သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေျခခံဥပေဒျပင္ဆင္ေရး ျပဌာန္းခ်က္မ်ား ျပင္ဆင္ဖို႔ႀကိဳးပမ္းခ်က္ မေအာင္ျမင္


ျပည္ေထာင္စုလႊတ္ေတာ္ (သတင္းဓာတ္ပံု - Pyidaungsu Hluttaw - မတ္ ၁၂၊ ၂၀၂၀)

(Zawgyi/Unicode)

၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒပါ ျပဌာန္းခ်က္ေတြကို ျပင္ဆင္ႏုိင္ေရးမွာ အဓိက အတားအဆီးျဖစ္တဲ့ ပုဒ္မ ၄၃၆ (က) နဲ႔ (ခ) အပါအဝင္ ပုဒ္မ ပုဒ္မခြဲ ၁၂ ခုကုိ ျပင္ဆင္ ပယ္ဖ်က္ေရး ဒီကေန႔ မဲခြဲဆံုးျဖတ္တာမွာလည္း လိုအပ္တဲ့ေထာက္ခံမႈ အလံုအေလာက္ မရခဲ့ပါဘူး။ ဒီကေန႔ ျပည္ေထာင္စုလႊတ္ေတာ္တြင္း မဲခြဲဆံုးျဖတ္ခဲ့တဲ့ အေျခအေနကို ဗီြအိုေအသတင္းေထာက္ ကိုမိုးေဇာ္က ဆက္ေျပာျပပါမယ္။

၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒကို ျပင္ဆင္ဖုိ႔ဆိုရင္ လူထု ေရြးေကာက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ အားလံုးက ေထာက္ခံေပမဲ့ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ အနည္းဆံုးတစ္ေယာက္ရဲ႕ ေထာက္ခံခ်က္မပါရင္ ျပင္ဆင္လုိ႔ မရတဲ့ ပုဒ္မေတြျဖစ္တဲ့ ပုဒ္မ ၄၃၆(က)နဲ႔ (ခ)အပါအ၀င္ ပုဒ္မ၊ ပုဒ္မခဲြေတြ ကို မဲခဲြဆံုးျဖတ္တာျဖစ္ပါတယ္။

ဒီေန႔ မဲခဲြရာမွာလည္း ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္ေတြရဲ့ ၇၅ရာခုိင္ႏႈန္းေက်ာ္က သေဘာမတူတာေၾကာင့္ မူလအတုိင္းထားရိွဖုိ႔ ဆံုးျဖတ္ခဲ့ေၾကာင္း လႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ေၾကညာခဲ့ပါတယ္။

"ပုဒ္မ ၄၃၆ ပုဒ္မခဲြ (က) ျပင္ဆင္မႈအတြက္ ေထာက္ခံ ဆႏၵမဲ ၄၁၄မဲ ျဖစ္ပါတယ္။ ေထာက္ခံ ဆႏၵမဲ ၇၅ရာခုိင္ႏႈန္း မေက်ာ္တဲ့အတြက္ မူလအတုိင္းျဖစ္ေၾကာင္း ေၾကညာပါတယ္။ ပုဒ္မ ၄၃၆ ပုဒ္မခဲြ (ခ)ျပင္ဆင္မႈအတြက္ ေထာက္ခံ ဆႏၵမဲ ၄၁၃မဲ ျဖစ္ပါတယ္။ ေထာက္ခံ ဆႏၵမဲ ၇၅ ရာခုိင္ႏႈန္း မေက်ာ္တဲ့အတြက္ မူလအတုိင္းျဖစ္ေၾကာင္း ေၾကညာပါတယ္။”

၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒ ပုဒ္မ ၄၃၆ ပုဒ္မခဲြ (က)က ဖဲြ႔စည္းပံုပါ ပုဒ္မအခ်ိဳ႕ကို ျပင္ဆင္မယ္ဆုိရင္ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ့ ၇၅ရာခုိင္ႏႈန္းေက်ာ္ သေဘာတူရမယ္။ ေနာက္ ျပည္လံုးကြ်တ္ဆႏၵခံယူပဲြမွာ မဲေပးခြင့္ရိွသူရဲ့ ထက္၀က္ေက်ာ္ ဆႏၵမဲနဲ႔ ျပင္ဆင္ရမယ္ဆိုတာနဲ႔ ပုဒ္မ ၄၃၆ (ခ)မွာ ေတာ့ က်န္ပုဒ္မေတြကို ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္အားလံုးရဲ႕ ၇၅ရာခုိင္ႏႈန္း ေထာက္ခံမႈနဲ႔ ျပင္ဆင္ရမယ္ ဆိုၿပီး ေဖာ္ျပထားတာပါ။

လက္ရိွ မဲခဲြဆံုးျဖတ္တာက မူလ ပုဒ္မ ၄၃၆(က) ပါ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ့ ၇၅ရာခုိင္ႏႈန္းေက်ာ္အစား သံုးပံု ႏွစ္ပံုေက်ာ္သေဘာတူရင္၊ ေနာက္ ျပည္လံုးကြ်တ္ဆႏၵခံယူပဲြမွာ မဲေပးခြင့္ရိွသူရဲ့ ထက္၀က္ေက်ာ္အစား မဲေပးသူရဲ့ ထက္၀က္ေက်ာ္ သေဘာတူရင္ဆိုတဲ့ ျပင္ဆင္ခ်က္ေတြအေပၚ မဲခြဲတာပါ။

ပုဒ္မ ၄၃၆ (ခ)မွာေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္အားလံုးရဲ႕ ၇၅ရာခုိင္ႏႈန္း အစား သံုးပံု ႏွစ္ပံုေက်ာ္ ေထာက္ခံရင္လုိ႔ ျပင္ဆင္ထားတာျဖစ္ပါတယ္။

ဒီပုဒ္မ ၄၃၆ ပုဒ္မခဲြ (က)နဲ႔ (ခ)ဟာ ဖဲြ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ျခင္း၊ အခန္း ၁၂ နဲ႔ သက္ဆုိင္တဲ့ပုဒ္မေတြျဖစ္ပါတယ္။

ဒီပုဒ္မ၊ ပုဒ္မခဲြေတြ မျပင္ဆင္ႏိုင္တဲ့အေပၚမွာ ဖဲြ႔စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရး ပူုးေပါင္းေကာ္မတီမွာ အတြင္းေရးမႈးတာ၀န္ယူခဲ့တဲ့ ေဒါက္တာ ျမတ္ဥာဏစိုးက အခုလုိ ေျပာပါတယ္။

“က်ေနာ္တို႔ အေနနဲ႔ ရလဒ္ေတြ ဒီေလာက္ထိ နည္းလိမ့္မယ္လုိ႔ လံုး၀ မေမွ်ာ္မွန္းထားခဲ့ဘူး။ မေမွ်ာ္မွန္းထားတဲ့အေၾကာင္းရင္းမ်ားလည္း ရိွပါတယ္။ အားလံုးေျပာတဲ့အတုိင္းေပါ့၊ ေသာ့ႏွစ္ေခ်ာင္းနဲ႔ ၿပိဳင္တူဖြင့္မွ ပြင့္မယ္ဆုိေတာ့ တစ္ဘက္က တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ၾကီးကလည္း ဖဲြ႔စည္းပံုအေျခခံဥပေဒကို ျပင္ဆင္သင့္ ျပင္ဆင္ထုိက္တာေတြကို ျပင္ဆင္မယ္လုိ႔ ေျပာၿပီးသား။ ေျပာၿပီးသားဆုိတဲ့အတြက္ေၾကာင့္မို႔ က်ေနာ္တုိ႔အေနနဲ႔ အတုိင္းအတာတစ္ခုထိေတာ့ ရလဒ္ေတြ ျပင္ဆင္မႈေတြ ရလိမ့္မယ္လို႔ ထင္ခဲ့တယ္။ ”

လက္ရိွမွာ ၂၁ ရာစုပင္လံုက သေဘာတူထားၿပီး ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳထားတဲ့ ျပည္ေထာင္စု သေဘာတူညီခ်က္ပါ ဒီမုိကေရစီ၊ဖက္ဒရယ္ျပည္ေထာင္စု ဆုိတဲ့ စကားလံုးကိုေတာင္ အစားထိုးမရႏိုင္ခဲ့ ေၾကာင္း ေထာက္ျပပါတယ္။

ဒီကေန႔ မဲခဲြဆံုးျဖတ္တဲ့ က်န္ပုဒ္မ၊ ပုဒ္မခဲြေတြကေတာ့ ၂၀၀၈ခုႏွစ္ ဖဲြ႔စည္းပံုအေျခခံဥပေဒ အခန္း (၁၁) ပါ အေရးေပၚကာလဆုိင္ရာ ျပဌာန္းခ်က္မ်ားထဲက တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို အာဏာအပ္ႏွင္းျခင္းတဲ႔ သက္ဆုိင္တဲ့ ပုဒ္မ၊ ပုဒ္မခဲြေတြ ျဖစ္ပါတယ္။

လာမယ့္ တနလၤာေန႔မွာေတာ့ ဥပေဒမူၾကမ္းပါ ပုဒ္မ ၄၃၆၊ ပုဒ္မခဲြ(ခ)မွာ အက်ံဳး၀င္တဲ့ ပုဒ္မ၊ ပုဒ္မခဲြ ၁၅ခုကို ျပင္ဆင္ခ်က္ေတြအေပၚ ဆက္လက္ မဲခဲြသြားမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အခြေခံဥပဒေပြင်ဆင်ရေး ပြဌာန်းချက်များ ပြင်ဆင်ဖို့ကြိုးပမ်းချက် မအောင်မြင်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ပြင်ဆင်နိုင်ရေးမှာ အဓိက အတားအဆီးဖြစ်တဲ့ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) အပါအဝင် ပုဒ်မ ပုဒ်မခွဲ ၁၂ ခုကို ပြင်ဆင် ပယ်ဖျက်ရေး ဒီကနေ့ မဲခွဲဆုံးဖြတ်တာမှာလည်း လိုအပ်တဲ့ထောက်ခံမှု အလုံအလောက် မရခဲ့ပါဘူး။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ခဲ့တဲ့ အခြေအနေကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က ဆက်ပြောပြပါမယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုရင် လူထု ရွေးကောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် အားလုံးက ထောက်ခံပေမဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံးတစ်ယောက်ရဲ့ ထောက်ခံချက်မပါရင် ပြင်ဆင်လို့ မရတဲ့ ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၄၃၆(က)နဲ့ (ခ)အပါအဝင် ပုဒ်မ၊ ပုဒ်မခွဲတွေ ကို မဲခွဲဆုံးဖြတ်တာဖြစ်ပါတယ်။

ဒီနေ့ မဲခွဲရာမှာလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ၇၅ရာခိုင်နှုန်းကျော်က သဘောမတူတာကြောင့် မူလအတိုင်းထားရှိဖို့ ဆုံးဖြတ်ခဲ့ကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ပါတယ်။

"ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) ပြင်ဆင်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၄၁၄မဲ ဖြစ်ပါတယ်။ ထောက်ခံ ဆန္ဒမဲ ၇၅ရာခိုင်နှုန်း မကျော်တဲ့အတွက် မူလအတိုင်းဖြစ်ကြောင်း ကြေညာပါတယ်။ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (ခ)ပြင်ဆင်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၄၁၃မဲ ဖြစ်ပါတယ်။ ထောက်ခံ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်တဲ့အတွက် မူလအတိုင်းဖြစ်ကြောင်း ကြေညာပါတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)က ဖွဲ့စည်းပုံပါ ပုဒ်မအချို့ကို ပြင်ဆင်မယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅ရာခိုင်နှုန်းကျော် သဘောတူရမယ်။ နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့ ပြင်ဆင်ရမယ်ဆိုတာနဲ့ ပုဒ်မ ၄၃၆ (ခ)မှာ တော့ ကျန်ပုဒ်မတွေကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ရာခိုင်နှုန်း ထောက်ခံမှုနဲ့ ပြင်ဆင်ရမယ် ဆိုပြီး ဖော်ပြထားတာပါ။

လက်ရှိ မဲခွဲဆုံးဖြတ်တာက မူလ ပုဒ်မ ၄၃၆(က) ပါ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၇၅ရာခိုင်နှုန်းကျော်အစား သုံးပုံ နှစ်ပုံကျော်သဘောတူရင်၊ နောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်ရှိသူရဲ့ ထက်ဝက်ကျော်အစား မဲပေးသူရဲ့ ထက်ဝက်ကျော် သဘောတူရင်ဆိုတဲ့ ပြင်ဆင်ချက်တွေအပေါ် မဲခွဲတာပါ။

ပုဒ်မ ၄၃၆ (ခ)မှာတော့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ရာခိုင်နှုန်း အစား သုံးပုံ နှစ်ပုံကျော် ထောက်ခံရင်လို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။

ဒီပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)နဲ့ (ခ)ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း၊ အခန်း ၁၂ နဲ့ သက်ဆိုင်တဲ့ပုဒ်မတွေဖြစ်ပါတယ်။

ဒီပုဒ်မ၊ ပုဒ်မခွဲတွေ မပြင်ဆင်နိုင်တဲ့အပေါ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူုးပေါင်းကော်မတီမှာ အတွင်းရေးမှုးတာဝန်ယူခဲ့တဲ့ ဒေါက်တာ မြတ်ဉာဏစိုးက အခုလို ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ ရလဒ်တွေ ဒီလောက်ထိ နည်းလိမ့်မယ်လို့ လုံး၀ မမျှော်မှန်းထားခဲ့ဘူး။ မမျှော်မှန်းထားတဲ့အကြောင်းရင်းများလည်း ရှိပါတယ်။ အားလုံးပြောတဲ့အတိုင်းပေါ့၊ သော့နှစ်ချောင်းနဲ့ ပြိုင်တူဖွင့်မှ ပွင့်မယ်ဆိုတော့ တစ်ဘက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့် ပြင်ဆင်ထိုက်တာတွေကို ပြင်ဆင်မယ်လို့ ပြောပြီးသား။ ပြောပြီးသားဆိုတဲ့အတွက်ကြောင့်မို့ ကျနော်တို့အနေနဲ့ အတိုင်းအတာတစ်ခုထိတော့ ရလဒ်တွေ ပြင်ဆင်မှုတွေ ရလိမ့်မယ်လို့ ထင်ခဲ့တယ်။ ”

လက်ရှိမှာ ၂၁ ရာစုပင်လုံက သဘောတူထားပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ပြည်ထောင်စု သဘောတူညီချက်ပါ ဒီမိုကရေစီ၊ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ စကားလုံးကိုတောင် အစားထိုးမရနိုင်ခဲ့ ကြောင်း ထောက်ပြပါတယ်။

ဒီကနေ့ မဲခွဲဆုံးဖြတ်တဲ့ ကျန်ပုဒ်မ၊ ပုဒ်မခွဲတွေကတော့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၁) ပါ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များထဲက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နှင်းခြင်းတဲ့ သက်ဆိုင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲတွေ ဖြစ်ပါတယ်။

လာမယ့် တနင်္လာနေ့မှာတော့ ဥပဒေမူကြမ်းပါ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)မှာ အကျုံးဝင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲ ၁၅ခုကို ပြင်ဆင်ချက်တွေအပေါ် ဆက်လက် မဲခွဲသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG