သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ေဒသ စစ္ပြဲေတြၾကားက ဒုကၡသည္အမ်ိဳးသမီးမ်ား


စစ္ေတြျမိဳ႕ ယာယီဒုကၡသည္စခန္းတခုမွာ ခိုလံုေနၾကတဲ့ စစ္ေဘးဒုကၡသည္တခ်ိဳ႕။ ဓာတ္ပံု - ေအအက္ဖ္ပီ (ဇြန္လ ၂၉ ၊ ၂၀၂၀)

(Zawgyi/Unicode)

လက္နက္ကိုင္ပဋိပကၡေတြနဲ႔ စစ္မီးမျငိမ္းႏိုင္ ျဖစ္ေနတဲ့ ရခိုင္ျပည္နယ္မွာ စစ္ေဘးေၾကာင့္ အပစ္မဲ့ အရပ္သားျပည္သူေတြ ထိခိုက္ေသေၾကၾကရတာ၊ အိုးအိမ္စြန္႔ခြာ ထြက္ေျပးၾကရတာေတြဟာ တေန႔တျခား ပိုဆိုးလာေနပါတယ္။ ဒီလိုစစ္ေဘးဒုကၡသည္ေတြထဲမွာ အမ်ားစုက ကေလးငယ္ေတြနဲ႔ အမ်ိဳးသမီးေတြပဲ ျဖစ္ပါတယ္။ ရခိုင္ေဒသတြင္း ျငိမ္းခ်မ္းမႈ ကင္းမဲ့လာတာနဲ႔အမ ွ် စစ္ေဘးဒဏ္သင့္ ဒုကၡသည္ေတြ၊ အထူးသျဖင့္ အမ်ိဳးသမီးေတြအတြက္ ႐ုပ္ပိုင္း စိတ္ပိုင္းဆိုင္ရာ လံုျခံဳမႈ ပိုမို ကင္းမဲ့လာေနတယ္လို႔ စစ္ေဘးသင့္ဒုကၡသည္ေတြကို တႏုိင္တပိုင္ ကူညီေပးေနတဲ့ Colourless ပရဟိတအဖြဲ႔က မမိခ်ိဳက ေျပာပါတယ္။ မျငိမ္းခ်မ္းေသးတဲ့ ရခိုင္ေဒသတြင္းက စစ္ေဘး ဒုကၡသည္ အမ်ိဳးသမီးေတြနဲ႔ပတ္သက္လို႔ Colourless ပရဟိတအဖြဲ႔က တာ၀န္ခံတဦးျဖစ္တဲ့ မမိခ်ိဳကို ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက စုစည္း တင္ဆက္ထားပါတယ္။

ရခိုင္လက္နက္ကိုင္အဖြဲ႔ AA နဲ႔ ျမန္မာစစ္တပ္အၾကား လက္နက္ကိုင္ပဋိပကၡေတြ ၁ ႏွစ္ေက်ာ္ ၾကာလာတာနဲ႔အမ ွ် ရခိုင္ျပည္နယ္တြင္း အရပ္သား ေသေၾက ထိခိုက္မႈေတြဟာလည္း တေန႔တျခား ပိုမ်ားလာေနပါတယ္။ တိုက္ပြဲေတြေၾကာင့္ ေဒသတြင္းမွာပဲ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရတဲ့ ဒုကၡသည္ေတြဟာ အခုဆိုရင္ ႏွစ္သိန္းေက်ာ္ေလာက္အထိ ရွိေနျပီး၊ ျမိဳ႕နယ္ ၁ ၂ ျမိဳ႕နယ္က ယာယီ စစ္ေဘးဒုကၡသည္ စခန္းေပါင္း ၁၀၀ ေက်ာ္မွာ ခိုလံုေနၾကရတယ္လို႔ ဒုကၡသည္အေရး ကူညီေဆာင္ရြက္ေနတဲ့အဖြဲ႔ေတြက ေျပာပါတယ္။ ဒီလို ဒုကၡသည္ေတြထဲမွာ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြက အမ်ားစုျဖစ္ပါတယ္။ ဒီဒုကၡသည္ေတြ အတြက္ လိုအပ္ခ်က္ေတြကလည္း အခ်ိန္တိုင္းမွာ အျမဲတမ္း ရွိေနတယ္လို႔ ရခိုင္စစ္ေဘး ဒုကၡသည္ေတြကို ကူညီေပးေနတဲ့ Colourless ပရဟိတအဖြဲ႔က တာ၀န္ခံတဦးျဖစ္တဲ့ မမိခ်ိဳက ေျပာျပပါတယ္။


“လိုအပ္တာကေတာ့ က်မတို႔ ေမးလိုက္တိုင္းမွာ ဘာၾကားရသလဲဆိုရင္ ဟိုဘက္ကလူေတြ ျပန္ေျပာတဲ့ေလသံကေတာ့ ထပ္တူညီတာ တခုတည္းေပါ့ေနာ္။ အဲ့ဒါကေတာ့ လိုအပ္တာေတြကေတာ့ အမ်ားၾကီးပဲ။ ဘာေတြ ဘာေတြကေတာ့ လိုတယ္ေပါ့။ လိုအပ္ခ်က္ကေတာ့ အျမဲတမ္းရွိတယ္။ ေနာက္ျပီးေတာ့ ပိုက္ဆံရွိရင္ေတာင္မွ ၀ယ္လို႔မရတဲ့ဟာမ်ိဳးေလးေတြ ရွိတယ္။ အဲ့ဒီအခါက်ေတာ့ အျမဲတမ္းေတာ့ လိုအပ္ခ်က္ေတြ ကေတာ့ ရွင္းရွင္းနဲ႔ အပြင့္လင္းဆံုး ေျပာရမယ္ဆိုရင္ေတာ့ အမ်ားၾကီး လိုတယ္။ အကုန္လိုတယ္။ သို႔ေသာ္ျငား က်မတို႔ကလည္း ပရဟိတာ INGO ျဖစ္တဲ့အတြက္ေၾကာင့္မိုလို႔ ႏုိင္သေလာက္ေလးပဲ လုပ္ေပးတာမိုလို႔ ႏိုင္သေလာက္ေလးပဲ လုပ္ေပးရတဲ့အတြက္ေၾကာင့္မိုလို႔ က်မတို႔ရဲ႕အင္အားေလးနဲ႔ ရွိတဲ့အတိုင္းအတာေလးနဲ႔ အတတ္ႏိုင္ဆံုး ျဖည့္ဆည္းေပးတယ္ေပါ့။ အဓိက ကေတာ့ စားနပ္ရိကၡာေပါ့။ ဒီစစ္ေဘးေရွာင္စခန္းေတြမွာ အျမဲတမ္းက စားနပ္ရိကၡာ ျပတ္လပ္မႈကို ၾကားရတဲ့အတြက္ေၾကာင့္မိုလို႔ က်မတို႔က ပထမဦးဆံုး ဆန္၊ ဆား ေလွာင္ဖို႔ကို က်မတို႔ စျပီးေတာ့ စိတ္ကူးျပီး အစားအေသာက္ဘက္ကိုပဲ က်မတို႔က ဦးတည္ခဲ့လိုက္တာ။ ေနာက္ပိုင္းမွ လိုအပ္တဲ့ဟာေလးေတြ။ အမ်ိဳးသမီးေတြ အတြက္ကိုလည္း လွဴခဲ့တယ္ ေတာက္ေလ ွ်ာက္ေပါ့။ အဓိက ကေတာ့ အစားအေသာက္ အ၀တ္အထည္ လိုအပ္တဲ့ဟာကို လွဴတယ္ေပါ့။ ဘယ္စခန္းမွာေတာ့ ဘာေတာ့ လုိအပ္ေနျပီ။ အေျခအေနကေတာ့ ဘယ္လိုျဖစ္ေနျပီ ဆုိတဲ့ ေျမျပင္အေနအထားေပၚလိုက္ျပီး လွဴတာ မ်ားတယ္။”


အခုလို စိုစြတ္တဲ့ မိုးရာသီမွာဆိုရင္ စစ္ေဘးဒုကၡသည္ေတြအတြက္ လိုအပ္ခ်က္ေတြ ပိုမ်ားတယ္လို႔လည္း မမိခ်ိဳက ေျပာပါတယ္။ မိုးတြင္းကာလ ရာသီဥတု ဆိုးရြားတဲ့ဒဏ္ကို ခံၾကရတဲ့ တခ်ိန္တည္းမွာ ရာသီအလိုက္ၾကံဳရတဲ့ ဖ်ားနာမႈေတြနဲ႔ အခုဆိုရင္ ကိုဗစ္-၁၉ ကပ္ေဘးအႏၱရာယ္ေတြကလည္း ရွိေနတာပါ။ ဒီလုိအခ်ိန္မွာ စစ္ေရးတင္းမာမႈေတြကလည္း ေလ်ာ့က်မသြားေသးတာေၾကာင့္ ဒုကၡသည္ေတြအတြက္ လံုျခံဳေရးအရ စိုးရိမ္မႈနဲ႔ အေရးေပၚအကူအညီေတြ လိုအပ္ေနတာလည္း ျဖစ္ပါတယ္။ ဒုကၡသည္ အမ်ိဳးသမီးေတြ အတြက္ကေတာ့ ႐ုပ္ပိုင္းဆိုင္ရာ လိုအပ္ခ်က္ေတြ အျပင္ စိတ္ပုိင္းဆိုင္ရာ လံုျခံဳမႈကင္းမဲ့လာတဲ့ အေျခအေနက ပိုျပီး စိုးရိမ္စရာေကာင္းတယ္လို႔ မမိခ်ိဳက ေျပာပါတယ္။


“သူတို႔ ရင္ဆိုင္ရတဲ့ျပႆနာကေတာ့ ေတာ္ေတာ္ေလးကို မ်ားပါတယ္။ အမ်ိဳးသမီးေတြ အေနနဲ႔က အဓိက ကေတာ့ စိတ္ပိုင္းဆိုင္ရာ လံုျခံဳမႈေပါ့ေနာ္။ က်မတို႔ သိသေလာက္ အခုဆိုရင္ တိုက္ပြဲျဖစ္တဲ့အခါက်ေတာ့ တခ်ိဳ႕ဟာေတြမွာ အမ်ိဳးသားေတြက အျပင္ထြက္ရတဲ့အပိုင္းေတြ ရွိေတာ့ စခန္းမွာ အမ်ဳိးသမီးေတြနဲ႔ သက္ၾကီးရြယ္အုိေတြပဲ က်န္တယ္ေပါ့။ ဒါက စစ္ေဘး စခန္းေတြမွာတင္ မဟုတ္ဘူး။ တခ်ိဳ႕ ရြာေတြမွာဆိုရင္လည္း ဒီလိုပဲ။ အမ်ိဳးသမီးေတြပဲ အမ်ားဆံုး က်န္ခဲ့တယ္လုိ႔ ၾကားသိရပါတယ္။ ဆိုေတာ့ အမ်ိဳးသမီးေတြ အေနနဲ႔ ရာသီဥတု အေျခအန၊ ေနထိုင္ရတဲ့ ပတ္၀န္းက်င္ အေနအထား။ အေရးၾကီးဆံုး က်မ ျမင္တာကေတာ့ သူတို႔မွာ စိတ္ပိုင္းဆိုင္ရာ လံုျခံဳမႈ လံုး၀ မရွိဘူး။ ဒီဟာကို ျဖည့္ဆည္းဖို႔ အေနအထား။ ေနာက္ သူတို႔ရင္ဆိုင္ရတဲ့ ေငြေရးေၾကးေရး။ ေနာက္ တျခား အမ်ားၾကီးေပါ့ေနာ္။ သားသမီးရွိတဲ့ မိခင္ေတြ၊ ကိုယ္၀န္ေဆာင္ မိခင္ေတြ။ ကိုယ္၀န္ေဆာင္သည္ေတြ ဆိုရင္လည္း မျပည့္မစံုနဲ႔ ေမြးဖြားရတဲ့ အေနအထားေတြ။ အျမဲတမ္း က်မတို႔လည္း ၾကားေနရတာေပါ့ေနာ္။ စစ္ေဘးစခန္းမွာ မီးဖြားရတဲ့ျဖစ္စဥ္မ်ိဳးေတြေပါ့။ ဒါမ်ိဳးေတြနဲ႔ သူတို႔ ရင္ဆိုင္ရတယ္ဆိုေတာ့ စိတ္ပိုင္းဆိုင္ရာ လံုျခံဳမႈကေတာ့ သူတို႔မွာ လံုး၀ လုိအပ္ခ်က္ အၾကီးမားဆံုးျဖစ္ေနတယ္လို႔ က်မကေတာ့ ျမင္တယ္ေပါ့ေနာ္။ တခ်ိဳ႕ဆိုလို႔ရွိရင္ အမ်ိဳးသား ဆံုးသြားတယ္။ သားဆံုးသြားတယ္ဆိုတဲ့ မိခင္ေတြ၊ အိမ္ေထာင္ရွင္မေတြ ဆိုရင္ စိတ္ပိုင္းဆိုင္ရာ သူတို႔အတြက္ counseling ဆုိတာမ်ိဳး လိုအပ္တယ္ေပါ့။ ခုခ်ိန္မွာ ေႏြးေထြးမႈပဲျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္။ အဲ့ဒီလိုမ်ိဳး ေႏြးေထြးမႈ ခံရဖို႔၊ ငါတို႔ဟာ ေႏြးေထြးမႈ လိုအပ္ေနပါလား ဆိုတဲ့ဟာမ်ိဳးေလာက္ေတာင္ သူတို႔မွာ အသိစိတ္ မရွိေလာက္ေအာင္ကို စိတ္ဆင္းရဲမႈေတြနဲ႔ ၾကံဳေတြ႔ေနရတယ္လို႔ က်မ ကေတာ့ ျမင္တယ္။ ယူဆတယ္ေပါ့ေနာ္။”

ဒါေၾကာင့္လည္း အမ်ိဳးသမီးေတြအတြက္ စိတ္ပိုင္းဆိုင္ရာ လံုျခံဳမႈျဖစ္ေစမယ့္ အကူအညီေတြ ေနာက္ပိုင္းမွာ ပိုျပီး ကူညီ လုပ္ေဆာင္ေပးႏုိင္ဖို႔ ၾကိဳးစားေနတယ္လို႔လည္း မမိခ်ိဳက ေျပာပါတယ္။ Colourless ပရဟိတအဖြဲ႔အေနနဲ႔ ရခိုင္ျပည္နယ္တြင္း ခုလို စစ္ေဘးဒုကၡသည္ေတြအတြက္ အကူအညီေတြ ေပးလာခဲ့တာကေတာ့ ၂၀၁၇ ခုႏွစ္ကတည္းကပါ။ ေဒသတြင္းမွာ တုိက္ပြဲေတြ ပိုစိပ္လာတာနဲ႔အမ ွ် ဒုကၡသည္ေတြလည္း ပိုမ်ားလာေနျပီး လိုအပ္ခ်က္ေတြလည္း တေန႔တျခား ပိုမ်ားလာေနတာ ျဖစ္တယ္လို႔ မမိခ်ိဳက ေျပာပါတယ္။ တခ်ိဳ႕ေဒသေတြမွာ တိုက္ပြဲေတြဆက္ျပီးျဖစ္ပြားေနတာေၾကာင့္ ဒုကၡသည္ေတြအတြက္ လိုအပ္တဲ့ အကူအညီေတြ ပို႔ မေပးႏုိင္တာမ်ိဳး ရွိသလို၊ တခါတရံ ရာသီဥတု အေျခအေနနဲ႔ လမ္းပန္းဆက္သြယ္ေရး အခက္အခဲေၾကာင့္ အကူအညီေပးဖို႔ ေႏွာင့္ေႏွးရတာေတြလည္း ရွိပါတယ္။ ခုလို ခ်ိန္မွာ စစ္ေဘးဒုကၡသည္ေတြကို ထိထိေရာက္ေရာက္ ကူညီေပးဖို႔ဆိုရင္ ေဒသတြင္း အစိုးရတာ၀န္ရွိသူေတြရဲ႕ ပူးေပါင္း ေဆာင္ရြက္မႈကလည္း အေရးၾကီးတယ္လို႔ မမိခ်ိဳက ေျပာပါတယ္။

“က်မတို႔သည္ INGO ။ အစိုးရအဖြဲ႔အစည္းမဟုတ္ဘူး။ အစိုးရမဟုတ္တဲ့ အဖြဲ႔အစည္း အေနနဲ႔ က်မတုိ႔မွာ authority (လုပ္ပိုင္ခြင့္) က တခ်ိဳ႕ ေနရာေတြမွာ မရွိဘူး။ ၀င္ခြင့္ရတဲ့ေနရာေတြ ရွိတယ္။ ၀င္ခြင့္မရတဲ့ေနရာေတြ ရွိတယ္။ ေနာက္...တိုက္ပြဲျဖစ္ေနတဲ့ အေနအထားမ်ိဳးေတြ ရွိတဲ့အတြက္ေၾကာင့္မိုလို႔ က်မတို႔ INGO ေတြက အစိုးရေလာက္ ရွင္းရွင္းေျပာရလို႔ရွိရင္ က်မတို႔သည္ အစိုးရေလာက္ authority မရွိတဲ့အတြက္ေၾကာင့္မိုလို႔ ထိထိေရာက္ေရာက္ မကူညီႏိုင္ဘူးေပါ့ေနာ္။ ဒါ INGO အေနနဲ႔ကေတာ့ ႏုိင္သေလာက္ေလးေတြ တႏိုင္တပိုင္ လုပ္ေပးေနတယ္ ဆိုတဲ့ဟာမ်ိဳးပဲ ရွိတယ္။ အစိုးရအေနနဲ႔ ဒီ့ထက္ detail (အေသးစိတ္) က်ျပီးေတာ့ system (စနစ္) ေကာင္းေကာင္းေလးနဲ႔ management (စီစဥ္ေဆာင္ရြက္မႈ) ေကာင္းေကာင္းေလးနဲ႔ ပိုျပီးေတာ့ INGO ေတြနဲ႔ ေပါင္းစည္းျပီး လုပ္မယ္ဆိုရင္ေတာ့ ဒီစစ္ေဘးသင့္ျပည္သူေတြအတြက္ ပိုျပီးေတာ့ အက်ိဳးျဖစ္မယ္လို႔ က်မ ကေတာ့ ယူဆတယ္ေပါ့။ သို႔ေသာ္ျငားလည္း အစိုးရအဖြဲ႔အစည္းေတြကို က်မတို႔က ဘာမွ authority ပိုင္းအေနနဲ႔ လႊမ္းမိုးမႈလည္း မရွိဘူး။ အဲ့ဒီေတာ့ တခ်ိဳ႕ လိုေနတယ္ဆိုတဲ့ဟာမ်ိဳးေလးေတြမွာ မေရာက္တဲ့၊ မေရာက္ႏုိင္တဲ့၊ က်မတို႔အေနနဲ႔ လက္လွမ္း မမီတဲ့ဟာမ်ိဳးေလးေတြလည္း ရွိပါတယ္။ ဒါေပမဲ့ က်မတို႔ရဲ႕ လုပ္ႏိုင္စြမ္းက ရွင္းရွင္းေျပာရလို႔ရွိရင္ အကန္႔အသတ္ရွိတယ္။ ေဘာင္ရွိပါတယ္။ ေဘာင္ရွိတဲ့အခါက်ေတာ့ လုပ္ေပးႏိုင္တယ္ သိေနတယ္။ သို႔ေသာ္ျငားလည္း မေရာက္ႏုိင္တဲ့ ေနရာေတြ ရွိေနတဲ့အတြက္ေၾကာင့္ အစိုးရအေနနဲ႔ကေတာ့။ ျပည္နယ္အစိုးရေပါ့။ ပိုျပီးေတာ့ က်မတို႔ INGO အဖြဲ႔ေတြကို ပူးေပါင္းျပီးေတာ့ လုပ္ရင္ေတာ့ ပိုျပီးေတာ့ အကူအညီေလးေတြ ျဖစ္လာဖို႔ က်မ အေနနဲ႔ ေမ ွ်ာ္လင့္တာေပါ့ေနာ္။”

လက္ရွိရခိုင္ျပည္နယ္တြင္း စစ္ေဘးဒုကၡသည္ေတြအတြက္ လိုအပ္တဲ့ စားနပ္ရိကၡာ၊ အမိုးအကာနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေတြကို Colourless အဖြဲ႔လို ပရဟိတအဖြဲ႔ေတြနဲ႔ တျခား အရပ္ဖက္ အကူအညီေပးေရး အဖြဲ႔အစည္းေတြ၊ ေဒသခံေတြ ပူးေပါင္းျပီး အဓိက ကူညီေပးေနၾကတာျဖစ္ပါတယ္။ စစ္ေဘးဒုကၡသည္ေတြအတြက္ ခုလို အကူအညီေတြက အေရးၾကီးသလို၊ တခ်ိန္တည္းမွာလည္း ဒီဒုကၡသည္ေတြရဲ႕ဘ၀ေတြ ေရရွည္ ျပန္လည္ထူေထာင္ႏိုင္ဖို႔၊ ကိုယ့္ရပ္ကိုယ့္ရြာမွာ ေအးေအးခ်မ္းခ်မ္းနဲ႔ လံုျခံမႈရွိရွိ ေနႏိုင္ဖို႔ကေတာ့ လက္ရွိ လက္နက္ကိုင္ ပဋိပကၡေတြ ရပ္တန္႔မွာျဖစ္လိမ့္မယ္လို႔ မမိခ်ိဳက ေျပာပါတယ္။

''က်မတို႔လို ပရဟိတသမားေတြအေနနဲ႔ အျမင္က ေျပာရမယ္ဆိုရင္ေတာ့ နံပါတ္တစ္က ျငိမ္းခ်မ္းဖို႔ကေတာ့ အေရးၾကီးဆံုးအခ်က္ေပါ့ေနာ္။ ေဒသတခုဟာ ျငိမ္းခ်မ္းမွ၊ ေနာက္ျပီးေတာ့ ဒါက ျပည္ပနဲ႔ျဖစ္ေနတဲ့ တိုက္ပြဲလည္း မဟုတ္ဘူး။ ဒီျပည္တြင္းမွာပဲ ကိုယ့္အခ်င္းခ်င္း ျဖစ္ေနတဲ့ တိုက္ပြဲေပါ့ေနာ္။ ႏွစ္ဘက္စလံုးဟာ မွန္တယ္မွားတယ္လို႔ က်မ အေနနဲ႔ မေျပာခ်င္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ တိုက္ပြဲတခုျဖစ္ျပီဆိုကတည္းက ေျမဇာပင္က က်မတို႔ ပရဟိတသမား အျမင္နဲ႔ ေျပာရမယ္ဆိုရင္ေတာ့ - ဒီ တပ္မေတာ္ဘက္ကဆုိရင္လည္း ဒါ မိသားစုေတြ ရွိတယ္။ တဘက္က AA မွာဆိုရင္လည္း မိသားစုေတြ ရွိတယ္။ ဒါေပမဲ့ ႏွစ္ဘက္စလံုးထက္ပိုျပီး အေရးၾကီးတာကေတာ့ ေျမဇာပင္ျဖစ္တဲ့ ျပည္သူေတြက ပိုျပီးေတာ့ အေရးၾကီးတယ္လို႔ က်မ အေနနဲ႔ကေတာ့ ယူဆတယ္။ ဆိုေတာ့ ေဒသတြင္းတခုမွာ ျငိမ္းခ်မ္းဖို႔ဆုိတာကေတာ့ အေရးၾကီးဆံုးအခ်က္ေပါ့။ ျငိမ္းခ်မ္းမွလည္း လက္ရွိ က်မတို႔ရခိုင္ျပည္နယ္ အေနနဲ႔ တိုးတက္မယ္။ အမ်ားၾကီး အလုပ္အကိုင္ အခြင့္အလမ္းေတြလည္း ျဖစ္လာမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လက္ရွိက အရွင္းဆံုးေျပာရရင္ ရခိုင္ျပည္နယ္ဟာ အဆင္းရဲဆံုးျပည္နယ္တခုလို႔ က်မတို႔အေနနဲ႔ ယူဆတယ္။ သတ္မွတ္တယ္။ တကယ္လည္း ဆင္းရဲေနပါတယ္။ လက္ရွိေဒသတြင္းမွာ ျငိမ္းခ်မ္းမႈမရွိဘူး။ ဘက္ေပါင္းစံုက ထိုးႏွက္မႈခံရတယ္။ ပထ၀ီေျမျပင္ အေနအထားအရလည္း သူဟာ သယံဇာတေတာ့ ေပါပါတယ္။ ဒါ အကုန္သိၾကတဲ့အတိုင္းပဲ။ ရခိုင္ျပည္နယ္ဟာ သယံဇာတေပါတယ္။ သို႔ေသာ္ျငား ဒီသယံဇာတရဲ႕ အက်ိဳးခံစားခြင့္ဟာ ေဒသတြင္းမွာ မျငိမ္းခ်မ္းတဲ့အတြက္ေၾကာင့္မိုလို႔ ျပည္သူေတြလည္း ခံစားခြင့္ မရွိဘူး။ အက်ိဳးအျမတ္လည္း မရဘူး။ မရတဲ့အျပင္ ဒီစစ္ဒုကၡေၾကာင့္မိုလို႔ သူတို႔ဟာ ေျပးလႊား သြားေနရတယ္။ ေျပးလႊားသြားရတဲ့အတြက္ေၾကာင့္မိုလို႔ လံုျခံဳမႈဆိုတာလည္း သူတို႔မွာ မရွိဘူး။ အဲ့ဒီအတြက္ေၾကာင့္မိုလို႔ ျမန္ျမန္ေလး ေဒသတြင္းမွာ ျငိမ္းခ်မ္းမႈ လိုအပ္တယ္လို႔ က်မ အေနနဲ႔ကေတာ့ ယူဆတယ္။ ဒါေၾကာင့္မို႔ နံပါတ္တစ္ အေနနဲ႔ လုပ္ေဆာင္ဖို႔က စစ္ပြဲေတြ အရင္ဆံုးရပ္ဖို႔ေပါ့။ စစ္ပြဲေတြ ရပ္ျပီးသြားမွ ျငိမ္းခ်မ္းမႈဆိုတာကလည္း ျဖစ္လာမယ္ ဒုတိယအဆင့္အေနနဲ႔။ ေနာက္ဆံုးအဆင့္မွာမွ က်မတို႔က တဆင့္ျပီးတဆင့္ တိုးတက္ဖို႔ကို က်မတို႔အေနနဲ႔ ေဖာ္ေဆာင္ႏိုင္မွာျဖစ္တယ္။ က်မ ကေတာ့ ေလာေလာဆယ္ စစ္ပြဲရပ္ဖို႔က နံပါတ္တစ္ အေရးၾကီးဆံုးလို႔ က်မ အေနနဲ႔ ယူဆပါတယ္။”

လက္နက္ကိုင္စစ္မီး မျငိမ္းသ၍ ဒုကၡသည္ေတြ ကိုယ့္အိမ္ကိုယ္ျပန္ရဖို႔ကလည္း အလွမ္းေ၀းေနဦးမွာပါ။ ဒါေၾကာင့္ ရခိုင္ေဒသ အပါအ၀င္ ျမန္မာႏုိင္ငံတြင္းက လက္နက္ကိုင္ပဋိပကၡေတြ အျမန္ဆံုး ခ်ဳပ္ျငိမ္းႏိုင္ေအာင္ အားလံုးက ၀ိုင္း၀န္းၾကိဳးပမ္းၾကရမွာ ျဖစ္တယ္ဆိုတာ တင္ျပရင္းနဲ႔ပဲ ဒီသီတင္းပတ္ အမ်ိဳးသမီးက႑ကို ဒီမွာပဲ ရပ္နားခြင့္ျပဳပါရွင္။ က်မ ခင္ျဖဴေထြးပါရွင္။

တိုက္႐ိုက္ လင့္ခ္

======================================

[Unicode Version]

ရခိုင်ဒေသ စစ်ပွဲတွေကြားက ဒုက္ခသည်အမျိုးသမီးများ (အမျိုးသမီးကဏ္ဍ)

လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စစ်မီးမငြိမ်းနိုင် ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ဘေးကြောင့် အပစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေကြေကြရတာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတာတွေဟာ တနေ့တခြား ပိုဆိုးလာနေပါတယ်။ ဒီလိုစစ်ဘေးဒုက္ခသည်တွေထဲမှာ အများစုက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ရခိုင်ဒေသတွင်း ငြိမ်းချမ်းမှု ကင်းမဲ့လာတာနဲ့အမ ျှ စစ်ဘေးဒဏ်သင့် ဒုက္ခသည်တွေ၊ အထူးသဖြင့် အမျိုးသမီးတွေအတွက် ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပိုမို ကင်းမဲ့လာနေတယ်လို့ စစ်ဘေးသင့်ဒုက္ခသည်တွေကို တနိုင်တပိုင် ကူညီပေးနေတဲ့ Colourless ပရဟိတအဖွဲ့က မမိချိုက ပြောပါတယ်။ မငြိမ်းချမ်းသေးတဲ့ ရခိုင်ဒေသတွင်းက စစ်ဘေး ဒုက္ခသည် အမျိုးသမီးတွေနဲ့ပတ်သက်လို့ Colourless ပရဟိတအဖွဲ့က တာဝန်ခံတဦးဖြစ်တဲ့ မမိချိုကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်အကြား လက်နက်ကိုင်ပဋိပက္ခတွေ ၁ နှစ်ကျော် ကြာလာတာနဲ့အမ ျှ ရခိုင်ပြည်နယ်တွင်း အရပ်သား သေကြေ ထိခိုက်မှုတွေဟာလည်း တနေ့တခြား ပိုများလာနေပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသတွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေဟာ အခုဆိုရင် နှစ်သိန်းကျော်လောက်အထိ ရှိနေပြီး၊ မြို့နယ် ၁ ၂ မြို့နယ်က ယာယီ စစ်ဘေးဒုက္ခသည် စခန်းပေါင်း ၁၀၀ ကျော်မှာ ခိုလုံနေကြရတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့အဖွဲ့တွေက ပြောပါတယ်။ ဒီလို ဒုက္ခသည်တွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက အများစုဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေ အတွက် လိုအပ်ချက်တွေကလည်း အချိန်တိုင်းမှာ အမြဲတမ်း ရှိနေတယ်လို့ ရခိုင်စစ်ဘေး ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ Colourless ပရဟိတအဖွဲ့က တာဝန်ခံတဦးဖြစ်တဲ့ မမိချိုက ပြောပြပါတယ်။


“လိုအပ်တာကတော့ ကျမတို့ မေးလိုက်တိုင်းမှာ ဘာကြားရသလဲဆိုရင် ဟိုဘက်ကလူတွေ ပြန်ပြောတဲ့လေသံကတော့ ထပ်တူညီတာ တခုတည်းပေါ့နော်။ အဲ့ဒါကတော့ လိုအပ်တာတွေကတော့ အများကြီးပဲ။ ဘာတွေ ဘာတွေကတော့ လိုတယ်ပေါ့။ လိုအပ်ချက်ကတော့ အမြဲတမ်းရှိတယ်။ နောက်ပြီးတော့ ပိုက်ဆံရှိရင်တောင်မှ ဝယ်လို့မရတဲ့ဟာမျိုးလေးတွေ ရှိတယ်။ အဲ့ဒီအခါကျတော့ အမြဲတမ်းတော့ လိုအပ်ချက်တွေ ကတော့ ရှင်းရှင်းနဲ့ အပွင့်လင်းဆုံး ပြောရမယ်ဆိုရင်တော့ အများကြီး လိုတယ်။ အကုန်လိုတယ်။ သို့သော်ငြား ကျမတို့ကလည်း ပရဟိတာ INGO ဖြစ်တဲ့အတွက်ကြောင့်မိုလို့ နိုင်သလောက်လေးပဲ လုပ်ပေးတာမိုလို့ နိုင်သလောက်လေးပဲ လုပ်ပေးရတဲ့အတွက်ကြောင့်မိုလို့ ကျမတို့ရဲ့အင်အားလေးနဲ့ ရှိတဲ့အတိုင်းအတာလေးနဲ့ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတယ်ပေါ့။ အဓိက ကတော့ စားနပ်ရိက္ခာပေါ့။ ဒီစစ်ဘေးရှောင်စခန်းတွေမှာ အမြဲတမ်းက စားနပ်ရိက္ခာ ပြတ်လပ်မှုကို ကြားရတဲ့အတွက်ကြောင့်မိုလို့ ကျမတို့က ပထမဦးဆုံး ဆန်၊ ဆား လှောင်ဖို့ကို ကျမတို့ စပြီးတော့ စိတ်ကူးပြီး အစားအသောက်ဘက်ကိုပဲ ကျမတို့က ဦးတည်ခဲ့လိုက်တာ။ နောက်ပိုင်းမှ လိုအပ်တဲ့ဟာလေးတွေ။ အမျိုးသမီးတွေ အတွက်ကိုလည်း လှူခဲ့တယ် တောက်လေ ျှာက်ပေါ့။ အဓိက ကတော့ အစားအသောက် အဝတ်အထည် လိုအပ်တဲ့ဟာကို လှူတယ်ပေါ့။ ဘယ်စခန်းမှာတော့ ဘာတော့ လိုအပ်နေပြီ။ အခြေအနေကတော့ ဘယ်လိုဖြစ်နေပြီ ဆိုတဲ့ မြေပြင်အနေအထားပေါ်လိုက်ပြီး လှူတာ များတယ်။”


အခုလို စိုစွတ်တဲ့ မိုးရာသီမှာဆိုရင် စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်ချက်တွေ ပိုများတယ်လို့လည်း မမိချိုက ပြောပါတယ်။ မိုးတွင်းကာလ ရာသီဥတု ဆိုးရွားတဲ့ဒဏ်ကို ခံကြရတဲ့ တချိန်တည်းမှာ ရာသီအလိုက်ကြုံရတဲ့ ဖျားနာမှုတွေနဲ့ အခုဆိုရင် ကိုဗစ်-၁၉ ကပ်ဘေးအန္တရာယ်တွေကလည်း ရှိနေတာပါ။ ဒီလိုအချိန်မှာ စစ်ရေးတင်းမာမှုတွေကလည်း လျော့ကျမသွားသေးတာကြောင့် ဒုက္ခသည်တွေအတွက် လုံခြုံရေးအရ စိုးရိမ်မှုနဲ့ အရေးပေါ်အကူအညီတွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ ဒုက္ခသည် အမျိုးသမီးတွေ အတွက်ကတော့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ အပြင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာတဲ့ အခြေအနေက ပိုပြီး စိုးရိမ်စရာကောင်းတယ်လို့ မမိချိုက ပြောပါတယ်။
“သူတို့ ရင်ဆိုင်ရတဲ့ပြဿနာကတော့ တော်တော်လေးကို များပါတယ်။ အမျိုးသမီးတွေ အနေနဲ့က အဓိက ကတော့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပေါ့နော်။ ကျမတို့ သိသလောက် အခုဆိုရင် တိုက်ပွဲဖြစ်တဲ့အခါကျတော့ တချို့ဟာတွေမှာ အမျိုးသားတွေက အပြင်ထွက်ရတဲ့အပိုင်းတွေ ရှိတော့ စခန်းမှာ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်တယ်ပေါ့။ ဒါက စစ်ဘေး စခန်းတွေမှာတင် မဟုတ်ဘူး။ တချို့ ရွာတွေမှာဆိုရင်လည်း ဒီလိုပဲ။ အမျိုးသမီးတွေပဲ အများဆုံး ကျန်ခဲ့တယ်လို့ ကြားသိရပါတယ်။ ဆိုတော့ အမျိုးသမီးတွေ အနေနဲ့ ရာသီဥတု အခြေအန၊ နေထိုင်ရတဲ့ ပတ်ဝန်းကျင် အနေအထား။ အရေးကြီးဆုံး ကျမ မြင်တာကတော့ သူတို့မှာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု လုံး၀ မရှိဘူး။ ဒီဟာကို ဖြည့်ဆည်းဖို့ အနေအထား။ နောက် သူတို့ရင်ဆိုင်ရတဲ့ ငွေရေးကြေးရေး။ နောက် တခြား အများကြီးပေါ့နော်။ သားသမီးရှိတဲ့ မိခင်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ။ ကိုယ်ဝန်ဆောင်သည်တွေ ဆိုရင်လည်း မပြည့်မစုံနဲ့ မွေးဖွားရတဲ့ အနေအထားတွေ။ အမြဲတမ်း ကျမတို့လည်း ကြားနေရတာပေါ့နော်။ စစ်ဘေးစခန်းမှာ မီးဖွားရတဲ့ဖြစ်စဉ်မျိုးတွေပေါ့။ ဒါမျိုးတွေနဲ့ သူတို့ ရင်ဆိုင်ရတယ်ဆိုတော့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကတော့ သူတို့မှာ လုံး၀ လိုအပ်ချက် အကြီးမားဆုံးဖြစ်နေတယ်လို့ ကျမကတော့ မြင်တယ်ပေါ့နော်။ တချို့ဆိုလို့ရှိရင် အမျိုးသား ဆုံးသွားတယ်။ သားဆုံးသွားတယ်ဆိုတဲ့ မိခင်တွေ၊ အိမ်ထောင်ရှင်မတွေ ဆိုရင် စိတ်ပိုင်းဆိုင်ရာ သူတို့အတွက် counseling ဆိုတာမျိုး လိုအပ်တယ်ပေါ့။ ခုချိန်မှာ နွေးထွေးမှုပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်။ အဲ့ဒီလိုမျိုး နွေးထွေးမှု ခံရဖို့၊ ငါတို့ဟာ နွေးထွေးမှု လိုအပ်နေပါလား ဆိုတဲ့ဟာမျိုးလောက်တောင် သူတို့မှာ အသိစိတ် မရှိလောက်အောင်ကို စိတ်ဆင်းရဲမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကျမ ကတော့ မြင်တယ်။ ယူဆတယ်ပေါ့နော်။”

ဒါကြောင့်လည်း အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုဖြစ်စေမယ့် အကူအညီတွေ နောက်ပိုင်းမှာ ပိုပြီး ကူညီ လုပ်ဆောင်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း မမိချိုက ပြောပါတယ်။ Colourless ပရဟိတအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်တွင်း ခုလို စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေ ပေးလာခဲ့တာကတော့ ၂၀၁၇ ခုနှစ်ကတည်းကပါ။ ဒေသတွင်းမှာ တိုက်ပွဲတွေ ပိုစိပ်လာတာနဲ့အမ ျှ ဒုက္ခသည်တွေလည်း ပိုများလာနေပြီး လိုအပ်ချက်တွေလည်း တနေ့တခြား ပိုများလာနေတာ ဖြစ်တယ်လို့ မမိချိုက ပြောပါတယ်။ တချို့ဒေသတွေမှာ တိုက်ပွဲတွေဆက်ပြီးဖြစ်ပွားနေတာကြောင့် ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ အကူအညီတွေ ပို့ မပေးနိုင်တာမျိုး ရှိသလို၊ တခါတရံ ရာသီဥတု အခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အကူအညီပေးဖို့ နှောင့်နှေးရတာတွေလည်း ရှိပါတယ်။ ခုလို ချိန်မှာ စစ်ဘေးဒုက္ခသည်တွေကို ထိထိရောက်ရောက် ကူညီပေးဖို့ဆိုရင် ဒေသတွင်း အစိုးရတာဝန်ရှိသူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုကလည်း အရေးကြီးတယ်လို့ မမိချိုက ပြောပါတယ်။

“ကျမတို့သည် INGO ။ အစိုးရအဖွဲ့အစည်းမဟုတ်ဘူး။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အနေနဲ့ ကျမတို့မှာ authority (လုပ်ပိုင်ခွင့်) က တချို့ နေရာတွေမှာ မရှိဘူး။ ဝင်ခွင့်ရတဲ့နေရာတွေ ရှိတယ်။ ဝင်ခွင့်မရတဲ့နေရာတွေ ရှိတယ်။ နောက်...တိုက်ပွဲဖြစ်နေတဲ့ အနေအထားမျိုးတွေ ရှိတဲ့အတွက်ကြောင့်မိုလို့ ကျမတို့ INGO တွေက အစိုးရလောက် ရှင်းရှင်းပြောရလို့ရှိရင် ကျမတို့သည် အစိုးရလောက် authority မရှိတဲ့အတွက်ကြောင့်မိုလို့ ထိထိရောက်ရောက် မကူညီနိုင်ဘူးပေါ့နော်။ ဒါ INGO အနေနဲ့ကတော့ နိုင်သလောက်လေးတွေ တနိုင်တပိုင် လုပ်ပေးနေတယ် ဆိုတဲ့ဟာမျိုးပဲ ရှိတယ်။ အစိုးရအနေနဲ့ ဒီ့ထက် detail (အသေးစိတ်) ကျပြီးတော့ system (စနစ်) ကောင်းကောင်းလေးနဲ့ management (စီစဉ်ဆောင်ရွက်မှု) ကောင်းကောင်းလေးနဲ့ ပိုပြီးတော့ INGO တွေနဲ့ ပေါင်းစည်းပြီး လုပ်မယ်ဆိုရင်တော့ ဒီစစ်ဘေးသင့်ပြည်သူတွေအတွက် ပိုပြီးတော့ အကျိုးဖြစ်မယ်လို့ ကျမ ကတော့ ယူဆတယ်ပေါ့။ သို့သော်ငြားလည်း အစိုးရအဖွဲ့အစည်းတွေကို ကျမတို့က ဘာမှ authority ပိုင်းအနေနဲ့ လွှမ်းမိုးမှုလည်း မရှိဘူး။ အဲ့ဒီတော့ တချို့ လိုနေတယ်ဆိုတဲ့ဟာမျိုးလေးတွေမှာ မရောက်တဲ့၊ မရောက်နိုင်တဲ့၊ ကျမတို့အနေနဲ့ လက်လှမ်း မမီတဲ့ဟာမျိုးလေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ရဲ့ လုပ်နိုင်စွမ်းက ရှင်းရှင်းပြောရလို့ရှိရင် အကန့်အသတ်ရှိတယ်။ ဘောင်ရှိပါတယ်။ ဘောင်ရှိတဲ့အခါကျတော့ လုပ်ပေးနိုင်တယ် သိနေတယ်။ သို့သော်ငြားလည်း မရောက်နိုင်တဲ့ နေရာတွေ ရှိနေတဲ့အတွက်ကြောင့် အစိုးရအနေနဲ့ကတော့။ ပြည်နယ်အစိုးရပေါ့။ ပိုပြီးတော့ ကျမတို့ INGO အဖွဲ့တွေကို ပူးပေါင်းပြီးတော့ လုပ်ရင်တော့ ပိုပြီးတော့ အကူအညီလေးတွေ ဖြစ်လာဖို့ ကျမ အနေနဲ့ မေ ျှာ်လင့်တာပေါ့နော်။”

လက်ရှိရခိုင်ပြည်နယ်တွင်း စစ်ဘေးဒုက္ခသည်တွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို Colourless အဖွဲ့လို ပရဟိတအဖွဲ့တွေနဲ့ တခြား အရပ်ဖက် အကူအညီပေးရေး အဖွဲ့အစည်းတွေ၊ ဒေသခံတွေ ပူးပေါင်းပြီး အဓိက ကူညီပေးနေကြတာဖြစ်ပါတယ်။ စစ်ဘေးဒုက္ခသည်တွေအတွက် ခုလို အကူအညီတွေက အရေးကြီးသလို၊ တချိန်တည်းမှာလည်း ဒီဒုက္ခသည်တွေရဲ့ဘဝတွေ ရေရှည် ပြန်လည်ထူထောင်နိုင်ဖို့၊ ကိုယ့်ရပ်ကိုယ့်ရွာမှာ အေးအေးချမ်းချမ်းနဲ့ လုံခြံမှုရှိရှိ နေနိုင်ဖို့ကတော့ လက်ရှိ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်တန့်မှာဖြစ်လိမ့်မယ်လို့ မမိချိုက ပြောပါတယ်။

''ကျမတို့လို ပရဟိတသမားတွေအနေနဲ့ အမြင်က ပြောရမယ်ဆိုရင်တော့ နံပါတ်တစ်က ငြိမ်းချမ်းဖို့ကတော့ အရေးကြီးဆုံးအချက်ပေါ့နော်။ ဒေသတခုဟာ ငြိမ်းချမ်းမှ၊ နောက်ပြီးတော့ ဒါက ပြည်ပနဲ့ဖြစ်နေတဲ့ တိုက်ပွဲလည်း မဟုတ်ဘူး။ ဒီပြည်တွင်းမှာပဲ ကိုယ့်အချင်းချင်း ဖြစ်နေတဲ့ တိုက်ပွဲပေါ့နော်။ နှစ်ဘက်စလုံးဟာ မှန်တယ်မှားတယ်လို့ ကျမ အနေနဲ့ မပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲတခုဖြစ်ပြီဆိုကတည်းက မြေဇာပင်က ကျမတို့ ပရဟိတသမား အမြင်နဲ့ ပြောရမယ်ဆိုရင်တော့ - ဒီ တပ်မတော်ဘက်ကဆိုရင်လည်း ဒါ မိသားစုတွေ ရှိတယ်။ တဘက်က AA မှာဆိုရင်လည်း မိသားစုတွေ ရှိတယ်။ ဒါပေမဲ့ နှစ်ဘက်စလုံးထက်ပိုပြီး အရေးကြီးတာကတော့ မြေဇာပင်ဖြစ်တဲ့ ပြည်သူတွေက ပိုပြီးတော့ အရေးကြီးတယ်လို့ ကျမ အနေနဲ့ကတော့ ယူဆတယ်။ ဆိုတော့ ဒေသတွင်းတခုမှာ ငြိမ်းချမ်းဖို့ဆိုတာကတော့ အရေးကြီးဆုံးအချက်ပေါ့။ ငြိမ်းချမ်းမှလည်း လက်ရှိ ကျမတို့ရခိုင်ပြည်နယ် အနေနဲ့ တိုးတက်မယ်။ အများကြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဖြစ်လာမယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိက အရှင်းဆုံးပြောရရင် ရခိုင်ပြည်နယ်ဟာ အဆင်းရဲဆုံးပြည်နယ်တခုလို့ ကျမတို့အနေနဲ့ ယူဆတယ်။ သတ်မှတ်တယ်။ တကယ်လည်း ဆင်းရဲနေပါတယ်။ လက်ရှိဒေသတွင်းမှာ ငြိမ်းချမ်းမှုမရှိဘူး။ ဘက်ပေါင်းစုံက ထိုးနှက်မှုခံရတယ်။ ပထဝီမြေပြင် အနေအထားအရလည်း သူဟာ သယံဇာတတော့ ပေါပါတယ်။ ဒါ အကုန်သိကြတဲ့အတိုင်းပဲ။ ရခိုင်ပြည်နယ်ဟာ သယံဇာတပေါတယ်။ သို့သော်ငြား ဒီသယံဇာတရဲ့ အကျိုးခံစားခွင့်ဟာ ဒေသတွင်းမှာ မငြိမ်းချမ်းတဲ့အတွက်ကြောင့်မိုလို့ ပြည်သူတွေလည်း ခံစားခွင့် မရှိဘူး။ အကျိုးအမြတ်လည်း မရဘူး။ မရတဲ့အပြင် ဒီစစ်ဒုက္ခကြောင့်မိုလို့ သူတို့ဟာ ပြေးလွှား သွားနေရတယ်။ ပြေးလွှားသွားရတဲ့အတွက်ကြောင့်မိုလို့ လုံခြုံမှုဆိုတာလည်း သူတို့မှာ မရှိဘူး။ အဲ့ဒီအတွက်ကြောင့်မိုလို့ မြန်မြန်လေး ဒေသတွင်းမှာ ငြိမ်းချမ်းမှု လိုအပ်တယ်လို့ ကျမ အနေနဲ့ကတော့ ယူဆတယ်။ ဒါကြောင့်မို့ နံပါတ်တစ် အနေနဲ့ လုပ်ဆောင်ဖို့က စစ်ပွဲတွေ အရင်ဆုံးရပ်ဖို့ပေါ့။ စစ်ပွဲတွေ ရပ်ပြီးသွားမှ ငြိမ်းချမ်းမှုဆိုတာကလည်း ဖြစ်လာမယ် ဒုတိယအဆင့်အနေနဲ့။ နောက်ဆုံးအဆင့်မှာမှ ကျမတို့က တဆင့်ပြီးတဆင့် တိုးတက်ဖို့ကို ကျမတို့အနေနဲ့ ဖော်ဆောင်နိုင်မှာဖြစ်တယ်။ ကျမ ကတော့ လောလောဆယ် စစ်ပွဲရပ်ဖို့က နံပါတ်တစ် အရေးကြီးဆုံးလို့ ကျမ အနေနဲ့ ယူဆပါတယ်။”

လက်နက်ကိုင်စစ်မီး မငြိမ်းသ၍ ဒုက္ခသည်တွေ ကိုယ့်အိမ်ကိုယ်ပြန်ရဖို့ကလည်း အလှမ်းဝေးနေဦးမှာပါ။ ဒါကြောင့် ရခိုင်ဒေသ အပါအဝင် မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံး ချုပ်ငြိမ်းနိုင်အောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြရမှာ ဖြစ်တယ်ဆိုတာ တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG