သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲဆႏၵရွင္စာရင္းထုတ္ျပန္မႈ အမွားအယြင္းတခ်ိဳ႕ရွိေန


မြန္ျပည္နယ္ ေပါင္ၿမိဳ႕မွာ ဆႏၵမဲေပးခြင့္ရွိသူ အမည္စာရင္းကို ၾကည့္႐ႈေနသူတခ်ဳိ႕။ (ဇူလုိင္ ၂၇၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

[Zawgyi/Unicode]

ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္ ဖားကန႔္ၿမိဳ႕နယ္ ကာမိုင္းၿမိဳ႕မွာ ဆႏၵမဲေပးခြင့္ရွိသူ အမည္စာရင္းကို ၾကည့္ရႈေနသူတခ်ိဳ႕။ (ဇူလိုင္ ၂၇၊ ၂၀၂၀။ ဓာတ္ပုံ - MOI)
ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္ ဖားကန႔္ၿမိဳ႕နယ္ ကာမိုင္းၿမိဳ႕မွာ ဆႏၵမဲေပးခြင့္ရွိသူ အမည္စာရင္းကို ၾကည့္ရႈေနသူတခ်ိဳ႕။ (ဇူလိုင္ ၂၇၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

လာမယ့္ ႏိုဝင္ဘာေ႐ြးေကာက္ပြဲမွာ မဲေပးခြင့္ရွိသူေတြ စာရင္းကို ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က မၾကာေသးခင္ကပဲ ထုတ္ျပန္ခဲ့ရာမွာ အခ်က္အလက္ လြဲမွားမႈေတြ ပါဝင္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက ေျပာျပပါမယ္။

ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲအတြက္ မဲဆႏၵရွင္စာရင္းကို ေ႐ြးေကာက္ပြဲ ေကာ္မရွင္က စေနေန႔က ထုတ္ျပန္ခဲ့ရာမွာ အခ်က္အလက္ အမွားအယြင္းေတြ ပါဝင္ေနတာ ေတြ႕ရေၾကာင္း မဲဆႏၵရွင္ေတြနဲ႔ ႏိုင္ငံေရးပါတီေတြက ေျပာေနၾကပါတယ္။ ရွမ္းျပည္နယ္က မဲဆႏၵနယ္ေျမ တခ်ိဳ႕မွာ ဆိုရင္လည္း အရင္က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ မဲေပးခဲ့ဖူးသူေတြရဲ႕ အခ်က္အလက္ေတြပါ မွားယြင္းေနတာမ်ိဳးေတြ ေတြ႕ေနရတယ္လို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (SNLD) ဗဟိုေကာ္မတီဝင္ စိုင္းလိတ္က ေျပာပါတယ္။

"ကြဲလြဲမႈက ေတာ္ေတာ္မ်ားတယ္။ မိုင္းရယ္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ကိုယ္တိုင္ႀကဳံရတာပါ။ သူ႔အိမ္မွာ မဲေပးခြင့္ရွိသူ ၅ ေယာက္စလုံးအခ်က္အလက္ေတြ မွားတယ္။ မူဆယ္ဘက္မွာလည္းအဲလိုေတြ ရွိတယ္။ မျဖစ္သင့္တဲ့ အမွားေတြေပါ့ေနာ္။ ၂၀၁၅ တုန္းက အေသခ်ာပါတယ္။ မဲေပးသူေတြေတာင္ အခ်က္အလက္ေတြ မွားေနတယ္။ မျဖစ္သင့္ဘူး။ က်ေနာ္ေတာ့ အားမရဘူး။ UEC ဆိုတာ ပိုက္ဆံအမ်ားႀကီးသုံးတဲ့ ဌာနတခုက ခုခ်ိန္ထိ မမွားသင့္တာေတြ မွားတယ္။ အမွားနည္းသတဲ့ နည္းေအာင္မလုပ္ႏိုင္တာကေတာ့ ေတာ္ေတာ္ကို တာဝန္ေပါ့ေလ်ာ့ရာက်ပါတယ္။"

မဲဆႏၵရွင္ ၅၆ သိန္းေလာက္ ရွိမယ္လို႔ ခန႔္မွန္းထားတဲ့ ရန္ကုန္တိုင္းထဲမွာ လူ ၄၀၀,၀၀၀ ေက်ာ္ရဲ႕ မွတ္ပုံတင္နံပတ္ေတြ ထပ္ေနတာေၾကာင့္ ျပန္လည္စိစစ္ခဲ့ရေၾကာင္းလည္း ရန္ကုန္တိုင္း အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

ကယားျပည္နယ္မွာလည္း အရင္ေ႐ြးေကာက္ပြဲေတြတုန္းက မဲဆႏၵရွင္စာရင္းမွာ မပါခဲ့တဲ့ နယ္ျခားေစာင့္တပ္နဲ႔ မိသားစုဝင္ စာရင္းေတြပါ ပါဝင္လာတာေၾကာင့္ ရႈပ္ေထြးမႈေတြ ႀကဳံေနရတယ္လို႔ ကယန္းအမ်ိဳးသားပါတီက ခြန္ဘီထူးက ေျပာျပပါတယ္။

"လူေတြ အေျပာင္းအေ႐ႊ႕ စာရင္းေတာ္ေတာ္ေလး အလြဲအေခ်ာ္ျဖစ္ေနတယ္။ ေသသူစာရင္းေတြပါေနတုန္းပဲ။ ေနာက္တခုက တပ္မဲစာရင္း နယ္ျခားေစာင့္တပ္မဲစာရင္ေတြ တခ်ိဳ႕ေက်း႐ြာေတြမွာပါေနတယ္။ တခ်ိဳ႕ေနရာေတြမွာ လူဦးေရတိုးတာေတြ ရွိေနတယ္။ အရင္ကေၾကျငာတာ မရွိဘူး။ ခုေတာ့နယ္ျခားေစာင့္တပ္ရင္းက တပ္သားေတြ သူ႔မိသားစုေတြပါထည့္ေပါင္းကပ္ထားေတာ့ က်ေတာ့ က်ေနာ္တို႔ ႐ုတ္တရက္ မ်က္လုံးျပဴးတယ္၊ အံ့အားသင့္တယ္။ သူတို႔ေတြဘက္ကဆိုေတာ့ ေတာ္ေတာ္ေလးကိုလိုက္ၿပီး တိုက္စစ္ရမယ္။ အဲလိုေတြေတာ့ႀကဳံရတယ္။"

၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲအတြက္ ၿပီးခဲ့တဲ့ ႏွစ္ဇူလိုင္ကေန စက္တင္ဘာလအတြင္း စာရင္းေကာက္ယူခဲ့တာ ျဖစ္ေပမဲ့ အမွားအယြင္းေတြ ပါဝင္ေနတဲ့အတြက္ မဲဆႏၵရွင္ တခ်ိဳ႕ကေတာ့ စိတ္ပ်က္ေနၾကပါတယ္။ ပထမအႀကိမ္အျဖစ္ စေနေန႔က ထုတ္ျပန္ခဲ့တဲ့ မဲဆႏၵရွင္ စာရင္းကိုေတာ့ ၾသဂုတ္လအထိ ကပ္ထားမွာျဖစ္ၿပီး မဲေပးခြင့္ရွိသူေတြ အခ်က္အလက္ မွန္-မမွန္ စစ္ေဆးၾကဖို႔လည္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္က တိုက္တြန္းထားတာပါ။ အမွားအယြင္းေတြ ပါဝင္ေနတာရွိရင္ သတ္မွတ္ထားတဲ့ ေလွ်ာက္လႊာေတြနဲ႔တကြ ျပင္ဆင္တာ၊ ကန႔္ကြက္တာေတြ လုပ္ခြင့္ရွိေၾကာင္းလည္း အသိေပးထားပါတယ္။ ဒါေပမဲ့ လက္ေတြ႕ျပင္ဆင္ဖို႔ ႀကိဳးစားရာမွာ အခက္အခဲေတြ ရွိေနတယ္လို႔လည္း ပဲခူးတိုင္း ျပည္ၿမိဳ႕က မဲဆႏၵရွင္တစ္ဦးျဖစ္တဲ့ ဆလိုင္းေကာင္းျမတ္မင္း ကေျပာပါတယ္။

မြန္ျပည္နယ္ ေပါင္ၿမိဳ႕မွာ ဆႏၵမဲေပးခြင့္ရွိသူ အမည္စာရင္းကို ၾကည့္႐ႈေနသူတခ်ဳိ႕။ (ဇူလုိင္ ၂၇၊ ၂၀၂၀။ ဓာတ္ပုံ - MOI)
မြန္ျပည္နယ္ ေပါင္ၿမိဳ႕မွာ ဆႏၵမဲေပးခြင့္ရွိသူ အမည္စာရင္းကို ၾကည့္႐ႈေနသူတခ်ဳိ႕။ (ဇူလုိင္ ၂၇၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

"၂၀၁၅ တုန္းကလည္း မွားတယ္။ မွားလို႔ထပ္ျပင္ဖို႔ လုပ္တယ္။ ဒီတေခါက္မမွားေအာင္ အိမ္ေထာင္စုစာရင္းမိတၱဴေပးတယ္။ အဲဒါလည္း မွားတယ္။ က်ေနာ္မွားတာျပင္ဖို႔ေျပာေတာ့ ကာယကံရွင္ကိုယ္တိုင္ မွတ္ပုံတင္ျပၿပီးေတာ့ ျပင္ႏိုင္ဖို႔ မလုပ္ေပးဘဲ မိတၱဴ ျပန္ယူခိုင္းတယ္။ ေနာက္တခုကေတာ့ ကာယကံရွင္ကိုယ္တိုင္ မိတၱဴနဲ႔ လာျပင္ရမယ္ေျပာတယ္။ က်ေနာ့္ အေဖကအသက္ႀကီးၿပီ။ အိမ္ေထာင္ဦးစီးကိုယ္တိုင္လာျပင္တာေတာင္ မရဘူး၊ ျပင္ရတဲ့ အဆင့္ေတြက အရမ္းခက္ခဲ မ်ားျပားတယ္။ ဒီေတာ့က်ေနာ္ဒီတေခါက္ဆုံးခ်င္လည္း ဆုံးေတာ့ ျပင္ဖို႔စိတ္ကူး မရွိဘူး။ မဲေပးဖို႔လည္း မရွိေတာ့ဘူး။ အဲလိုေတြျဖစ္တာမ်ားတယ္။ က်ေနာ္တို႔ျပည္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတာင္မဲစာရင္းထဲနာမည္ မပါလာခဲ့ဘူး အဲလိုေတြျဖစ္ေနတယ္။"

ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ဇူလိုင္ ၂၅ ရက္ေန႔မွာ ထုတ္ျပန္ထားတဲ့ မဲဆႏၵရွင္စာရင္းေတြကိုေတာ့ လာမယ့္ ၾသဂုတ္လ ၇ ရက္အထိ ကပ္ထားမွာပါ။ ဒီအထဲက အခ်က္အလက္ အမွားအယြင္းေတြကို ျပင္ဆင္ျဖည့္စြက္ထားတဲ့ စာရင္းအသစ္ကိုေတာ့ ေ႐ြးေကာက္ပြဲ မက်င္းပခင္ တလေလာက္အလို ေအာက္တိုဘာလမွာ ထပ္မံထုတ္ျပန္သြားဖို႔လည္း ေကာ္မရွင္က စီစဥ္ထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မဲဆန္ဒရှင်စာရင်းထုတ်ပြန်မှု အမှားအယွင်းတချို့ရှိနေ

လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မကြာသေးခင်ကပဲ ထုတ်ပြန်ခဲ့ရာမှာ အချက်အလက် လွဲမှားမှုတွေ ပါဝင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပါမယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်က စနေနေ့က ထုတ်ပြန်ခဲ့ရာမှာ အချက်အလက် အမှားအယွင်းတွေ ပါဝင်နေတာ တွေ့ရကြောင်း မဲဆန္ဒရှင်တွေနဲ့ နိုင်ငံရေးပါတီတွေက ပြောနေကြပါတယ်။ ရှမ်းပြည်နယ်က မဲဆန္ဒနယ်မြေ တချို့မှာ ဆိုရင်လည်း အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ဖူးသူတွေရဲ့ အချက်အလက်တွေပါ မှားယွင်းနေတာမျိုးတွေ တွေ့နေရတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဗဟိုကော်မတီဝင် စိုင်းလိတ်က ပြောပါတယ်။

"ကွဲလွဲမှုက တော်တော်များတယ်။ မိုင်းရယ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်ကြုံရတာပါ။ သူ့အိမ်မှာ မဲပေးခွင့်ရှိသူ ၅ ယောက်စလုံးအချက်အလက်တွေမှားတယ်။ မူဆယ်ဘက်မှာလည်းအဲလိုတွေ ရှိတယ်။ မဖြစ်သင့်တဲ့ အမှားတွေပေါ့နော်။ ၂၀၁၅ တုန်းက အသေချာပါတယ်။ မဲပေးသူတွေတောင် အချက်အလက်တွေ မှားနေတယ်။ မဖြစ်သင့်ဘူး။ ကျနော်တော့ အားမရဘူး။ UEC ဆိုတာ ပိုက်ဆံအများကြီးသုံးတဲ့ ဌာနတခုက ခုချိန်ထိ မမှားသင့်တာတွေ မှားတယ်။ အမှားနည်းသတဲ့ နည်းအောင်မလုပ်နိုင်တာကတော့ တော်တော်ကို တာဝန်ပေါ့လျော့ရာကျပါတယ်။"

မဲဆန္ဒရှင် ၅၆ သိန်းလောက် ရှိမယ်လို့ ခန့်မှန်းထားတဲ့ ရန်ကုန်တိုင်းထဲမှာ လူ ၄၀၀,၀၀၀ ကျော်ရဲ့ မှတ်ပုံတင်နံပတ်တွေ ထပ်နေတာကြောင့် ပြန်လည်စိစစ်ခဲ့ရကြောင်းလည်း ရန်ကုန်တိုင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်မှာလည်း အရင်ရွေးကောက်ပွဲတွေတုန်းက မဲဆန္ဒရှင်စာရင်းမှာ မပါခဲ့တဲ့ နယ်ခြားစောင့်တပ်နဲ့ မိသားစုဝင် စာရင်းတွေပါ ပါဝင်လာတာကြောင့် ရှုပ်ထွေးမှုတွေ ကြုံနေရတယ်လို့ ကယန်းအမျိုးသားပါတီက ခွန်ဘီထူးက ပြောပြပါတယ်။

ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္ ဖားကန႔္ၿမိဳ႕နယ္ ကာမိုင္းၿမိဳ႕မွာ ဆႏၵမဲေပးခြင့္ရွိသူ အမည္စာရင္းကို ၾကည့္ရႈေနသူတခ်ိဳ႕။ (ဇူလိုင္ ၂၇၊ ၂၀၂၀။ ဓာတ္ပုံ - MOI)
ကခ်င္ျပည္နယ္ မိုးညႇင္းခ႐ိုင္ ဖားကန႔္ၿမိဳ႕နယ္ ကာမိုင္းၿမိဳ႕မွာ ဆႏၵမဲေပးခြင့္ရွိသူ အမည္စာရင္းကို ၾကည့္ရႈေနသူတခ်ိဳ႕။ (ဇူလိုင္ ၂၇၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

"လူတွေ အပြောင်းအရွှေ့ စာရင်းတော်တော်လေး အလွဲအချော်ဖြစ်နေတယ်။ သေသူစာရင်းတွေပါနေတုန်းပဲ။ နောက်တခုက တပ်မဲစာရင်း နယ်ခြားစောင့်တပ်မဲစာရင်တွေ တချို့ကျေးရွာတွေမှာပါနေတယ်။ တချို့နေရာတွေမှာ လူဦးရေတိုးတာတွေ ရှိနေတယ်။ အရင်ကကြေငြာတာ မရှိဘူး။ ခုတော့နယ်ခြားစောင့်တပ်ရင်းက တပ်သားတွေ သူ့မိသားစုတွေပါထည့်ပေါင်းကပ်ထားတော့ ကျတော့ ကျနော်တို့ ရုတ်တရက် မျက်လုံးပြူးတယ်၊ အံ့အားသင့်တယ်။ သူတို့တွေဘက်ကဆိုတော့ တော်တော်လေးကိုလိုက်ပြီး တိုက်စစ်ရမယ်။ အဲလိုတွေတော့ကြုံရတယ်။"

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ပြီးခဲ့တဲ့ နှစ်ဇူလိုင်ကနေ စက်တင်ဘာလအတွင်း စာရင်းကောက်ယူခဲ့တာ ဖြစ်ပေမဲ့ အမှားအယွင်းတွေ ပါဝင်နေတဲ့အတွက် မဲဆန္ဒရှင် တချို့ကတော့ စိတ်ပျက်နေကြပါတယ်။ ပထမအကြိမ်အဖြစ် စနေနေ့က ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင် စာရင်းကိုတော့ သြဂုတ်လအထိ ကပ်ထားမှာဖြစ်ပြီး မဲပေးခွင့်ရှိသူတွေ အချက်အလက် မှန်-မမှန် စစ်ဆေးကြဖို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းထားတာပါ။ အမှားအယွင်းတွေ ပါဝင်နေတာရှိရင် သတ်မှတ်ထားတဲ့ လျှောက်လွှာတွေနဲ့တကွ ပြင်ဆင်တာ၊ ကန့်ကွက်တာတွေ လုပ်ခွင့်ရှိကြောင်းလည်း အသိပေးထားပါတယ်။ ဒါပေမဲ့ လက်တွေ့ပြင်ဆင်ဖို့ ကြိုးစားရာမှာ အခက်အခဲတွေ ရှိနေတယ်လို့လည်း ပဲခူးတိုင်း ပြည်မြို့က မဲဆန္ဒရှင်တစ်ဦးဖြစ်တဲ့ ဆလိုင်းကောင်းမြတ်မင်း ကပြောပါတယ်။

"၂၀၁၅ တုန်းကလည်း မှားတယ်။ မှားလို့ထပ်ပြင်ဖို့ လုပ်တယ်။ ဒီတခေါက်မမှားအောင် အိမ်ထောင်စုစာရင်းမိတ္တူပေးတယ်။ အဲဒါလည်း မှားတယ်။ ကျနော်မှားတာပြင်ဖို့ပြောတော့ ကာယကံရှင်ကိုယ်တိုင် မှတ်ပုံတင်ပြပြီးတော့ ပြင်နိုင်ဖို့ မလုပ်ပေးဘဲ မိတ္တူ ပြန်ယူခိုင်းတယ်။ နောက်တခုကတော့ ကာယကံရှင်ကိုယ်တိုင် မိတ္တူနဲ့ လာပြင်ရမယ်ပြောတယ်။ ကျနော့် အဖေကအသက်ကြီးပြီ။ အိမ်ထောင်ဦးစီးကိုယ်တိုင်လာပြင်တာတောင် မရဘူး၊ ပြင်ရတဲ့ အဆင့်တွေက အရမ်းခက်ခဲ များပြားတယ်။ ဒီတော့ကျနော်ဒီတခေါက်ဆုံးချင်လည်း ဆုံးတော့ ပြင်ဖို့စိတ်ကူး မရှိဘူး။ မဲပေးဖို့လည်း မရှိတော့ဘူး။ အဲလိုတွေဖြစ်တာများတယ်။ ကျနော်တို့ပြည်မှာ လွှတ်တော်ကိုယ်စားလှယ်တောင်မဲစာရင်းထဲနာမည် မပါလာခဲ့ဘူး အဲလိုတွေဖြစ်နေတယ်။"

ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းတွေကိုတော့ လာမယ့် သြဂုတ်လ ၇ ရက်အထိ ကပ်ထားမှာပါ။ ဒီအထဲက အချက်အလက် အမှားအယွင်းတွေကို ပြင်ဆင်ဖြည့်စွက်ထားတဲ့ စာရင်းအသစ်ကိုတော့ ရွေးကောက်ပွဲ မကျင်းပခင် တလလောက်အလို အောက်တိုဘာလမှာ ထပ်မံထုတ်ပြန်သွားဖို့လည်း ကော်မရှင်က စီစဉ်ထားပါတယ်ရှင်။

XS
SM
MD
LG