သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ကၿမိဳ႕တုိင္းမွာ ေရြးေကာက္ပြဲ က်င္းပသင့္ေၾကာင္း ရခုိင္လႊတ္ေတာ္ဥကၠ႒ေျပာ


ရခုိင္ျပည္နယ္လႊတ္ေတာ္ ဥကၠဌ ဦးစံေက်ာ္လွ (ဓါတ္ပံု - rakhinestatenews)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံက လာမယ့္ေရြးေကာက္ပြဲကို လက္နက္ကိုင္ပဋိပကၡေတြ ပိုျပင္းထန္လာေနတဲ့ ရခိုင္ျပည္နယ္ အေတာ္မ်ားမ်ားမွာ က်င္းပႏိုင္ပါ့မလားလို႔ စိုးရိမ္မူေတြ အေစာႀကီးထဲက ရွိလာခဲ့ပါတယ္။ အခုေတာ့ ေရြးေကာက္ပြဲေကာ္မရွင္က တပ္မေတာ္ေပၚ မူတည္တယ္လို႔ ေျပာလိုက္တဲ့အေပၚ ရခိုင္ႏိုင္ငံေရးကို စစ္ေရး၊ ႏိုင္ငံေရး ဘယ္နည္းနဲ႔ ေျဖရွင္းမလဲ ေမးခြန္္းေတြ ထက္လာေနပါတယ္။

ဒီအေၾကာင္း ရခုိင္ျပည္နယ္လႊတ္ေတာ္ ဥကၠဌလည္းျဖစ္ ရခိုင္မွာ မဲအမ်ားဆံုးရခဲ့တဲ့ ရခုိင္အမ်ိဳးသားပါတီက ဦးစံေက်ာ္လွကို ကိုဝင္းမင္းက ေမးထားပါတယ္။

ကိုဝင္းမင္း။ ။ က်ေနာ္တို႔ ဒီလာမည့္ ေရြးေကာက္ပြဲအတြက္ေပါ့ေနာ္ ရခိုင္ျပည္နယ္မွာ လံုၿခံဳေရးအရ ေရြးေကာက္ပြဲမလုပ္ႏိုင္ပဲ ေရႊ႕ဆိုင္းရတဲ့ ေဒသေတြကို တပ္မေတာ္ဘက္က ဆံုးျဖတ္ေပးမယ့္ သေဘာမ်ိဳး ေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းက ေျပာခဲ့ပါတယ္ အဲဒီအေပၚမွာ ဥကၠဌႀကီးအေနနဲ႔ ဘယ္လိုမ်ိဳး တံု႔ျပန္ခ်င္ပါသလဲ။

ဦးစံေက်ာ္လွ။ ။ သူတို႔လုပ္လို႔ရတယ္ သူတို႔မလုပ္ဘူးဆိုရင္လည္း သူတို႔ သေဘာပါပဲ။ သို႔ေသာ္ေရြးေကာက္ပြဲကေတာ့ လုပ္သင့္တယ္လို႔ က်ေနာ္ျမင္ပါတယ္။ ရခိုင္ျပည္နယ္ျမိဳ႕နယ္တိုင္းမွာ ေရြးေကာက္ပြဲ ျဖစ္ေစခ်င္ပါတယ္။ ေဒသအတြက္ ရခိုင္ျပည္နယ္အတြက္၊ ျမန္မာျပည္အတြက္ ေရြးေကာက္ပြဲက လိုကိုလိုပါတယ္။ အခုက ပဋိပကၡျဖစ္ေနတယ္ဆိုတာက ၿမိဳ႕နယ္ တခုဆိုရင္လည္း တၿမိဳ႕နယ္လံုး အဲလိုမွ မဟုတ္တာ ၊ လုပ္လို႔ရတဲ့ မဲဆႏၵနယ္ရွိတယ္၊ တိုက္ပြဲျဖစ္ေနတဲ့ မဲဆႏၵနယ္ရွိတယ္ အဲဒီမဲဆႏၵနယ္မွာကိုယ္က ေနရာတိုင္းမွာ ျဖစ္တာမဟုတ္ဘူး။ သူတို႔နဲ႔ ဆိုင္ပါတယ္ လုပ္မယ္ဆိုရင္ လုပ္လို႔ ျဖစ္ပါတယ္။ သိပ္ၿပီးေတာ့ အခက္အခဲမရွိပါဘူး သို႔ေသာ္ တခုေတာ့ ရွိတယ္ဗ် ဥပေဒစိုးမိုးမႈကေတာ့ ေတာ္ေတာ္ေလးကို နည္းပါးသြားတယ္။

ကိုဝင္းမင္း။ ။ အဲဒီေတာ့ ဘယ္ႏွစ္ၿမိဳ႕နယ္ေလာက္မွာ တပ္မေတာ္အေနနဲ႔ တပ္မေတာ္အေနနဲ႔ လံုၿခံဳေရးအရ မေကာင္းတဲ့အတြက္ အခုလို ေရႊ႕ဆိုင္းဖို႔ အလားအလာမ်ားေနပါသလဲ။

ဦးစံေက်ာ္လွ။ ။ အျပင္မွာ ၾကားေနရတဲ့ သတင္းအရဆိုရင္ေတာ့ အနည္းဆံုး ၅ ၿမိဳ႕နယ္ေလာက္ကေတာ့ ေရြးေကာက္ပြဲ လံုး၀ ျဖစ္ႏိုင္စရာမရွိဘူးဆိုၿပီးေတာ့ အဲလိုသတင္း ထြက္ေနတယ္။ ဘယ္ၿမိဳ႕နယ္ေတြဆိုတာကေတာ့ အတိအက်မသိေသးဘူး။

ကိုဝင္းမင္း။ ။ အဲဒီေတာ့ ေရြးေကာက္ပြဲေတြ ျဖစ္ဖို႔အတြက္ ဘယ္လိုအေနအထားမ်ိဳးေတြ ရွိဖို႔ လိုမလဲ။

ဦးစံေက်ာ္လွ။ ။ ေရြးေကာက္ပြဲေတြ ျဖစ္ဖို႔အတြက္ ႏွစ္ဖက္စလံုးက တိုက္ပြဲေတြကို ရပ္ဖို႔လိုပါတယ္။ တိုက္ပြဲေတြက ဟိုၿမိဳ႕နယ္မွာ ျဖစ္လိုက္ ဒီၿမိဳ႕နယ္မွာ ျဖစ္လိုက္ဆိုရင္ ဒါေရြးေကာက္ပြဲအတြက္ အလားအလာ သိပ္မေကာင္းဘူး။ အဲဒီေတာ့ က်ေနာ္ေျပာလိုတာက ေရြးေကာက္ပြဲကို တကယ္တမ္း က်င္းပလိုတယ္ဆိုရင္ အခုျဖစ္ေပၚေနတဲ့ တိုက္ပြဲေတြကို ဒီကာလေတြမွာ ရပ္ထားဖို႔ လိုအပ္ပါတယ္။

ကိုဝင္းမင္း။ ။ လက္ရွိအစိုးရအေနနဲ႕ တပ္မေတာ္ကေန လံုၿခံုေရးအရ ေျပာလာတဲ့အခါမွာ ဘယ္လိုမ်ိဳး ဒီကိစၥကို ေက်ာ္လႊားသင့္သလဲ။

ဦးစံေက်ာ္လွ။ ။ လက္ရွိအစိုးရအေနနဲ႔ တပ္မေတာ္ရဲ႕ ဆႏၵကို ေက်ာ္လႊားလို႔ မွ မရတာ။ အဲဒီေတာ့ ေရြးေကာက္ပြဲ လုပ္မလုပ္ဆိုတာက အမွန္က ဂုဏ္သိကၡာအရေတာ့ အစိုးရနဲ႔ ဆိုင္တယ္ ။ ေရြးေကာက္ပြဲမလုပ္ႏိုင္ရင္ အစိုးရ ဂုဏ္သိကၡာ က်တယ္။ သို႔ေသာ္ တပ္မေတာ္က ေရြးေကာက္ပြဲ ဒီေနရာေတြ လုပ္လို႔ မရဘူးလို႔ ေျပာလာခဲ့ရင္ အစိုးရအေနနဲ႕ေက်ာ္လႊားႏိုင္စရာ အေၾကာင္းမရွိပါဘူး။

ကိုဝင္းမင္း။ ။ အဲဒီေတာ့ ေရြးေကာက္ပြဲကို လုပ္သင့္တယ္ဆိုတာကို တပ္မေတာ္ကို အဓိကေပါ့ေနာ္ အစိုးရကိုေရာ ဘယ္လိုမ်ိဳး ရွင္းျပသင့္သလဲ။

ဦးစံေက်ာ္လွ။ ။ ေရြးေကာက္ပြဲရွိၿပီးမွ လႊတ္ေတာ္ထဲမွာ ေျပာႏိုင္ဆိုႏိုင္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ပါလာမယ္။ သူတို႔ပါလာတဲ့အတြက္ အခုျဖစ္ေနတဲ့ ျပႆနာေတြကို လႊတ္ေတာ္ထဲမွာ ေျပာလို႔ ဆိုလို႔ ေဆြးေႏြးလို႔ရတယ္။ ေရြးေကာက္ပြဲလုပ္ၿပီးမွ ဒီမိုကေရစီေဘာင္ က်ယ္လာမယ္။ အဲလိုက်ယ္လာၿပီးမွ ဒီ စစ္ေရး ပဋိပကၡတို႔ဆိုတာက ညိွစရာအေၾကာင္းရွိပါတယ္။

ကိုဝင္းမင္း။ ။ ေနာက္တခုက ဥကၠဌႀကီး ကိုုယ္တိုင္ေရာ ဒီႏွစ္ေရြးေကာက္ပြဲ ၿပိဳင္ဖို႔ ရွိပါသလား ။

ဦးစံေက်ာ္လွ။ ။ က်ေနာ္မ၀င္ပါဘူးခင္ဗ်။ က်ေနာ္ေအးေအးေဆးေဆးပဲ အနားယူပါေတာ့မယ္။

ကိုဝင္းမင္း။ ။ ဘာျဖစ္လို႔လဲ။

ဦးစံေက်ာ္လွ။ ။ အသက္ကလည္း ႀကီးလာၿပီေလ ၊ ဆိုေတာ့ ကိုယ့္ေနာက္မွာရွိတဲ့ လူငယ္ေလးေတြကိုလည္း က်ေနာ္တို႔က အခြင့္ေပးဖို႔ လိုပါတယ္။

ကိုဝင္းမင္း။ ။ ဆိုေတာ့ ဘယ္လို အခန္းက႑မ်ိဳးကေန ေရွ႕မွာဆက္ၿပီး လုပ္ေဆာင္သြားဖို႔ရွိလဲ။

ဦးစံေက်ာ္လွ။ ။ အခုလက္ရွိက်ေနာ္ ပါ၀င္ေဆာင္ရြက္ေနတဲ့ ရခိုင္အမ်ိဳးသားပါတီ ANP မွာပဲ ဆက္ၿပီးေတာ့ ရွိေနမွာပါ။

ကိုဝင္းမင္း။ ။ အဲဒီေတာ့ တကယ္လို႔ ေရြးေကာက္ပြဲေတြသာ က်င္းပႏိုင္မယ္ဆိုရင္ အဓိက ျပိဳင္ရမယ့္ ပါတီႀကီးျဖစ္တဲ့ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္နဲ႔ ရခိုင္ပါတီနဲ႔ မဲရႏိုင္ဖို႔အေနအထား ဘယ္လိုရွိသလဲ။

ဦးစံေက်ာ္လွ။ ။ NLD ကေတာ့ က်ေနာ္တို႔ ရခိုင္ျပည္နယ္ရဲ႕ ေတာင္ပိုင္းၿမိဳ႕နယ္တခ်ိဳ႕မွာေတာ့ အေတာ္အသင့္ သူတို႔ အဆင္ေျပႏိုင္ပါတယ္။ သို႔ေသာ္ ေျမာက္ပိုင္းၿမိဳ႕နယ္မွာ သူတို႔ ႏိႈင္းယွဥ္လို႔ မရပါဘူး။ ဒီေျမာက္ပိုင္းၿမိဳ႕နယ္ေတြမွာဆိုရင္ ဒီရခိုင္ ပါတီေတြကပဲ အကုန္လံုး ႏိုင္သြားလိမ့္မယ္ ။ NLD ကေတာ့ ေတာင္ပိုင္းၿမိဳ႕နယ္တခ်ိဳ႕ျဖစ္တဲ့ ဂြတို႔၊ သံတြဲတို႔ အဲဒီဘက္ေတြမွာ အေတာ္အသင့္ သူတို႔ ႏိုင္ႏိုင္ပါတယ္။ ဒါေပမယ့္ သူတုိ႔ ေနရာအားလံုးကို ႏိုင္တာမ်ိဳးမဟုတ္ပါဘူး။ အစိတ္အပိုင္း တခုအေနနဲ႔ ႏိုင္ႏိုင္ပါတယ္။ သို႔ေသာ္ ေျမာက္ပိုင္းမွာျဖစ္တဲ့ ဘူးသီးေတာင္ ၊ေမာင္ေတာ၊ ရေသ့ေတာင္၊ စစ္ေတြ ၊ ပုဏၰားကၽြန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပံု၊ ေက်ာက္ျဖဴ၊ အန္းၿမိဳ႕နယ္ေတြမွာ NLD ႏိုင္စရာအေၾကာင္းမရွိပါဘူး။

ကိုဝင္းမင္း။ ။ ရခုိင္ပါတီေတြက ဒီတေခါက္မွာ အရင္လို တပါတီတည္းမဟုတ္ပဲနဲ႔ ၿပိဳင္မယ့္အေနအထားမွာ မဲကြဲၿပီးေတာ့ စိုးရိမ္ရတဲ့အေနအထားရွိလား။

ဦးစံေက်ာ္လွ။ ။ အခု ၀င္ၿပိုင္မယ့္ ရခိုင္ပါတီ ၃ ခုေလာက္ရွိနိင္တယ္။ က်ေနာ္တုိ႔ ရခိုင္ပါတီေတြဟာ ညိွႏိႈင္းသင့္တဲ့ေနရာမွာ မညိွႏိႈင္းႏိုင္ခဲ့ၾကဘူး။ အဲဒါေၾကာင့္ ကိုယ့္ဟာကိုယ္ သီးျခား၀င္ၾကပါလိမ့္မယ္။ အဲဒီရခိုင္ပါတီေတြဟာ မဲကြဲခ်င္ကြဲသြားလိမ့္မယ္။ သို႔ေသာ္ NLD ကေတာ့ ဒီေနာက္ပိုင္း မႏိုင္ႏိုင္ဘူး။ ဒီ ၃ ပါတီထဲက ပါတီ တခုခု ႏိုင္မွာပါ။

ရခုိင္ျပည္နယ္လႊတ္ေတာ္ ဥကၠဌနဲ႔ ရခိုင္မွာ မဲအမ်ားဆံုးရခဲ့တဲ့ ရခုိင္အမ်ိဳးသားပါတီက ဦးစံေက်ာ္လွကို ကိုဝင္းမင္းက ေမးခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


.............

(Unicode)

မြန်မာနိုင်ငံက လာမယ့်ရွေးကောက်ပွဲကို လက်နက်ကိုင်ပဋိပက္ခတွေ ပိုပြင်းထန်လာနေတဲ့ ရခိုင်ပြည်နယ် အတော်များများမှာ ကျင်းပနိုင်ပါ့မလားလို့ စိုးရိမ်မူတွေ အစောကြီးထဲက ရှိလာခဲ့ပါတယ်။

အခုတော့ ရွေးကောက်ပွဲကော်မရှင်က တပ်မတော်ပေါ် မူတည်တယ်လို့ ပြောလိုက်တဲ့အပေါ် ရခိုင်နိုင်ငံရေးကို စစ်ရေး၊ နိုင်ငံရေး ဘယ်နည်းနဲ့ ဖြေရှင်းမလဲ မေးခွန်းတွေ ထက်လာနေပါတယ်။

ဒီအကြောင်း ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌနဲ့ ရခိုင်မှာ မဲအများဆုံးရခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ဦးစံကျော်လှကို ကိုဝင်းမင်းက မေးထားပါတယ်။

ကိုဝင်းမင်း။ ။ ကျနော်တို့ ဒီလာမည့် ရွေးကောက်ပွဲအတွက်ပေါ့နော် ရခိုင်ပြည်နယ်မှာ လုံခြုံရေးအရ ရွေးကောက်ပွဲမလုပ်နိုင်ပဲ ရွှေ့ဆိုင်းရတဲ့ ဒေသတွေကို တပ်မတော်ဘက်က ဆုံးဖြတ်ပေးမယ့် သဘောမျိုး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောခဲ့ပါတယ် အဲဒီအပေါ်မှာ ဥက္ကဌကြီးအနေနဲ့ ဘယ်လိုမျိုး တုံ့ပြန်ချင်ပါသလဲ။

ဦးစံကျော်လှ။ ။ သူတို့လုပ်လို့ရတယ် သူတို့မလုပ်ဘူးဆိုရင်လည်း သူတို့ သဘောပါပဲ။ သို့သော်ရွေးကောက်ပွဲကတော့ လုပ်သင့်တယ်လို့ ကျနော်မြင်ပါတယ်။ ရခိုင်ပြည်နယ်မြို့နယ်တိုင်းမှာ ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်။ ဒေသအတွက် ရခိုင်ပြည်နယ်အတွက်၊ မြန်မာပြည်အတွက် ရွေးကောက်ပွဲက လိုကိုလိုပါတယ်။ အခုက ပဋိပက္ခဖြစ်နေတယ်ဆိုတာက မြို့နယ် တခုဆိုရင်လည်း တမြို့နယ်လုံး အဲလိုမှ မဟုတ်တာ ၊ လုပ်လို့ရတဲ့ မဲဆန္ဒနယ်ရှိတယ်၊ တိုက်ပွဲဖြစ်နေတဲ့ မဲဆန္ဒနယ်ရှိတယ် အဲဒီမဲဆန္ဒနယ်မှာကိုယ်က နေရာတိုင်းမှာ ဖြစ်တာမဟုတ်ဘူး။ သူတို့နဲ့ ဆိုင်ပါတယ် လုပ်မယ်ဆိုရင် လုပ်လို့ ဖြစ်ပါတယ်။ သိပ်ပြီးတော့ အခက်အခဲမရှိပါဘူး သို့သော် တခုတော့ ရှိတယ်ဗျ ဥပဒေစိုးမိုးမှုကတော့ တော်တော်လေးကို နည်းပါးသွားတယ်။

ကိုဝင်းမင်း။ ။ အဲဒီတော့ ဘယ်နှစ်မြို့နယ်လောက်မှာ တပ်မတော်အနေနဲ့ တပ်မတော်အနေနဲ့ လုံခြုံရေးအရ မကောင်းတဲ့အတွက် အခုလို ရွှေ့ဆိုင်းဖို့ အလားအလာများနေပါသလဲ။

ဦးစံကျော်လှ။ ။အပြင်မှာ ကြားနေရတဲ့ သတင်းအရဆိုရင်တော့ အနည်းဆုံး ၅ မြို့နယ်လောက်ကတော့ ရွေးကောက်ပွဲ လုံး၀ ဖြစ်နိုင်စရာမရှိဘူးဆိုပြီးတော့ အဲလိုသတင်း ထွက်နေတယ်။ ဘယ်မြို့နယ်တွေဆိုတာကတော့ အတိအကျမသိသေးဘူး။

ကိုဝင်းမင်း။ ။ အဲဒီတော့ ရွေးကောက်ပွဲတွေ ဖြစ်ဖို့အတွက် ဘယ်လိုအနေအထားမျိုးတွေ ရှိဖို့ လိုမလဲ။

ဦးစံကျော်လှ။ ။ ရွေးကောက်ပွဲတွေ ဖြစ်ဖို့အတွက် နှစ်ဖက်စလုံးက တိုက်ပွဲတွေကို ရပ်ဖို့လိုပါတယ်။ တိုက်ပွဲတွေက ဟိုမြို့နယ်မှာ ဖြစ်လိုက် ဒီမြို့နယ်မှာ ဖြစ်လိုက်ဆိုရင် ဒါရွေးကောက်ပွဲအတွက် အလားအလာ သိပ်မကောင်းဘူး။ အဲဒီတော့ ကျနော်ပြောလိုတာက ရွေးကောက်ပွဲကို တကယ်တမ်း ကျင်းပလိုတယ်ဆိုရင် အခုဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကို ဒီကာလတွေမှာ ရပ်ထားဖို့ လိုအပ်ပါတယ်။

ကိုဝင်းမင်း။ ။ လက်ရှိအစိုးရအနေနဲ့ တပ်မတော်ကနေ လုံခြုံရေးအရ ပြောလာတဲ့အခါမှာ ဘယ်လိုမျိုး ဒီကိစ္စကို ကျော်လွှားသင့်သလဲ။

ဦးစံကျော်လှ။ ။ လက်ရှိအစိုးရအနေနဲ့ တပ်မတော်ရဲ့ ဆန္ဒကို ကျော်လွှားလို့ မှ မရတာ။ အဲဒီတော့ ရွေးကောက်ပွဲ လုပ်မလုပ်ဆိုတာက အမှန်က ဂုဏ်သိက္ခာအရတော့ အစိုးရနဲ့ ဆိုင်တယ် ။ ရွေးကောက်ပွဲမလုပ်နိုင်ရင် အစိုးရ ဂုဏ်သိက္ခာ ကျတယ်။ သို့သော် တပ်မတော်က ရွေးကောက်ပွဲ ဒီနေရာတွေ လုပ်လို့ မရဘူးလို့ ပြောလာခဲ့ရင် အစိုးရအနေနဲ့ကျော်လွှားနိုင်စရာ အကြောင်းမရှိပါဘူး။

ကိုဝင်းမင်း။ ။ အဲဒီတော့ ရွေးကောက်ပွဲကို လုပ်သင့်တယ်ဆိုတာကို တပ်မတော်ကို အဓိကပေါ့နော် အစိုးရကိုရော ဘယ်လိုမျိုး ရှင်းပြသင့်သလဲ။

ဦးစံကျော်လှ။ ။ ရွေးကောက်ပွဲရှိပြီးမှ လွှတ်တော်ထဲမှာ ပြောနိုင်ဆိုနိုင် လွှတ်တော်ကိုယ်စားလှယ်တွေ ပါလာမယ်။ သူတို့ပါလာတဲ့အတွက် အခုဖြစ်နေတဲ့ ပြဿနာတွေကို လွှတ်တော်ထဲမှာ ပြောလို့ ဆိုလို့ ဆွေးနွေးလို့ရတယ်။ ရွေးကောက်ပွဲလုပ်ပြီးမှ ဒီမိုကရေစီဘောင် ကျယ်လာမယ်။ အဲလိုကျယ်လာပြီးမှ ဒီ စစ်ရေး ပဋိပက္ခတို့ဆိုတာက ညှိစရာအကြောင်းရှိပါတယ်။

ကိုဝင်းမင်း။ ။ နောက်တခုက ဥက္ကဌကြီး ကိုယ်တိုင်ရော ဒီနှစ်ရွေးကောက်ပွဲ ပြိုင်ဖို့ ရှိပါသလား ။

ဦးစံကျော်လှ။ ။ ကျနော်မဝင်ပါဘူးခင်ဗျ။ ကျနော်အေးအေးဆေးဆေးပဲ အနားယူပါတော့မယ်။

ကိုဝင်းမင်း။ ။ ဘာဖြစ်လို့လဲ။

ဦးစံကျော်လှ။ ။ အသက်ကလည်း ကြီးလာပြီလေ ၊ ဆိုတော့ ကိုယ့်နောက်မှာရှိတဲ့ လူငယ်လေးတွေကိုလည်း ကျနော်တို့က အခွင့်ပေးဖို့ လိုပါတယ်။

ကိုဝင်းမင်း။ ။ ဆိုတော့ ဘယ်လို အခန်းကဏ္ဍမျိုးကနေ ရှေ့မှာဆက်ပြီး လုပ်ဆောင်သွားဖို့ရှိလဲ။

ဦးစံကျော်လှ။ ။ အခုလက်ရှိကျနော် ပါဝင်ဆောင်ရွက်နေတဲ့ ရခိုင်အမျိုးသားပါတီ ANP မှာပဲ ဆက်ပြီးတော့ ရှိနေမှာပါ။

ကိုဝင်းမင်း။ ။ အဲဒီတော့ တကယ်လို့ ရွေးကောက်ပွဲတွေသာ ကျင်းပနိုင်မယ်ဆိုရင် အဓိက ပြိုင်ရမယ့် ပါတီကြီးဖြစ်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်ပါတီနဲ့ မဲရနိုင်ဖို့အနေအထား ဘယ်လိုရှိသလဲ။

ဦးစံကျော်လှ။ ။ NLD ကတော့ ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ တောင်ပိုင်းမြို့နယ်တချို့မှာတော့ အတော်အသင့် သူတို့ အဆင်ပြေနိုင်ပါတယ်။ သို့သော် မြောက်ပိုင်းမြို့နယ်မှာ သူတို့ နှိုင်းယှဉ်လို့ မရပါဘူး။ ဒီမြောက်ပိုင်းမြို့နယ်တွေမှာဆိုရင် ဒီရခိုင် ပါတီတွေကပဲ အကုန်လုံး နိုင်သွားလိမ့်မယ် ။ NLD ကတော့ တောင်ပိုင်းမြို့နယ်တချို့ဖြစ်တဲ့ ဂွတို့၊ သံတွဲတို့ အဲဒီဘက်တွေမှာ အတော်အသင့် သူတို့ နိုင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ နေရာအားလုံးကို နိုင်တာမျိုးမဟုတ်ပါဘူး။ အစိတ်အပိုင်း တခုအနေနဲ့ နိုင်နိုင်ပါတယ်။ သို့သော် မြောက်ပိုင်းမှာဖြစ်တဲ့ ဘူးသီးတောင် ၊မောင်တော၊ ရသေ့တောင်၊ စစ်တွေ ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ အန်းမြို့နယ်တွေမှာ NLD နိုင်စရာအကြောင်းမရှိပါဘူး။

ကိုဝင်းမင်း။ ။ ရခိုင်ပါတီတွေက ဒီတခေါက်မှာ အရင်လို တပါတီတည်းမဟုတ်ပဲနဲ့ ပြိုင်မယ့်အနေအထားမှာ မဲကွဲပြီးတော့ စိုးရိမ်ရတဲ့အနေအထားရှိလား။

ဦးစံကျော်လှ။ ။ အခု ဝင်ပြိုင်မယ့် ရခိုင်ပါတီ ၃ ခုလောက်ရှိနိင်တယ်။ ကျနော်တို့ ရခိုင်ပါတီတွေဟာ ညှိနှိုင်းသင့်တဲ့နေရာမှာ မညှိနှိုင်းနိုင်ခဲ့ကြဘူး။ အဲဒါကြောင့် ကိုယ့်ဟာကိုယ် သီးခြားဝင်ကြပါလိမ့်မယ်။ အဲဒီရခိုင်ပါတီတွေဟာ မဲကွဲချင်ကွဲသွားလိမ့်မယ်။ သို့သော် NLD ကတော့ ဒီနောက်ပိုင်း မနိုင်နိုင်ဘူး။ ဒီ ၃ ပါတီထဲက ပါတီ တခုခု နိုင်မှာပါ။

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌနဲ့ ရခိုင်မှာ မဲအများဆုံးရခဲ့တဲ့ ရခိုင်အမျိုးသားပါတီက ဦးစံကျော်လှကို ကိုဝင်းမင်းက မေးခဲ့တာပါ။

XS
SM
MD
LG