သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၂၀၂၀ အလြန္ NLD ေျခလွမ္း ဘာျဖစ္မလဲ


NLD's chairperson Daw Aung San Suu Kyi, July 23 2020
၂၀၂၀ အလြန္ NLD ေျခလွမ္း ဘာျဖစ္မလဲ
please wait

No media source currently available

0:00 0:07:17 0:00
တိုက္႐ိုက္ လင့္ခ္

လာမယ့္ ၂၀၂၀ ႏို၀င္ဘာ ၈ ရက္ေန႔မွာ က်င္းပမယ့္ အေထြေထြ ေရြးေကာက္ပြဲၾကီးမွာ ၀င္ေရာက္ယွဥ္ျပိဳင္မယ့္ အင္န္အယ္လ္ဒီရဲ႕ အမတ္ေလာင္း စာရင္းေတြ တရား၀င္ ထုတ္ျပန္ေၾကျငာလိုက္ပါျပီ။ အင္န္အယ္လ္ဒီရဲ႕ အမတ္ေလာင္းစာရင္းေတြကို အမတ္ေလာင္း ေလ်ာက္လႊာတင္ထားသူေတြ၊ သူ႔ပါတီ၀င္ေတြတင္မက ျပည္သူ အမ်ားကပါ စိတ္၀င္စားၾကပါတယ္။ အေၾကာင္းကေတာ့ အင္န္အယ္လ္ဒီ ပါတီဟာ အာဏာရပါတီ ျဖစ္ေနတဲ့အျပင္ ၂၀၁၅ ေရြးေကာက္ပြဲ အေတြ႕အၾကံဳအရ အင္န္အယ္လ္ဒီ အလံေအာက္က ေရြးေကာက္ပြဲ ၀င္ရင္ ေရြးခ်ယ္ခံရဖို႔ ရာခုိင္ႏွဳန္းမ်ားတာေၾကာင့္လည္း ျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္တုန္းက အင္န္အယ္လ္ဒီဟာ စုစုေပါင္း မဲဆႏၵနယ္ေျမ ၁၁၂၃ ေနရာမွာ ၀င္ေရာက္ယွဥ္ျပိဳင္ခဲ့ျပီး ၈၆၅ ေယာက္ ေရြးခ်ယ္ခံခဲ့ရပါတယ္။ ၀င္အေရြးခံသူစုစုေပါင္းရဲ႕ ၇၇% အႏိုင္ရခဲ့တာလည္း ျဖစ္ပါတယ္။ ခုဆို ေရြးေကာက္ပြဲ၀င္ျပိဳင္မယ့္ စာရင္း ေပၚထြက္လာျပီမို႔ တကယ္လို႔သာ အင္န္အယ္လ္ဒီသာ အႏုိင္ရ အစိုးရဖြဲ႕ႏုိင္ခဲ့ရင္ ၂၀၂၀ အလြန္ ျဖစ္ေပၚလာႏိုင္တဲ့ အေျခအေန တစ္ခ်ိဳ႕ကို အၾကမ္းဖ်ဥ္း ခန္႔မွန္းလို႔ ရႏုိင္ပါျပီ။ ခုတစ္ပတ္ အဲဒီအေၾကာင္း ေလ့လာ တင္ျပသြားပါ့မယ္။

ဇူလိုင္ ၂၃ ရက္ အမတ္ေလာင္းစာရင္း ထုတ္ျပန္အျပီးမွာ အမတ္ေလာင္းေတြကို ပါတီအေပၚ သစၥာရိွမွဳနဲ႔ တူေပဒဏ္ေပ ခံႏိုင္ရည္ ရွိသူေတြကို ဦးစားေပး ေရြးခ်ယ္ခဲ့တယ္လို႔ ပါတီ ဒုဥကၠဌ(၂) ေဒါက္တာေဇာ္ျမင့္ေမာင္က သတင္းမီဒီယာေတြကို ေျပာပါတယ္။ ဒါကလည္း ၂၀၁၅ နဲ႔ ၂၀၂၀ အၾကား လႊတ္ေတာ္ေတြအတြင္း ျဖစ္ပ်က္ခဲ့တဲ့ အျဖစ္အပ်က္ ျပသနာေတြ အေပၚ အေျခခံျပီး စဥ္းစားခဲ့တာ ျဖစ္ႏုိင္ပါတယ္။ လက္ရွိ ၂၀၀၈ ဖြဲ႕စည္းပံုနဲ႔ တည္ဆဲ ဥပေဒေတြအရ ေရြးေကာက္ပြဲ ႏုိင္ျပီး အင္န္အယ္လ္ဒီ ပါတီ အမတ္အေနနဲ႔ လႊတ္ေတာ္ထဲ ၀င္သြားသည့္တုိင္ ပါတီအေပၚ သစၥာမရွိတာ၊ ပါတီမူ၀ါဒ မလိုက္နာတာ၊ ျခံခုန္တာမ်ိဳး ရွိခဲ့ရင္ေတာင္ အဲဒီသူကို လႊတ္ေတာ္ အမတ္အျဖစ္က ပ်က္ျပယ္ေအာင္ ဘာမွ လုပ္ႏိုင္တာ မရွိပါဘူး။ သက္ဆုိင္ရာ မဲဆႏၵနယ္က မဲဆႏၵရွင္ေတြရဲ႕ အားနဲ႔ ျပန္ျဖဳတ္ခ်ရေအာင္ကလည္း လႊတ္ေတာ္ကိုယ္စားလွယ္ အျဖစ္ကေန ျပန္ရုပ္သိမ္းေရး ဥပေဒကို ခုခ်ိန္ထိ ျပဌာန္းႏိုင္ျခင္း မရွိေသးလို႔ပါပဲ။

လာမယ့္ ေရြးေကာက္ပဲြအတြက္ အင္န္အယ္လ္ဒီ ထိပ္တန္းေခါင္းေဆာင္ ၃ ေယာက္ျဖစ္တဲ့ ႏိုင္ငံေတာ္ဇ။္ အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦး၀င္းျမင့္၊ မႏၱေလးတုိင္း ၀န္ၾကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ၃ ေယာက္စလံုး ေရြးေကာက္ပြဲ ၀င္ၾကပါမယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦး၀င္းျမင့္က ျပည္သူ႕လႊတ္ေတာ္ အတြက္ ရန္ကုန္တုိင္း ေကာ့မွဴးျမိဳ႕နယ္နဲ႔ တာေမြျမိဳ႕နယ္မွာ ၀င္ၾကပါမယ္။ ေဒါက္တာေဇာ္ျမင့္ေမာင္ကေတာ့ မႏၱေလးတိုင္း လႊတ္ေတာ္အတြက္ အမရပူရျမိဳ႕နယ္ အမွတ္(၁) မဲဆႏၵနယ္ကေန ၀င္ေရာက္ယွဥ္ျပိဳင္မယ္လို႔ သိရပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ ေရြးေကာ္ပြဲသာ ႏိုင္ခဲ့ရင္ လက္ရွိ အေျခအေနအတုိင္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦး၀င္းျမင့္ တုိ႔ဟာ အစိုးရအဖြဲ႕တာ၀န္ ဆက္ယူဖြယ္ရွိျပီး ေဒါက္တာေဇာ္ျမင့္ေမာင္ကေတာ့ မႏၱေလးတုိင္း ၀န္ၾကီးခ်ဳပ္ တာ၀န္နဲ႔ ပါတီ တာ၀န္ ဆက္ယူဖို႔ ရည္မွန္းထားပံု ရပါတယ္။ ျပည္နယ္ ဒါမွမဟုတ္ တုိင္း ၀န္ၾကီးခ်ဳပ္ တာ၀န္ထမ္းေဆာင္မယ့္ သူဟာ အဲဒီ ျပည္နယ္၊ ဒါမွမဟုတ္ တုိင္း လႊတ္ေတာ္မွာ ကိုယ္စားလွယ္ အျဖစ္ ေရြးခ်ယ္ခံထားရဖို႔ လိုအပ္ပါတယ္။ ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ မႏၱေလးတိုင္း ၀န္ၾကီးခ်ဳပ္ တာ၀န္ ဆက္ယူဖို႔ အတြက္ တိုင္းလႊတ္ေတာ္ အဆင့္မွာပဲ ၀င္ျပိဳင္ခဲ့တာပါ။ အျခားတစ္ဖက္မွာေတာ့ ေရြးေကာက္ပြဲအျပီး၊ အင္န္အယ္လ္ဒီ အႏုိင္ရခဲ့ရင္၊ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦး၀င္းျမင့္ အစိုးရအဖြဲ႕ တာ၀န္ ဆက္ယူၾကမွာမို႔ ဖြဲ႕စည္းပံုအရ ပါတီလုပ္ငန္း ဆက္လုပ္လို႔ ရၾကမွာ မဟုတ္ပါဘူး။ အဲဒီအခ်ိန္ ခုလိုပဲ ပါတီတာ၀န္ကို ေဒါက္တာေဇာ္ျမင့္ေမာင္ကပဲ ဆက္ယူဖုိ႔ အခု ပံုစံ ေရြးေကာက္ပြဲ ၀င္တာလို႔ ခန္႔မွန္းရပါတယ္။

၂၀၀၈ ဖြဲ႕စည္းပံုအရ ေရြးေကာက္ပြဲအျပီး အစိုးရဖြဲ႕ႏုိင္ေလာက္တဲ့ ပါတီၾကီးေတြဟာ၊ အစိုးရဖြဲ႕ႏုိင္ေရးကို ရည္မွန္းျပီး တိုင္းနဲ႔ ျပည္နယ္မွာ ၀န္ၾကီးခ်ဳပ္တာ၀န္ေပးမယ့္သူေတြကို ၾကိဳတင္လ်ာထားရေလ့ ရွိပါတယ္။ အဲဒီလူေတြကို တိုင္းနဲ႔ ျပည္နယ္ လႊတ္ေတာ္ အဆင့္မွာပဲ ေရြးေကာက္ပြဲ ၀င္ေစရမွာျဖစ္ပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပံုအရ သမၼတ၊ ဒုသမၼတ နဲ႔ ျပည္ေထာင္စု အဆင့္ ၀န္ၾကီး၊ ဒု၀န္ၾကီးေတြကို လႊတ္ေတာ္ အမတ္ ျဖစ္ျဖစ္၊ မျဖစ္ျဖစ္ ခန္႔အပ္ႏိုင္ေပမယ့္ ျပည္နယ္နဲ႔ တုိင္း ၀န္ၾကီးခ်ဳပ္ေတြကိုေတာ့ အဲဒီ ျပည္နယ္နဲ႔တုိင္း လႊတ္ေတာ္ အမတ္ေတြထဲကပဲ ခန္႔အပ္ႏုိင္တာမို႔ ခုလို ၾကိဳတင္လ်ာထား၊ ျပည္နယ္နဲ႔ တုိင္းအဆင့္ လႊတ္ေတာ္မွာ ေရြးေကာက္ပြဲ ၀င္ျပိဳင္ေစတာ ျဖစ္ပါတယ္။

လက္ရွိ အင္န္အယ္လ္ဒီ ပါတီရဲ႕ တုိင္းနဲ႔ ျပည္နယ္လႊတ္ေတာ္ေတြ အတြက္ အမတ္ေလာင္း လ်ာထားစာရင္းမွာ ရန္ကုန္တိုင္းကလြဲျပီး က်န္တိုင္းနဲ႔ ျပည္နယ္ အားလံုးက ၀န္ၾကီးခ်ဳပ္ေတြဟာ သက္ဆုိင္ရာ တုိင္းနဲ႔ ျပည္နယ္ လႊတ္ေတာ္ေတြ အတြက္ပဲ ၀င္ျပိဳင္ဖို႔ စာရင္းတင္ထားတာ ေတြ႕ရပါတယ္။ ေနာက္ထပ္ ထူးျခားတာ တစ္ခုကေတာ့ အဲဒီ တုိင္းနဲ႔ ျပည္နယ္ လႊတ္ေတာ္အတြက္ အမတ္ေလာင္းေတြ စာရင္းမွာ လက္ရွိ ၀န္ၾကီးခ်ဳပ္ေတြထက္ ပို၀ါရင့္၊ ပါတီတာ၀န္ ပိုၾကီးတဲ့၊ ထင္ရွားတဲ့ အင္န္အယ္လ္ဒီ ပုဂၢိဳလ္ေတြ ပါ၀င္တာမ်ိဳးလည္း မေတြ႕ရပါဘူး။ အဓိပၸါယ္ကေတာ့ အင္န္အယ္လ္ဒီဟာ ရန္ကုန္တုိင္းကလြဲရင္ က်န္ တုိင္းနဲ႔ ျပည္နယ္အားလံုးက ၀န္ၾကီးခ်ဳပ္ေတြကို ေနာင္ အစိုးရသက္တမ္း အုပ္ခ်ဳပ္ခြင့္ရခဲ့ရင္လည္း ၀န္ၾကီးခ်ဳပ္ေတြ အျဖစ္ပဲ တာ၀န္ေပးဖို႔ လ်ာထားတာ ျဖစ္ႏုိင္ပါတယ္။ ႏိုင္ငံေရးအကဲခတ္ေတြက တစ္ခ်ိဳ႕၀န္ၾကီးခ်ဳပ္ေတြ အရည္အခ်င္းမရွိဘူး၊ အုပ္ခ်ဳပ္စီမံခန္႔ခြဲႏုိင္မွဳ အားနည္းတယ္ စသျဖင့္ ေ၀ဖန္ေနၾကသည့္တိုင္ အင္န္အယ္လ္ဒီ ကေတာ့ လက္ရွိ ၀န္ၾကီးခ်ဳပ္ေတြနဲ႔ပဲ စခန္းသြားဖို႔ ရည္ရြယ္ထားတယ္လို႔ ခန္႔မွန္းႏုိင္ပါတယ္။

ရန္ကုန္တိုင္း ၀န္ၾကီးခ်ဳပ္ေနရာကေတာ့ အေတာ့္ကို အေရးၾကီးတဲ့ ေနရာမ်ိဳးပါ။ တိုင္းနဲ႔ ျပည္နယ္ အဆင့္ ၀န္ၾကီးခ်ဳပ္ ဆုိေပမယ့္ တကယ္လက္ေတြ႕ၾကည့္လိုက္ရင္ ဒုသမၼတ အဆင့္ေတြထက္ေတာင္ လုပ္ပိုင္ခြင့္ အာဏာ ပိုၾကီး၊ ပိုမ်ားပါတယ္။ ၂၀၁၅ ေရြးေကာက္ပြဲအျပီး အင္န္အယ္လ္ဒီဟာ ဦးျဖိဳးမင္းသိန္းကို ၀န္ၾကီးခ်ဳပ္တာ၀န္ေပးခဲ့ပါတယ္။ ၄ ႏွစ္ေက်ာ္ကာလ ဦးျဖိဳးမင္းသိန္းရဲ႕ စြမ္းေဆာင္မွဳေတြမွာ ေအာင္ျမင္မွဳေတြ ရွိသလို၊ အမ်ားေ၀ဖန္ရေလာက္တဲ့ အထိ အားနည္းခ်က္ေတြလည္း ရွိခဲ့ပါတယ္။

သူ႔ရဲ႕ စြမ္းေဆာင္ႏုိင္ခ်က္ေတြထဲမွာ မဘသ အဖြဲ႕ၾကီးကို တရားမ၀င္္ေၾကာင္း အေစာဆံုး အတိအလင္း ေျပာဆုိခဲ့တာ၊ YBS ဘတ္စ္ကားေတြ ေျပးဆြဲျခင္း အပါအ၀င္ ရန္ကုန္ျမိဳ႕ျပ ဖြံ႕ျဖိဳးတုိးတက္ေရးကို သိသာ ထိေရာက္ေအာင္ လုပ္ျပႏုိင္တာ၊ ႏုိင္ငံျခား ရင္းႏွီးျမွဳပ္ႏွံမွဳေတြ ၀င္ေရာက္လာေအာင္ စြမ္းေဆာင္ႏိုင္တာ စသျဖင့္ အေတာ္မ်ားမ်ား ကိစၥေတြမွာ ခ်ီးက်ဴးႏုိင္ပါတယ္။ ဒါေပမယ့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကို ႏိုင္ငံတကာမွာဆို ညႊန္ခ်ဳပ္အဆင့္ေလာက္ပဲ ဆုိျပီး သတိလက္လြတ္ ေျပာဆိုမိတာမ်ိဳး၊ က်ဴးေက်ာ္ေတြကို တဲေတြကေန တုိက္ေပၚတင္ေပးရံုမက အလုပ္အကိုင္ပါ ရေအာင္ ၾကိဳးစားေပးမယ္ ဆုိျပီး မျဖစ္ႏိုင္တဲ့ ကတိေပးတာမ်ိဳးေတြလည္း လုပ္ခဲ့တာ ေတြ႕ရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အင္န္အယ္လ္ဒီရဲ႕ ရန္ကုန္တုိင္းလႊတ္ေတာ္ အတြက္ ၀င္ျပိဳင္မယ့္ အမတ္ေလာင္းစာရင္းမွာ ဦးျဖိဳးမင္းသိန္း မပါေတာ့တာေၾကာင့္ သူ႔အေနနဲ႔ တိုင္း၀န္ၾကီးခ်ဳပ္ တာ၀န္ ယူခြင့္မရွိေတာ့တာ ေသျခာသြားပါျပီ။ အျခားတစ္ဖက္မွာလည္း နာမည္ၾကီး တုိင္းလႊတ္ေတာ္ အမတ္ ေဒၚစႏၵာမင္းကလည္း ပါတီေခါင္းေဆာင္ေတြရဲ႕ ညႊန္ၾကားခ်က္နဲ႔ တုိင္းလႊတ္ေတာ္ အတြက္ ၀င္မျပိဳင္ရေတာ့ပါဘူး။

ေနာက္ဆံုးထြက္ေပၚေနတဲ့ သတင္းေတြအရ ေရြးေကာက္ပြဲမွာ အင္န္အယ္ဒီ အႏုိင္ရခဲ့ရင္ ေနာင္ျဖစ္လာမယ့္ ရန္ကုန္တုိင္း ၀န္ၾကီးခ်ဳပ္ဟာ လက္ရွိ တိုင္း စီမံ၊ဘ႑ာ ၀န္ၾကီးတာ၀န္ယူထားတဲ့ ဦးရဲမင္းဦး ျဖစ္ႏိုင္ျပီး ရန္ကုန္တိုင္း လႊတ္ေတာ္ အတြက္ ဒဂံု(၁) မဲဆႏၵနယ္ေျမကေန ၀င္ေရာက္ အေရြးခံဖို႔ စာရင္းထုတ္ျပန္ထားျပီးပါျပီ။ က်န္ တုိင္းအဆင့္ လႊတ္ေတာ္ အတြက္ တင္ထားတဲ့ အမတ္ေလာင္းေတြ စာရင္းမွာ ၀န္ၾကီးခ်ဳပ္ေလာင္းအျဖစ္ လ်ာထားႏုိင္ေလာက္တ့ဲ ၀ါရင့္၊ နာမည္ၾကီး အင္န္အယ္လ္ဒီ ပုဂၢိဳလ္မ်ိဳး မပါ၀င္တာေၾကာင့္ ဦးရဲမင္းဦးကိုသာလ်င္ ၀န္ၾကီးခ်ဳပ္ တာ၀န္ေပးဖို႔ လ်ာထားတာ ျဖစ္ႏုိင္ေၾကာင္း ခန္႔မွန္းရပါတယ္။ ဒါေၾကာင့္ အင္န္အယ္လ္ဒီ ဟာ ေရြးေကာက္ပြဲႏုိင္ျပီး အစိုးရဖြဲ႕ႏိုင္ခဲ့ရင္ အေရးၾကီးတဲ့ ရန္ကုန္တိုင္း ၀န္ၾကီးခ်ဳပ္ေနရာကို ငယ္ရြယ္တဲ့ ပညာတတ္ တစ္္ေယာက္ကို ေျပာင္းလဲ တာ၀န္ေပးဖုိ႔ လ်ာထားတာကလြဲျပီး က်န္အပိုင္းတစ္ခ်ိဳ႕မွာေတာ့ လက္ရွိ အေနအထားအတုိင္း ဆက္သြားဖို႔ ရည္ရြယ္ထားပံုရပါေၾကာင္း သံုးသပ္တင္ျပလိုက္ရပါတယ္။

----------------

၂၀၂၀ အလွန် NLD ခြေလှမ်း ဘာဖြစ်မလဲ


လာမယ့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အင်န်အယ်လ်ဒီရဲ့ အမတ်လောင်း စာရင်းတွေ တရားဝင် ထုတ်ပြန်ကြေငြာလိုက်ပါပြီ။ အင်န်အယ်လ်ဒီရဲ့ အမတ်လောင်းစာရင်းတွေကို အမတ်လောင်း လျောက်လွှာတင်ထားသူတွေ၊ သူ့ပါတီဝင်တွေတင်မက ပြည်သူ အများကပါ စိတ်ဝင်စားကြပါတယ်။ အကြောင်းကတော့ အင်န်အယ်လ်ဒီ ပါတီဟာ အာဏာရပါတီ ဖြစ်နေတဲ့အပြင် ၂၀၁၅ ရွေးကောက်ပွဲ အတွေ့အကြုံအရ အင်န်အယ်လ်ဒီ အလံအောက်က ရွေးကောက်ပွဲ ဝင်ရင် ရွေးချယ်ခံရဖို့ ရာခိုင်နှုန်းများတာကြောင့်လည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက အင်န်အယ်လ်ဒီဟာ စုစုပေါင်း မဲဆန္ဒနယ်မြေ ၁၁၂၃ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၈၆၅ ယောက် ရွေးချယ်ခံခဲ့ရပါတယ်။ ဝင်အရွေးခံသူစုစုပေါင်းရဲ့ ၇၇% အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ ခုဆို ရွေးကောက်ပွဲဝင်ပြိုင်မယ့် စာရင်း ပေါ်ထွက်လာပြီမို့ တကယ်လို့သာ အင်န်အယ်လ်ဒီသာ အနိုင်ရ အစိုးရဖွဲ့နိုင်ခဲ့ရင် ၂၀၂၀ အလွန် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေ တစ်ချို့ကို အကြမ်းဖျဉ်း ခန့်မှန်းလို့ ရနိုင်ပါပြီ။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

ဇူလိုင် ၂၃ ရက် အမတ်လောင်းစာရင်း ထုတ်ပြန်အပြီးမှာ အမတ်လောင်းတွေကို ပါတီအပေါ် သစ္စာရှိမှုနဲ့ တူပေဒဏ်ပေ ခံနိုင်ရည် ရှိသူတွေကို ဦးစားပေး ရွေးချယ်ခဲ့တယ်လို့ ပါတီ ဒုဥက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က သတင်းမီဒီယာတွေကို ပြောပါတယ်။ ဒါကလည်း ၂၀၁၅ နဲ့ ၂၀၂၀ အကြား လွှတ်တော်တွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် ပြသနာတွေ အပေါ် အခြေခံပြီး စဉ်းစားခဲ့တာ ဖြစ်နိုင်ပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ တည်ဆဲ ဥပဒေတွေအရ ရွေးကောက်ပွဲ နိုင်ပြီး အင်န်အယ်လ်ဒီ ပါတီ အမတ်အနေနဲ့ လွှတ်တော်ထဲ ဝင်သွားသည့်တိုင် ပါတီအပေါ် သစ္စာမရှိတာ၊ ပါတီမူဝါဒ မလိုက်နာတာ၊ ခြံခုန်တာမျိုး ရှိခဲ့ရင်တောင် အဲဒီသူကို လွှတ်တော် အမတ်အဖြစ်က ပျက်ပြယ်အောင် ဘာမှ လုပ်နိုင်တာ မရှိပါဘူး။ သက်ဆိုင်ရာ မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေရဲ့ အားနဲ့ ပြန်ဖြုတ်ချရအောင်ကလည်း လွှတ်တော်ကိုယ်စားလှယ် အဖြစ်ကနေ ပြန်ရုပ်သိမ်းရေး ဥပဒေကို ခုချိန်ထိ ပြဌာန်းနိုင်ခြင်း မရှိသေးလို့ပါပဲ။

လာမယ့် ရွေးကောက်ပွဲအတွက် အင်န်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင် ၃ ယောက်ဖြစ်တဲ့ နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၃ ယောက်စလုံး ရွေးကောက်ပွဲ ဝင်ကြပါမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် အတွက် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်နဲ့ တာမွေမြို့နယ်မှာ ဝင်ကြပါမယ်။ ဒေါက်တာဇော်မြင့်မောင်ကတော့ မန္တလေးတိုင်း လွှတ်တော်အတွက် အမရပူရမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရွေးကော်ပွဲသာ နိုင်ခဲ့ရင် လက်ရှိ အခြေအနေအတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် တို့ဟာ အစိုးရအဖွဲ့တာဝန် ဆက်ယူဖွယ်ရှိပြီး ဒေါက်တာဇော်မြင့်မောင်ကတော့ မန္တလေးတိုင်း ဝန်ကြီးချုပ် တာဝန်နဲ့ ပါတီ တာဝန် ဆက်ယူဖို့ ရည်မှန်းထားပုံ ရပါတယ်။ ပြည်နယ် ဒါမှမဟုတ် တိုင်း ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်မယ့် သူဟာ အဲဒီ ပြည်နယ်၊ ဒါမှမဟုတ် တိုင်း လွှတ်တော်မှာ ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံထားရဖို့ လိုအပ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးတိုင်း ဝန်ကြီးချုပ် တာဝန် ဆက်ယူဖို့ အတွက် တိုင်းလွှတ်တော် အဆင့်မှာပဲ ဝင်ပြိုင်ခဲ့တာပါ။ အခြားတစ်ဖက်မှာတော့ ရွေးကောက်ပွဲအပြီး၊ အင်န်အယ်လ်ဒီ အနိုင်ရခဲ့ရင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အစိုးရအဖွဲ့ တာဝန် ဆက်ယူကြမှာမို့ ဖွဲ့စည်းပုံအရ ပါတီလုပ်ငန်း ဆက်လုပ်လို့ ရကြမှာ မဟုတ်ပါဘူး။ အဲဒီအချိန် ခုလိုပဲ ပါတီတာဝန်ကို ဒေါက်တာဇော်မြင့်မောင်ကပဲ ဆက်ယူဖို့ အခု ပုံစံ ရွေးကောက်ပွဲ ဝင်တာလို့ ခန့်မှန်းရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့နိုင်လောက်တဲ့ ပါတီကြီးတွေဟာ၊ အစိုးရဖွဲ့နိုင်ရေးကို ရည်မှန်းပြီး တိုင်းနဲ့ ပြည်နယ်မှာ ဝန်ကြီးချုပ်တာဝန်ပေးမယ့်သူတွေကို ကြိုတင်လျာထားရလေ့ ရှိပါတယ်။ အဲဒီလူတွေကို တိုင်းနဲ့ ပြည်နယ် လွှတ်တော် အဆင့်မှာပဲ ရွေးကောက်ပွဲ ဝင်စေရမှာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတ၊ ဒုသမ္မတ နဲ့ ပြည်ထောင်စု အဆင့် ဝန်ကြီး၊ ဒုဝန်ကြီးတွေကို လွှတ်တော် အမတ် ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ခန့်အပ်နိုင်ပေမယ့် ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကိုတော့ အဲဒီ ပြည်နယ်နဲ့တိုင်း လွှတ်တော် အမတ်တွေထဲကပဲ ခန့်အပ်နိုင်တာမို့ ခုလို ကြိုတင်လျာထား၊ ပြည်နယ်နဲ့ တိုင်းအဆင့် လွှတ်တော်မှာ ရွေးကောက်ပွဲ ဝင်ပြိုင်စေတာ ဖြစ်ပါတယ်။

လက်ရှိ အင်န်အယ်လ်ဒီ ပါတီရဲ့ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေ အတွက် အမတ်လောင်း လျာထားစာရင်းမှာ ရန်ကုန်တိုင်းကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ် အားလုံးက ဝန်ကြီးချုပ်တွေဟာ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေ အတွက်ပဲ ဝင်ပြိုင်ဖို့ စာရင်းတင်ထားတာ တွေ့ရပါတယ်။ နောက်ထပ် ထူးခြားတာ တစ်ခုကတော့ အဲဒီ တိုင်းနဲ့ ပြည်နယ် လွှတ်တော်အတွက် အမတ်လောင်းတွေ စာရင်းမှာ လက်ရှိ ဝန်ကြီးချုပ်တွေထက် ပိုဝါရင့်၊ ပါတီတာဝန် ပိုကြီးတဲ့၊ ထင်ရှားတဲ့ အင်န်အယ်လ်ဒီ ပုဂ္ဂိုလ်တွေ ပါဝင်တာမျိုးလည်း မတွေ့ရပါဘူး။ အဓိပ္ပါယ်ကတော့ အင်န်အယ်လ်ဒီဟာ ရန်ကုန်တိုင်းကလွဲရင် ကျန် တိုင်းနဲ့ ပြည်နယ်အားလုံးက ဝန်ကြီးချုပ်တွေကို နောင် အစိုးရသက်တမ်း အုပ်ချုပ်ခွင့်ရခဲ့ရင်လည်း ဝန်ကြီးချုပ်တွေ အဖြစ်ပဲ တာဝန်ပေးဖို့ လျာထားတာ ဖြစ်နိုင်ပါတယ်။ နိုင်ငံရေးအကဲခတ်တွေက တစ်ချို့ဝန်ကြီးချုပ်တွေ အရည်အချင်းမရှိဘူး၊ အုပ်ချုပ်စီမံခန့်ခွဲနိုင်မှု အားနည်းတယ် စသဖြင့် ဝေဖန်နေကြသည့်တိုင် အင်န်အယ်လ်ဒီ ကတော့ လက်ရှိ ဝန်ကြီးချုပ်တွေနဲ့ပဲ စခန်းသွားဖို့ ရည်ရွယ်ထားတယ်လို့ ခန့်မှန်းနိုင်ပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ်နေရာကတော့ အတော့်ကို အရေးကြီးတဲ့ နေရာမျိုးပါ။ တိုင်းနဲ့ ပြည်နယ် အဆင့် ဝန်ကြီးချုပ် ဆိုပေမယ့် တကယ်လက်တွေ့ကြည့်လိုက်ရင် ဒုသမ္မတ အဆင့်တွေထက်တောင် လုပ်ပိုင်ခွင့် အာဏာ ပိုကြီး၊ ပိုများပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး အင်န်အယ်လ်ဒီဟာ ဦးဖြိုးမင်းသိန်းကို ဝန်ကြီးချုပ်တာဝန်ပေးခဲ့ပါတယ်။ ၄ နှစ်ကျော်ကာလ ဦးဖြိုးမင်းသိန်းရဲ့ စွမ်းဆောင်မှုတွေမှာ အောင်မြင်မှုတွေ ရှိသလို၊ အများဝေဖန်ရလောက်တဲ့ အထိ အားနည်းချက်တွေလည်း ရှိခဲ့ပါတယ်။

သူ့ရဲ့ စွမ်းဆောင်နိုင်ချက်တွေထဲမှာ မဘသ အဖွဲ့ကြီးကို တရားမဝင်ကြောင်း အစောဆုံး အတိအလင်း ပြောဆိုခဲ့တာ၊ YBS ဘတ်စ်ကားတွေ ပြေးဆွဲခြင်း အပါအဝင် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးကို သိသာ ထိရောက်အောင် လုပ်ပြနိုင်တာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာအောင် စွမ်းဆောင်နိုင်တာ စသဖြင့် အတော်များများ ကိစ္စတွေမှာ ချီးကျူးနိုင်ပါတယ်။ ဒါပေမယ့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို နိုင်ငံတကာမှာဆို ညွှန်ချုပ်အဆင့်လောက်ပဲ ဆိုပြီး သတိလက်လွတ် ပြောဆိုမိတာမျိုး၊ ကျူးကျော်တွေကို တဲတွေကနေ တိုက်ပေါ်တင်ပေးရုံမက အလုပ်အကိုင်ပါ ရအောင် ကြိုးစားပေးမယ် ဆိုပြီး မဖြစ်နိုင်တဲ့ ကတိပေးတာမျိုးတွေလည်း လုပ်ခဲ့တာ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီရဲ့ ရန်ကုန်တိုင်းလွှတ်တော် အတွက် ဝင်ပြိုင်မယ့် အမတ်လောင်းစာရင်းမှာ ဦးဖြိုးမင်းသိန်း မပါတော့တာကြောင့် သူ့အနေနဲ့ တိုင်းဝန်ကြီးချုပ် တာဝန် ယူခွင့်မရှိတော့တာ သေခြာသွားပါပြီ။ အခြားတစ်ဖက်မှာလည်း နာမည်ကြီး တိုင်းလွှတ်တော် အမတ် ဒေါ်စန္ဒာမင်းကလည်း ပါတီခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်နဲ့ တိုင်းလွှတ်တော် အတွက် ဝင်မပြိုင်ရတော့ပါဘူး။

နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းတွေအရ ရွေးကောက်ပွဲမှာ အင်န်အယ်ဒီ အနိုင်ရခဲ့ရင် နောင်ဖြစ်လာမယ့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟာ လက်ရှိ တိုင်း စီမံ၊ဘဏ္ဍာ ဝန်ကြီးတာဝန်ယူထားတဲ့ ဦးရဲမင်းဦး ဖြစ်နိုင်ပြီး ရန်ကုန်တိုင်း လွှတ်တော် အတွက် ဒဂုံ(၁) မဲဆန္ဒနယ်မြေကနေ ဝင်ရောက် အရွေးခံဖို့ စာရင်းထုတ်ပြန်ထားပြီးပါပြီ။ ကျန် တိုင်းအဆင့် လွှတ်တော် အတွက် တင်ထားတဲ့ အမတ်လောင်းတွေ စာရင်းမှာ ဝန်ကြီးချုပ်လောင်းအဖြစ် လျာထားနိုင်လောက်တဲ့ ဝါရင့်၊ နာမည်ကြီး အင်န်အယ်လ်ဒီ ပုဂ္ဂိုလ်မျိုး မပါဝင်တာကြောင့် ဦးရဲမင်းဦးကိုသာလျင် ဝန်ကြီးချုပ် တာဝန်ပေးဖို့ လျာထားတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းရပါတယ်။ ဒါကြောင့် အင်န်အယ်လ်ဒီ ဟာ ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖွဲ့နိုင်ခဲ့ရင် အရေးကြီးတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နေရာကို ငယ်ရွယ်တဲ့ ပညာတတ် တစ်ယောက်ကို ပြောင်းလဲ တာဝန်ပေးဖို့ လျာထားတာကလွဲပြီး ကျန်အပိုင်းတစ်ချို့မှာတော့ လက်ရှိ အနေအထားအတိုင်း ဆက်သွားဖို့ ရည်ရွယ်ထားပုံရပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။

XS
SM
MD
LG