သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လာမယ့္ေရြးေကာက္ပြဲမွာ မြန္ညီညြတ္ေရးပါတီ ၆၂ ဦး ၀င္ေရာက္ ယွဥ္ၿပိဳင္မည္


ဓါတ္ပံု- Mon Unity Party - Central

(Zawgyi/Unicode)

လာမယ့္ ႏုိ၀င္ဘာလ ေရြးေကာက္ပြဲမွာ အဓိကတုိင္းရင္းသား ႏုိင္ငံေရးပါတီတစ္ခုျဖစ္တဲ့ မြန္ညီညြတ္ေရးပါတီက လႊတ္ေတာ္ေနရာ ၆၀ ေက်ာ္အတြက္ ယွဥ္ၿပိဳင္ဖို႔ စီစဥ္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ နိင္ကြန္းအိန္ သတင္းေပးပို႕ထားပါတယ္။

ႏုိ၀င္ဘာလ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပြဲမွာ မြန္ညီညြတ္ေရးပါတီဟာ ပါတီအေျခစုိက္ရာ မြန္ျပည္နယ္ အျပင္၊ ကရင္ျပည္နယ္ ၊ တနသၤာရီနဲ႔ ရန္ကုန္တိုင္းက မဲဆႏၵနယ္ေျမေတြမွာ ယွဥ္ၿပိဳင္ဖုိ႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ ေရြးေကာက္ပဲြမွာ ယွဥ္ၿပိဳင္ဖုိ႔ ကိုယ္စားလွယ္ေလာင္း (၆၂)ဦးကုိ အတည္ျပဳထားေၾကာင္းလည္း ပါတီေျပာေရးဆိုခြင့္ ရွိသူ နိုင္စံတင္ကေျပာပါတယ္။

“ကြ်န္ေတာ္တို႕ မြန္ညီညြတ္ေရးပါတီအေနနဲ႕ ဒီ(၂၀၂၀)ေရြးေကာက္ပြဲမွာ အတည္ျပဳထားတဲ့လႊတ္ေတာ္ ကိုယ္စားလွယ္ ေပါင္း(၆၂)ဦးရွိပါတယ္။ ကြ်န္ေတာ္တို႕အထဲမွာေတာ့ ေယာက်ၤားေလး(၄၆)ဦးရွိတယ္။ အမ်ိဳးသမီး(၁၆)ဦးေပါ့ေနာ္။ ကြ်န္ေတာ္တို႔ မြန္ျပည္နယ္မွာေတာ့ (၃၅)ဦး၀င္ျပိဳင္မွာပါ။ ကရင္ျပည္နယ္မွာက်ေတာ့(၁၂)ဦး၀င္ျပိဳင္မွာပါ။ တနသၤာရီ တိုင္းေဒသ မွာေတာ့ (၈)ဦးေပါ့ေလာေလာဆယ္။ ေနာက္ျပီး ရန္ကုန္တိုင္းေဒသမွာေတာ့ ကြ်န္ေတာ္တို႕(၇)ဦး ၀င္ျပိဳင္မွာပါ။ အဓိကျပိဳင္ဘက္ကေတာ့ ကြ်န္ေတာ္တို႕မြန္ျပည္နယ္မွာ အဓိက NLD ပါ။”

လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ေဒသခံျမိဳ႕နယ္အဆင့္ကေန ေရြးခ်ယ္တာျဖစ္ျပီး ပါတီဗဟိုအလုပ္မွဳေဆာင္ အဖြဲ႕ကေန အတည္ျပဳေပးရတာပါ။ တခ်ိဳ႕ေဒသေတြမွာ ေဒသခံျမိဳ႕နယ္အဆင့္က ေရြးခ်ယ္တဲ့သူေတြ မပါလာတဲ့အတြက္ ေ၀ဖန္မွဳေတြလဲရွိေနတာပါ။ ျမိဳ႕နယ္အဆင့္ကေရြးခ်ယ္တဲ့ ကိုယ္စားလွယ္ေလာင္းတခ်ိဳ႕ဗဟိုအဆင့္ကေန ပယ္ခ်တဲ့အေပၚ ေရးျမိဳ႕နယ္ေဒသခံ တဦးက အခုလို ေျပာပါတယ္။

“လူထုကိုယ္စားျပဳမဲေပးရမယ္ဆိုတဲ့ အခါက်ေတာ့ သူတို႕ၾကိဳက္ႏွစ္သက္တဲ့ လူေတြကိုသူတို႕ ေပးျဖစ္ခ်င္တာ ေပါ့ေလ။ ျဖစ္ခ်င္ေတာ့ ဟိုမွာက မဲထဲ့ေရြးခ်ယ္ေပးခိုင္း လုပ္ထားျပီးေတာ့မွ ဒီနွာေရာက္ေတာ့ တမ်ိဳးျပန္ျဖစ္သြားတယ္ဆိုေတာ့ ေဒသမဲထည့္တဲ့သူ အတြက္ကေတာ့ သူတို႕ခံရခက္တာေပါ့။ ေရးဖက္မွာက်ေတာ့ ေရြးခ်ယ္ခိုင္းထားတဲ့ တေယာက္ကလဲ သူ႔ကို၀န္းရံတဲ့ လူငယ္အင္အားကလည္း မနည္းဘူးေလ။ သူမပါလာတဲ့အခါက်ေတာ့ လူငယ္ေတြက မရႊင္လန္းဘူးေပါ့။”

အာဏာရ NLD အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္က ေရြးေကာက္ပဲြမွာ ယွဥ္ၿပိဳင္မယ့္ ကုိယ္စားလွယ္ေလာင္း ၁ ေထာင္ေက်ာ္ စာရင္းကုိ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ ထုတ္ျပန္ခဲ့ၿပီးေနာက္မွာပဲ က်န္ႏုိင္ငံေရးပါတီေတြရဲ႕ စာရင္းေတြလည္း ထြက္ေပၚလာ ေနတာပါ။ မြန္ညီညြတ္ေရးပါတီအေနနဲ႔ အဓိက ပါတီႀကီးေတြျဖစ္တဲ့ NLD ပါတီ၊ ျပည္ေထာင္စုၾကံ့ခိုင္ေရးနဲ႕ ဖြံ႔ျဖိဳးေရးပါတီေတြနဲ႕ အဓိကယွဥ္ျပိဳင္ရလိမ့္မယ္လုိ႔လည္း ခန္႔မွန္းေနၾကပါတယ္။

လာမယ့္ ေရြးေကာက္ပြဲမွာ မြန္ညီညြတ္ေရးပါတီ အေနနဲ႔ ပါတီ အေျခစုိက္ရာ မြန္ျပည္နယ္မွာ အနိုင္ရဖို႕အခြင့္အလမ္းရွိေပမယ့္ အျခားေဒသေတြမွာေတာ့ စိန္ေခၚမွဳရွိႏုိင္တယ္လို႔လည္း မြန္လူငယ္ဖိုရမ္အၾကံေပးအဖြဲ႕၀င္ နိုင္ညာဏ္စိုက္ရာမာန္ က သုံးသပ္ပါတယ္။

“အခု(၂၀၂၀)မွာဒီ(၂၀၁၅)ရဲ႕အကြဲအျပဲျဖစ္တဲ့ အေပၚမွာ သူတို႕သခၤန္းစာယူျပီးေတာ့မွ ပါတီေတြက ေပါင္းစည္း လာတဲ့ ဟာေတြ။ ကြ်န္ေတာ္ထင္တယ္ အလားအလာေတြပိုေကာင္းမယ္။ သူတို႕ရဲ႕ ေဒသေတြမွာ သူတို႕ ၀င္နိုင္မယ္လို႕ ကြ်န္ ေတာ္ျမင္တာေပါ့။ ဒီတျခားတိုင္းေဒသၾကီးေတြဆိုလို႕ရွိရင္ နည္းနည္းေတာ့ ဟိုဒင္းျဖစ္မွာေပါ့ေနာ္။ သူတို႕ေရြးခ်ယ္ထားတဲ့ သူတို႕ရဲ႕ ကိုယ္စားလွယ္ေတြက မြန္လူထုေတြရဲ႕အကုန္လုံးကို သူတို႕ေထာက္ခံမဲ ေပးၾကမလား။ တျခားတိုင္းရင္းသား ေတြနဲ႕လည္း သူတို႕ စည္းရံုးနိုင္မွသာ သူတို႕အလားလာ ပိုေကာင္းမယ္။ သူတို႕မစည္းရံုးနိုင္ဘူးျဖစ္ရင္ေတာ့ တိုင္းေဒသၾကီး ေတြရဲ႕ အေျခအေန သူတို႕သိပ္ျပီးေတာ့ မေကာင္းေလာက္ဘူးထင္တယ္။”

မြန္ညီညြတ္ေရးပါတီဟာ ယခင္ မြန္အမ်ိဳးသားပါတီနဲ႕ မြန္ေဒသလုံးဆိုင္ရာဒီမိုကေရစီပါတီတို႕ ေပါင္းစည္းထားတဲ့ ပါတီျဖစ္ပါတယ္။

ျပီးခဲ့တဲ့(၂၀၁၅)ေရြးေကာက္ပြဲတုန္းက ပါတီကြဲျပားမွဳရွိေနတဲ့အတြက္ ထိုက္သင့္တဲ့ ကိုယ္စားလွယ္အေရအတြက္ မရရွိဘဲ ႏွစ္ပါတီေပါင္းကိုယ္စားလွယ္(၄)ဦးသာ အနိုင္ရရွိခဲ့ပါတယ္။

ဒီ(၂၀၂၀)ေရြးေကာက္ပြဲမွာေတာ့ မြန္ႏွစ္ပါတီေပါင္းစည္းႏုိင္ခဲ့ၿပီး လူထုလက္ခံႏုိင္တဲ့ လူသစ္အမ်ားစု ေရြးေကာက္ပြဲဝင္ လာတဲ့အတြက္ ၂၀၂၀ ေရြးေကာက္ပြဲမွာ ႏုိင္ေခ်မ်ားမယ္လို႕လဲ မြန္နိုင္ငံေရး ေလ့လာေစာင့္ၾကည့္သူေတြက သုံးသပ္ မႈေတြ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


.....................

လာမယ့်ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီ ၆၂ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်
(Unicode)

လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အဓိကတိုင်းရင်းသား နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီက လွှတ်တော်နေရာ ၆၀ ကျော်အတွက် ယှဉ်ပြိုင်ဖို့ စီစဉ်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီဟာ ပါတီအခြေစိုက်ရာ မွန်ပြည်နယ် အပြင်၊ ကရင်ပြည်နယ် ၊ တနင်္သာရီနဲ့ ရန်ကုန်တိုင်းက မဲဆန္ဒနယ်မြေတွေမှာ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း (၆၂)ဦးကို အတည်ပြုထားကြောင်းလည်း ပါတီပြောရေးဆိုခွင့် ရှိသူ နိုင်စံတင်ကပြောပါတယ်။

“ကျွန်တော်တို့ မွန်ညီညွတ်ရေးပါတီအနေနဲ့ ဒီ(၂၀၂၀)ရွေးကောက်ပွဲမှာ အတည်ပြုထားတဲ့လွှတ်တော် ကိုယ်စားလှယ် ပေါင်း(၆၂)ဦးရှိပါတယ်။ ကျွန်တော်တို့အထဲမှာတော့ ယောင်္ကျားလေး(၄၆)ဦးရှိတယ်။ အမျိုးသမီး(၁၆)ဦးပေါ့နော်။ ကျွန်တော်တို့ မွန်ပြည်နယ်မှာတော့ (၃၅)ဦးဝင်ပြိုင်မှာပါ။ ကရင်ပြည်နယ်မှာကျတော့(၁၂)ဦးဝင်ပြိုင်မှာပါ။ တနင်္သာရီ တိုင်းဒေသ မှာတော့ (၈)ဦးပေါ့လောလောဆယ်။ နောက်ပြီး ရန်ကုန်တိုင်းဒေသမှာတော့ ကျွန်တော်တို့(၇)ဦး ဝင်ပြိုင်မှာပါ။ အဓိကပြိုင်ဘက်ကတော့ ကျွန်တော်တို့မွန်ပြည်နယ်မှာ အဓိက NLDပါ။”

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဒေသခံမြို့နယ်အဆင့်ကနေ ရွေးချယ်တာဖြစ်ပြီး ပါတီဗဟိုအလုပ်မှုဆောင် အဖွဲ့ကနေ အတည်ပြုပေးရတာပါ။ တချို့ဒေသတွေမှာ ဒေသခံမြို့နယ်အဆင့်က ရွေးချယ်တဲ့သူတွေ မပါလာတဲ့အတွက် ဝေဖန်မှုတွေလဲရှိနေတာပါ။ မြို့နယ်အဆင့်ကရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်းတချို့ဗဟိုအဆင့်ကနေ ပယ်ချတဲ့အပေါ် ရေးမြို့နယ်ဒေသခံ တဦးက အခုလို ပြောပါတယ်။

“လူထုကိုယ်စားပြုမဲပေးရမယ်ဆိုတဲ့ အခါကျတော့ သူတို့ကြိုက်နှစ်သက်တဲ့ လူတွေကိုသူတို့ ပေးဖြစ်ချင်တာ ပေါ့လေ။ ဖြစ်ချင်တော့ ဟိုမှာက မဲထဲ့ရွေးချယ်ပေးခိုင်း လုပ်ထားပြီးတော့မှ ဒီနှာရောက်တော့ တမျိုးပြန်ဖြစ်သွားတယ်ဆိုတော့ ဒေသမဲထည့်တဲ့သူ အတွက်ကတော့ သူတို့ခံရခက်တာပေါ့။ ရေးဖက်မှာကျတော့ ရွေးချယ်ခိုင်းထားတဲ့ တယောက်ကလဲ သူ့ကိုဝန်းရံတဲ့ လူငယ်အင်အားကလည်း မနည်းဘူးလေ။ သူမပါလာတဲ့အခါကျတော့ လူငယ်တွေက မရွှင်လန်းဘူးပေါ့။”

အာဏာရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁ ထောင်ကျော် စာရင်းကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ထုတ်ပြန်ခဲ့ပြီးနောက်မှာပဲ ကျန်နိုင်ငံရေးပါတီတွေရဲ့ စာရင်းတွေလည်း ထွက်ပေါ်လာ နေတာပါ။ မွန်ညီညွတ်ရေးပါတီအနေနဲ့ အဓိက ပါတီကြီးတွေဖြစ်တဲ့ NLD ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွေနဲ့ အဓိကယှဉ်ပြိုင်ရလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီ အနေနဲ့ ပါတီ အခြေစိုက်ရာ မွန်ပြည်နယ်မှာ အနိုင်ရဖို့အခွင့်အလမ်းရှိပေမယ့် အခြားဒေသတွေမှာတော့ စိန်ခေါ်မှုရှိနိုင်တယ်လို့လည်း မွန်လူငယ်ဖိုရမ်အကြံပေးအဖွဲ့ဝင် နိုင်ညာဏ်စိုက်ရာမာန် က သုံးသပ်ပါတယ်။

“အခု(၂၀၂၀)မှာဒီ(၂၀၁၅)ရဲ့အကွဲအပြဲဖြစ်တဲ့ အပေါ်မှာ သူတို့သင်္ခန်းစာယူပြီးတော့မှ ပါတီတွေက ပေါင်းစည်း လာတဲ့ ဟာတွေ။ ကျွန်တော်ထင်တယ် အလားအလာတွေပိုကောင်းမယ်။ သူတို့ရဲ့ ဒေသတွေမှာ သူတို့ ဝင်နိုင်မယ်လို့ ကျွန် တော်မြင်တာပေါ့။ ဒီတခြားတိုင်းဒေသကြီးတွေဆိုလို့ရှိရင် နည်းနည်းတော့ ဟိုဒင်းဖြစ်မှာပေါ့နော်။ သူတို့ရွေးချယ်ထားတဲ့ သူတို့ရဲ့ ကိုယ်စားလှယ်တွေက မွန်လူထုတွေရဲ့အကုန်လုံးကို သူတို့ထောက်ခံမဲ ပေးကြမလား။ တခြားတိုင်းရင်းသား တွေနဲ့လည်း သူတို့ စည်းရုံးနိုင်မှသာ သူတို့အလားလာ ပိုကောင်းမယ်။ သူတို့မစည်းရုံးနိုင်ဘူးဖြစ်ရင်တော့ တိုင်းဒေသကြီး တွေရဲ့ အခြေအနေ သူတို့သိပ်ပြီးတော့ မကောင်းလောက်ဘူးထင်တယ်။”

မွန်ညီညွတ်ရေးပါတီဟာ ယခင် မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ ပေါင်းစည်းထားတဲ့ ပါတီဖြစ်ပါတယ်။

ပြီးခဲ့တဲ့(၂၀၁၅)ရွေးကောက်ပွဲတုန်းက ပါတီကွဲပြားမှုရှိနေတဲ့အတွက် ထိုက်သင့်တဲ့ ကိုယ်စားလှယ်အရေအတွက် မရရှိဘဲ နှစ်ပါတီပေါင်းကိုယ်စားလှယ်(၄)ဦးသာ အနိုင်ရရှိခဲ့ပါတယ်။

ဒီ(၂၀၂၀)ရွေးကောက်ပွဲမှာတော့ မွန်နှစ်ပါတီပေါင်းစည်းနိုင်ခဲ့ပြီး လူထုလက်ခံနိုင်တဲ့ လူသစ်အများစု ရွေးကောက်ပွဲဝင် လာတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ချေများမယ်လို့လဲ မွန်နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေက သုံးသပ် မှုတွေ ရှိနေပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG