သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ေရာက္ ျမန္မာႏိုင္ငံသားေတြ ႀကိဳတင္မဲေပးႏိုင္ေရး မဲရံု ၃ ရံုဖြင့္လွစ္ဖို႔ ဒီစီျမန္မာသံရံုး ႀကိဳးပမ္း


ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံး (Fb-Myanmar Embassy Washington DC)

(Zawgyi/Unicode)
ျမန္မာႏိုင္ငံရဲ႕ ၂၀၂၀ ျပည့္ အေထြေထြ ေရြးေကာက္မွာ အေမရိကန္ေရာက္ ျမန္မာႏိုင္ငံသားေတြ ႀကဳိတင္မဲေပးခြင့္ ရရွိဖို႔အတြက္ ဝါရွင္တန္ဒီစီ ျမန္မာသံ႐ုံးက စတင္ေဆာင္ရြက္ေနၿပီ ျဖစ္ပါတယ္။ ဒါေပမဲ့ လက္ေတြ႔ မဲေပးမယ့္ကိစၥမွာ အကန္႔သတ္ အခက္ခဲေတြ ရွိလာႏိုင္ေၾကာင္း ျမန္မာတခ်ဳိ႕က သုံးသပ္တဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

၂၀၂၀ ေရြးေကာက္ပဲြမွာ မဲေပးခြင့္ရဖို႔အတြက္ အေမရိကန္ ေခတၱေရာက္ ျမန္မာႏိုင္ငံသားေတြ ဘယ္အခ်က္ေတြကို ႀကဳိတင္ျပင္ဆင္ လုပ္ေဆာင္ထားရမယ္ ဆိုတဲ့ အြန္လိုင္း ေတြ႔ဆုံရွင္းလင္းပဲြ တရပ္ကို ဇူလိုင္(၂၆)ရက္ တနဂၤေႏြေန႔က ဝါရွင္ဒီစီ ျမန္မာသံအမတ္ႀကီးကုိယ္တိုင္ ဖိတ္ၾကား ေဆြးေႏြးခဲ့ၿပီး ၊ အေမရိကန္ႏိုင္ငံတြင္း ျပည္နယ္အေတာ္မ်ားမ်ားက ျမန္မာႏိုင္ငံကူးလက္မွတ္ ကုိင္ေဆာင္ထားသူေတြေရာ ၊ အေမရိကန္ ႏိုင္ငံသားအျဖစ္ ခံယူထားတဲ့ စိတ္ဝင္စားသူ ျမန္မာလူမ်ဳိးေတြပါ တက္ေရာက္ ေဆြးေႏြးခဲ့တာပါ။

အေမရိကန္အပါအဝင္ ျပည္ပႏိုင္ငံေတြမွာ မဲေပးလိုၾကတဲ့ ျမန္မာေတြဟာ ႀကဳိတင္မဲေပးလိုေၾကာင္း သံ႐ုံးရဲ႕ျဖည့္စြက္ပုံစံနဲ႔ အတူ ၊ေရြးေကာက္ပဲြ ေကာ္မရွင္က ထုတ္ျပန္ထားတဲ့ ျပည္ပေရာက္ ႀကဳိတင္မဲေပးခြင့္ရွိသူမ်ား ျဖည့္စ ြက္ပုံစံ (၁၅) နဲ႔ ႏိုင္ငံကူးလက္မွတ္ မိတၱဴ ၊ အိမ္ေထာင္စုဇယား မိတၱဴ စတဲ့ (၄)ခုကို ျဖည့္စြက္ၿပီး ဝါရွင္တန္ ျမန္မာသံ႐ုံးကို​ ၾသဂုတ္လ(၅) ရက္ ေနာက္ဆုံးထား ေပးပို႔ရမွာျဖစ္တယ္လို႔ အြန္လိုင္း ေတြ႔ဆုံပဲြအတြင္း အေမရိကန္ဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္းက ရွင္းျပခဲ့ပါတယ္။

မဲေပးမယ့္အခ်ိန္ ေရာက္လာရင္ေတာ့ ဝါရွင္တန္ဒီစီ၊ နယူးေယာက္ ၊ ေလာ့စ္အိမ္းဂ်လိဇ္က ျမန္မာသံ႐ုံး/ ေကာင္စစ္ဝန္႐ုံးေတြမွာ မဲပုံးေထာင္ထားေပးမွာ ျဖစ္တယ္လို႔ သံအမတ္ႀကီး ဦးေအာင္လင္းက VOA ျမန္မာပိုင္းကို ရွင္းျပပါတယ္။

“အခု ေလာေလာဆယ္ကေတာ့ က်ေနာ္တို႔ ျမန္မာအစိုးရကို ကိုယ္စားျပဳ ဖြင့္လွစ္ထားတဲ့ ႐ုံး(၃)႐ုံးရွိတဲ့ ၿမဳိ႕(၃)ၿမဳိ့မွာ မဲ႐ုံေတြ ထားမွာပါ ။ ေရြးေကာက္ပဲြ ေကာ္မရွင္က ထုတ္ျပန္ထားတဲ့ စည္းကမ္း သတ္မွတ္ခ်က္ထဲမွာေတာ့ မဲ႐ုံခြဲေတြ ဖြင့္လုိ႔ရတယ္လို႔ေတာ့ ေဖၚျပထားပါတယ္။ က်ေနာ္တို႔ အေနနဲ႔ကေတာ့ အခုေလာေလာဆယ္မွာ မဲ႐ုံမွာ မဲလာေပးမယ့္သူ စာရင္းကို ေကာက္ခံေနပါတယ္။ ေကာက္ခံရရွိမႈေပၚ အေျခခံၿပီးေတာ့ ျမန္မာႏိုင္ငံသားေတြ အမ်ားဆုံးရွိတဲ့ ေနရာေတြမွာ မဲ႐ုံခဲြ ဖြင့္ႏိုင္ဖို႔အတြက္ ေရြးေကာက္ပဲြ ေကာ္မရွင္ကိုတင္ျပၿပီး လမ္းညႊန္မႈ ခံယူဖို႔ က်ေနာ္တုိ႔ စဥ္းစားထားပါတယ္။ "

၂၀၂၀ ေရြးေကာက္ပဲြမွာ မဲေပးခြင့္ရဖို႔ အေမရိကန္ ေရာက္ ျမန္မာႏိုင္ငံသားမ်ားႏွင့္ သံရံုး အြန္လိုင္း ေတြ႔ဆုံရွင္းလင္းပဲြ
၂၀၂၀ ေရြးေကာက္ပဲြမွာ မဲေပးခြင့္ရဖို႔ အေမရိကန္ ေရာက္ ျမန္မာႏိုင္ငံသားမ်ားႏွင့္ သံရံုး အြန္လိုင္း ေတြ႔ဆုံရွင္းလင္းပဲြ

ျမန္မာသံ႐ုံးနဲ႔ ေကာင္စစ္ဝန္႐ုံးေတြ မရွိတဲ့ အင္ဒီယားနားျပည္နယ္မွာ ျမန္မာေတြအမ်ားဆုံး ေနထိုင္ၿပီး၊ ကယ္လီဖိုးနီးယားက ဆန္ဖရန္စစၥကိုၿမဳိ႕ ၊ နယူးေယာက္ျပည္နယ္ အေနာက္ဘက္ျခမ္း ဘတ္ဖဲလိုးၿမဳိ့နဲ႔ မင္နီဆုိးတာ ျပည္နယ္ေတြမွာလည္း ျမန္မာေတြ အမ်ားဆုံးရွိၾကတာပါ။

အေမရိကန္ျပည္ေထာင္စုဟာ အလြန္က်ယ္ျပန္႔တဲ့ ႏိုင္ငံျဖစ္တာေၾကာင့္ မဲ႐ုံ ထားရွိတဲ့ေနရာကို ကိုယ္တိုင္ မဲလာေပးရမယ္ဆိုရင္ ျပည္သူေတြအတြက္ အခက္အခဲ ရွိလာႏိုင္ေၾကာင္း သုံးသပ္သူက နယူးေယာက္ၿမဳိ႕ အေျခစိုက္ Burma Point ျမန္မာ့အေရး လႈပ္ရွားမႈအဖဲြ႔က ဦးမုိးခ်မ္း ျဖစ္ပါတယ္။

“ အခု မဲေပးဖို႔ ဆႏၵရွိသူေတြ အေတာ္မ်ားမ်ားကလည္းပဲ ၊ အေမရိကားလုိက်ေတာ့ အေရွ႕ျခမ္းနဲ႔ အေနာက္ျခမ္းက မိုင္(၃,၀၀၀)ေလာက္ ေဝးတဲ့ အခါက်ေတာ့ကာ တေနရာနဲ႔တေနရာကို သြားဖို႔လာဖို႔က ခက္ခဲတယ္။ အထူးသျဖင့္ ကုိဗစ္ကာလမွာ ခရီးသြားရတာ ပိုေတာင္ ခက္ခဲေသးတယ္။ အဲလိုရွိတာေၾကာင့္ မဲေပးမယ့္ကိစၥေတြမွာ ဒီထက္ေကာင္းတဲ့ လမ္းေၾကာင္းမ်ား လိုအပ္ေနသလား၊ မဲေပးခြင့္ ရွိတဲ့သူေတြ အေနနဲ႔ လူကိုယ္တုိင္ လာေရာက္ရမယ့္အစား အျခားနည္းလမ္းေတြနဲ႔ ေပးလို႔ ရႏိုင္မလားေပါ့ ။ ဥပမာ ပယ္မဲေတြ မျဖစ္ရေအာင္ စာတိုက္ကေန Register လုပ္ၿပီးေတာ့ ပို႔ႏိုင္မလား ေပါ့၊ ေနာက္တခုကလည္း အင္တာနက္ အြန္လိုင္းကို အသုံးျပဳၿပီး မဲေပးလို႔ ရမလားေပါ့၊ ဒါကလည္း နည္းနည္းေတာ့ အား စိုက္ထုတ္ရမွာေပါ့။ "

ဝါရွင္တန္ဒီစီၿမဳိ့ေတာ္မွာ ေနထိုင္ၿပီး ျမန္မာႏုိင္ငံကူးလက္မွတ္ ကိုင္ေဆာင္ထားတဲ့ မအိသန္႔စင္ ကလည္း ၂၀၂၀ ေရြးေကာက္ပဲြမွာ မဲေပးဖို႔ ျပင္ဆင္ေနသူ ျဖစ္ပါတယ္။ ခုလို ကိုဗစ္ကပ္ေရာဂါ ကာလမွာ လူေတြ သံ႐ုံးကိုသြားၿပီး ကုိယ္တုိင္မဲေပးရတာထက္ စာတိုက္ကတဆင့္ မဲေပးခြင့္ရဖို႔ စီစဥ္ေပးႏုိင္မယ္ဆိုရင္ အားလုံးအတြက္ အဆင္ေျပေစလိမ့္မယ္လို႔ သူက ဆိုပါတယ္။

" အခု ကိုဗစ္ ကပ္ေရာဂါကာလမွာ အိမ္ထဲကေန အိမ္ျပင္ေတာင္ မထြက္ဘူးဆိုေတာ့ အဲဒီအခ်ိန္မွာ အသက္ႀကီးတဲ့သူေတြ ေနမေကာင္းတဲ့သူေတြ ရွိမွာပဲ။ အဲဒီလို ကိုယ့္က်န္းမာေရးအတြက္ စိုးရိမ္တဲ့လူေတြ အေနနဲ႔ သံ႐ုံးေတြရွိတဲ့ ဝါရွင္တန္ ၊ နယူးေယာက္ ၊ LA ၿမဳိ႕ေတြက မဲ႐ုံေတြကိုေပါ့ေနာ္ လူကိုယ္တိုင္သြားၿပီး မဲေပးရတာ အခက္ခဲရွိႏိုင္တယ္။ ျမန္မာသံ႐ုံးနဲ႔ လုပ္တဲ့ Zoom Call ေဆြးေႏြးပဲြမွာေတာ့ စာတိုက္ကေန ပို႔လို႔ရွိရင္ေကာ အဆင္ေျပမလား ဆိုတာမ်ဳိး ေမးခြန္းေတြ ေမးၾကပါတယ္။ အဲဒီဟာကို ခုခ်ိန္ထိ အစီအစဥ္ မရွိေသးဘူးလို႔ေတာ့ သံအမတ္ႀကီးက ေျပာပါတယ္။ "

ျမန္မာသံအမတ္ႀကီး ဦးေအာင္လင္းကေတာ့ ျမန္မာသံ႐ုံးအေနနဲ႔ ေရြးေကာက္ပဲြ ေကာ္မရွင္က သတ္မွတ္ေပးထားတဲ့ ေဘာင္ထဲကသာ လက္ရွိ လုပ္ေဆာင္ေနၿပီး ၊ အားလုံးအတြက္ အဆင္ေျပေအာင္ ျမန္မာႏိုင္ငံ ေရြးေကာက္ပဲ ေကာ္မရွင္ကို ျပန္လည္တင္ျပ ညွိႏႈိင္းတာမ်ဳိး လုပ္သြားဖို႔ ရွိတယ္လို႔ ေျပာပါတယ္။

" အေမရိကန္မွာ ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသားေတြကေနၿပီး ေမတၱာရပ္ခံထားတဲ့ ကိစၥေတြကို က်ေနာ္တို႔ မွတ္သားထားပါတယ္။ အဲဒီကိစၥကိုလည္း က်ေနာ္တို႔ အထက္ကို တင္ျပေဆာင္ရြက္ဖို႔ ရွိပါတယ္။ ဒါကလည္း ေရြးေကာက္ပဲြ ေကာ္မရွင္ကေနၿပီး သတ္မွတ္ထားတဲ့ စည္းကမ္းခ်က္ေတြကိုပဲ က်ေနာ္တို႔ အေကာင္အထည္ေဖၚေနတာ ျဖစ္ပါတယ္။"

ခုခ်ိန္ထိေတာ့ အေမရိကန္မွာရွိတဲ့ ျမန္မာသံ႐ုံးနဲ႔ ေကာင္စစ္ဝန္႐ုံး (၃)ခုကို ဆယ္သြယ္လာတဲ့ ျမန္မာႏိုင္ငံသား မဲဆႏၵရွင္ (၂၀၀) ေက်ာ္ ရွိတယ္လို႔ သိရပါတယ္။

အေမရိကန္ႏိုင္ငံမွာ ႏိုင္ငံေရးခုိလႈံခြင့္ ရရွိေနထိုင္တဲ့ ျမန္မာေတြထဲက အေမရိကန္ႏိုင္ငံသားအျဖစ္ မခံယူရေသးသူေတြ ၂၀၂၀ ေရြးေကာက္ပဲြမွာ မဲေပးလိုတယ္ဆိုရင္ ျမန္မာသံ႐ုံးကို ဆက္သြယ္ ေလွ်ာက္ထားႏိုင္တယ္လို႔ ျမန္မာသံ႐ုံးက ေျပာပါတယ္။

၂၀၁၅ ခုႏွစ္ ေရြးေကာက္ပဲြတုန္းကလည္း အေမရိကန္ေရာက္ ျမန္မာေတြ မဲေပးတဲ့ကိစၥမွာ အဆင္မေျပမႈေတြ ရွိခဲ့တာေၾကာင့္ ေဝဖန္မႈေတြ ထြက္ေပၚ ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

(Unicode)
မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့် အထွေထွေ ရွေးကောက်မှာ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးခွင့် ရရှိဖို့အတွက် ဝါရှင်တန်ဒီစီ မြန်မာသံရုံးက စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့ မဲပေးမယ့်ကိစ္စမှာ အကန့်သတ် အခက်ခဲတွေ ရှိလာနိုင်ကြောင်း မြန်မာတချို့က သုံးသပ်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရဖို့အတွက် အမေရိကန် ခေတ္တရောက် မြန်မာနိုင်ငံသားတွေ ဘယ်အချက်တွေကို ကြိုတင်ပြင်ဆင် လုပ်ဆောင်ထားရမယ် ဆိုတဲ့ အွန်လိုင်း တွေ့ဆုံရှင်းလင်းပွဲ တရပ်ကို ဇူလိုင်(၂၆)ရက် တနင်္ဂနွေနေ့က ဝါရှင်ဒီစီ မြန်မာသံအမတ်ကြီးကိုယ်တိုင် ဖိတ်ကြား ဆွေးနွေးခဲ့ပြီး ၊ အမေရိကန်နိုင်ငံတွင်း ပြည်နယ်အတော်များများက မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေရော ၊ အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားတဲ့ စိတ်ဝင်စားသူ မြန်မာလူမျိုးတွေပါ တက်ရောက် ဆွေးနွေးခဲ့တာပါ။

အမေရိကန်အပါအဝင် ပြည်ပနိုင်ငံတွေမှာ မဲပေးလိုကြတဲ့ မြန်မာတွေဟာ ကြိုတင်မဲပေးလိုကြောင်း သံရုံးရဲ့ဖြည့်စွက်ပုံစံနဲ့ အတူ ၊ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ပြည်ပရောက် ကြိုတင်မဲပေးခွင့်ရှိသူများ ဖြည့်စ ွက်ပုံစံ (၁၅) နဲ့ နိုင်ငံကူးလက်မှတ် မိတ္တူ ၊ အိမ်ထောင်စုဇယား မိတ္တူ စတဲ့ (၄)ခုကို ဖြည့်စွက်ပြီး ဝါရှင်တန် မြန်မာသံရုံးကို သြဂုတ်လ(၅) ရက် နောက်ဆုံးထား ပေးပို့ရမှာဖြစ်တယ်လို့ အွန်လိုင်း တွေ့ဆုံပွဲအတွင်း အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ရှင်းပြခဲ့ပါတယ်။

မဲပေးမယ့်အချိန် ရောက်လာရင်တော့ ဝါရှင်တန်ဒီစီ၊ နယူးယောက် ၊ လော့စ်အိမ်းဂျလိဇ်က မြန်မာသံရုံး/ ကောင်စစ်ဝန်ရုံးတွေမှာ မဲပုံးထောင်ထားပေးမှာ ဖြစ်တယ်လို့ သံအမတ်ကြီး ဦးအောင်လင်းက VOA မြန်မာပိုင်းကို ရှင်းပြပါတယ်။

“အခု လောလောဆယ်ကတော့ ကျနော်တို့ မြန်မာအစိုးရကို ကိုယ်စားပြု ဖွင့်လှစ်ထားတဲ့ ရုံး(၃)ရုံးရှိတဲ့ မြို့(၃)မြို့မှာ မဲရုံတွေ ထားမှာပါ ။ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းကမ်း သတ်မှတ်ချက်ထဲမှာတော့ မဲရုံခွဲတွေ ဖွင့်လို့ရတယ်လို့တော့ ဖေါ်ပြထားပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ အခုလောလောဆယ်မှာ မဲရုံမှာ မဲလာပေးမယ့်သူ စာရင်းကို ကောက်ခံနေပါတယ်။ ကောက်ခံရရှိမှုပေါ် အခြေခံပြီးတော့ မြန်မာနိုင်ငံသားတွေ အများဆုံးရှိတဲ့ နေရာတွေမှာ မဲရုံခွဲ ဖွင့်နိုင်ဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်ကိုတင်ပြပြီး လမ်းညွှန်မှု ခံယူဖို့ ကျနော်တို့ စဉ်းစားထားပါတယ်။ "

မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေ မရှိတဲ့ အင်ဒီယားနားပြည်နယ်မှာ မြန်မာတွေအများဆုံး နေထိုင်ပြီး၊ ကယ်လီဖိုးနီးယားက ဆန်ဖရန်စစ္စကိုမြို့ ၊ နယူးယောက်ပြည်နယ် အနောက်ဘက်ခြမ်း ဘတ်ဖဲလိုးမြို့နဲ့ မင်နီဆိုးတာ ပြည်နယ်တွေမှာလည်း မြန်မာတွေ အများဆုံးရှိကြတာပါ။

အမေရိကန်ပြည်ထောင်စုဟာ အလွန်ကျယ်ပြန့်တဲ့ နိုင်ငံဖြစ်တာကြောင့် မဲရုံ ထားရှိတဲ့နေရာကို ကိုယ်တိုင် မဲလာပေးရမယ်ဆိုရင် ပြည်သူတွေအတွက် အခက်အခဲ ရှိလာနိုင်ကြောင်း သုံးသပ်သူက နယူးယောက်မြို့ အခြေစိုက် Burma Point မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့က ဦးမိုးချမ်း ဖြစ်ပါတယ်။

“ အခု မဲပေးဖို့ ဆန္ဒရှိသူတွေ အတော်များများကလည်းပဲ ၊ အမေရိကားလိုကျတော့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက မိုင်(၃,၀၀၀)လောက် ဝေးတဲ့ အခါကျတော့ကာ တနေရာနဲ့တနေရာကို သွားဖို့လာဖို့က ခက်ခဲတယ်။ အထူးသဖြင့် ကိုဗစ်ကာလမှာ ခရီးသွားရတာ ပိုတောင် ခက်ခဲသေးတယ်။ အဲလိုရှိတာကြောင့် မဲပေးမယ့်ကိစ္စတွေမှာ ဒီထက်ကောင်းတဲ့ လမ်းကြောင်းများ လိုအပ်နေသလား၊ မဲပေးခွင့် ရှိတဲ့သူတွေ အနေနဲ့ လူကိုယ်တိုင် လာရောက်ရမယ့်အစား အခြားနည်းလမ်းတွေနဲ့ ပေးလို့ ရနိုင်မလားပေါ့ ။ ဥပမာ ပယ်မဲတွေ မဖြစ်ရအောင် စာတိုက်ကနေ Register လုပ်ပြီးတော့ ပို့နိုင်မလား ပေါ့၊ နောက်တခုကလည်း အင်တာနက် အွန်လိုင်းကို အသုံးပြုပြီး မဲပေးလို့ ရမလားပေါ့၊ ဒါကလည်း နည်းနည်းတော့ အား စိုက်ထုတ်ရမှာပေါ့။ "

ဝါရှင်တန်ဒီစီမြို့တော်မှာ နေထိုင်ပြီး မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ မအိသန့်စင် ကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးဖို့ ပြင်ဆင်နေသူ ဖြစ်ပါတယ်။ ခုလို ကိုဗစ်ကပ်ရောဂါ ကာလမှာ လူတွေ သံရုံးကိုသွားပြီး ကိုယ်တိုင်မဲပေးရတာထက် စာတိုက်ကတဆင့် မဲပေးခွင့်ရဖို့ စီစဉ်ပေးနိုင်မယ်ဆိုရင် အားလုံးအတွက် အဆင်ပြေစေလိမ့်မယ်လို့ သူက ဆိုပါတယ်။

" အခု ကိုဗစ် ကပ်ရောဂါကာလမှာ အိမ်ထဲကနေ အိမ်ပြင်တောင် မထွက်ဘူးဆိုတော့ အဲဒီအချိန်မှာ အသက်ကြီးတဲ့သူတွေ နေမကောင်းတဲ့သူတွေ ရှိမှာပဲ။ အဲဒီလို ကိုယ့်ကျန်းမာရေးအတွက် စိုးရိမ်တဲ့လူတွေ အနေနဲ့ သံရုံးတွေရှိတဲ့ ဝါရှင်တန် ၊ နယူးယောက် ၊ LA မြို့တွေက မဲရုံတွေကိုပေါ့နော် လူကိုယ်တိုင်သွားပြီး မဲပေးရတာ အခက်ခဲရှိနိုင်တယ်။ မြန်မာသံရုံးနဲ့ လုပ်တဲ့ Zoom Call ဆွေးနွေးပွဲမှာတော့ စာတိုက်ကနေ ပို့လို့ရှိရင်ကော အဆင်ပြေမလား ဆိုတာမျိုး မေးခွန်းတွေ မေးကြပါတယ်။ အဲဒီဟာကို ခုချိန်ထိ အစီအစဉ် မရှိသေးဘူးလို့တော့ သံအမတ်ကြီးက ပြောပါတယ်။ "

မြန်မာသံအမတ်ကြီး ဦးအောင်လင်းကတော့ မြန်မာသံရုံးအနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ပေးထားတဲ့ ဘောင်ထဲကသာ လက်ရှိ လုပ်ဆောင်နေပြီး ၊ အားလုံးအတွက် အဆင်ပြေအောင် မြန်မာနိုင်ငံ ရွေးကောက်ပဲ ကော်မရှင်ကို ပြန်လည်တင်ပြ ညှိနှိုင်းတာမျိုး လုပ်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

" အမေရိကန်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကနေပြီး မေတ္တာရပ်ခံထားတဲ့ ကိစ္စတွေကို ကျနော်တို့ မှတ်သားထားပါတယ်။ အဲဒီကိစ္စကိုလည်း ကျနော်တို့ အထက်ကို တင်ပြဆောင်ရွက်ဖို့ ရှိပါတယ်။ ဒါကလည်း ရွေးကောက်ပွဲ ကော်မရှင်ကနေပြီး သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကိုပဲ ကျနော်တို့ အကောင်အထည်ဖေါ်နေတာ ဖြစ်ပါတယ်။"

ခုချိန်ထိတော့ အမေရိကန်မှာရှိတဲ့ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ရုံး (၃)ခုကို ဆယ်သွယ်လာတဲ့ မြန်မာနိုင်ငံသား မဲဆန္ဒရှင် (၂၀၀) ကျော် ရှိတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိနေထိုင်တဲ့ မြန်မာတွေထဲက အမေရိကန်နိုင်ငံသားအဖြစ် မခံယူရသေးသူတွေ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးလိုတယ်ဆိုရင် မြန်မာသံရုံးကို ဆက်သွယ် လျှောက်ထားနိုင်တယ်လို့ မြန်မာသံရုံးက ပြောပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း အမေရိကန်ရောက် မြန်မာတွေ မဲပေးတဲ့ကိစ္စမှာ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ် ခဲ့ဖူးပါတယ်။

XS
SM
MD
LG