သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္မွာ ေရြးေကာက္ပြဲဝင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြ အခက္ေတြ႔ေန


၂၀၁၅ ခုႏွစ္ေရြးေကာက္ပဲြတုန္းက ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕က မဲဆႏၵရံုတခုမွာ မဲမ်ား ေရတြက္ေနတဲ့ ျမင္ကြင္း။ (ႏို၀င္ဘာ ၀၈၊ ၂၀၁၅)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္မွာ တုိင္းရင္းသား ႏုိင္ငံေရးသမားတခ်ဳိ႕ မူလပါတီေတြက ထြက္ခြင့္ မရေသးတာေၾကာင့္ ႏုိ၀င္ဘာလထဲ က်င္းပမယ့္ ေရြးေကာက္ပဲြမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ဖုိ႔ အခက္ေတြ႔ေနရတဲ့ အေျခအေနကုိ ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပုိင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္မွာ အင္အားႀကီးပါတီတစ္ခုျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီ(ANP) ပါတီကေန ႏုတ္ခြင့္တင္ထားေပမဲ့ တရား၀င္ ခြင့္မျပဳေသးတာေၾကာင့္ လက္ရွိလႊတ္ေတာ္ ကုိယ္စားလွယ္ေတြ အပါအ၀င္ ရခုိင္တုိင္းရင္းသား ႏုိင္ငံေရးသမားတခ်ဳိ႕ လာမယ့္ေရြးေကာက္ပဲြမွာ တစ္သီးပုဂၢလအေနနဲ႔ ယွဥ္ၿပိဳင္ရမယ့္ အလားအလာရွိေနပါတယ္။

ေက်ာက္ျဖဴၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေက်ာ္လြင္ ဟာဆုိရင္လည္း ANP ပါတီကေန ႏုတ္ထြက္ခြင့္ မရေသးတာေၾကာင့္ ေရြးေကာက္ပဲြ၀င္ေရး အခက္အခဲျဖစ္ေနတယ္လုိ႔ ေျပာပါတယ္။

"က်ေနာ္တို႔ကေတာ့ ANP ပါတီမွာ ႏုတ္ထြက္ခြင့္တင္ထားတာလည္း ၾကာၿပီဗ်ာ။ ဒါေပမဲ့ သူတို႔ကလည္း ထြက္ခြင့္မျပဳဘူး ဆိုတာေလာက္ပဲေျပာတယ္။ ၿပီးေတာ့ ANP ပါတီမွာက ထြက္ခြင့္ေပးတဲ့ လူေတြလည္း ရွိေနၿပီ ရမ္းၿဗဲၿမိဳ႕နယ္က ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္လြင္တို႔ ေျမပံုၿမိဳ႕နယ္က ျပည္နယ္လြတ္ေတာ္ ကိုယ္စားလွယ္ ဦးျမသန္းတို႔ဆိုရင္ သူတို႔က ထြက္ခြင့္ေပးတယ္။ ဆိုေတာ့ခါ ANP ပါတီရဲ႕ မူဝါဒက လူကိုလိုက္ၿပီး ေျပာင္းေနသလို ျဖစ္ေနၿပီ ဆိုေတာ့ခါ က်ေနာ္တို႔ကေတာ့ ထြက္ခြင့္မေပးမွာ မဟုတ္ဘူးေသခ်ာတယ္။ ထြက္ခြင့္မေပးရင္ေတာ့ က်ေနာ္တို႔က တစ္သီးပုဂၢလနဲ႔ ၿပိဳင္ရမယ့္ သေဘာရွိေနတယ္ဗ်ာ။"

ေက်ာက္ျဖဴၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေက်ာ္လြင္ ဟာ ANP ပါတီက ႏုတ္ထြက္ခြင့္ ေတာင္းထားၿပီးေနာက္၊ ႏုိင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မနဲ႔ အေရးယူခံရၿပီး အခုအခါ ေထာင္ဒဏ္က်ခံေနရတဲ့ ေဒါက္တာေအးေမာင္ ဦးေဆာင္ၿပီး ၂၀၁၉ ခုႏွစ္မွာ တည္ေထာင္ထားတဲ့ ရခိုင့္ဦးေဆာင္ပါတီ (AFP) မွာ ပူးေပါင္းပါ၀င္ေနတာပါ။ အခုဆုိရင္ ရခုိင္ျပည္နယ္မွာ အဓိကပါတီႀကီးျဖစ္တဲ့ ANP က ခဲြထြက္ၿပီး တည္ေထာင္ထားတဲ့ AFP ပါတီနဲ႔ ရခို္င္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ (ALD) ပါတီ တုိ႔လည္း ေရြးေကာက္ပဲြမွာ ယွဥ္ၿပိဳင္ဖုိ႔ ျပင္ဆင္ေနၾကပါတယ္။

ဒါေပမဲ့ ALD ပါတီမွာလည္း ကိုယ္စားလွယ္တစ္ခ်ိဳ႕ဟာ မူလ ANP ပါတီကေန ႏုတ္ထြက္ခြင့္မေပးတာေၾကာင့္ တစ္သီးပုဂၢလအေနနဲ႔ ေရြးေကာက္ပဲြမွာ ယွဥ္ၿပိဳင္ရမယ့္ အလားအလာာ ရွိေနတယ္လို႔ ALD ပါတီ ေျပာခြင့္ရ ဦးမ်ိဳးေက်ာ္က ေျပာပါတယ္။

"ႏုတ္ထြက္ခြင့္ေတာင္းထားတာေတြေတာ့ ရွိတယ္။ အခုက ဘယ္ဆိုမလဲဆိုေတာ့ ၿပီးခဲ့တဲ့ လြတ္ေတာ္မွာ ဆံုးျဖတ္ခ်က္အရဆိုရင္ က်ေနာ္တို႔ ပါတီကိုယ္စားလွယ္အေနနဲ႔သူတို႔ၿပိဳင္လို႔ရမွာမဟုတ္ဘူး။ တစ္သီးပုဂၢလ အေနနဲ႔ပဲ ၿပိဳင္လို႔ရမယ့္ အေနအထားမွာရွိေနတယ္။ ၿပီးေတာ့ တခ်ိဳ႕ေနရာေတြမွာလည္း က်ေနာ္တုိ႔က ပါတီတည္ေဆာင္ၿပီးသား အဆင္သင့္မရွိေသးတဲ့ အခါက်ေတာ့ က်ေနာ္တို႔က ေက်ာက္ျဖဴခရိုင္ သံတြဲခရိုင္နဲ႔ က်ေနာ္တို႔ ဌာနခ်ဳပ္ရွိတဲ့ ေက်ာက္ေတာ္ၿမိဳ႕ကေနၿပီးေတာ့ ေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္သြားဖို႔ ရွိပါတယ္။"

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမကလည္း ANP ပါတီက ႏုတ္ထြက္ခြင့္မေပးတာေၾကာင့္ လာမည့္ ေရြးေကာက္ပြဲမွာ ရခိုင္တိုင္းရင္းသားေရးရာ ဝန္ႀကီးေနရာကို တစ္သီးပုဂၢလအေနနဲ႔ ဝင္ေရာက္ယွဥ္သြားမွာ ျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။

ရခိုင္အမ်ိဳးသားပါတီကေတာ့ ပါတီက ႏုတ္ထြက္ခြင့္တင္ထားတဲ့ သူေတြကို လက္ရွိ လႊတ္ေတာ္ကိုယ္စားလွယ္သက္တမ္းကုန္မွ ႏုတ္ထြက္ခြင့္ေပးမယ္ဆိုၿပီးေတာ့ ၿပီးခဲ့တဲ့ ေမလကုန္ပိုင္းက က်င္းပျပဳလုပ္ခဲ့တဲ့ ပါတီညီလာခံမွာ ဆံုးျဖတ္ထားပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္ရွိ ရခိုင္အမ်ိဳးသားပါတီ (ANP) ရံုး။ (ဓာတ္ပံု - Win Zaw)
ေတာင္ကုတ္ၿမိဳ႕နယ္ရွိ ရခိုင္အမ်ိဳးသားပါတီ (ANP) ရံုး။ (ဓာတ္ပံု - Win Zaw)

လာမယ့္ ေရြးေကာက္ပြဲမွာ ရခိုင္ေျမာက္ပိုင္းက ေနရာတခ်ိဳ႕မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီအေန နဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္မွာ မဟုတ္ေၾကာင္း ေျပာဆုိထားတာေၾကာင့္ ေဒသခံႏုိင္ငံေရးပါတီေတြအတြက္ အခြင့္အလမ္း ျဖစ္ႏုိင္တယ္လုိ႔ ခန္႔မွန္းထားခ်ိန္မွာပဲ ရခုိင္တုိင္းရင္းသား ႏုိင္ငံေရးသမားေတြၾကား အခက္အခဲေတြ ႀကံဳေနရတာပါ။

ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ေဒါက္တာရန္မ်ိဳးသိန္းကေတာ့ လာမယ့္ေရြးေကာက္ပဲြမွာ ေဒသခံႏုိင္ငံေရးပါတီေတြ အႏုိင္ရႏုိင္တဲ့ အလားအလာေတြ ရွိေနေပမဲ့ စိမ္ေခၚမႈေတြလည္း ရွိႏုိင္တယ္လုိ႔ သုံးသပ္ပါတယ္။

"ရခိုင္ျပည္နယ္ မဲဆႏၵနယ္ေတြမွာေတာ့ ေရြးေကာက္ပြဲကို ဘယ္ႏွစ္ၿမိဳ႕နယ္ က်င္းပႏိုင္မလဲ ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရအံုးမယ္လို႔ ထင္တယ္။ ရခိုင္ျပည္နယ္မွာ ေရြးေကာက္ပြဲ က်င္းပႏိုင္တဲ့ ၿမိဳ႕နယ္ေတြ မ်ားရင္ေတာ့ ရခိုင္အမ်ိဳးသားပါတီေတြ အေနနဲ႔ အမ်ားစုအႏိုင္ရႏိုင္တယ္။ အထူးသျဖင့္ေတာ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသေတြ ရခိုင္အမ်ိဳးသားပါတီေတြက အားေကာင္းတဲ့ အခါက်ေတာ့ ေျမာက္ပိုင္းမွာ က်င္းပႏိုင္မွ ရခိုင္တိုင္းရင္းသားပါတီေတြရဲ႕ အႏိုင္ရမႈက ပိုၿပီးေတာ့ မ်ားႏိုင္မယ္။ ေနာက္တစ္ခုက ရခိုင္တိုင္းရင္းသား ပါတီေတြၾကားမွာ ညီညီညႊတ္ညႊတ္နဲ႔ ေရြးေကာက္ပြဲ ဝင္ႏိုင္မယ္ဆိုရင္ေတာ့ ရခိုင္ျပည္နယ္ တစ္ခုလံုးမွာ ေနရာမ်ားစု အႏိုင္ရဖို႔ အလားအလာရွိတယ္။ ရခိုင္ပါတီေတြ အခ်င္းခ်င္းထိပ္တိုက္ရင္ဆိုင္ရင္ေတာ့ ေျမာက္ပိုင္းမဲဆႏၵနယ္ေတြမွာ အႀကိဳက္အနယ္ ယွဥ္ရမယ့္ သေဘာရွိတယ္။"

ၿပီးခဲ့တဲ့ ၂၀၁၅ ေရြးေကာက္ပဲြမွာေတာ့ ရခုိင္ျပည္နယ္မွာ ကုိယ္စားလွယ္ေနရာေပါင္း ၅၀ ေက်ာ္အနက္ ရခိုင္အမ်ိဳးသားပါတီ(ANP) က ကုိယ္စားလွယ္ေနရာ ၄၅ ေနရာနဲ႔ အမ်ားစု အႏုိင္ရခဲ့တာပါ။ ဒါေပမဲ့လည္း ၂၀၀၈ ခုႏွစ္ ဖဲြ႔စည္းပုံ အေျခခံဥပေဒအရ ကုိယ္စားလွယ္ေနရာ အမ်ားစု အႏုိင္ရေပမဲ့လည္း ျပည္နယ္အစုိးရဖဲြ႔ခြင့္ေတာ့ မရခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ အခက်တွေ့နေ

ရခိုင်ပြည်နယ်မှာ တိုင်းရင်းသား နိုင်ငံရေးသမားတချို့ မူလပါတီတွေက ထွက်ခွင့် မရသေးတာကြောင့် နိုဝင်ဘာလထဲ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခက်တွေ့နေရတဲ့ အခြေအနေကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ(ANP) ပါတီကနေ နုတ်ခွင့်တင်ထားပေမဲ့ တရားဝင် ခွင့်မပြုသေးတာကြောင့် လက်ရှိလွှတ်တော် ကိုယ်စားလှယ်တွေ အပါအဝင် ရခိုင်တိုင်းရင်းသား နိုင်ငံရေးသမားတချို့ လာမယ့်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်ရမယ့် အလားအလာရှိနေပါတယ်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် ဟာဆိုရင်လည်း ANP ပါတီကနေ နုတ်ထွက်ခွင့် မရသေးတာကြောင့် ရွေးကောက်ပွဲဝင်ရေး အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

"ကျနော်တို့ကတော့ ANP ပါတီမှာ နုတ်ထွက်ခွင့်တင်ထားတာလည်း ကြာပြီဗျာ။ ဒါပေမဲ့ သူတို့ကလည်း ထွက်ခွင့်မပြုဘူး ဆိုတာလောက်ပဲပြောတယ်။ ပြီးတော့ ANP ပါတီမှာက ထွက်ခွင့်ပေးတဲ့ လူတွေလည်း ရှိနေပြီ ရမ်းဗြဲမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်တို့ မြေပုံမြို့နယ်က ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးမြသန်းတို့ဆိုရင် သူတို့က ထွက်ခွင့်ပေးတယ်။ ဆိုတော့ခါ ANPပါတီရဲ့ မူဝါဒက လူကိုလိုက်ပြီး ပြောင်းနေသလို ဖြစ်နေပြီ ဆိုတော့ခါ ကျနော်တို့ကတော့ ထွက်ခွင့်မပေးမှာ မဟုတ်ဘူးသေချာတယ်။ ထွက်ခွင့်မပေးရင်တော့ ကျနော်တို့က တစ်သီးပုဂ္ဂလနဲ့ ပြိုင်ရမယ့် သဘောရှိနေတယ်ဗျာ။"

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် ဟာ ANP ပါတီက နုတ်ထွက်ခွင့် တောင်းထားပြီးနောက်၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ အရေးယူခံရပြီး အခုအခါ ထောင်ဒဏ်ကျခံနေရတဲ့ ဒေါက်တာအေးမောင် ဦးဆောင်ပြီး ၂၀၁၉ ခုနှစ်မှာ တည်ထောင်ထားတဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP) မှာ ပူးပေါင်းပါဝင်နေတာပါ။ အခုဆိုရင် ရခိုင်ပြည်နယ်မှာ အဓိကပါတီကြီးဖြစ်တဲ့ ANP က ခွဲထွက်ပြီး တည်ထောင်ထားတဲ့ AFP ပါတီနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ပါတီ တို့လည်း ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

ဒါပေမဲ့ ALD ပါတီမှာလည်း ကိုယ်စားလှယ်တစ်ချို့ဟာ မူလ ANP ပါတီကနေ နုတ်ထွက်ခွင့်မပေးတာကြောင့် တစ်သီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရမယ့် အလားအလာာ ရှိနေတယ်လို့ ALD ပါတီ ပြောခွင့်ရ ဦးမျိုးကျော်က ပြောပါတယ်။

"နုတ်ထွက်ခွင့်တောင်းထားတာတွေတော့ ရှိတယ်။ အခုက ဘယ်ဆိုမလဲဆိုတော့ ပြီးခဲ့တဲ့ လွတ်တော်မှာ ဆုံးဖြတ်ချက်အရဆိုရင် ကျနော်တို့ ပါတီကိုယ်စားလှယ်အနေနဲ့သူတို့ပြိုင်လို့ရမှာမဟုတ်ဘူး။ တစ်သီးပုဂ္ဂလ အနေနဲ့ပဲ ပြိုင်လို့ရမယ့် အနေအထားမှာရှိနေတယ်။ ပြီးတော့ တချို့နေရာတွေမှာလည်း ကျနော်တို့က ပါတီတည်ဆောင်ပြီးသား အဆင်သင့်မရှိသေးတဲ့ အခါကျတော့ ကျနော်တို့က ကျောက်ဖြူခရိုင် သံတွဲခရိုင်နဲ့ ကျနော်တို့ ဌာနချုပ်ရှိတဲ့ ကျောက်တော်မြို့ကနေပြီးတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိပါတယ်။"

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကလည်း ANP ပါတီက နုတ်ထွက်ခွင့်မပေးတာကြောင့် လာမည့် ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာကို တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်သွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ရခိုင်အမျိုးသားပါတီကတော့ ပါတီက နုတ်ထွက်ခွင့်တင်ထားတဲ့ သူတွေကို လက်ရှိ လွှတ်တော်ကိုယ်စားလှယ်သက်တမ်းကုန်မှ နုတ်ထွက်ခွင့်ပေးမယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီညီလာခံမှာ ဆုံးဖြတ်ထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ရခိုင်မြောက်ပိုင်းက နေရာတချို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေ နဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ပြောဆိုထားတာကြောင့် ဒေသခံနိုင်ငံရေးပါတီတွေအတွက် အခွင့်အလမ်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားချိန်မှာပဲ ရခိုင်တိုင်းရင်းသား နိုင်ငံရေးသမားတွေကြား အခက်အခဲတွေ ကြုံနေရတာပါ။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကတော့ လာမယ့်ရွေးကောက်ပွဲမှာ ဒေသခံနိုင်ငံရေးပါတီတွေ အနိုင်ရနိုင်တဲ့ အလားအလာတွေ ရှိနေပေမဲ့ စိမ်ခေါ်မှုတွေလည်း ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

"ရခိုင်ပြည်နယ် မဲဆန္ဒနယ်တွေမှာတော့ ရွေးကောက်ပွဲကို ဘယ်နှစ်မြို့နယ် ကျင်းပနိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရအုံးမယ်လို့ ထင်တယ်။ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ မြို့နယ်တွေ များရင်တော့ ရခိုင်အမျိုးသားပါတီတွေ အနေနဲ့ အများစုအနိုင်ရနိုင်တယ်။ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေ ရခိုင်အမျိုးသားပါတီတွေက အားကောင်းတဲ့ အခါကျတော့ မြောက်ပိုင်းမှာ ကျင်းပနိုင်မှ ရခိုင်တိုင်းရင်းသားပါတီတွေရဲ့ အနိုင်ရမှုက ပိုပြီးတော့ များနိုင်မယ်။ နောက်တစ်ခုက ရခိုင်တိုင်းရင်းသား ပါတီတွေကြားမှာ ညီညီညွှတ်ညွှတ်နဲ့ ရွေးကောက်ပွဲ ဝင်နိုင်မယ်ဆိုရင်တော့ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ နေရာများစု အနိုင်ရဖို့ အလားအလာရှိတယ်။ ရခိုင်ပါတီတွေ အချင်းချင်းထိပ်တိုက်ရင်ဆိုင်ရင်တော့ မြောက်ပိုင်းမဲဆန္ဒနယ်တွေမှာ အကြိုက်အနယ် ယှဉ်ရမယ့် သဘောရှိတယ်။"

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်နေရာပေါင်း ၅၀ ကျော်အနက် ရခိုင်အမျိုးသားပါတီ(ANP) က ကိုယ်စားလှယ်နေရာ ၄၅ နေရာနဲ့ အများစု အနိုင်ရခဲ့တာပါ။ ဒါပေမဲ့လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ်စားလှယ်နေရာ အများစု အနိုင်ရပေမဲ့လည်း ပြည်နယ်အစိုးရဖွဲ့ခွင့်တော့ မရခဲ့ပါဘူး။

XS
SM
MD
LG