပါအဝင် ကချင်လူငယ်မျိုးဆက်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အကောင်အထည်ဖော်နိုင်အောင် အထူးသဖြင့် မူးယစ်ဆေးဝါး ပြဿနာပပျောက်ရေးဖြေရှင်းနိုင်အောင်လည်း ကချင်နိုင်ငံရေးပါတီတွေဘက်က ကြိုးစားသွားကြဖို့ရှိပါတယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီဘက်ကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁၁ ကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်ဆင်နေတဲ့ ဒေါ်ဒွဲဘူကပြောပါတယ်။

"အဓိက ကျမတို့ ကချင်ပြည်နယ်သူ ကချင်ပြည်နယ်သားတွေ လိုလားတာက ငြိမ်းချမ်းရေးဖြစ်ပါတယ်ရှင့်။ ကျမတို့ကိုယ်တိုင် ဒီမှာပဲ နေကြတဲ့သူတွေဆိုတော့ ဒီမငြိမ်းချမ်းမှုကို ကိုယ်တိုင်ခံစားနေကြရတယ်။ဘယ်လိုဆောင်ရွက်မယ်ဆိုရင် ငြိမ်းချမ်းရေး တိုးတက်လာစေမယ်ဆိုတာကိုလည်း ကျမတို့က ကောင်းကောင်းသိပါတယ်။ ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးအသီးအပွင့်တွေကို ကချင်ပြည်သူတွေ ခံစားရအောင် ကျမတို့ဒေသအတွက်ပေါ့နော် ကြိုးစားသွားကြမှာပါ။နောက် အထူးသဖြင့် သဘာဝသံယံဇာတတွေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေအတွက်လည်း ကျမတို့ကချင်ပြည်သူတွေကပဲ ဦးစီးပြီး လုပ်ရမယ့်အလုပ်တွေဖြစ်တယ်။ ပြီးရင် ကချင်ဒေသထဲမှာ မူးယစ်ဆေးဝါးကလည်း သုံးတာရော ရောင်းတာရော တအားကိုများပြားနေတာ။ သုံးစွဲသူက အရမ်းကိုများနေခဲ့တော့ အဲ့တာတွေကို ပြန်လည်ထူထောင်ရေးပေါ့။ ဒါတွေက ကချင်ပြည်သူတွေဘက်ကနေ မဲပေးခွင့်ရှိမှ ကချင်ပြည်နယ်တိုးတက်ရေး လက်တွေ့အကောင်အထည် ဖော်နိုင်ကြမှာဖြစ်ပါတယ်။"

အခုလက်ရှိမှာတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံ ကချင်လွတ်မြောက်ရေးတပ် KIA တပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေပြင်းထန်ပြီး တကျော့ပြန်စစ်တွေဖြစ်ခဲ့တာ ၉ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီကချင်စစ်ကို ရှောင်ပြေးခဲ့ကြရတဲ့ ကချင်ပြည်သူဒုက္ခသည်တွေကတော့- လတ်တလော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေအတွင်းမှာ ခိုလှုံနေထိုင်သူက ၇၀,၀၀၀ နီးပါးနဲ့ အစိုးရ ထိန်းချုပ်နယ်မြေထဲမှာ ၄၀,၀၀၀ နီးပါး၊ စုစုပေါင်း ၁၀၀,၀၀၀ ကျော်အထိ ရှိနေပါတယ်လို့- ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများ ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) က ဗွီအိုအေမြန်မာပိုင်းကိုပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG