သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပအို႔ဝ္ PNO ပါတီ ျပည္ခုိင္ၿဖိဳးနဲ႔ လက္တြဲျဖဳတ္ၿပီး ေနရာ ၃၀ ေက်ာ္ ဝင္ၿပိဳင္မယ္


ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) (ဓာတ္ပုံ - Pa-O National Organization - ဇြန္ ၃၀၊ ၂၀၂၀)

[Zawgyi/Unicode]

တုိင္းရင္းသားႏုိင္ငံေရး ပါတီတခုျဖစ္တဲ့ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) ဟာ လာမယ့္ ႏုိ၀င္ဘာလ ေရြးေကာက္ပဲြမွာ ကုိယ္စားလွယ္ေနရာ ၃၀ ေက်ာ္အတြက္ ယွဥ္ၿပိဳင္ဖုိ႔ ျပင္ဆင္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပေပးပါမယ္။

အင္အားႀကီးႏုိင္ငံေရးပါတီျဖစ္တဲ့ ျပည္ေထာင္စု ႀကံ့ခုိင္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးပါတီနဲ႔ မဟာမိတ္ အျဖစ္ကေန ခဲြထြက္ၿပီး ပအိုဝ္းတိုင္းရင္းသား အမ်ားစုေနထိုင္တဲ့ မဲဆႏၵနယ္ေတြမွာ ကိုယ္စားလွယ္ ၃၄ ေနရာအတြက္္ ယွဥ္ျပိဳင္ဖုိ႔ စီစဥ္ေနတာပါ။ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသထဲက ဆီဆိုင္၊ ဟိုပုံးနဲ႔ ပင္ေလာင္းသုံးၿမိဳ႕နယ္အျပင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသျပင္ပက နယ္ေျမေတြမွာပါ ယွဥ္ၿပိဳင္မွာ ျဖစ္ေၾကာင္းလည္း ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) အတြင္းေရးမွဴး ၂ ဦးခြန္ထြန္းေရႊကေျပာပါတယ္။

“လႊတ္ေတာ္ကိုယ္စားလွယ္ေနရာေတြက ၃၀ ၀န္းက်င္ရွိမယ္ဗ် ကိုယ္စားလွယ္ေလာင္းဦးေရ။ က်ေနာ္တို႔ လူမ်ိဳးမ်ားတဲ့ ရွမ္းျပည္နယ္၊ ေနာက္ကရင္ျပည္နယ္မွာလည္း ရွိမယ္။ ေနာက္မြန္လဲျပိဳင္မယ္။ ေနာက္ပဲခူးတိုင္းကလည္း ၿပိဳင္မယ္ထင္တယ္။ ခုေလာေလာဆယ္ေတာ့ က်ေနာ္တို႔ ဆႏၵနယ္ေျမေတြေတာ္ေတာ္မ်ားမ်ား ၀င္ထားေတာ့ စိန္ေခၚမႈကေတာ့ တျခားပါတီနဲ႔လည္း က်ေနာ္တို႔ ယွဥ္ျပိဳင္ရမွာေပါ့ဗ်ာ။"

PNO ပါတီဟာ စစ္တပ္နဲ႔နီးစပ္တဲ့ ျပည္ခုိင္ၿဖိဳးပါတီနဲ႔ မဟာမိတ္အျဖစ္ ရပ္တည္ေနတာကုိ ရပ္ဆုိင္းလုိက္ေၾကာင္းလည္း မၾကာေသးခင္ကပဲ သတင္းေတြ ထြက္ေပၚေနပါတယ္။ ပါတီေခါင္းေဆာင္ ဦးခြန္ထြန္းေရႊကေတာ့ ျပီးခဲ့တဲ့ေရြးေကာက္ပြဲေတြမွာ ျပည္ခိုင္ျဖိဳးပါတီနဲ႔ အေပးအယူလုပ္ခဲ့ေပမဲ့ ဒီတႀကိမ္ေရြးေကာက္ပြဲမွာ PNO အေနနဲ႔ ကိုယ္လမ္းကိုယ္ေလွ်ာက္သြားမယ္လို႔ ဆက္ေျပာပါတယ္။

“ေရြးေကာက္ပြဲကာလအေနအထားတခုအရေတာ့ သူျပိဳင္တဲ့ေနရာမွာ က်ေနာ္တို႔လည္း ၿပိဳင္ရမယ္။ သူတို႔လည္း ၿပိဳင္ရမွာေပါ့ဗ်ာ။ ျပီးခဲ့တဲ့ေရြးေကာက္ပြဲတုန္းကေတာ့ အေပးအယူရွိေကာင္းရွိမွာေပါ့။ ဒီတပတ္ကေတာ့ က်ေနာ္တို႔ ပုံစံနဲ႔ က်ေနာ္တို႔သြားမယ္လို႔ေတာ့ အဲဒီလိုပဲျမင္တယ္ခင္ဗ်။ က်ေနာ္တို႔ လမ္းကို က်ေနာ္တို႔ ေလွ်ာက္မယ္လို႔ေတာ့ က်ေနာ္ အဲဒီလို ဘဲျမင္တယ္။”

ပအိုဝ္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ PNLO အဖြဲ႕က ဗဟိုအလုပ္မႈေဆာင္ေကာ္မီတီ၀င္ ဗိုလ္မွဴးခြန္မင္းသိန္းကေတာ့ PNO ပါတီအေနနဲ႔ ပအိုဝ္းတိုင္းရင္းသားေတြအတြက္ ကုိယ္စားျပဳႏုိင္ဖုိ႔ ရည္ရြယ္ၿပီး ျပည္ခုိင္ၿဖိဳးပါတီနဲ႔ လမ္းခဲြဖုိ႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ႏုိင္တယ္လုိ႔ သုံးသပ္ပါတယ္။

“တခ်ိိဳ႕က မဲက အတင္းအဓမၼထည့္ခိုင္းတဲ့ပုံစံမ်ိဳး ရွိလာတဲ့အခါက်ရင္ တခ်ိဳ႕ကလည္း ပအိုဝ္းပါတီကို မဲထည့္မယ္၊ ေတာင္းဆိုလာတဲ့ ပုံစံမ်ိဳး ရွိလာတာေပါ့ေလ။ ေတာင္းဆိုလာတဲ့အေပၚမူတည္ျပီးေတာ့ သူတို႔ ဒီလိုမ်ိဳးဆုံးျဖတ္ခ်က္ေရြးခ်ယ္ခဲ့တာ ထင္ျမင္တာေပါ့။”

ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္(PNO) အေနနဲ႔ ႀကံ့ခိုင္ေရးပါတီကို မဟာမိတ္အျဖစ္က ရပ္စဲတယ္ဆိုတဲ့သတင္းဟာ တရား၀င္ မသိရေသးသလို လက္ရွိမဟာမိတ္အျဖစ္ရွိေနဆဲလ႔ို ျပည္ခုိင္ၿဖိဳးပါတီေျပာခြင့္ရသူ ေဒါက္တာ နႏၵာလွျမင့္ကေျပာပါတယ္။

“မဟုတ္ပါဘူး။ တခုခုေတာ့ လြဲေနျပီးထင္တယ္။ အဲဒီလိုထုတ္ျပန္တာလည္း မရွိပါဘူး။ PNO ဘက္က။ စကားေျပာတာဆိုတာ နားလည္မႈ လြဲလား မသိဘူးေပါ့ေလ။ အခုခ်ိန္ထိက်ေနာ္တို႔ မဟာမိတ္အျဖစ္ရွိေနပါတယ္ PNO နဲ႔ က်ေနာ္တို႔ ပါတီနဲ႕ေလ။”

PNO ကေန ႀကံ့ခိုင္ေရးပါတီနဲ႔ ညႇိႏိႈင္းၿပီး ဝင္မၿပိဳင္ခဲ့တဲ့ ပအို၀္းလူမ်ိဳးေတြအေနမ်ားတဲ့ တခ်ိဳ႕ေဒသေတြမွာ ၂၀၁၀ ေရြးေကာက္ပြဲတုန္းက ႀကံ့ခိုင္ေရးနိုင္ခဲ့ၿပီး ၂၀၁၅ ေရြးေကာက္ပြဲမွာေတာ့ NLD အနိုင္ရထားပါတယ္။

ဦးေအာင္ခမ္းထီဦးေဆာင္တဲ့ ပအိုဝ္းအမ်ိဳးသားအဖြဲ႔ခ်ဳပ္ (PNO)ဟာ အရင္ကျမန္မာအစိုးရကို လက္နက္ကိုင္ေတာ္လွန္ေနတ့ဲ အဖြဲ႕အစည္းျဖစ္ေပမဲ့ ၁၉၉၁-ခုႏွစ္မွာ ျမန္မာစစ္အစိုးရနဲ႔ ၿငိမ္းခ်မ္းေရး ရယူခဲ့ပါတယ္။

စစ္အစိုးရကေန ဆီဆိုင္ ဟိုပုန္း ပင္ေလာင္း ေဒသေတြကို ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအျဖစ္သတ္မွတ္ေပးခဲ့ပါတယ္။

PNO ဟာ ၿပီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ ေရြးေကာက္ပြဲႏွစ္ႀကိမ္လုံးမွာ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသေတြမွာ အနိုင္ရထားတဲ့ပါတီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပအို့ဝ် PNO ပါတီ ပြည်ခိုင်ဖြိုးနဲ့ လက်တွဲဖြုတ်ပြီး နေရာ ၃၀ ကျော် ဝင်ပြိုင်မယ်

တိုင်းရင်းသားနိုင်ငံရေး ပါတီတခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဟာ လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၃၀ ကျော်အတွက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

အင်အားကြီးနိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ် အဖြစ်ကနေ ခွဲထွက်ပြီး ပအိုဝ်းတိုင်းရင်းသား အများစုနေထိုင်တဲ့ မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ် ၃၄ နေရာအတွက် ယှဉ်ပြိုင်ဖို့ စီစဉ်နေတာပါ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက ဆီဆိုင်၊ ဟိုပုံးနဲ့ ပင်လောင်းသုံးမြို့နယ်အပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပြင်ပက နယ်မြေတွေမှာပါ ယှဉ်ပြိုင်မှာ ဖြစ်ကြောင်းလည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူး ၂ ဦးခွန်ထွန်းရွှေကပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်နေရာတွေက ၃၀ ဝန်းကျင်ရှိမယ်ဗျ ကိုယ်စားလှယ်လောင်းဦးရေ။ ကျနော်တို့ လူမျိုးများတဲ့ ရှမ်းပြည်နယ်၊ နောက်ကရင်ပြည်နယ်မှာလည်း ရှိမယ်။ နောက်မွန်လဲပြိုင်မယ်။ နောက်ပဲခူးတိုင်းကလည်း ပြိုင်မယ်ထင်တယ်။ ခုလောလောဆယ်တော့ ကျနော်တို့ ဆန္ဒနယ်မြေတွေတော်တော်များများ ဝင်ထားတော့ စိန်ခေါ်မှုကတော့ တခြားပါတီနဲ့လည်း ကျနော်တို့ ယှဉ်ပြိုင်ရမှာပေါ့ဗျာ။"

PNO ပါတီဟာ စစ်တပ်နဲ့နီးစပ်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ မဟာမိတ်အဖြစ် ရပ်တည်နေတာကို ရပ်ဆိုင်းလိုက်ကြောင်းလည်း မကြာသေးခင်ကပဲ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပါတီခေါင်းဆောင် ဦးခွန်ထွန်းရွှေကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ အပေးအယူလုပ်ခဲ့ပေမဲ့ ဒီတကြိမ်ရွေးကောက်ပွဲမှာ PNO အနေနဲ့ ကိုယ်လမ်းကိုယ်လျှောက်သွားမယ်လို့ ဆက်ပြောပါတယ်။

“ရွေးကောက်ပွဲကာလအနေအထားတခုအရတော့ သူပြိုင်တဲ့နေရာမှာ ကျနော်တို့လည်း ပြိုင်ရမယ်။ သူတို့လည်း ပြိုင်ရမှာပေါ့ဗျာ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကတော့ အပေးအယူရှိကောင်းရှိမှာပေါ့။ ဒီတပတ်ကတော့ ကျနော်တို့ ပုံစံနဲ့ ကျနော်တို့သွားမယ်လို့တော့ အဲဒီလိုပဲမြင်တယ်ခင်ဗျ။ ကျနော်တို့ လမ်းကို ကျနော်တို့ လျှောက်မယ်လို့တော့ ကျနော် အဲဒီလို ဘဲမြင်တယ်။”

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့က ဗဟိုအလုပ်မှုဆောင်ကော်မီတီဝင် ဗိုလ်မှူးခွန်မင်းသိန်းကတော့ PNO ပါတီအနေနဲ့ ပအိုဝ်းတိုင်းရင်းသားတွေအတွက် ကိုယ်စားပြုနိုင်ဖို့ ရည်ရွယ်ပြီး ပြည်ခိုင်ဖြိုးပါတီနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“တချို့က မဲက အတင်းအဓမ္မထည့်ခိုင်းတဲ့ပုံစံမျိုး ရှိလာတဲ့အခါကျရင် တချို့ကလည်း ပအိုဝ်းပါတီကို မဲထည့်မယ်၊ တောင်းဆိုလာတဲ့ ပုံစံမျိုး ရှိလာတာပေါ့လေ။ တောင်းဆိုလာတဲ့အပေါ်မူတည်ပြီးတော့ သူတို့ ဒီလိုမျိုးဆုံးဖြတ်ချက်ရွေးချယ်ခဲ့တာ ထင်မြင်တာပေါ့။”

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အနေနဲ့ ကြံ့ခိုင်ရေးပါတီကို မဟာမိတ်အဖြစ်က ရပ်စဲတယ်ဆိုတဲ့သတင်းဟာ တရားဝင် မသိရသေးသလို လက်ရှိမဟာမိတ်အဖြစ်ရှိနေဆဲလ့ို ပြည်ခိုင်ဖြိုးပါတီပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်ကပြောပါတယ်။

“မဟုတ်ပါဘူး။ တခုခုတော့ လွဲနေပြီးထင်တယ်။ အဲဒီလိုထုတ်ပြန်တာလည်း မရှိပါဘူး။ PNO ဘက်က။ စကားပြောတာဆိုတာ နားလည်မှု လွဲလား မသိဘူးပေါ့လေ။ အခုချိန်ထိကျနော်တို့ မဟာမိတ်အဖြစ်ရှိနေပါတယ် PNO နဲ့ ကျနော်တို့ ပါတီနဲ့လေ။”

PNO ကနေ ကြံ့ခိုင်ရေးပါတီနဲ့ ညှိနှိုင်းပြီး ဝင်မပြိုင်ခဲ့တဲ့ ပအိုဝ်းလူမျိုးတွေအနေများတဲ့ တချို့ဒေသတွေမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ရေးနိုင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ NLD အနိုင်ရထားပါတယ်။

ဦးအောင်ခမ်းထီဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ဟာ အရင်ကမြန်မာအစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းဖြစ်ပေမဲ့ ၁၉၉၁-ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့ပါတယ်။

စစ်အစိုးရကနေ ဆီဆိုင် ဟိုပုန်း ပင်လောင်း ဒေသတွေကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

PNO ဟာ ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲနှစ်ကြိမ်လုံးမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ အနိုင်ရထားတဲ့ပါတီ ဖြစ်ပါတယ်။

XS
SM
MD
LG