သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေျခခံဥပေဒျပင္ဆင္ေရး ေအာင္ျမင္မႈမရဘဲ အဆံုးသတ္


ျမန္မာႏိုင္ငံ ဖြဲ႔စည္းပံုအေျခခံဥပေဒစာအုပ္

(Zawgyi/Unicode)

ျပည္ေထာင္စုလႊတ္ေတာ္မွာ ဖြဲ႕စည္းပုံျပင္ဆင္ေရးဥပေဒၾကမ္းေတြ မဲခြဲတာဒီေန႔ၿပီးဆုံးခဲ့ပါၿပီ။၁၀ရက္ေက်ာ္ၾကာ အခ်ိန္ယူ မဲခြဲဆုံးျဖတ္မႈရလဒ္အရ NLD က တင္သြင္းတဲ့ ဖြဲ႕စည္းပုံ ျပင္ဆင္ေရးမူၾကမ္းေတြ မေအာင္မျမင္ျဖစ္ခဲ့တယ္လို႔ ဆိုရမွာပါ။ ဘာေၾကာင့္ မေအာင္ျမင္ခဲ့သလဲ ႏိုင္ငံေရးေလ့လာသူေတြရဲ႕အျမင္ကို ၾကည့္ၾကရေအာင္ပါ။ ဗြီအိုေအ သတင္းေထာက္ေမခက စုစည္းတင္ျပထားပါတယ္။

ဒီေန႔ ျပည္ေထာက္စုလႊတ္ေတာ္မွာ ၁၀ ရက္ၾကာ အခ်ိန္ယူျပင္ဆင္တဲ့ ျပင္ဆင္ေရး ဥပေဒၾကမ္း မဲခြဲဆုံးျဖတ္တာ ေနာက္ဆုံးေန႔ျဖစ္ပါတယ္။ NLD ရဲ႕ ၂၀၀၈ ဖြဲ႕စည္းပုံ ျပင္ဆင္ေရးမွာ အခ်က္ေပါင္း ၁၀၀ေက်ာ္၊ ပုဒ္မေပါင္းမ်ားစြာ ပါဝင္ၿပီး တပ္မေတာ္ရဲ႕ ႏိုင္ငံေရးမွာ ပါဝင္မႈ အခန္းက႑ ေလ်ာ့ခ်ဖို႔၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ လုပ္ပိုင္ခြင့္ေတြ ေလ်ာ့ခ်ဖို႔ ဆိုတာေတြက အဓိက ပါဝင္ထားခဲ့တာပါ။ ဖြဲ႕စည္းပုံျပင္ေရး အေကာင္ အထည္ ေဖာ္တာမွာ တပ္မေတာ္မပါရင္ ျပင္မရဘူးဆိုတာ သိေပမယ့္ အာဏာရပါတီဘက္က တပ္မေတာ္ ေခါင္းေဆာင္ေတြနဲ႔ လႊတ္ေတာ္ ျပင္ပမွာ သီးျခား ေတြ႕ဆုံေဆြးေႏြး ညႇိႏႈိင္းတာမ်ိဳး မလုပ္ခဲ့တာက ထင္သေလာက္ ေအာင္ျမင္ဖို႔ မလုပ္ႏိုင္တဲ့ အျပင္ အမ်ိဳးသားရင္ၾကားေစ့ေရး က ပိုေဝးလာေစတယ္လို႔ ေထာက္ျပလာသူက ႏိုင္ငံေရး ေလ့လာသုံးသပ္သူေဒါက္တာရန္မ်ိဳးသိမ္းပါ။

"အဓိက အစုအဖြဲ႕ေတြျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီနဲ႔ တပ္မေတာ္ တို႔ဆုံမွတ္ေပ်ာက္ေနတယ္ျမင္တယ္။ ၂ ဘက္ညႇိႏိႈင္း ေဆြးေႏြးၿပီးေတာ့ သေဘာတူညီခ်က္ ရေအာင္ႀကိဳတင္ေဆာင္႐ြက္ႏိုင္ဖို႔လိုတယ္လို႔ ျမင္တယ္။ တပ္မေတာ္ တခုထဲတင္မကဘူး အရပ္ဘက္ အဖြဲ႕ေတြ၊ တိုင္းရင္းသားေခါင္းေဆာင္ေတြနဲ႔ ေသခ်ာေတြ႕ဆုံၿပီး ေဆြးေႏြးဖို႔လိုတယ္လို႔ ျမင္ပါတယ္။"

လက္ရွိ NLD ရဲ႕ ၂၀၀၈ ဖြဲ႕စည္းပုံျပင္ေရးဟာ ေအာင္ျမင္မႈ မရ႐ုံမက လႊတ္ေတာ္တြင္း အခ်ိန္ကုန္ ေငြကုန္ခဲ့သလို ရွိရင္းစြဲ တိုင္းရင္းသားေတြနဲ႔ ဆက္ဆံေရးကိုပါ တင္းမာလာေစခဲ့တာက အင္န္အယ္လ္ဒီ ျပင္ဆင္ခ်က္မွာ တိုင္းရင္းသားအခြင့္အေရးအတြက္ ေဖာ္ျပေတာင္းဆိုတာ မပါခဲ့တာပါဘဲ။ ဒါေၾကာင့္ တိုင္းရင္းသားေတြနဲ႔ ဆက္ဆံေရးက အႏႈတ္လကၡဏာ ေဆာင္ခဲ့တယ္လို႔ ရခိုင္တိုင္းရင္းသား လႊတ္ေတာ္ကိုယ္စားလွယ္ မထုေမက ေျပာပါတယ္။

"အႏိုင္ရပါတီအေနနဲ႔ ဖြဲ႕စည္းပုံျပင္ဆင္ေရး လုပ္တာမွာ အမ်ိဳးသားရင္ၾကားေစ့ေရး က်ရႈံးတယ္လို႔ ျမင္တယ္။ တပ္မေတာ္နဲ႔လည္း အမ်ိဳးသားရင္ၾကားေစ့တာ မေတြ႕ရဘူး။ ဖက္ဒရယ္တည္ေဆာက္ေရးကို တစိုက္မတ္မတ္ ဦးေဆာင္ပါတီကေျပာလာေပမဲ့ လက္ေတြ႕က်တဲ့ တည္ေဆာက္တာမ်ိဳး မေတြ႕ရဘူး။ တိုင္းရင္းသားအႏိုင္ရပါတီေတြနဲ႔ ဖြဲ႕စည္းပုံျပင္ထဲက တသားထဲ မရွိခဲ့ပါဘူး။ ဒီမိုကရက္တစ္ အင္အားစုေတြနဲ႔ တသားထဲ မရွိခဲ့ဘူး။ တိုင္းရင္းသားေတြနဲ႔ ညႇိႏိႈင္းတာ မလုပ္ႏိုင္ခဲ့ဘူး၊ မလုပ္ခဲ့ဘူး။ ဒါေၾကာင့္ အႏိုင္ရပါတီအေနနဲ႔ းအမ်ိဳးသားရင္ၾကားေစ့ေရး ေဆာက္႐ြက္ခ်က္ က်ရႈံးခဲ့တယ္လို႔ ျမင္တယ္။"

ဒီမိုကေရစီ အေျခခံ စံႏႈန္းေတြနဲ႔ ကိုက္ညီျပဌာန္းခဲ့တာ မရွိဘူးဆိုၿပီး ေဝဖန္မႈေတြ ရွိတဲ့တည္ဆဲ ဖြဲ႕စည္းပုံအေျခခံ ဥပေဒကို NLD အစိုးရလက္ထက္မွာ ပုဒ္မ ၄ ခုသာ ျပင္ဆင္ႏိုင္ၿပီး အဓိကက်တဲ့ ျပင္ဆင္လိုတဲ့ ဥပေဒပုဒ္မေတြ မျပင္ႏိုင္ခဲ့တဲ့အျပင္ တိုင္းရင္းသားေတြနဲ႔ေကာ တပ္မေတာ္နဲ႔ ၾကားမွာပါ အႏႈတ္လကၡဏာ ေဆာင္ေစခဲ့တာမို႔ လာမယ့္ေ႐ြးေကာက္ပြဲက ၿပိဳင္ဆိုင္မႈ ျပင္းထန္လာေစတာေၾကာင့္ NLD ပါတီအတြက္ ပိုခက္ခဲေစမယ္ဆိုတဲ့ သုံးသပ္မႈေတြ ရွိေနပါတယ္။ ဒီအေပၚ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာေရး အဖြဲ႕ IPACE က စိုင္းရဲေက်ာ္စြာျမင့္က အခုလို သုံးသပ္ပါတယ္။

"လက္ရွိ အေနအထားက သက္ေရာက္၊ မေရာက္မႈ ရွိ၊ မရွိက ေျပာဖို႔ေစာတယ္။ ဒါေပမဲ့ ျပည္နယ္ေတြမွာက တိုင္းေဒသထက္စာရင္ ပါတီေပၚေရာ အထူးသျဖင့္ ႏိုင္ငံေတာ္တိုင္ပင္ခံေပၚေကာ ယုံၾကည္မႈ နည္းတာ စစ္တမ္းေတြ အရေတြ႔ရတယ္။ ဒါေပမဲ့ မဲဆြယ္စည္း႐ုံးေရးလုပ္ၿပီဆို ညႇိၾက၊ ႏိႈင္းၾက လုပ္ၾကမယ္ထင္ပါတယ္။ လာမယ့္ေ႐ြးေကာက္ပြဲက ၿပိဳင္ဆိုင္မႈ ပြတ္တိုက္မႈ ပိုျပင္းထန္ေစတာေတာ့ မွန္ပါတယ္။ ဒါေပမဲ့ အေနအထားက သက္ေရာက္မေရာက္မႈရွိမရွိ ေ႐ြးေကာက္ပြဲ တကယ့္ကာလ မေရာက္ေသးေတာ့ မွန္းဖို႔ခက္ပါတယ္။"

လက္ရွိမွာ ျပည္ေထာင္စုလႊတ္ေတာ္မွာ ျပင္ဆင္ဖို႔အဆိုျပဳ ပုဒ္မေပါင္း ၁၃၅ ခုလုံး ကို ဆုံး ျဖတ္ ၿပီးစီးခဲ့ၿပီျဖစ္ပါတယ္။ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမဲရတာအျပင္ လူထုဆႏၵခံယူပြဲလုပ္ အတည္ျပဳမွ ျပင္ႏိုင္တဲ့ ပုဒ္မႏွစ္ခု၊ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမဲရၿပီး ျပင္ဆင္ႏိုင္တဲ့ ပုဒ္မ ႏွစ္ခု၊ ေပါင္း ေလးခုပဲ သေဘာတူညီခ်က္ ရခဲ့ပါတယ္။ ဒီျပင္ဆင္ခ်က္ေတြက စကားလံုး အသုံးအႏႈန္း ျပင္ဆင္ခ်က္ေတြပဲ ျဖစ္ပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

အခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်မှုမရဘဲ အဆုံးသတ်

ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းတွေ မဲခွဲတာဒီနေ့ပြီးဆုံးခဲ့ပါပြီ။၁၀ရက်ကျော်ကြာ အချိန်ယူ မဲခွဲဆုံးဖြတ်မှုရလဒ်အရ NLD က တင်သွင်းတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမူကြမ်းတွေ မအောင်မမြင်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ဘာကြောင့် မအောင်မြင်ခဲ့သလဲ နိုင်ငံရေးလေ့လာသူတွေရဲ့အမြင်ကို ကြည့်ကြရအောင်ပါ။ ဗွီအိုအေ သတင်းထောက်မေခက စုစည်းတင်ပြထားပါတယ်။

ဒီနေ့ ပြည်ထောက်စုလွှတ်တော်မှာ ၁၀ ရက်ကြာ အချိန်ယူပြင်ဆင်တဲ့ ပြင်ဆင်ရေး ဥပဒေကြမ်း မဲခွဲဆုံးဖြတ်တာ နောက်ဆုံးနေ့ဖြစ်ပါတယ်။ NLD ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အချက်ပေါင်း ၁၀၀ကျော်၊ ပုဒ်မပေါင်းများစွာ ပါဝင်ပြီး တပ်မတော်ရဲ့ နိုင်ငံရေးမှာ ပါဝင်မှု အခန်းကဏ္ဍ လျော့ချဖို့၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေ လျော့ချဖို့ ဆိုတာတွေက အဓိက ပါဝင်ထားခဲ့တာပါ။ ဖွဲ့စည်းပုံပြင်ရေး အကောင် အထည် ဖော်တာမှာ တပ်မတော်မပါရင် ပြင်မရဘူးဆိုတာ သိပေမယ့် အာဏာရပါတီဘက်က တပ်မတော် ခေါင်းဆောင်တွေနဲ့ လွှတ်တော် ပြင်ပမှာ သီးခြား တွေ့ဆုံဆွေးနွေး ညှိနှိုင်းတာမျိုး မလုပ်ခဲ့တာက ထင်သလောက် အောင်မြင်ဖို့ မလုပ်နိုင်တဲ့ အပြင် အမျိုးသားရင်ကြားစေ့ရေး က ပိုဝေးလာစေတယ်လို့ ထောက်ပြလာသူက နိုင်ငံရေး လေ့လာသုံးသပ်သူဒေါက်တာရန်မျိုးသိမ်းပါ။

"အဓိက အစုအဖွဲ့တွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီနဲ့ တပ်မတော် တို့ဆုံမှတ်ပျောက်နေတယ်မြင်တယ်။ ၂ ဘက်ညှိနှိုင်း ဆွေးနွေးပြီးတော့ သဘောတူညီချက် ရအောင်ကြိုတင်ဆောင်ရွက်နိုင်ဖို့လိုတယ်လို့ မြင်တယ်။ တပ်မတော် တခုထဲတင်မကဘူး အရပ်ဘက် အဖွဲ့တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သေချာတွေ့ဆုံပြီး ဆွေးနွေးဖို့လိုတယ်လို့ မြင်ပါတယ်။"

လက်ရှိ NLD ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးဟာ အောင်မြင်မှု မရရုံမက လွှတ်တော်တွင်း အချိန်ကုန် ငွေကုန်ခဲ့သလို ရှိရင်းစွဲ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးကိုပါ တင်းမာလာစေခဲ့တာက အင်န်အယ်လ်ဒီ ပြင်ဆင်ချက်မှာ တိုင်းရင်းသားအခွင့်အရေးအတွက် ဖော်ပြတောင်းဆိုတာ မပါခဲ့တာပါဘဲ။ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးက အနှုတ်လက္ခဏာ ဆောင်ခဲ့တယ်လို့ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် မထုမေက ပြောပါတယ်။

"အနိုင်ရပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်တာမှာ အမျိုးသားရင်ကြားစေ့ရေး ကျရှုံးတယ်လို့ မြင်တယ်။ တပ်မတော်နဲ့လည်း အမျိုးသားရင်ကြားစေ့တာ မတွေ့ရဘူး။ ဖက်ဒရယ်တည်ဆောက်ရေးကို တစိုက်မတ်မတ် ဦးဆောင်ပါတီကပြောလာပေမဲ့ လက်တွေ့ကျတဲ့ တည်ဆောက်တာမျိုး မတွေ့ရဘူး။ တိုင်းရင်းသားအနိုင်ရပါတီတွေနဲ့ ဖွဲ့စည်းပုံပြင်ထဲက တသားထဲ မရှိခဲ့ပါဘူး။ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ တသားထဲ မရှိခဲ့ဘူး။ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းတာ မလုပ်နိုင်ခဲ့ဘူး၊ မလုပ်ခဲ့ဘူး။ ဒါကြောင့် အနိုင်ရပါတီအနေနဲ့ းအမျိုးသားရင်ကြားစေ့ရေး ဆောက်ရွက်ချက် ကျရှုံးခဲ့တယ်လို့ မြင်တယ်။"

ဒီမိုကရေစီ အခြေခံ စံနှုန်းတွေနဲ့ ကိုက်ညီပြဌာန်းခဲ့တာ မရှိဘူးဆိုပြီး ဝေဖန်မှုတွေ ရှိတဲ့တည်ဆဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို NLD အစိုးရလက်ထက်မှာ ပုဒ်မ ၄ ခုသာ ပြင်ဆင်နိုင်ပြီး အဓိကကျတဲ့ ပြင်ဆင်လိုတဲ့ ဥပဒေပုဒ်မတွေ မပြင်နိုင်ခဲ့တဲ့အပြင် တိုင်းရင်းသားတွေနဲ့ကော တပ်မတော်နဲ့ ကြားမှာပါ အနှုတ်လက္ခဏာ ဆောင်စေခဲ့တာမို့ လာမယ့်ရွေးကောက်ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်လာစေတာကြောင့် NLD ပါတီအတွက် ပိုခက်ခဲစေမယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒီအပေါ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ IPACE က စိုင်းရဲကျော်စွာမြင့်က အခုလို သုံးသပ်ပါတယ်။

"လက်ရှိ အနေအထားက သက်ရောက်၊ မရောက်မှု ရှိ၊ မရှိက ပြောဖို့စောတယ်။ ဒါပေမဲ့ ပြည်နယ်တွေမှာက တိုင်းဒေသထက်စာရင် ပါတီပေါ်ရော အထူးသဖြင့် နိုင်ငံတော်တိုင်ပင်ခံပေါ်ကော ယုံကြည်မှု နည်းတာ စစ်တမ်းတွေ အရတွေ့ရတယ်။ ဒါပေမဲ့ မဲဆွယ်စည်းရုံးရေးလုပ်ပြီဆို ညှိကြ၊ နှိုင်းကြ လုပ်ကြမယ်ထင်ပါတယ်။ လာမယ့်ရွေးကောက်ပွဲက ပြိုင်ဆိုင်မှု ပွတ်တိုက်မှု ပိုပြင်းထန်စေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အနေအထားက သက်ရောက်မရောက်မှုရှိမရှိ ရွေးကောက်ပွဲ တကယ့်ကာလ မရောက်သေးတော့ မှန်းဖို့ခက်ပါတယ်။"

လက်ရှိမှာ ပြည်ထောင်စုလွှတ်တော်မှာ ပြင်ဆင်ဖို့အဆိုပြု ပုဒ်မပေါင်း ၁၃၅ ခုလုံး ကို ဆုံး ဖြတ် ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရတာအပြင် လူထုဆန္ဒခံယူပွဲလုပ် အတည်ပြုမှ ပြင်နိုင်တဲ့ ပုဒ်မနှစ်ခု၊ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရပြီး ပြင်ဆင်နိုင်တဲ့ ပုဒ်မ နှစ်ခု၊ ပေါင်း လေးခုပဲ သဘောတူညီချက် ရခဲ့ပါတယ်။ ဒီပြင်ဆင်ချက်တွေက စကားလုံး အသုံးအနှုန်း ပြင်ဆင်ချက်တွေပဲ ဖြစ်ပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG