သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာေလွ်ာ့ခ်ေရး NLD ႀကိဳးပမ္းမႈ


ရန္ကုန္ၿမိဳ႕ သဃၤန္းကြ်န္းၿမိဳ႕နယ္ရွိ NLD ရံုး။ (ဇူလိုင္ ၂၄၊ ၂၀၁၉)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ေရြးေကာက္ပဲြေတြ ေနာက္တႀကိမ္ က်င္းပဖုိ႔ ရွိေနခ်ိန္မွာပဲ ႏုိင္ငံေရးမွာ စစ္တပ္က ၾသဇာလႊမ္းမုိးေနတာေတြကုိ ေလွ်ာ့ခ်ေရး အာဏာရ အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီရဲ႕ ႀကိဳးပမ္းမႈေတြအေပၚ ေမးခြန္းေတြ ထြက္ေပၚေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေျပာျပေပးပါမယ္။

ျမန္မာႏုိင္ငံမွာ လက္ရွိက်င့္သုံးေနတဲ့ ၂၀၀၈ ခုႏွစ္ ဖြဲ႔စည္းပုံအေျခခံ ဥပေဒအရ လႊတ္ေတာ္ေနရာ ၄ ပုံ ၁ ပုံကုိ တပ္မေတာ္သား ကုိယ္စားလွယ္ေတြ ေနရာယူထားသလုိ အစုိးရရဲ႕ အေရးပါတဲ့ ေနရာေတြကုိလည္း ခ်ဳပ္ကုိင္ထားတာေတြကုိ NLD အစုိးရက ေလွ်ာ့ခ်ဖုိ႔ ႀကိဳးပမ္းတာေတြ ရွိေပမဲ့ ေအာင္ျမင္မႈမရတဲ့အေပၚ ေမးခြန္းထုတ္သူေတြ ရွိေနပါတယ္။ NLD ပါတီ ေျပာခြင့္ရ မုံ႐ြာဦးေအာင္ရွင္ကေတာ့ ျမန္မာႏုိင္ငံရဲ႕ သမုိင္းေၾကာင္းအရ တပ္မေတာ္က ႏုိင္ငံေရးမွာ ပါ၀င္သင့္တယ္ဆုိတဲ့ ယူဆခ်က္ေတြေၾကာင့္ အခုလို အေျခအေနနဲ႔ ႀကံဳေနရတာလုိ႔ ေျပာပါတယ္။

“က်ေနာ္တို႔နဲ႔ အဲဒီႏိုင္ငံေတြက ျခားနားတဲ့ အေျခအေနေတြရွိတယ္။ က်ေနာ္တို႔ႏိုင္ငံမွာ ျပည္တြင္းလက္နက္ကိုင္ ပဋိပကၡ ႏွစ္ေပါင္း ၇၀ ေက်ာ္အျမစ္တြယ္လာတယ္။ အဲဒါဟာ က်ေနာ္တို႔ႏိုင္ငံရဲ႕ ထူးျခားခ်က္ပဲ။ ျပည္တြင္းလက္နက္ကိုင္ ရွိေနသမွ်ေတာ့ လႊတ္ေတာ္ထဲမွာ တပ္မေတာ္ရဲ႕ အခန္းက႑က ရွိေနဦးမွာပဲဆိုတဲ့ ယူဆတဲ့အပိုင္းကလည္း ရွိေနတယ္။ တနည္းအားျဖင့္ေျပာရရင္ေတာ့ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးကိုအေျခခံတဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေထာင္ေရးဆိုတဲ့ တဆက္၊ တဆက္တည္း စဥ္းစားၿပီးေတာ့ အလုပ္လုပ္ၾကရတာ ျဖစ္ပါတယ္။ ကိုယ့္ႏိုင္ငံရဲ႕ ထူးျခားတဲ့ အေျခအေနအရပဲ ႀကိဳးစားၾကရတာျဖစ္တယ္လို႔ ေျပာခ်င္ပါတယ္။”

၂၀၀၈ ခုႏွစ္ ဖဲြ႔စည္းပုံ အေျခခံဥပေဒမွာ ဒီမုိကေရစီမဆန္တဲ့ အခ်က္ေတြ ပါ၀င္ေနတယ္ဆုိၿပီး စတင္ေရးဆဲြစဥ္ကတည္းက ကန္႔ကြက္ခဲ့တဲ့ NLD ပါတီဟာ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲဝင္တဲ့အခါမွာလည္း ျပင္ဆင္ဖုိ႔ ႀကိဳးပမ္းမယ့္အေၾကာင္း ကတိျပဳခဲ့တာပါ။ ဒါေပမဲ့လည္း NLD ဦးေဆာင္တဲ့ အစုိးရနဲ႔ လႊတ္ေတာ္သက္တမ္း ၄ ႏွစ္ေက်ာ္လာတဲ့ အခ်ိန္အထိ ေအာင္ျမင္မႈေတာ့ မရခဲ့ပါဘူး။ ႏိုင္ငံေရးအကဲခတ္ ဦးတင္ေမာင္သန္းကေတာ့ ဖဲြ႔စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး ေမွ်ာ္လင့္သေလာက္ ေအာင္ျမင္မႈမရခဲ့တာဟာ NLD ပါတီက တပ္မေတာ္နဲ႔ သင့္ျမတ္ေရးကုိ ဦးစားေပးခဲ့တဲ့အတြက္ ျဖစ္ႏုိင္တယ္လုိ႔ သုံးသပ္ပါတယ္။

“အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အေနနဲ႔က တပ္မေတာ္နဲ႔ ယုံၾကည္မႈ တည္ေဆာက္တဲ့ကာလကို ျဖတ္သန္းေနရတယ္။ အဲဒီအခါမ်ိဳးမွာ အဲဒီအခ်က္ေတြကို ေဆာင္႐ြက္တာက အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ယုံၾကည္မႈတည္ေဆာက္ေရးကို ထိခိုက္မလားဆိုတာကို ျပန္ၿပီးခ်င့္ခ်ိန္ရတယ္။ အခုထိ အဲဒါေတြကို မလုပ္ခဲ့တာကေတာ့ အဲဒီယုံၾကည္မႈတည္ေဆာက္ေရးကို ပ်က္ျပားမွာစိုးလို႔လို႔ ယူဆရတယ္ေပါ့ေနာ္။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ တပ္နဲ႔ ေဆြးေႏြးညႇိႏႈိင္းၿပီးေတာ့မွ ဖြဲ႕စည္းပုံျပဳျပင္ေျပာင္းလဲေရး သြားတဲ့လမ္းေၾကာင္းကို ေ႐ြးခ်ယ္တယ္လို႔ ယူဆရတယ္။ ဒါကလည္း သဘာဝက်တယ္လို႔ ထင္တယ္။”

ႏုိင္ငံေရး ျပဳျပင္ေျပာင္းလဲမႈေတြမွာ ပူးေပါင္းပါ၀င္လာေအာင္ ႀကိဳးပမ္းရာက NLD ပါတီေခါင္းေဆာင္ေတြအေနနဲ႔ တပ္မေတာ္က က်ဳးလြန္တဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ၊ ဥပေဒမဲ့လုပ္ရပ္ေတြကုိပါ အကာအကြယ္ေပးရာ ေရာက္ေနတယ္ဆုိၿပီး လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေ၀ဖန္တာေတြလည္း ရွိပါတယ္။ လူ႔အခြင့္အေရးလႈပ္ရွားမႈအဖြဲ႔တခုျဖစ္တဲ့ Fortify Rights ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရးသုေတသီ Nickey Diamond ကေတာ့ NLD ပါတီအေနနဲ႔ စစ္တပ္ကုိ အေလွ်ာ့ေပး လုိက္ေလ်ာလြန္းတယ္လုိ႔ ျမင္ပါတယ္။

“ဒါေပမဲ့ NLD က အခုလက္ရွိမွာ စစ္တပ္နဲ႔ ရင္ၾကားေစ့ေရးကိုပဲ လုပ္ေနတယ္။ ဒါေပမဲ့ စစ္တပ္ကို အေပးအယူသေဘာမ်ိဳးကစားတယ္ဆိုတဲ့ ကစားကြက္မ်ိဳး မေတြ႕ရဘူး။ ဆိုလိုခ်င္တာက NLD က လူထုအင္အားကိုလည္း ယူထားမယ္၊ စစ္တပ္နဲ႔ ထိပ္တိုက္ေတြ႕ရမယ့္ တခ်ိဳ႕ေနရာေတြမွာ ထိပ္တိုက္ေတြ႕ၿပီးေတာ့ အေလွ်ာ့ေပးရမယ့္ေနရာေတြမွာ အေလွ်ာ့ေပးရမယ္။ အေလွ်ာ့အတင္းရွိရမယ္ေပါ့။ စစ္တပ္ကလည္း သူလိုခ်င္တာရွိမယ္၊ သူေပးႏိုင္တာရွိမယ္။ အခုလက္ရွိမွာ NLD က ေတာက္ေလွ်ာက္လုံး စစ္တပ္ကိုပဲ ေပးၿပီးကစားေနတယ္ေပါ့။ Constitution (ဖြဲ႕စည္းပုံအရ) ၂၅ ရာခိုင္ႏႈန္း အသာေပးထားရတယ္၊ တျခားေနရာေတြမွာလည္း အသာေပးလိုက္ရတာေတြ အမ်ားႀကီးရွိတယ္ေပါ့။ လူထုအင္အားကို သုံးၿပီးေတာ့ တင္းသင့္တဲ့ေနရာမွာ တင္းခဲ့မယ္ဆိုရင္ တခ်ိဳ႕အေျပာင္းအလဲေတြ ရွိႏိုင္တယ္ေပါ့။”

NLD ပါတီက အမ်ားစုနဲ႔ ထိန္းခ်ဳပ္ထားတဲ့ လႊတ္ေတာ္မွာ ဖဲြ႔စည္းပုံျပင္ေရး ႀကိဳးပမ္းေနေပမဲ့ လႊတ္ေတာ္မွာ ၄ ပုံ ၁ ပုံ ေနရာယူထားတဲ့ တပ္မေတာ္သား ကုိယ္စားလွယ္ေတြအျပင္၊ စစ္တပ္နဲ႔နီးစပ္တဲ့ ျပည္ေထာင္စု ႀကံ့ခုိင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီ၊ တုိင္းရင္းသားပါတီ တခ်ဳိ႕ကပါ ကန္႔ကြက္မႈေတြနဲ႔ ႀကံဳေနရတာပါ။ လက္ရွိဖဲြ႔စည္းပုံအေျခခံဥပေဒပါ ျပဌာန္းခ်က္အရ တပ္မေတာ္သား ကိုယ္စားလွယ္ေတြရဲ႕ ေထာက္ခံမႈ မရရင္ ျပင္ဆင္လုိ႔မရႏုိင္ဘဲ ျဖစ္ေနတာေၾကာင့္ တျခားနည္းလမ္းေပါင္းစုံကုိပါ စဥ္းစားသြားမယ္လုိ႔ NLD ပါတီ ေျပာခြင့္ရပုဂၢိဳလ္ မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။

“နည္းမ်ိဳးစုံေပါ့။ လက္ေတြ႕အရ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္တယ္၊ သို႔မဟုတ္ ျပင္လို႔မရရင္ လႊတ္ေတာ္ထဲမွာရွိတဲ့ ၂၅ ရာခိုင္ႏႈန္းေသာ တပ္မေတာ္သား ကိုယ္စားလွယ္ေတြနဲ႔ ဘယ္လိုအေပးအယူလုပ္ရမလဲ၊ ဘယ္လို ညႇိႏႈိင္းရမလဲဆိုတာေတြ က်ေနာ္တို႔ ေခါင္းေဆာင္ေတြ စဥ္းစားေနၾကၿပီလို႔ပဲ က်ေနာ္ယုံၾကည္ပါတယ္။”

လႊတ္ေတာ္ထဲမွာ တပ္မေတာ္သားကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္းကို အဆင့္ ၃ ဆင့္နဲ႔ ေလွ်ာ့ခ်ဖို႔ NLD ပါတီက ဥပေဒၾကမ္း တင္သြင္းၿပီး ျပင္ဆင္ဖုိ႔ ႀကိဳးပမ္းခဲ့ေပမဲ့ ကန႔္ကြက္မႈေတြေၾကာင့္ အရာမထင္ျဖစ္ခဲ့တာပါ။ NLD ပါတီဥကၠ႒ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ လႊတ္ေတာ္ထဲက တပ္မေတာ္သား ကိုယ္စားလွယ္ေတြကို ဖယ္ထုတ္ဖုိ႔ ရည္ရြယ္တာမဟုတ္ဘဲ ျပည္သူလူထုက ေရြးခ်ယ္တင္ေျမႇာက္ထားတဲ့ ကိုယ္စားလွယ္ေတြအေပၚ ေရြးခ်ယ္ခံ မဟုတ္တဲ့သူေတြက လႊမ္းမိုးတာမ်ိဳးမျဖစ္ေစပဲ ဒီမိုကေရစီဆန္ဆန္ ျဖစ္ေစခ်င္ေၾကာင္း ေဖေဖာ္ဝါရီ ၂၄ ရက္ ကရင္ျပည္နယ္၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ လူထုေတြ႕ဆုံပြဲမွာ ေျပာခဲ့ပါတယ္။

စစ္အာဏာေလွ်ာ့ခ်ေရး NLD ႀကိဳးပမ္းမႈ
please wait

No media source currently available

0:00 0:05:01 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာလျှော့ချရေး NLD ကြိုးပမ်းမှု

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ နောက်တကြိမ် ကျင်းပဖို့ ရှိနေချိန်မှာပဲ နိုင်ငံရေးမှာ စစ်တပ်က သြဇာလွှမ်းမိုးနေတာတွေကို လျှော့ချရေး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ကြိုးပမ်းမှုတွေအပေါ် မေးခွန်းတွေ ထွက်ပေါ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က ပြောပြပေးပါမယ်။

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်နေရာ ၄ ပုံ ၁ ပုံကို တပ်မတော်သား ကိုယ်စားလှယ်တွေ နေရာယူထားသလို အစိုးရရဲ့ အရေးပါတဲ့ နေရာတွေကိုလည်း ချုပ်ကိုင်ထားတာတွေကို NLD အစိုးရက လျှော့ချဖို့ ကြိုးပမ်းတာတွေ ရှိပေမဲ့ အောင်မြင်မှုမရတဲ့အပေါ် မေးခွန်းထုတ်သူတွေ ရှိနေပါတယ်။ NLD ပါတီ ပြောခွင့်ရ မုံရွာဦးအောင်ရှင်ကတော့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းအရ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်သင့်တယ်ဆိုတဲ့ ယူဆချက်တွေကြောင့် အခုလို အခြေအနေနဲ့ ကြုံနေရတာလို့ ပြောပါတယ်။

“ကျနော်တို့နဲ့ အဲဒီနိုင်ငံတွေက ခြားနားတဲ့ အခြေအနေတွေရှိတယ်။ ကျနော်တို့နိုင်ငံမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ နှစ်ပေါင်း ၇၀ ကျော်အမြစ်တွယ်လာတယ်။ အဲဒါဟာ ကျနော်တို့နိုင်ငံရဲ့ ထူးခြားချက်ပဲ။ ပြည်တွင်းလက်နက်ကိုင် ရှိနေသမျှတော့ လွှတ်တော်ထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက ရှိနေဦးမှာပဲဆိုတဲ့ ယူဆတဲ့အပိုင်းကလည်း ရှိနေတယ်။ တနည်းအားဖြင့်ပြောရရင်တော့ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုအခြေခံတဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးဆိုတဲ့ တဆက်၊ တဆက်တည်း စဉ်းစားပြီးတော့ အလုပ်လုပ်ကြရတာ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ ထူးခြားတဲ့ အခြေအနေအရပဲ ကြိုးစားကြရတာဖြစ်တယ်လို့ ပြောချင်ပါတယ်။”

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီမဆန်တဲ့ အချက်တွေ ပါဝင်နေတယ်ဆိုပြီး စတင်ရေးဆွဲစဉ်ကတည်းက ကန့်ကွက်ခဲ့တဲ့ NLD ပါတီဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင်တဲ့အခါမှာလည်း ပြင်ဆင်ဖို့ ကြိုးပမ်းမယ့်အကြောင်း ကတိပြုခဲ့တာပါ။ ဒါပေမဲ့လည်း NLD ဦးဆောင်တဲ့ အစိုးရနဲ့ လွှတ်တော်သက်တမ်း ၄ နှစ်ကျော်လာတဲ့ အချိန်အထိ အောင်မြင်မှုတော့ မရခဲ့ပါဘူး။ နိုင်ငံရေးအကဲခတ် ဦးတင်မောင်သန်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မျှော်လင့်သလောက် အောင်မြင်မှုမရခဲ့တာဟာ NLD ပါတီက တပ်မတော်နဲ့ သင့်မြတ်ရေးကို ဦးစားပေးခဲ့တဲ့အတွက် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့က တပ်မတော်နဲ့ ယုံကြည်မှု တည်ဆောက်တဲ့ကာလကို ဖြတ်သန်းနေရတယ်။ အဲဒီအခါမျိုးမှာ အဲဒီအချက်တွေကို ဆောင်ရွက်တာက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်မလားဆိုတာကို ပြန်ပြီးချင့်ချိန်ရတယ်။ အခုထိ အဲဒါတွေကို မလုပ်ခဲ့တာကတော့ အဲဒီယုံကြည်မှုတည်ဆောက်ရေးကို ပျက်ပြားမှာစိုးလို့လို့ ယူဆရတယ်ပေါ့နော်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်နဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့မှ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး သွားတဲ့လမ်းကြောင်းကို ရွေးချယ်တယ်လို့ ယူဆရတယ်။ ဒါကလည်း သဘာဝကျတယ်လို့ ထင်တယ်။”

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေမှာ ပူးပေါင်းပါဝင်လာအောင် ကြိုးပမ်းရာက NLD ပါတီခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က ကျုးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဥပဒေမဲ့လုပ်ရပ်တွေကိုပါ အကာအကွယ်ပေးရာ ရောက်နေတယ်ဆိုပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်တာတွေလည်း ရှိပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Fortify Rights ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးသုတေသီ Nickey Diamond ကတော့ NLD ပါတီအနေနဲ့ စစ်တပ်ကို အလျှော့ပေး လိုက်လျောလွန်းတယ်လို့ မြင်ပါတယ်။

“ဒါပေမဲ့ NLD က အခုလက်ရှိမှာ စစ်တပ်နဲ့ ရင်ကြားစေ့ရေးကိုပဲ လုပ်နေတယ်။ ဒါပေမဲ့ စစ်တပ်ကို အပေးအယူသဘောမျိုးကစားတယ်ဆိုတဲ့ ကစားကွက်မျိုး မတွေ့ရဘူး။ ဆိုလိုချင်တာက NLD က လူထုအင်အားကိုလည်း ယူထားမယ်၊ စစ်တပ်နဲ့ ထိပ်တိုက်တွေ့ရမယ့် တချို့နေရာတွေမှာ ထိပ်တိုက်တွေ့ပြီးတော့ အလျှော့ပေးရမယ့်နေရာတွေမှာ အလျှော့ပေးရမယ်။ အလျှော့အတင်းရှိရမယ်ပေါ့။ စစ်တပ်ကလည်း သူလိုချင်တာရှိမယ်၊ သူပေးနိုင်တာရှိမယ်။ အခုလက်ရှိမှာ NLD က တောက်လျှောက်လုံး စစ်တပ်ကိုပဲ ပေးပြီးကစားနေတယ်ပေါ့။ Constitution ( ဖွဲ့စည်းပုံအရ) ၂၅ ရာခိုင်နှုန်း အသာပေးထားရတယ်၊ တခြားနေရာတွေမှာလည်း အသာပေးလိုက်ရတာတွေ အများကြီးရှိတယ်ပေါ့။ လူထုအင်အားကို သုံးပြီးတော့ တင်းသင့်တဲ့နေရာမှာ တင်းခဲ့မယ်ဆိုရင် တချို့အပြောင်းအလဲတွေ ရှိနိုင်တယ်ပေါ့။”

NLD ပါတီက အများစုနဲ့ ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ရေး ကြိုးပမ်းနေပေမဲ့ လွှတ်တော်မှာ ၄ ပုံ ၁ ပုံ နေရာယူထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေအပြင်၊ စစ်တပ်နဲ့နီးစပ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားပါတီ တချို့ကပါ ကန့်ကွက်မှုတွေနဲ့ ကြုံနေရတာပါ။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှု မရရင် ပြင်ဆင်လို့မရနိုင်ဘဲ ဖြစ်နေတာကြောင့် တခြားနည်းလမ်းပေါင်းစုံကိုပါ စဉ်းစားသွားမယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် မုံရွာအောင်ရှင်က ပြောပါတယ်။

“နည်းမျိုးစုံပေါ့။ လက်တွေ့အရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်တယ်၊ သို့မဟုတ် ပြင်လို့မရရင် လွှတ်တော်ထဲမှာရှိတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ဘယ်လိုအပေးအယူလုပ်ရမလဲ၊ ဘယ်လို ညှိနှိုင်းရမလဲဆိုတာတွေ ကျနော်တို့ ခေါင်းဆောင်တွေ စဉ်းစားနေကြပြီလို့ပဲ ကျနော်ယုံကြည်ပါတယ်။”

လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အဆင့် ၃ ဆင့်နဲ့ လျှော့ချဖို့ NLD ပါတီက ဥပဒေကြမ်း တင်သွင်းပြီး ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ကန့်ကွက်မှုတွေကြောင့် အရာမထင်ဖြစ်ခဲ့တာပါ။ NLD ပါတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေကို ဖယ်ထုတ်ဖို့ ရည်ရွယ်တာမဟုတ်ဘဲ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေအပေါ် ရွေးချယ်ခံ မဟုတ်တဲ့သူတွေက လွှမ်းမိုးတာမျိုးမဖြစ်စေပဲ ဒီမိုကရေစီဆန်ဆန် ဖြစ်စေချင်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် လူထုတွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

XS
SM
MD
LG