သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လာမယ့္ေရြးေကာက္ပြဲမွာ ရွမ္းပါတီႏွစ္ခု ကုိယ္စားလွယ္ေလာင္း ၂၂၀ ေက်ာ္ယွဥ္ၿပိဳင္မည္


၂၀၁၅ ခုနွစ္ ေရြးေကာက္ပြဲတုန္းက ရွမ္းတိုင္းရင္းသူ မဲဆႏၵရွင္တဦး ရန္ကုန္ၿမိဳ႕ရွိ မဲရံုတခုမွာ မဲေပးေနတဲ့ ျမင္ကြင္း။ (ေမ ၁၅၊ ၂၀၁၅)

[Zawgyi/Unicode]

လာမယ့္ေရြးေကာက္ပြဲမွာ ရွမ္းတိုင္းရင္းသား အဓိကႏိုင္ငံေရးပါတီ ႏွစ္ ခုက လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ ၂၀၀ ေက်ာ္အတြက္ ယွဥ္ၿပိဳင္ဖုိ႔ ျပင္ဆင္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

နို၀င္ဘာ ၈ ရက္ေန႔မွာ က်င္းပမယ့္ ေရြးေကာက္ပြဲမွာ ရွမ္းနိုင္ငံေရးပါတီႀကီးေတြ ျဖစ္ၾကတဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD နဲ႔ ရွမ္းတိုင္းရင္းသားမ်ား တိုးတက္ေရးပါတီ SNDP တို႔က လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ ၂၂၀ ေက်ာ္အတြက္ ယွဥ္ျပိဳင္ဖုိ႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ကေတာ့ ရွမ္းျပည္နယ္မွာ အမ်ားစု အပါအ၀င္ ကိုယ္စားလွယ္ ၁၂၅ ေနရာအတြက္ ယွဥ္ျပိဳင္ဖို႔ ရည္ရြယ္ထားေၾကာင္း ပါတီေျပာခြင့္ရ စိုင္းလိတ္ကေျပာပါတယ္။

“ဒီေန႔အထိေတာ့ က်ေနာ္တို႔ စီစစ္ထားတာ ၁၂၅ ေယာက္ရွိတယ္ေလ။ ရွမ္းျပည္နယ္ထဲမွာ ရာခိုင္ႏႈန္းအားျဖင့္ ၈၀ နီးပါး၀င္မယ္လို႔ ေျပာလို႔ရတယ္။ ကခ်င္ျပည္နယ္နည္းနည္းရယ္၊ ကယားျပည္နယ္နည္းနည္းရယ္၊ မႏၱေလးတိုင္းက ရွမ္းေရးရာ ၀န္ၾကီးရယ္ ဒါပဲရွိတယ္။ ေနာက္ပအို၀္ထဲမွာေတာ့ ဆီဆိုင္၀င္မယ္ ဟိုပုံးတျခမ္း ၀င္မယ္၊ ျပီးရင္ပင္ေလာင္းေပါ့ေနာ္။ ကိုးကန္႔ရယ္၊ ပေလာင္ရယ္၊ ဓနုရယ္၊ အဲဒီကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ သံုး ခု က်ေနာ္တို႔ မ၀င္ဘုူး။”

၂၀၁၅ ေရြးေကာက္ပဲြမွာ ကုိယ္စားလွယ္ေနရာ တတိယအမ်ားဆုံးရခဲ့တဲ့ SNLD ပါတီက ဒီတႀကိမ္ေရြးေကာက္ပဲြအတြက္ ေရြးခ်ယ္ထားတဲ့ ကိုယ္စားလွယ္ေလာင္းေတြထဲမွာေတာ့ လူသစ္တ၀က္ေက်ာ္ ပါ၀င္တယ္လို႔လည္း စုိင္းလိတ္က ေျပာပါတယ္။ SNLD ပါတီဥကၠ႒ ခြန္ထြန္းဦး အပါအ၀င္ ထိပ္တန္းေခါင္းေဆာင္ေတြကေတာ့ ေရြးေကာက္ပဲြမွာ ယွဥ္ၿပိဳင္ၾကမွာ မဟုတ္ပါဘူး။

ေနာက္ထပ္ ရွမ္းတုိင္းရင္းသား ႏုိင္ငံေရးပါတီတခုျဖစ္တဲ့ ရွမ္းတိုင္းရင္းသားမ်ားတိုးတက္ေရးပါတီ SNDP ကလည္း လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာ ၁၀၀ ေက်ာ္ ယွဥ္ၿပိဳင္ဖုိ႔ ရည္ရြယ္ထားေၾကာင္း ပါတီဥကၠ႒ စိုင္းအိုက္ေပါင္းကေျပာပါတယ္။

“၁၀၀ ေက်ာ္ေရြးမယ္ဗ်။ ျမိဳ႕နယ္ေပါင္းက ၃၅ ၿမိဳ႕နယ္။ ရွမ္းျပည္နယ္မွာ ၃၁ ၿမိဳ႕နယ္၊ ကခ်င္မွာ ၃ ၿမိဳ႕နယ္၊ ေနာက္ မႏၱေလးတိုင္းက တျမိဳ႕နယ္ေပါ့။ အေျခအေနေကာင္းမွာပါ။ က်ေနာ္တို႔ က်ားျဖဴကိုတမ္းတေနျပီေလ။ ျပန္ျပီးေတာ့ ေမွ်ာ္လင့္ေနျပီးေလ။”

၂၀၁၅ ေရြးေကာက္ပြဲမွာေတာ့ SNDP ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ ေနရာသာ အနိုင္ရရွိခဲ့တာပါ။

ဒီတႀကိမ္ေရြးေကာက္ပဲြမွာ အာဏာရအမ်ဳိးသားဒီမုိကေရစီ အဖဲြ႔ခ်ဳပ္က ရခုိင္နဲ႔ရွမ္းျပည္နယ္ေတြက မဲဆႏၵနယ္ေျမေတြမွာ ယွဥ္ၿပိဳင္မယ့္ ကုိယ္စားလွယ္ အေရအတြက္ကုိ ေလွ်ာ့ခ်ထားသလုိ၊ တုိင္းရင္းသားနယ္ေျမေတြမွာ ေဒသခံပါတီေတြ အားေကာင္းႏုိင္တယ္လုိ႔ ခန္႔မွန္းမႈေတြလည္း ရွိေနပါတယ္။

SNDP ပါတီ ဥကၠ႒ စိုင္းအိုက္ေပါင္းကေတာ့ တိုင္းရင္းသားနိုင္ငံေရးပါတီေတြ လႊတ္ေတာ္ကိုယ္စားလွယ္ေနရာေတြ ပုိရလာခဲ့မယ္ဆုိရင္ နိုင္ငံေရးအရအေျပာင္းအလဲေတြ ျဖစ္လာမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

“တိုင္းရင္းသားပါတိီေတြ လႊတ္ေတာ္ထဲမွာ ေတာ္ေတာ္မ်ားမ်ား နိုင္သြားရင္ တပါတီတည္း နဲ႔ အစိုးရဖြဲ႔လို႔ မရေတာ့ဘူးေလ။ တိုင္းရင္းသားပါတီနဲ႔ ဘယ္သူပဲ ျဖစ္ျဖစ္ေပါင္းရေတာ့မယ္ေလ။ နိုင္ငံေရးေတာ့ အေျပာင္းလဲျဖစ္သြားမွာေပါ့။”

ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ေျပာခြင့္ရစိုင္းလိတ္ကလည္း တုိင္းရင္းသားႏုိင္ငံေရးပါတီေတြ အားေကာင္းလာတာနဲ႔အမွ် အေျပာင္းအလဲေတြ ျဖစ္လာႏုိင္တယ္ဆုိတာကုိ လက္ခံထားပါတယ္။

“လႊတ္ေတာ္ကေနတဆင့္ သက္ဆိုင္ရာအစိုးရမ်ားကို ပိုမိုျပီးေတာ့ထိန္းေၾကာင္းလာနိုင္မယ္ေပါ့ေနာ္။ အကယ္လို႕မ်ား လႊတ္ေတာ္ ဥကၠ႒ ေနရာေတြမွာ တိုင္းရင္းသားပါတီထဲကပဲ အေရြးခံရျပီးမွ ထိထိမိမိလုပ္ကိုင္နိုင္ၾကမယ္ဆိုရင္ ျပည္နယ္ ေတြအတြက္ကေတာ့ ပိုျပီးေတာ့အက်ိဳးမ်ားလာနိုင္စရာရွိတယ္။”

ခ်င္းျပည္နယ္မွာလည္း ေဒသခံတုိင္းရင္းသား ႏုိင္ငံေရးပါတီတခုျဖစ္တဲ့ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ZCD) က တြန္းဇံ တီးတိန္နဲ႕ စစ္ကိုင္းတိုင္း ကေလးျမိဳ႕နယ္ေတြက လႊတ္ေတာ္ကိုယ္စားလွယ္ ၁၂ ေနရာအတြက္ ၀င္ေရာက္ယွဥ္ျပိဳင္သြားမွာပါ။

၂၀၁၅ ေရြးေကာက္ပြဲမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ေျခာက္ ေနရာ အနိုင္ရရွိခဲ့တဲ့ ဇိုမီးဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ZCD) ကေတာ့ ဒီတႀကိမ္ ေရြးေကာက္ပဲြမွာ တုိင္းရင္းသားႏုိင္ငံေရး ပါတီေတြ ပုိအားေကာင္းလာမယ္လုိ႔ ေမွ်ာ္လင့္ထားေၾကာင္း ပါတီျပန္ၾကားေရးတာ၀န္ခံ ကိုပန္ေထာ္နီကေျပာပါတယ္။

“တြန္းဇံမွာ တီးတိန္မွာ ကေလးျမိဳ႕မွာ ၁၂ ေယာက္ပဲ ျပိဳင္ေတာ့မယ္ေပါ့ေလ။ ျမိဳင္ဆိုင္မႈေတာ့အားၾကီးမွာေပါ့ေလေနာ္။ ဒီခ်င္းပါတိီေတြဆိုတာကလဲ ေပါင္းျပီးေတာ့မွ ၿပိဳင္လာတယ္။ NLD ကလည္း သူကလက္ရွိအစိုးရဆိုေတာ့ ဇိုမီးပါတီကလည္း သူ႔ေဒသမွာအားေကာင္းတယ္ဆိုတာေပါ့ေလ။ ဆိုေတာ့ျပိဳင္ဆိုင္မႈက အားရွိပါလိမ့္မယ္။”

NLD ပါတီဦးေဆာင္တဲ့ လက္ရွိအစုိးရ သက္တမ္းအတြင္း တုိင္းရင္းသားေဒသေတြမွာ ဖြံ႔ၿဖိဳးမႈေတြ သိသိသာသာ မေတြ႔ရတာ၊ အမ်ဳိးသားေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း အထိမ္းအမွတ္ ႐ုပ္တုေတြ၊ တံတားေတြ တည္ေဆာက္မႈေတြကုိ တုိင္းရင္းသား ေဒသေတြမွာ ကန္႔ကြက္တာေတြ ႀကံဳခဲ့ရတဲ့အတြက္ ဒီတႀကိမ္ေရြးေကာက္ပဲြမွာ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြကုိ ေထာက္ခံမႈေတြ တုိးလာႏုိင္တယ္လုိ႔လည္း အကဲခတ္ေတြက ခန္႔မွန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

လာမယ့်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသား အဓိကနိုင်ငံရေးပါတီ နှစ် ခုက လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၀၀ ကျော်အတွက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရှမ်းနိုင်ငံရေးပါတီကြီးတွေ ဖြစ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ SNDP တို့က လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၂၀ ကျော်အတွက် ယှဉ်ပြိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကတော့ ရှမ်းပြည်နယ်မှာ အများစု အပါအဝင် ကိုယ်စားလှယ် ၁၂၅ နေရာအတွက် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားကြောင်း ပါတီပြောခွင့်ရ စိုင်းလိတ်ကပြောပါတယ်။

“ဒီနေ့အထိတော့ ကျနော်တို့ စီစစ်ထားတာ ၁၂၅ ယောက်ရှိတယ်လေ။ ရှမ်းပြည်နယ်ထဲမှာ ရာခိုင်နှုန်းအားဖြင့် ၈၀ နီးပါးဝင်မယ်လို့ ပြောလို့ရတယ်။ ကချင်ပြည်နယ်နည်းနည်းရယ်၊ ကယားပြည်နယ်နည်းနည်းရယ်၊ မန္တလေးတိုင်းက ရှမ်းရေးရာ ဝန်ကြီးရယ် ဒါပဲရှိတယ်။ နောက်ပအိုဝ်ထဲမှာတော့ ဆီဆိုင်ဝင်မယ် ဟိုပုံးတခြမ်း ဝင်မယ်၊ ပြီးရင်ပင်လောင်းပေါ့နော်။ ကိုးကန့်ရယ်၊ ပလောင်ရယ်၊ ဓနုရယ်၊ အဲဒီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သုံး ခု ကျနော်တို့ မဝင်ဘုူး။”

၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ တတိယအများဆုံးရခဲ့တဲ့ SNLD ပါတီက ဒီတကြိမ်ရွေးကောက်ပွဲအတွက် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာတော့ လူသစ်တဝက်ကျော် ပါဝင်တယ်လို့လည်း စိုင်းလိတ်က ပြောပါတယ်။ SNLD ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦး အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေကတော့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမှာ မဟုတ်ပါဘူး။

နောက်ထပ် ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများတိုးတက်ရေးပါတီ SNDP ကလည်း လွှတ်တော်ကိုယ်စားလှယ် နေရာ ၁၀၀ ကျော် ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားကြောင်း ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းကပြောပါတယ်။

“၁၀၀ ကျော်ရွေးမယ်ဗျ။ မြို့နယ်ပေါင်းက ၃၅ မြို့နယ်။ ရှမ်းပြည်နယ်မှာ ၃၁ မြို့နယ်၊ ကချင်မှာ ၃ မြို့နယ်၊ နောက် မန္တလေးတိုင်းက တမြို့နယ်ပေါ့။ အခြေအနေကောင်းမှာပါ။ ကျနော်တို့ ကျားဖြူကိုတမ်းတနေပြီလေ။ ပြန်ပြီးတော့ မျှော်လင့်နေပြီးလေ။”

၂၀၁၅ ရွေးကောက်ပွဲမှာတော့ SNDP ပါတီက လွှတ်တော်ကိုယ်စားလှယ် တစ် နေရာသာ အနိုင်ရရှိခဲ့တာပါ။

ဒီတကြိမ်ရွေးကောက်ပွဲမှာ အာဏာရအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရခိုင်နဲ့ရှမ်းပြည်နယ်တွေက မဲဆန္ဒနယ်မြေတွေမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် အရေအတွက်ကို လျှော့ချထားသလို၊ တိုင်းရင်းသားနယ်မြေတွေမှာ ဒေသခံပါတီတွေ အားကောင်းနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

SNDP ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းကတော့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ လွှတ်တော်ကိုယ်စားလှယ်နေရာတွေ ပိုရလာခဲ့မယ်ဆိုရင် နိုင်ငံရေးအရအပြောင်းအလဲတွေ ဖြစ်လာမယ်လို့ မျှော်လင့်နေပါတယ်။

“တိုင်းရင်းသားပါတီတွေ လွှတ်တော်ထဲမှာ တော်တော်များများ နိုင်သွားရင် တပါတီတည်း နဲ့ အစိုးရဖွဲ့လို့ မရတော့ဘူးလေ။ တိုင်းရင်းသားပါတီနဲ့ ဘယ်သူပဲ ဖြစ်ဖြစ်ပေါင်းရတော့မယ်လေ။ နိုင်ငံရေးတော့ အပြောင်းလဲဖြစ်သွားမှာပေါ့။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရစိုင်းလိတ်ကလည်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အားကောင်းလာတာနဲ့အမျှ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်ဆိုတာကို လက်ခံထားပါတယ်။

“လွှတ်တော်ကနေတဆင့် သက်ဆိုင်ရာအစိုးရများကို ပိုမိုပြီးတော့ထိန်းကြောင်းလာနိုင်မယ်ပေါ့နော်။ အကယ်လို့များ လွှတ်တော် ဥက္ကဋ္ဌ နေရာတွေမှာ တိုင်းရင်းသားပါတီထဲကပဲ အရွေးခံရပြီးမှ ထိထိမိမိလုပ်ကိုင်နိုင်ကြမယ်ဆိုရင် ပြည်နယ် တွေအတွက်ကတော့ ပိုပြီးတော့အကျိုးများလာနိုင်စရာရှိတယ်။”

ချင်းပြည်နယ်မှာလည်း ဒေသခံတိုင်းရင်းသား နိုင်ငံရေးပါတီတခုဖြစ်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) က တွန်းဇံ တီးတိန်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ် ၁၂ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။

၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ခြောက် နေရာ အနိုင်ရရှိခဲ့တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ကတော့ ဒီတကြိမ် ရွေးကောက်ပွဲမှာ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ ပိုအားကောင်းလာမယ်လို့ မျှော်လင့်ထားကြောင်း ပါတီပြန်ကြားရေးတာဝန်ခံ ကိုပန်ထော်နီကပြောပါတယ်။

“တွန်းဇံမှာ တီးတိန်မှာ ကလေးမြို့မှာ ၁၂ ယောက်ပဲ ပြိုင်တော့မယ်ပေါ့လေ။ မြိုင်ဆိုင်မှုတော့အားကြီးမှာပေါ့လေနော်။ ဒီချင်းပါတီတွေဆိုတာကလဲ ပေါင်းပြီးတော့မှ ပြိုင်လာတယ်။ NLD ကလည်း သူကလက်ရှိအစိုးရဆိုတော့ ဇိုမီးပါတီကလည်း သူ့ဒေသမှာအားကောင်းတယ်ဆိုတာပေါ့လေ။ ဆိုတော့ပြိုင်ဆိုင်မှုက အားရှိပါလိမ့်မယ်။”

NLD ပါတီဦးဆောင်တဲ့ လက်ရှိအစိုးရ သက်တမ်းအတွင်း တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးမှုတွေ သိသိသာသာ မတွေ့ရတာ၊ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် ရုပ်တုတွေ၊ တံတားတွေ တည်ဆောက်မှုတွေကို တိုင်းရင်းသား ဒေသတွေမှာ ကန့်ကွက်တာတွေ ကြုံခဲ့ရတဲ့အတွက် ဒီတကြိမ်ရွေးကောက်ပွဲမှာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို ထောက်ခံမှုတွေ တိုးလာနိုင်တယ်လို့လည်း အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG