သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

​စစ္ေရွာင္ဒုကၡသည္ေတြ မဲေပးခြင့္ မေရမရာျဖစ္ေန


ရခိုင္ျပည္နယ္တြင္း ျဖစ္ပြားေနေသာ စစ္ပဲြမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရေသာ ရခိုင္ဒုကၡသည္တခ်ိဳ႕ကို ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ရွိ ယာယီစစ္ေရွာင္စခန္းတခုမွာ ေတြ႔ရ။ (ဇြန္ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ေရြးေကာက္ပဲြေတြ က်င္းပဖုိ႔ ၃ လေလာက္သာ လုိေတာ့ေပမဲ့ စစ္ေရွာင္ဒုကၡသည္ေတြ မဲေပးခြင့္ရေရး မေရရာေသးတဲ့အေၾကာင္း ေျပာျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

လာမယ့္ ႏုိ၀င္ဘာလ ေရြးေကာက္ပဲြက်ရင္ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ ေနရသူေတြ မဲေပးခြင့္ရဖုိ႔ မေရမရာ ျဖစ္ေနသလုိ၊ တည္ၿငိမ္မႈမရတဲ့ ေဒသေတြမွာ လုံၿခံဳေရး စိတ္မခ်ရတဲ့အတြက္ ေရြးေကာက္ပဲြေတြ က်င္းပႏုိင္ဖုိ႔လည္း မေသခ်ာတဲ့ အေျခအေနနဲ႔ ႀကံဳေနရတာပါ။ တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကုိင္ အဖဲြ႔ၾကား တုိက္ပဲြေတြ ဆက္လက္ ျဖစ္ပြားေနတာေၾကာင့္ ေဒသခံေတြ ေဘးလြတ္ရာ ဆက္လက္တိမ္းေရွာင္ေနၾကရတဲ့ ရခုိင္ျပည္နယ္မွာ ဆုိရင္လည္း မဲေပးခြင့္ရေအာင္ စီစဥ္ဖုိ႔ အခက္အခဲ ရွိေနတဲ့အေၾကာင္း ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ေဒၚတင္လႈိင္က ဗြီအိုေအကို ေျပာပါတယ္။

“အခုေလာေလာဆယ္ကေတာ့ အဲဒီတိုက္ပြဲေရွာင္ေနရာေတြမွာ သြားလုပ္လို႔ အဆင္မေျပဘူးေပါ့ေနာ္။ အဲဒီေတာ့ အေျခအေနေတြကလည္း အမ်ိဳးမ်ိဳးျဖစ္ႏိုင္ပါတယ္၊ သုံးလေလာက္ရွိေသးတဲ့အခါက်ေတာ့။ နီးတဲ့ေနရာမွာပဲ ထည့္ဖို႔ စီစဥ္ရမလား၊ ေလာေလာဆယ္ကေတာ့ ဘာမွ တိတိက်က်ေတာ့ လုပ္လို႔ မရေသးတဲ့ အေနအထားမ်ိဳးေပါ့ေနာ္။”

စစ္ေရးတင္းမာမႈေတြေၾကာင့္ ေရြးေကာက္ပဲြေတြ က်င္းပႏုိင္မယ့္ အေျခအေနေတြအေပၚ ေမးခြန္းေတြ ထြက္ေပၚေနခ်ိန္မွာပဲ ရခုိင္ျပည္နယ္ အစုိးရ တာ၀န္ရွိသူေတြကေတာ့ တပ္မေတာ္ အပါမ၀င္ လုံၿခံဳေရးအာဏာပုိင္ေတြရဲ႕ ဆုံးျဖတ္ခ်က္အေပၚ မူတည္မွာျဖစ္ေၾကာင္း ေျပာဆုိထားပါတယ္။ ျပည္ေထာင္စု ေရြးေကာက္ပဲြ ေကာ္မရွင္ကေတာ့ လာမယ့္ေရြးေကာက္ပဲြအတြက္ ရခိုင္ျပည္နယ္မွာ မဲ႐ုံေပါင္း ၂,၅၉၆ ႐ုံ သတ္မွတ္ထားေပမဲ့ စစ္ေရွာင္ ဒုကၡသည္ေတြ မဲေပးခြင့္ရေအာင္ စီစဥ္မယ္ဆုိရင္ေတာ့ မဲ႐ုံေတြ ပုိတုိးရလိမ့္မယ္လုိ႔လည္း ျပည္နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ေဒၚတင္လႈိင္က ေျပာပါတယ္။

“အေျခအေနက အမ်ိဳးမ်ိဳးရွိတယ္။ လုံၿခဳံေရးကိစၥေတြကလည္း ရွိတယ္၊ ေနာက္ အေျခအေနေတြပိုၿပီး တိုးတက္ေကာင္းမြန္လာတယ္ဆိုလို႔ရွိရင္ေတာ့ အဲဒီေနရာေတြအကုန္လုံးမွာ မဲ႐ုံေတြလုပ္မယ္ ဆိုလို႔ရွိရင္ လူဦးေရနဲ႔ ဘယ္ေလာက္ရွိတယ္။ မဲ႐ုံကေတာ့ ဘယ္လိုေ႐ႊ႕မယ္၊ ဘာညာစသျဖင့္ေပါ့ေနာ္၊ ဒါကေတာ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ကိုပဲ တင္ျပရဦးမွာေပါ့ေနာ္။ ခြင့္ျပဳတယ္ဆိုလို႔ရွိရင္ေတာ့ ေ႐ႊ႕ၿပီးေတာ့ မဲထည့္ခြင့္ေပးရမွာေပါ့ေလ။”

ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) ရဲ႕ စာရင္းေတြအရ ရခိုင္ေဒသမွာ စစ္ေရွာင္ဦးေရ ၁၉၀,၀၀၀ ေက်ာ္ရွိပါတယ္။ ကခ်င္ေဒသမွာေတာ့ စစ္ေရွာင္ဦးေရ ၆၀,၀၀၀ ဝန္းက်င္ရွိတယ္လို႔ ကခ်င္စစ္ေဘးေရွာင္ကူညီေရးေကာ္မတီ KHCC ကေျပာပါတယ္။ ရခုိင္ျပည္နယ္က လက္နက္ကုိင္ပဋိပကၡေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေပးေနရတဲ့ ခ်င္းတုိင္းရင္းသား စစ္ေရွာင္ဒုကၡသည္ ကေတာ့ ၁၀,၀၀၀ ေက်ာ္ရွိတယ္လို႔ ခ်င္းလူ႔အခြင့္အေရးအဖြဲ႔ေတြက မွတ္တမ္းတင္ထားပါတယ္။

ခ်င္းစစ္ေရွာင္ျပန္လည္ထူေထာင္ေရးေကာ္မတီ RRCCI ေျပာခြင့္ရ မိုင္နန္းေဝကေတာ့ လုံၿခံဳေရး ျပႆနာေတြေၾကာင့္ ဒီႏွစ္ေရြးေကာက္ပဲြမွာ အခက္အခဲေတြ ႀကံဳရႏုိင္တယ္လုိ႔ ေျပာပါတယ္။

“အဓိကအေရးႀကီးတာ လုံၿခဳံေရးေပါ့ေနာ္၊ လုံၿခဳံမႈက လုံးဝမရွိတဲ့အခါက်ေတာ့အခု မဲဆြယ္စည္း႐ုံးေရးကာလေတြ ဆိုတဲ့အခါက်ေတာ့ သြားလာေရးက ဘယ္လိုမွ အဆင္မေျပတဲ့အေနအထားမွာရွိတယ္။ တိုက္ပြဲေတြ မျဖစ္ေသာ္လည္းဘဲ တပ္ဘက္ကေသာ္လည္းေကာင္း နယ္ေျမထိန္းခ်ဳပ္ထားတဲ့ အေနအထားမွာရွိတယ္၊ သူတို႔သတ္မွတ္ထားတဲ့ ႐ြာရွိတယ္။ အဲဒါကေနေက်ာ္ၿပီးေတာ့ သြားလို႔မရဘူး ဆိုတာမ်ိဳးေတြ ရွိတဲ့အခါက်ေတာ့။ ေနာက္ voter education အပိုင္းမွာလည္း ရွိမွာေလေနာ့။ လူထုကလည္း သြားလာေရးခက္ခဲေတာ့ အဲဒါေတြအခုထိ ႀကဳံေနရဆဲပဲ။ ေနာက္မွာလည္း ဒီအခက္အခဲထပ္ၿပီးေတာ့ ေက်ာ္ျဖတ္ဖို႔ နည္းနည္း ခက္မယ္လို႔ထင္တယ္။”

ကုလသမဂၢနဲ႔ လူသားခ်င္းစာနာမႈ အကူအညီေပးေရးအဖဲြ႔ေတြကေတာ့ ျမန္မာႏုိင္ငံတ၀န္း လက္နက္ကုိင္ ပဋိပကၡေတြနဲ႔ အၾကမ္းဖက္မႈေတြေၾကာင့္ ေနရပ္စြန္႔ခြာေနၾကရသူ ၃၅၀,၀၀၀ ေလာက္ရွိမယ္လုိ႔ ခန္႔မွန္းထားပါတယ္။ တုိင္းရင္းသားေဒသေတြမွာ အမ်ားစုျဖစ္တဲ့ ဒုကၡသည္ေတြဟာ လုံၿခံဳေရးျပႆနာေတြေၾကာင့္ ေနရပ္မျပန္ႏုိင္ေသးပဲ ျဖစ္ေနသလုိ အေျခခံအခြင့္အေရးေတြ ဆုံး႐ႈံးမယ့္ အေျခအေနေတြနဲ႔ ရင္ဆုိင္ေနရေၾကာင္းလည္း ဒုကၡသည္ေတြကုိ အကူအညီေပးေနတဲ့ အဖဲြ႔႔အစည္းေတြနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက သတိေပးေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်ရှောင်ဒုက္ခသည်တွေ မဲပေးခွင့် မရေမရာဖြစ်နေ

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ၃ လလောက်သာ လိုတော့ပေမဲ့ စစ်ရှောင်ဒုက္ခသည်တွေ မဲပေးခွင့်ရရေး မရေရာသေးတဲ့အကြောင်း ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲကျရင် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင် နေရသူတွေ မဲပေးခွင့်ရဖို့ မရေမရာ ဖြစ်နေသလို၊ တည်ငြိမ်မှုမရတဲ့ ဒေသတွေမှာ လုံခြုံရေး စိတ်မချရတဲ့အတွက် ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့လည်း မသေချာတဲ့ အခြေအနေနဲ့ ကြုံနေရတာပါ။ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ဆက်လက်တိမ်းရှောင်နေကြရတဲ့ ရခိုင်ပြည်နယ်မှာ ဆိုရင်လည်း မဲပေးခွင့်ရအောင် စီစဉ်ဖို့ အခက်အခဲ ရှိနေတဲ့အကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ဗွီအိုအေကို ပြောပါတယ်။

“အခုလောလောဆယ်ကတော့ အဲဒီတိုက်ပွဲရှောင်နေရာတွေမှာ သွားလုပ်လို့ အဆင်မပြေဘူးပေါ့နော်။ အဲဒီတော့ အခြေအနေတွေကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်၊ သုံးလလောက်ရှိသေးတဲ့အခါကျတော့။ နီးတဲ့နေရာမှာပဲ ထည့်ဖို့ စီစဉ်ရမလား၊ လောလောဆယ်ကတော့ ဘာမှ တိတိကျကျတော့ လုပ်လို့ မရသေးတဲ့ အနေအထားမျိုးပေါ့နော်။”

စစ်ရေးတင်းမာမှုတွေကြောင့် ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့် အခြေအနေတွေအပေါ် မေးခွန်းတွေ ထွက်ပေါ်နေချိန်မှာပဲ ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူတွေကတော့ တပ်မတော် အပါမဝင် လုံခြုံရေးအာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်မှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ လာမယ့်ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ မဲရုံပေါင်း ၂,၅၉၆ ရုံ သတ်မှတ်ထားပေမဲ့ စစ်ရှောင် ဒုက္ခသည်တွေ မဲပေးခွင့်ရအောင် စီစဉ်မယ်ဆိုရင်တော့ မဲရုံတွေ ပိုတိုးရလိမ့်မယ်လို့လည်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါ်တင်လှိုင်က ပြောပါတယ်။

“အခြေအနေက အမျိုးမျိုးရှိတယ်။ လုံခြုံရေးကိစ္စတွေကလည်း ရှိတယ်၊ နောက် အခြေအနေတွေပိုပြီး တိုးတက်ကောင်းမွန်လာတယ်ဆိုလို့ရှိရင်တော့ အဲဒီနေရာတွေအကုန်လုံးမှာ မဲရုံတွေလုပ်မယ် ဆိုလို့ရှိရင် လူဦးရေနဲ့ ဘယ်လောက်ရှိတယ်။ မဲရုံကတော့ ဘယ်လိုရွှေ့မယ်၊ ဘာညာစသဖြင့်ပေါ့နော်၊ ဒါကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုပဲ တင်ပြရဦးမှာပေါ့နော်။ ခွင့်ပြုတယ်ဆိုလို့ရှိရင်တော့ ရွှေ့ပြီးတော့ မဲထည့်ခွင့်ပေးရမှာပေါ့လေ။”

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ရဲ့ စာရင်းတွေအရ ရခိုင်ဒေသမှာ စစ်ရှောင်ဦးရေ ၁၉၀,၀၀၀ ကျော်ရှိပါတယ်။ ကချင်ဒေသမှာတော့ စစ်ရှောင်ဦးရေ ၆၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ ကချင်စစ်ဘေးရှောင်ကူညီရေးကော်မတီ KHCC ကပြောပါတယ်။ ရခိုင်ပြည်နယ်က လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပေးနေရတဲ့ ချင်းတိုင်းရင်းသား စစ်ရှောင်ဒုက္ခသည် ကတော့ ၁၀,၀၀၀ ကျော်ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့တွေက မှတ်တမ်းတင်ထားပါတယ်။

ချင်းစစ်ရှောင်ပြန်လည်ထူထောင်ရေးကော်မတီ RRCCI ပြောခွင့်ရ မိုင်နန်းဝေကတော့ လုံခြုံရေး ပြဿနာတွေကြောင့် ဒီနှစ်ရွေးကောက်ပွဲမှာ အခက်အခဲတွေ ကြုံရနိုင်တယ်လို့ ပြောပါတယ်။

“အဓိကအရေးကြီးတာ လုံခြုံရေးပေါ့နော်၊ လုံခြုံမှုက လုံးဝမရှိတဲ့အခါကျတော့အခု မဲဆွယ်စည်းရုံးရေးကာလတွေ ဆိုတဲ့အခါကျတော့ သွားလာရေးက ဘယ်လိုမှ အဆင်မပြေတဲ့အနေအထားမှာရှိတယ်။ တိုက်ပွဲတွေ မဖြစ်သော်လည်းဘဲ တပ်ဘက်ကသော်လည်းကောင်း နယ်မြေထိန်းချုပ်ထားတဲ့ အနေအထားမှာရှိတယ်၊ သူတို့သတ်မှတ်ထားတဲ့ ရွာရှိတယ်။ အဲဒါကနေကျော်ပြီးတော့ သွားလို့မရဘူး ဆိုတာမျိုးတွေ ရှိတဲ့အခါကျတော့။ နောက် voter education အပိုင်းမှာလည်း ရှိမှာလေနော့။ လူထုကလည်း သွားလာရေးခက်ခဲတော့ အဲဒါတွေအခုထိ ကြုံနေရဆဲပဲ။ နောက်မှာလည်း ဒီအခက်အခဲထပ်ပြီးတော့ ကျော်ဖြတ်ဖို့ နည်းနည်း ခက်မယ်လို့ထင်တယ်။”

ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာနေကြရသူ ၃၅၀,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ တိုင်းရင်းသားဒေသတွေမှာ အများစုဖြစ်တဲ့ ဒုက္ခသည်တွေဟာ လုံခြုံရေးပြဿနာတွေကြောင့် နေရပ်မပြန်နိုင်သေးပဲ ဖြစ်နေသလို အခြေခံအခွင့်အရေးတွေ ဆုံးရှုံးမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရကြောင်းလည်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက သတိပေးနေကြပါတယ်။

XS
SM
MD
LG