သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ္းၿမိဳ႕နယ္ဘက္ မိုင္းေၾကာင့္ လူေသဆံုးၿပီးတဲ့ေနာက္ ေဒသခံမ်ားစိုးရိမ္ေန


ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕ရွိ ရြာတခုက ဘုန္းႀကီးေက်ာင္းတခုမွာ ေတြ႔ရတဲ့ စစ္ေရွာင္ဒုကၡသည္တခ်ိဳ႕။ (ေအာက္တိုဘာ ၁၅၊ ၂၀၁၆)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္က ေက်းရြာတရြာအနီး မုိင္းေပါက္ကြဲမႈေတြေၾကာင့္ ေဒသခံ ႏွစ္ဦး ေသဆံုးၿပီး တစ္ ဦးဒဏ္ရာရရွိသြားတဲ့အေၾကာင္း ေျပာခ်င္ပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ရခိုင္ကေန သတင္းေပးပို႔ထားပါတယ္။

လက္နက္ကိုင္ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက အမ္းၿမိဳ႕နယ္ ဂ်ိဳက္ေတာေက်းရြာအနီး ဒီသီတင္းပတ္ထဲမွာပဲ ၂ ရက္ဆက္တုိက္ ေပါက္ကြဲမႈျဖစ္ခဲ့ရာက ေဒသခံရြာသားတခ်ဳိ႕ ထိခုိက္ေသဆုံးခဲ့ၾကတာပါ။

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔တုန္းက ဂ်ဳိက္ေတာရြာနဲ႔ ႏွစ္မိုင္ေလာက္အကြာက ကုိယ္ပုိင္ၿခံမွာ ဒညင္းသီးခူးဖို႔သြားခဲ့တဲ့ အမ်ဳိးသားတစ္ဦး အိမ္ျပန္မလာတာေၾကာင့္ ေဆြမ်ိဳးေတြက လိုက္ရွာရာမွာ ၿခံထဲမွာပဲ ေပါက္ကဲြမႈဒဏ္ရာေတြနဲ႔ ေသဆံုးေနတာကို ေတြ႔ခဲ့ရတယ္လုိ႔လည္း မိသားစု၀င္ေတြနဲ႔ နီးစပ္သူေတြက ေျပာပါတယ္။

ေသဆုံးသူရဲ႕ အေလာင္းကုိသယ္ဖုိ႔ မေန႔တုန္းက စီစဥ္ေနခ်ိန္မွာပဲ ေနာက္ထပ္ ေပါက္ကဲြမႈ ထပ္ျဖစ္ရာက ေနာက္ထပ္ အမ်ဳိးသား တစ္ ဦး ေသဆုံးၿပီး တစ္ ဦး ဒဏ္ရာရခဲ့ေၾကာင္း ေဒသခံ ကဇုကိုင္းေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးခင္သန္းေအာင္က ေျပာပါတယ္။

"မိုင္းေပါက္တာကေတာ့ သူကဥယ်ာဥ္ကို ဒညင္းသီးခူးဖို႔သြားတာလို႔ ေျပာတာပါပဲခင္ဗ်ာ။ ႏွစ္ ေယာက္ ေသၿပီးေတာ့ တစ္ ေယာက္ ဒဏ္ရာရတယ္ခင္ဗ်။ သူတို႔က ဥယ်ာဥ္လုပ္တယ္၊ လယ္ယာေျမေတြလည္း လုပ္ကိုင္စားေသာက္ၾကတယ္ ခင္ဗ်။"

ေပါက္ကဲြမႈအတြင္း ဒဏ္ရာအျပင္းအထန္ ရရွိခဲ့သူကုိေတာ့ အမ္းၿမိဳ႕နယ္ ေဆး႐ုံကုိ ပုိ႔ေဆာင္ထားရတယ္လုိ႔လည္း ေဒသခံေတြက ေျပာပါတယ္။ လူေသဆုံးထိခုိက္တဲ့အထိ ေပါက္ကဲြမႈေတြ ႀကံဳခဲ့ရတဲ့အတြက္ ေဒသခံေတြၾကား လုံၿခံဳေရးအတြက္ စုိးရိမ္ေနၾကတယ္လုိ႔လည္း ေဒသခံဦးျဖစ္တဲ့ ကုိမ်ဳိးလြင္က ေျပာပါတယ္။

"မေန႔က မိုင္းေပါက္ကြဲၿပီးတဲ့ ေနာက္မွာေတာ့ေပါ့ေနာ္။ ေဒသခံ ေက်းရြာသားေတြကေတာ့ ရြာထဲကေနရြာျပင္ကို ထြက္ဖို႔အတြက္ကို အရမ္းစိုးရိမ္ေနၾကတယ္ေပါ့ေနာ္။ ၿပီးေတာ့ ဥယ်ာဥ္ထဲမွာ မိုင္းေပါက္ကြဲၿပီးေတာ့ လူေတြကို ေသေစႏိုင္တဲ့ ေသဆံုးရတယ္ ထိခိုက္ဒဏ္ရာရတာေတြရွိတဲ့အတြက္ေၾကာင့္ အဲဒီကဇုကိုင္းအုပ္စုထဲမွာ ရြာေတြေတာ္ေတာ္မ်ားမ်ားက ရြာထဲက ရြာျပင္ကို ထြက္ဖို႔ စိုးရိမ္ေနၾကတယ္။ သူတို႔အတြက္ လံုၿခံဳေရးစိုးရိမ္ရတဲ့ အေနအထားကို ေရာက္သြားၿပီေပါ့။"

စစ္ေရးတင္းမာမႈေတြ ႀကီးထြားေနတဲ့ ရခုိင္ျပည္နယ္မွာ မုိင္းေပါက္ကဲြမႈေတြ အပါအ၀င္ လက္နက္ကုိင္ ပဋိပကၡေတြနဲ႔ ဆက္ႏြယ္ၿပီး အရပ္သား ထိခုိက္ေသဆုံးမႈေတြလည္း တုိးလာေနတာပါ။ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ကလည္း အမ္းၿမိဳ႕နယ္ ကဇုကိုင္းအုပ္စု သဲကမ္းေတာင့္ ေက်း႐ြာမွာ လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ ေဒသခံ ေလး ဦး ဒဏ္ရာရခဲ့ပါတယ္။

မုိင္းအႏၱရာယ္ တားဆီးေရးလႈပ္ရွားမႈအဖဲြ႔ (MRWG) ရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံမွာ ဒီႏွစ္ရဲ႕ ပထမ ၅ လ အတြင္း မုိင္းေပါက္ကဲြမႈေတြေၾကာင့္ ေသဆုံးသူ အရပ္သား ၂၀ ေက်ာ္နဲ႔ ဒဏ္ရာရသူ ၁၀၀ ေက်ာ္ ရွိခဲ့ေၾကာင္း ေဖာ္ျပပါတယ္။

ထိခုိက္မႈ အမ်ားစုကေတာ့ တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔တုိ႔ၾကား တုိက္ပဲြေတြျဖစ္ေနတဲ့ ရခုိင္ျပည္နယ္မွာ ျဖစ္ပြားခဲ့ၿပီး စစ္ေရးတင္းမာေနတဲ့ ရွမ္းနဲ႔ ကခ်င္ျပည္နယ္ေတြမွာလည္း မုိင္းေပါက္ကဲြမႈေၾကာင့္ ထိခုိက္မႈေတြ ရွိခဲ့ေၾကာင္း ေျပာဆုိထားပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမ်းမြို့နယ်ဘက် မိုင်းကြောင့် လူသေဆုံးပြီးတဲ့နောက် ဒေသခံများစိုးရိမ်နေ

ရခိုင်ပြည်နယ် အမ်းမြို့နယ်က ကျေးရွာတရွာအနီး မိုင်းပေါက်ကွဲမှုတွေကြောင့် ဒေသခံ နှစ်ဦး သေဆုံးပြီး တစ် ဦးဒဏ်ရာရရှိသွားတဲ့အကြောင်း ပြောချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အမ်းမြို့နယ် ဂျိုက်တောကျေးရွာအနီး ဒီသီတင်းပတ်ထဲမှာပဲ ၂ ရက်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ခဲ့ရာက ဒေသခံရွာသားတချို့ ထိခိုက်သေဆုံးခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ဂျိုက်တောရွာနဲ့ နှစ်မိုင်လောက်အကွာက ကိုယ်ပိုင်ခြံမှာ ဒညင်းသီးခူးဖို့သွားခဲ့တဲ့ အမျိုးသားတစ်ဦး အိမ်ပြန်မလာတာကြောင့် ဆွေမျိုးတွေက လိုက်ရှာရာမှာ ခြံထဲမှာပဲ ပေါက်ကွဲမှုဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့လည်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သေဆုံးသူရဲ့ အလောင်းကိုသယ်ဖို့ မနေ့တုန်းက စီစဉ်နေချိန်မှာပဲ နောက်ထပ် ပေါက်ကွဲမှု ထပ်ဖြစ်ရာက နောက်ထပ် အမျိုးသား တစ် ဦး သေဆုံးပြီး တစ် ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံ ကဇုကိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်သန်းအောင်က ပြောပါတယ်။

"မိုင်းပေါက်တာကတော့ သူကဥယျာဉ်ကို ဒညင်းသီးခူးဖို့သွားတာလို့ ပြောတာပါပဲခင်ဗျာ။ နှစ် ယောက် သေပြီးတော့ တစ် ယောက် ဒဏ်ရာရတယ်ခင်ဗျ။ သူတို့က ဥယျာဉ်လုပ်တယ်၊ လယ်ယာမြေတွေလည်း လုပ်ကိုင်စားသောက်ကြတယ် ခင်ဗျ။"

ပေါက်ကွဲမှုအတွင်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သူကိုတော့ အမ်းမြို့နယ် ဆေးရုံကို ပို့ဆောင်ထားရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ လူသေဆုံးထိခိုက်တဲ့အထိ ပေါက်ကွဲမှုတွေ ကြုံခဲ့ရတဲ့အတွက် ဒေသခံတွေကြား လုံခြုံရေးအတွက် စိုးရိမ်နေကြတယ်လို့လည်း ဒေသခံဦးဖြစ်တဲ့ ကိုမျိုးလွင်က ပြောပါတယ်။

"မနေ့က မိုင်းပေါက်ကွဲပြီးတဲ့ နောက်မှာတော့ပေါ့နော်။ ဒေသခံ ကျေးရွာသားတွေကတော့ ရွာထဲကနေရွာပြင်ကို ထွက်ဖို့အတွက်ကို အရမ်းစိုးရိမ်နေကြတယ်ပေါ့နော်။ ပြီးတော့ ဥယျာဉ်ထဲမှာ မိုင်းပေါက်ကွဲပြီးတော့ လူတွေကို သေစေနိုင်တဲ့ သေဆုံးရတယ် ထိခိုက်ဒဏ်ရာရတာတွေရှိတဲ့အတွက်ကြောင့် အဲဒီကဇုကိုင်းအုပ်စုထဲမှာ ရွာတွေတော်တော်များများက ရွာထဲက ရွာပြင်ကို ထွက်ဖို့ စိုးရိမ်နေကြတယ်။ သူတို့အတွက် လုံခြုံရေးစိုးရိမ်ရတဲ့ အနေအထားကို ရောက်သွားပြီပေါ့။"

စစ်ရေးတင်းမာမှုတွေ ကြီးထွားနေတဲ့ ရခိုင်ပြည်နယ်မှာ မိုင်းပေါက်ကွဲမှုတွေ အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေတာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း အမ်းမြို့နယ် ကဇုကိုင်းအုပ်စု သဲကမ်းတောင့် ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ လေး ဦး ဒဏ်ရာရခဲ့ပါတယ်။

မိုင်းအန္တရာယ် တားဆီးရေးလှုပ်ရှားမှုအဖွဲ့ (MRWG) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ဒီနှစ်ရဲ့ ပထမ ၅ လ အတွင်း မိုင်းပေါက်ကွဲမှုတွေကြောင့် သေဆုံးသူ အရပ်သား ၂၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၀၀ ကျော် ရှိခဲ့ကြောင်း ဖော်ပြပါတယ်။

ထိခိုက်မှု အများစုကတော့ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေတဲ့ ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာလည်း မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်မှုတွေ ရှိခဲ့ကြောင်း ပြောဆိုထားပါတယ်ခင်ဗျာ။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG