သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခုိင္က ပဋိပကၡျဖစ္တဲ့ေဒသေတြမွာ ေရြးေကာက္ပြဲလုပ္ျဖစ္ မျဖစ္ တပ္သေဘာထားအေပၚမူတည္ၿပီး UEC ဆုံးျဖတ္မည္


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာေတာ့ စစ္ျဖစ္ေနတဲ့ ရခုိင္ျပည္နယ္မွာလုပ္မယ့္ ေရြးေကာက္ပြဲအတြက္ တပ္မေတာ္က လံုၿခံဳမူမရွိဘူးေၾကညာလာရင္ေတာ့၊ ေဒသတခ်ိဳ႕မွာ ေနာက္ေရႊ႕ေကာင္းေရႊ႕ရလိမ့္မယ္လို႔၊ ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌက ေျပာလိုက္ပါတယ္။

တပ္မေတာ္က ထိန္းခ်ဳပ္ထားတဲ႔ ကာကြယ္ေရးဝန္ႀကီးဌာနနဲ႔ ျပည္ထဲေရးဝန္ႀကီးဌာနေတြကေန ဒီျပည္နယ္မွာ လံုၿခံဳတည္ၿငိမ္မူ ရွိမရွိကို မၾကာခင္ ပိုင္းျဖတ္ေပးမွာျဖစ္တယ္လို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ ဥကၠဌ ဦးလွသိန္းက မေန႔ကေျပာခဲ့တဲ့ အေပၚ၊ ရခိုင္ျပည္နယ္တြင္း လူထုေထာက္ခံမူအားေကာင္းတဲ့ ရခိုင္ပါတီေတြဘက္က ျပင္းျပင္းထန္ထန္ ျပန္ေခ်ပလိုက္ပါတယ္။

ဦးလွသိန္းက ဒီေဒသေတြမွာ ေရြးေကာက္ပြဲေတြ က်င္းပႏိုင္ဖို႔က ၿငိမ္းခ်မ္း တည္ၿငိမ္မူ မရွိမျဖစ္ လိုအပ္တယ္လို႔ ေျပာအၿပီးမွာ ရခိုင္ အမ်ိဳးသားပါတီ (ANP) က ျပည္နယ္လႊတ္ေတာ္အမတ္ ဦးေမာင္လွေက်ာ္ကေတာ့၊ မဲဆႏၵနယ္ေျမတစ္ခုမွာ ကိုယ္စားျပဳအမတ္မေရြးႏိုင္လွ်င္ ေဒသခံလူထုပဲ ပိုခံစားနစ္နာလိမ့္မယ္လို႔ ျပန္ေျပာတာကို ရိုက္တာစ္ သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။

တပ္မေတာ္အေနနဲ႔ ဒီလံုၿခံဳေရးခြင့္ျပဳခ်က္ မေပးရင္၊ ေကာ္မရွင္ဘက္က ေရြးေကာက္ပြဲ လုပ္ေပးမွာ မဟုတ္ဘူးလို႔ ဦးလွသိန္းကေျပာအၿပီးမွာ၊ တပ္မေတာ္ေျပာခြင့္ရေတြကို ရိုက္တာ့စ္သတင္းဌာနက ဖုန္းေခၚေမးျမန္းခဲ့ေပမဲ့ ဖုန္းျပန္မေျဖခဲ့ပါဘူး။

ျမန္မာႏိုင္ငံမွာ ႏိုဝင္ဘာလ (၈) ရက္ေန႔က်ရင္ အေထြေထြေရြးေကာက္ပြဲေတြက်င္းပဖို႔ ျပင္ဆင္ေနခ်ိန္၊ ကိုဗစ္ကမာၻ႔ကပ္ေရာဂါႀကီးနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ျပင္းထန္လာတဲ့ တိုက္ပြဲေတြနဲ႔ ရင္ဆိုင္အခက္ႀကံဳလာရတာက၊ စစ္အုပ္ခ်ဳပ္ေရးကေန ဒီမိုကေရစီကူးေျပာင္းေရးမွာ အေရးပါတဲ့ စမ္းသပ္မူျဖစ္တယ္လို႔ သံုးသပ္မူေတြရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ရခိုင်က ပဋိပက္ခဖြစ်တဲ့ဒေသတွေမှာ ရွေးကောက်ပွဲလုပ်ဖြစ် မဖြစ် တပ်သဘောထားအပေါ်မူတည်ပြီး UEC ဆုံးဖြတ်မည်
(Unicode)

မြန်မာနိုင်ငံမှာတော့ စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာလုပ်မယ့် ရွေးကောက်ပွဲအတွက် တပ်မတော်က လုံခြုံမူမရှိဘူးကြေညာလာရင်တော့၊ ဒေသတချို့မှာ နောက်ရွှေ့ကောင်းရွှေ့ရလိမ့်မယ်လို့၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ပြောလိုက်ပါတယ်။

တပ်မတော်က ထိန်းချုပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေကနေ ဒီပြည်နယ်မှာ လုံခြုံတည်ငြိမ်မူ ရှိမရှိကို မကြာခင် ပိုင်းဖြတ်ပေးမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက မနေ့ကပြောခဲ့တဲ့ အပေါ်၊ ရခိုင်ပြည်နယ်တွင်း လူထုထောက်ခံမူအားကောင်းတဲ့ ရခိုင်ပါတီတွေဘက်က ပြင်းပြင်းထန်ထန် ပြန်ချေပလိုက်ပါတယ်။

ဦးလှသိန်းက ဒီဒေသတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့က ငြိမ်းချမ်း တည်ငြိမ်မူ မရှိမဖြစ် လိုအပ်တယ်လို့ ပြောအပြီးမှာ ရခိုင် အမျိုးသားပါတီ (ANP) က ပြည်နယ်လွှတ်တော်အမတ် ဦးမောင်လှကျော်ကတော့၊ မဲဆန္ဒနယ်မြေတစ်ခုမှာ ကိုယ်စားပြုအမတ်မရွေးနိုင်လျှင် ဒေသခံလူထုပဲ ပိုခံစားနစ်နာလိမ့်မယ်လို့ ပြန်ပြောတာကို ရိုက်တာစ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

တပ်မတော်အနေနဲ့ ဒီလုံခြုံရေးခွင့်ပြုချက် မပေးရင်၊ ကော်မရှင်ဘက်က ရွေးကောက်ပွဲ လုပ်ပေးမှာ မဟုတ်ဘူးလို့ ဦးလှသိန်းကပြောအပြီးမှာ၊ တပ်မတော်ပြောခွင့်ရတွေကို ရိုက်တာ့စ်သတင်းဌာနက ဖုန်းခေါ်မေးမြန်းခဲ့ပေမဲ့ ဖုန်းပြန်မဖြေခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ (၈) ရက်နေ့ကျရင် အထွေထွေရွေးကောက်ပွဲတွေကျင်းပဖို့ ပြင်ဆင်နေချိန်၊ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါကြီးနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြင်းထန်လာတဲ့ တိုက်ပွဲတွေနဲ့ ရင်ဆိုင်အခက်ကြုံလာရတာက၊ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီကူးပြောင်းရေးမှာ အရေးပါတဲ့ စမ်းသပ်မူဖြစ်တယ်လို့ သုံးသပ်မူတွေရှိနေပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG