သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ျမန္မာေလယာဥ္မယ္ေတြရဲ႕ အေတြ႔အၾကံဳ 


ျမန္မာ့ေလေၾကာင္းလိုင္း အၾကီးတန္း ေလယာဥ္မယ္ ေနာ္သဇင္ကိုကို။

(Zawgyi/Unicode)

ျမန္မာအပါအ၀င္ ကမာၻတဝွမ္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္ အသြားအလာကန္႔သတ္မႈေတြ ခ်မွတ္လာခဲ့ၾကတာမွာ ခရီးသြားလုပ္ငန္းေတြနဲ႔ ေလေၾကာင္းလိုင္းေတြ အေတာ္မ်ားမ်ား ထိခိုက္ခဲ့ရပါတယ္။ ဒါေၾကာင့္ ေလေၾကာင္းလိုင္းေတြမွာ အလုပ္လုပ္ေနၾကတဲ့ ဝန္ထမ္းေတြ အတြက္လည္း အရင္နဲ႔မတူတဲ့ အေျပာင္းအလဲေတြ၊ အခက္အခဲေတြ ၾကံဳရတာရွိပါတယ္။ ကိုဗစ္-၁၉ ကာလ ေလယာဥ္၀န္ထမ္း အမ်ိဳးသမီးေတြရဲ႕ အေတြ႔အၾကံဳေတြကို ျမန္မာေလေၾကာင္းလိုင္းက အႀကီးတန္းေလယာဥ္မယ္ေတြျဖစ္ၾကတဲ့ မဆူးလဲ့ၫႊန႔္နဲ႔ ေနာ္သဇင္ကိုကို တို႔ကို ဆက္သြယ္ေမးျမန္းျပီး ဒီသီတင္းပတ္ အမ်ိဳးသမီးက႑မွာ မခင္ျဖဴေထြးက တင္ဆက္ထားပါတယ္။

ခင္ျဖဴေထြး။ ။ မဆူးလဲညႊန္႔နဲ႔ ေနာ္သဇင္ကိုကို ေက်းဇူးအမ်ားၾကီးတင္ပါတယ္။ အခုလို အခ်ိန္ေပးျပီး ကိုယ့္ရဲ႕ အေတြ႔အေၾကံဳေတြကို ေျပာျပဖို႔လက္ခံတဲ့အတြက္ ေက်းဇူးအမ်ားၾကီးတင္ပါတယ္။

ေနာ္သဇင္ကိုကို။ ။ ဟုတ္ကဲ့ပါ။

ဆူးလဲ့ညႊန္႔။ ။ ဟုတ္ကဲ့ အစ္မကိုလည္း ေက်းဇူးတင္ပါတယ္။

ခင္ျဖဴေထြး။ ။ အခုလက္ရွိမွာက ျမန္မာႏုိင္ငံ အပါအ၀င္ ကမၻာနဲ႔တ၀ွမ္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ ပ်ံ႕ႏွံ႔မႈေတြ ျဖစ္တဲ့အခါက်ေတာ့ အသြားအလာကန္႔သတ္မႈေတြ ျဖစ္တယ္။ ေလေၾကာင္းလိုင္းေတြ မွာဆိုရင္လည္း ေလေၾကာင္းခရီးစဥ္ေတြ ရပ္သြားတာေတြ အမ်ားၾကီးရွိတယ္။ ဆိုေတာ့ မဆူးလဲ့ညႊန္႔နဲ႔ ေနာ္သဇင္ကိုကို တို႔ ႏွစ္ေယာက္စလံုးကလည္း အၾကီးတန္း ေလယာဥ္မယ္ေတြ ျဖစ္ၾကတယ္ ဆိုေတာ့ အေတြ႔အၾကံဳေတြက သူမ်ားေတြထက္လည္း ပိုရွိေကာင္းရွိႏိုင္ပါတယ္။ ဆိုေတာ့ ကိုဗစ္-၁၉ မျဖစ္ခင္ကနဲ႔ အခု ကိုဗစ္-၁၉ ကူးစက္မႈေတြ ျဖစ္လာျပီးတဲ့ေနာက္ပိုင္း အလုပ္ခြင္မွာ ထူးထူးျခားျခား အေျပာင္းအလဲ ဘာေတြရွိပါသလဲ။

ဆူးလဲ့ညႊန္႔။ ။ ဟုတ္ကဲ့။ ကိုဗစ္-၁၉ မွာေတာ့ အမ်ားၾကီး သက္ေရာက္မႈေတာ့ ရွိတာေပါ့ေနာ္။ ေျပာင္းလဲမႈေတြ အမ်ားၾကီးရွိတယ္။ ပံုမွန္ဆုိလို႔ရွိရင္ေတာ့ က်မတို႔က operate လုပ္ရတဲ့ flight ေတြက အမ်ားၾကီးပါရွင့္။ ဒါေပမဲ့ ဒီ ကိုဗစ္-၁၉ ျဖစ္ျပီဆိုတာနဲ႔ ေျပာင္းလဲသြားတာ ကေတာ့ flight ေတြက အရင္ကလို အရမ္းမရွိေတာ့ဘူး။ ျပီးေတာ့ international flight (ႏုိင္ငံတကာခရီးစဥ္ေလယာဥ္) ေတြလည္း relief flight (ကယ္ဆယ္ေရးေလယာဥ္) ေတြ အေနနဲ႔ ေျပာင္းျပီးေတာ့ ေျပးဆြဲလာတယ္။ domestic flight (ျပည္တြင္းခရီးစဥ္ေလယာဥ္) ေတြဆိုရင္လည္း အရင္ကေလာက္ အမ်ားၾကီး မရွိေတာ့ဘူးေပါ့ေနာ္။ အဲ့ဒါေတြ flight ေတြ ေျပာင္းတဲ့အျပင္ကို က်မတို႔ ေလယာဥ္မယ္ အေနနဲ႔ဆိုရင္လည္း သင္တန္းေတြ ပံုမွန္ ႏွစ္စဥ္ေပးေနက် သင္တန္းေတြဆိုလို႔ရွိရင္ online class (အြန္လိုင္းသင္တန္း) ေတြ အေနနဲ႔ ေျပာင္းလဲျပီးေတာ့ က်မတို႔ သင္ရတယ္။ စာေမးပြဲ ျပန္ေျဖဆိုလို႔ရွိရင္လည္း အြန္လုိင္းကေနပဲ ျပန္ေျဖဆိုရတယ္ရွင့္။ အဲဒီလိုမ်ိဳး ေျပာင္းလဲမႈေတြေတာ့ အမ်ားၾကီး ျဖစ္လာတာေပါ့ေနာ္။

ခင္ျဖဴေထြး။ ။ ဆိုေတာ့ ဒီကာလမွာ ျဖတ္သန္းရတဲ့အခါမွာ အရင္နဲ႔မတူတဲ့ အခက္အခဲၾကံဳရတာေတြေရာ ရွိပါသလား။ ေနာ္သဇင္ကိုကို လည္း ေျပာျပေပးပါဦးရွင့္။

ေနာ္သဇင္ကိုကို။ ။ ဟုတ္ကဲ့ပါရွင့္။ ဒီလိုမ်ိဳး ကိုဗစ္-၁၉ အခ်ိန္မွာ က်မတို႔ ဒီလို ပတ္၀န္းက်င္က ခ်စ္တဲ့ခင္တဲ့သူေတြက ကိုယ့္အလုပ္ေၾကာင့္ ကိုယ့္အိမ္ကို မလာရဲျဖစ္တယ္။ တခ်ိဳ႕က်ေတာ့လည္း သူမ်ားမလုပ္ႏိုင္တာကို လုပ္ေနရတာဆိုျပီးေတာ့ စာနာ နားလည္ေပးျပီး respect ေပးၾကပါတယ္ရွင့္။ အခုဆိုရင္ က်မရဲ႕ မိသားစု၀င္ေတြနဲ႔ က်မ ခ်စ္သူ၊ က်မ သူငယ္ခ်င္းေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြကလည္း ကိုယ့္ကို သီးျခားထားျပီးေတာ့ သူတုိ႔ အေ၀းကေန လွမ္းျပီးေတာ့ လိုအပ္တာေတြ ေထာက္ပံ့ေပးပါတယ္ရွင့္။

ခင္ျဖဴေထြး။ ။ အခုလိုအခ်ိန္မွာဆိုရင္ ေလေၾကာင္းခရီးစဥ္ေတြ ေလ်ာ့သြားတယ္ဆုိေတာ့ ကိုယ့္အလုပ္မွာ ကိုဗစ္-၁၉ ေၾကာင့္ တိုက္႐ုိက္ကိုယ့္အေပၚ သက္ေရာက္မႈ ဘာေတြရွိပါလဲ။ အခက္ခဲဆံုး အေျခအေန ျဖတ္သန္းရတာရွိတယ္ဆိုရင္လည္း ဘာေတြၾကံဳရတာရွိပါသလဲ။

ဆူးလဲ့ညႊန္႔။ ။ အခက္ခဲဆံုး အခ်ိန္ရယ္လို႔ေတာ့ မဟုတ္ပါဘူး။ flight ေတြ ေလ်ာ့သြားတဲ့အတြက္ေၾကာင့္ က်မတို႔ အလုပ္နားရတာ တခုေလာက္ပါပဲ။ က်န္တဲ့ဟာေတြကေတာ့ အားလံုးက အဆင္ေျပတယ္။ ေလေၾကာင္းလိုင္းကလည္း အားလံုး support ကူညီေထာက္ပံ့ေပးတဲ့အတြက္ေၾကာင့္မို႔ေလ အဆင္ေျပတယ္။ ဒီ quarantine ေနရတဲ့အခ်ိန္ေတြေတာင္ support က လံုး၀မျပတ္၊ ဖုန္းေတြေေတာက္ေလ ွ်ာက္ဆက္ျပီး support ေပးတဲ့အတြက္ေၾကာင့္ေလ ေတာ္ေတာ္ေလးေတာ့ အဆင္ေျပတယ္။ က်မတို႔ အေနနဲကေတာ့။

ခင္ျဖဴေထြး။ ။ ေလာေလာဆယ္ က်မတို႔သိတာက ကယ္ဆယ္ေရးေလယာဥ္ေတြ သြားေနတယ္ဆိုေတာ့ အဲ့ဒီ flight ေတြမွာပဲ သြားေနရတာလား။ ဒါမွမဟုတ္ ဒီကာလကို ဘယ္လိုျဖတ္သန္းေနသလဲ။ အလုပ္နဲ႔ပဲ ျဖတ္သန္းေနတာလား။ ဒါမွမဟုတ္ အိမ္မွာျဖတ္သန္းေနရတာ မ်ားသလား။ ဒီကာလမွာ ေလယာဥ္မယ္တေယာက္ရဲ႕ ျဖတ္သန္းမႈ အေတြ႔အၾကံဳေပါ့။

ဆူးလဲ့ညႊန္႔။ ။ ဟုတ္ကဲ့။ relief flight ေတြက လိုက္ရတယ္ရွင့္။ ပထမဆံုးသြားတဲ့ flight ေတြဆိုရင္ေတာ့ေလ။ volunteer အေနနဲ႔ (ကိုယ့္သေဘာဆႏၵနဲ႔ကိုယ္) လုိက္ဖို႔ request လုပ္တဲ့ cabin crew (ေလယာဥ္၀န္ထမ္း) ေတြ ရွိတယ္ေပါ့ေနာ္။ အဲ့ဒီအထဲမွာ က်မက တာ၀န္ထမ္းေဆာင္ရတဲ့သူ တေယာက္ပါ။ အဲ့ဒီေတာ့ ပထမ ကေတာ့ relief flight ေတြ လိုက္ရတယ္။ ျပီးေတာ့ အိမ္မွာ home quarantine ေတြ ေနရတယ္။ ေနာက္ပိုင္း home quarantine ကေနျပီးေတာ့ ပိုးေတြ႔လူနာေတြရွိတဲ့အခ်ိန္မွာ က်မတို႔ hotel quarantine အေနနဲ႔ ေျပာင္းလဲျပီး ေနရတယ္။ သတ္မွတ္ထားတဲ့ ရက္အတိုင္းျပည့္ေအာင္ hotel quarantine မွာ ေနရတယ္။ ေနာက္ပိုင္း quarantine ျပည့္သြားတဲ့အခ်ိန္မွာေတာ့ ပံုမွန္ ျပည္တြင္း flight ေတြ ေျပးဆြဲတဲ့အခ်ိန္မွာ က်မတို႔ ျပန္ျပီးေတာ့ တာ၀န္ ျပန္ ထမ္းေဆာင္ရပါတယ္။ အခက္အခဲရယ္ေတာ့ ေထြေထြထူးထူးေတာ့ က်မတို႔ မရွိပါဘူးရွင့္။ ပံုမွန္ operate လည္း လုပ္ေနတာဆိုေတာ့ေလ။

ခင္ျဖဴေထြး။ ။ အခု ကိုဗစ္-၁၉ ျဖစ္ေနတဲ့ကာလမွာ ေလယာဥ္ခရီးစဥ္ေပါင္း ဘယ္ေလာက္ေလာက္ သြားခဲ့ရပါလဲ။ အဲ့ဒီအေတြ႔အၾကံဳေလးကိုလည္း ေျပာျပပါဦး။

ဆူးလဲ့ညႊန္႔။ ။ က်မကေတာ့ ကိုဗစ္-၁၉ မွာ relief flight အေနနဲ႔ ဆိုလို႔ရွိရင္ေတာ့ တ႐ုတ္ႏိုင္ငံ ၀ူဟန္ျမိဳ႕၊ စင္ကာပူ၊ ဘန္ေကာက္နဲ႔ အိႏိၵယႏုိင္ငံေတြကို သြားခဲ့ရပါတယ္။ ပံုမွန္နဲ႔ေတာ့ မတူဘူးေပါ့။ relief flight ဆိုတဲ့အတိုင္း က်မတို႔ ဌာနကေနေပးထားတဲ့ PPE ၀တ္စံုေတြ အျပည့္အစံုကို ၀တ္ဆင္ျပီး relief flight ေတြ လိုက္ရတယ္။ PPE ၀တ္စံု ၀တ္တဲ့အခါမွာေရာ ခၽြတ္တဲ့အခါမွာေရာ procedure (ေဆာင္ရြက္ပံုအဆင့္ဆင့္) အတိုင္းကို ၀တ္ရတယ္။ ခၽြတ္ရတယ္။ ေသခ်ာေလး ပိုျပီးေတာ့ ဂ႐ုစိုက္ရတယ္ရွင့္။ ျပီးေတာ့ အိမ္မွာျပန္လာျပီဆိုတာနဲ႔ home quarantine အေနနဲ႔ က်န္းမာေရး ၀န္ၾကီးဌာနကေန သတ္မွတ္ထားတဲ့ guideline (ညႊန္ၾကားခ်က္) အတိုင္းကိုေပါ့ေနာ္ က်မတုိ႔ ေနထိုင္ရတယ္။ တကယ္လို႔ ဒီ flight ေတြမွာ ပိုးေတြ႔လူနာေတြ ပါလာျပီဆိုတာနဲ႔ က်မတို႔ ႐ံုးကေနျပီးေတာ့ ခ်က္ခ်င္း hotel quarantine အေနနဲ႔ ေျပာင္းျပီးေတာ့ ေနရတယ္ရွင့္။ အဲ့ဒီ hotel quarantine ကလည္း ဒီသတ္မွတ္တဲ့ရက္အတိုင္း အျပည့္ေနရတယ္။

ခင္ျဖဴေထြး။ ။ ကိုယ္သြားခဲ့တဲ့ ေလယာဥ္ခရီးစဥ္ထဲမွာ ေရာဂါပိုးရွိတဲ့သူ ပါလာတာမ်ိဳး ၾကံဳခဲ့ရဖူးပါသလား။

ဆူးလဲ့ညႊန္႔။ ။ ဟုတ္ကဲ့။ ေရာဂါပိုးရွိတဲ့သူ ပါလာတာနဲ႔ ၾကံဳခဲ့ရဖူးပါတယ္။ အိႏိၵယႏိုင္ငံကေန ျပန္လာတဲ့အခ်ိန္မွာေတာ့ ပိုးေတြ႔ လူနာေတြ ေတြ႔တဲ့အတြက္ေၾကာင့္မိုလို႔ က်မတို႔ hotel quarantine ေနခဲ့ရပါတယ္ရွင့္။

ခင္ျဖဴေထြး။ ။ ကိုဗစ္-၁၉ ျဖစ္တဲ့အခါက်ေတာ့ ေလေၾကာင္းလိုင္းေတြ အေတာ္မ်ားမ်ား ထိခိုက္ၾကပါတယ္။ ႏိုင္ငံတကာမွာဆိုလို႔ရွိရင္လည္း ျပည္တြင္းျပည္ပ ေလယာဥ္ခရီးစဥ္ေတြ အကုန္လံုး ရပ္သြားခဲ့တာဆိုေတာ့။ ျမန္မာႏုိင္ငံမွာတင္မဟုတ္ဘဲ ႏုိင္ငံတကာမွာေရာ ေလေၾကာင္းလိုင္းေတြမွာ အလုပ္ လုပ္ေနၾကတဲ့၀န္ထမ္းေတြၾကားမွာ စိုးရိမ္မႈေတြရွိပါတယ္။ သူတို႔ ဘယ္ေတာ့ အလုပ္ျဖဳတ္ခံရမလဲ။ သူတို႔အလုပ္ေတြ ဘယ္ေတာ့ ရပ္နားသြားၾကမလဲ ဆိုတာမ်ိဳးေပါ့ေနာ္။ ကိုယ့္မွာေရာ အဲ့ဒီလို စိုးရိမ္မႈမ်ိဳး ရွိပါသလား။

ေနာ္သဇင္ကိုကို။ ။ Airline ေတြတင္မဟုတ္ဘဲနဲ႔ တကမၻာလံုးနဲ႔ခ်ီျပီးေတာ့ ရင္ဆိုင္ေနရတဲ့အခ်ိန္ ဆိုေတာ့လည္း က်မတို႔က ရရွိလာမယ့္အက်ိဳးဆက္နဲ႔ပတ္သက္ျပီးေတာ့ အျမဲတမ္း အသင့္ျပင္ထားပါတယ္ အစ္မ။ ဒါေပမဲ့ လက္ရွိအခ်ိန္အထိ ကိုယ္တန္ဖိုးျပီးေတာ့ ၀ါသနာပါတဲ့ ဒီေလယာဥ္မယ္အလုပ္ကေလးကို ဆက္လုပ္ခြင့္ရေနတာနဲ႔တင္ အရမ္းကို ေပ်ာ္ရႊင္မိပါတယ္ အစ္မ။

ခင္ျဖဴေထြး။ ။ အကယ္၍မ်ား တခုခု သက္ေရာက္မႈ ဆိုးဆုိးရြားရြား ရွိခဲ့ရင္လည္း ဘယ္လိုဆက္လုပ္မယ္ဆိုတဲ့ အေတြးမ်ိဳးေပါ့။ ဘယ္လိုစဥ္းစားထားလဲ။ မဆူးလဲ့ညႊန္႔ လည္း ေျပာျပပါဦး။

ဆူးလဲ့ညႊန္႔။ ။ ဟုတ္ကဲ့။ အခု ေလာေလာဆယ္အထိကေတာ့ အားလံုး အဆင္ေျပေနတုန္းပဲေပါ့ေနာ္။ ပံုမွန္ flight ေတြကလည္း ျပန္လိုက္ေနရျပီ ဆိုေတာ့ ေလာေလာဆယ္ကေတာ့ အဆင္ေျပတယ္။ ေနာက္ပိုင္းမွာ ဆိုးဆိုးရြားရြား ေျပာင္းလဲမႈေတြျဖစ္လာတယ္ ၾကံဳေတြ႔ရတယ္ ဆိုလို႔ရွိရင္လည္း ၾကံဳေတြ႔တဲ့ဟာကိုပဲ အေကာင္းဆံုးျဖစ္ေအာင္လို႔ ရင္ဆိုင္မယ္။ ျပီးေတာ့ တျခား အလုပ္ေတြကိုလည္း ဆက္လုပ္ဖို႔ကို ပိုျပီးေတာ့ ၾကိဳးစားေနပါတယ္ရွင့္။ ဒါေပမဲ့ ဒီေလယာဥ္မယ္ ဘ၀ကိုလည္း ဆက္လုပ္မယ္။ အျပင္မွာလည္း အဂၤလိပ္စာနဲ႔ပတ္သက္တဲ့ဟာေပါ့ေနာ္။ ကိုယ့္ရဲ႕တတ္ကၽြမ္းတဲ့ဟာနဲ႔ပဲ အျပင္မွာလည္း လုပ္ငန္းေတြ လုပ္ေဆာင္တယ္။ ဒီ cabin crew life ေလယာဥ္၀န္ထမ္းဘ၀လည္း လုပ္ေဆာင္တဲ့အတြက္ေၾကာင့္မိုလို႔ က်မ အေနနဲ႔ကေတာ့ အရမ္းၾကီးေတာ့ စိုးရိမ္မႈေတာ့ မရွိပါဘူးရွင့္။ ျပီးေတာ့ အခု ေလာေလာဆယ္မွာ လက္ရွိ တာ၀န္ထမ္းေဆာင္ေနတဲ့ဟာကိုပဲ အေကာင္းဆံုး တာ၀န္ေက်ေအာင္ ထမ္းေဆာင္ပါတယ္ရွင့္။

ခင္ျဖဴေထြး။ ။ ဒီေလယာဥ္၀န္ထမ္းအလုပ္က တျခား အလုပ္ေတြနဲ႔ ႏိႈင္းယွဥ္ရင္ အလုပ္အကိုင္ အခြင့္အလမ္း နည္းပါးတယ္။ တာ၀န္ယူရတာေတြ မ်ားတယ္။ သတ္မွတ္ခ်က္ေတြ မ်ားတယ္။ ဒီလိုအလုပ္မ်ိဳးကိုမွ မဆူးလဲ့ညႊန္႔ ေရာ၊ ေနာ္သဇင္ကိုကို ေရာ ဘာေၾကာင့္ ေရြးခ်ယ္ လုပ္ျဖစ္ခဲ့တာပါလဲ။

ေနာ္သဇင္ကိုကို။ ။ သမီးရဲ႕ အိပ္မက္က ငယ္ငယ္ကတည္းက ေလယာဥ္မယ္ ျဖစ္ခ်င္တာပါရွင္။ ေလယာဥ္မယ္ျဖစ္ရင္ ခရီးသည္ေတြကို ၀န္ေဆာင္မႈေပးျပီးေတာ့ ကိုယ့္ေၾကာင့္ စိတ္ခ်မ္းသာေစခ်င္တဲ့အတြက္ ေလယာဥ္မယ္ အလုပ္ကို ေရြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ျပီးေတာ့ ေလယာဥ္မယ္လုပ္ရတာက တျခားအလုပ္ေတြနဲ႔ မတူပါဘူး။ သူက စည္းကမ္းေလးေတြ ရွိတယ္။ ဥပမာ ခ်မွတ္ထားတဲ့ စည္းကမ္းေလးေတြနဲ႔သြားရတဲ့ အဖြဲ႔အစည္းတခုလည္း ျဖစ္တဲ့အတြက္ လူတိုင္းအားက်စရာ အလုပ္ေလးတခုလို႔ ယူဆလို႔လည္း လုပ္ျဖစ္တာပါ။ ျပီးေတာ့ ဒီအလုပ္ကို လုပ္ျပီးေတာ့ အျပင္လူတေယာက္က ကိုယ့္ကို ၾကည့္လိုက္တာနဲ႔ ကိုယ့္ရဲ႕ personality က ထင္းျပီးေတာ့၊ ေခ်ာတယ္ မေခ်ာတယ္ဆိုတာထက္ standard တခုရွိတယ္လို႔ ခံစားရေစတဲ့အတြက္ ဒီအလုပ္ကို ေရြးခ်ယ္ခဲ့ျခင္း ျဖစ္ပါတယ္ရွင့္။

ခင္ျဖဴေထြး။ ။ မဆူးလဲ့ညႊန္႔ကေရာ။

ဆူးလဲ့ညႊန္႔။ ။ ဟုတ္ကဲ့။ က်မ အေနနဲ႔ဆိုရင္ေတာ့ ေလယာဥ္မယ္ျဖစ္ခ်င္တာက ငယ္ငယ္ကတည္းက ျမန္မာ့ေလေၾကာင္းလိုင္းကိုေပါ့ေနာ္။ အရင္တုန္းက ျမန္မာ့ေလေၾကာင္းလိုင္းက ေခတ္စားတာေပါ့ေနာ္။ ေၾကာ္ျငာေတြ ႐ိုက္ကူးတဲ့အထဲမွာ ေလယာဥ္မယ္ေတြ သြားတဲ့လာတဲ့ပံုေတြကို ၾကည့္ျပီးေတာ့ သေဘာက်တာေပါ့ေနာ္။ အဲ့ဒီကေနျပီးေတာ့ ေနာက္ပိုင္း ေလယာဥ္မယ္တေယာက္က ဘာေတြလုပ္အပ္သလဲ ဆိုတာကို ကိုယ္ကလုိက္ျပီးေတာ့ ေလ့လာတယ္။ စံုစမ္းတယ္။ ျပီးေတာ့ ေနာက္ပိုင္း သင္တန္းေတြ လိုအပ္တယ္ဆိုရင္ အဂၤလိပ္သင္တန္းတို႔၊ ေရကူးသင္တန္းတို႔ အဲ့ဒီလိုမ်ိဳးေတြ အကုန္လံုး ကိုယ့္ဘက္ကေနျပီးေတာ့ အစစအရာရာ ျပည့္စံုေအာင္လုပ္ျပီးေတာ့ ဒီေလယာဥ္မယ္အင္တာဗ်ဴးကို ေလ ွ်ာက္ခဲ့တာေပါ့ေနာ္။ ဒီအလုပ္ထဲမွာ၀င္တဲ့အခါမွာလည္း ကိုယ္ေမ ွ်ာ္လင့္ထားတာထက္ ပိုျပီးေတာ့ ေကာင္းမြန္တဲ့ အေတြ႔အၾကံဳေတြ ပိုရတယ္။ ျပီးေတာ့ ဒီေလယာဥ္မယ္ ဘ၀က တျခားဘ၀နဲ႔မတူဘူး။ flight ေတြ သြားေနရတာ ခရီးေတြသြားရတဲ့ ခံစားခ်က္ကိုလည္း က်မ အရမ္း ႏွစ္သက္တယ္။ အဲ့ဒါေၾကာင့္မို႔ အရင္ကတည္းကလည္း လုပ္ခ်င္တယ္။ အခု ေလယာဥ္မယ္လုပ္တာလည္း အဆင္ေျပတယ္။ ျပီးေတာ့ ကိုယ့္ရဲ႕ Myanmar National Airlines ကလည္း support က အရမ္းေကာင္းေကာင္းေပးတယ္။ သင္တန္းကအစ အရာရာျပည့္စံုေအာင္ support ေပးတဲ့အတြက္ေၾကာင့္မို႔ အျမဲတမ္း ေလယာဥ္မယ္ဘ၀ကိုေလ သေဘာပိုက်မိတာေပါ့ေနာ္။ ကိုယ့္ရဲ႕ airline ေၾကာင့္လည္း ေလယာဥ္မယ္အလုပ္ကို ပိုႏွစ္သက္မိတယ္လို႔ က်မ ကေတာ့ ထင္ပါတယ္ရွင့္။

ခင္ျဖဴေထြး။ ။ ကိုယ္သြားခဲ့တဲ့ ခရီးစဥ္ေတြထဲမွာေရာ စိတ္လႈပ္ရွားစရာ ေၾကာက္ရြံ႕ထိတ္လန္႔စရာ အေျခအေနမ်ိဳးပဲျဖစ္ျဖစ္ ၾကံဳခဲ့ရတာ ခံစားခဲ့ရတာေရာ ရွိတယ္ဆုိရင္ ေျပာျပပါလား။

ေနာ္သဇင္ကိုကို။ ။ ဟုတ္ကဲ့ရွင့္။ က်မ သာမန္ flight ေပါ့ေနာ္။ ဒီ ကိုဗစ္-၁၉ နဲ႔ပတ္သက္ျပီးမဟုတ္ဘဲနဲ႔ အရင္တုန္းက က်မ အေတြ႔အၾကံဳအရ ေလယာဥ္ေပၚမွာ ႏွလံုးေၾကာင့္ အေမာေဖာက္ျပီးေတာ့ လဲသြားတဲ့ ခရီးသည္တေယာက္နဲ႔ ၾကံဳခဲ့ပါတယ္ရွင့္။ အဲ့ဒီအခ်ိန္မွာ က်မတို႔ ေလယာဥ္ဆင္းဖို႔ကလည္း မိနစ္ ၃၀ ေလာက္ လိုေသးတယ္။ အဲ့ဒီအခ်ိန္မွာ သူက ဗုန္းခနဲ ကိုယ့္ေရွ႕မွာလဲသြားေတာ့ ႐ုတ္တရက္ ကိုယ္ ဘာလုပ္ရမယ္မွန္းလဲ မသိဘူးေပါ့ေနာ္။ အဲ့ဒီမွာ သင္ထားတဲ့ဟာေတြကို refresh ျပန္လုပ္ျပီးေတာ့ ခ်က္ခ်င္းပဲ သူ႔ကို first aid ေပးတယ္။ အဲ့ဒီအခါမွာ သူက recover ျပန္ျဖစ္သြားတယ္။ CPR ေပးလိုက္တဲ့အခ်ိန္မွာေပါ့ေနာ္။ အဲ့ဒါ အလုပ္ကေန သင္ေပးတဲ့ အေတြ႔အၾကံဳေတြအရ သူ႔ရဲ႕အသက္ကို ကယ္ႏုိင္ခဲ့တယ္။ အဲ့ဒီအတြက္ က်မ တသက္လံုး ၀မ္းသာဂုဏ္ယူမိတယ္ေပါ့ေနာ္။

ခင္ျဖဴေထြး။ ။ ေက်းဇူး အမ်ားၾကီးတင္ပါတယ္။ အခုလို အခ်ိန္ေပးျပီး ေျပာျပေပးတဲ့အတြက္ ႏွစ္ေယာက္စလံုးကို ေက်းဇူးတင္ပါတယ္။

ကိုဗစ္ကာလ ျမန္မာေလယာဥ္မယ္ေတြရဲ႕ အေတြ႔အၾကံဳ
please wait

No media source currently available

0:00 0:10:42 0:00
တိုက္႐ိုက္ လင့္ခ္

=============================

[Unicode Version]

ကိုဗစ်ကာလ မြန်မာလေယာဉ်မယ်တွေရဲ့ အတွေ့အကြုံ

မြန်မာအပါအဝင် ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အသွားအလာကန့်သတ်မှုတွေ ချမှတ်လာခဲ့ကြတာမှာ ခရီးသွားလုပ်ငန်းတွေနဲ့ လေကြောင်းလိုင်းတွေ အတော်များများ ထိခိုက်ခဲ့ရပါတယ်။ ဒါကြောင့် လေကြောင်းလိုင်းတွေမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတွေ အတွက်လည်း အရင်နဲ့မတူတဲ့ အပြောင်းအလဲတွေ၊ အခက်အခဲတွေ ကြုံရတာရှိပါတယ်။ ကိုဗစ်-၁၉ ကာလ လေယာဉ်ဝန်ထမ်း အမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေကို မြန်မာလေကြောင်းလိုင်းက အကြီးတန်းလေယာဉ်မယ်တွေဖြစ်ကြတဲ့ မဆူးလဲ့ညွှန့်နဲ့ နော်သဇင်ကိုကို တို့ကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။

ခင်ဖြူထွေး။ ။ မဆူးလဲညွှန့်နဲ့ နော်သဇင်ကိုကို ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို အချိန်ပေးပြီး ကိုယ့်ရဲ့ အတွေ့အကြေုံတွေကို ပြောပြဖို့လက်ခံတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

နော်သဇင်ကိုကို။ ။ ဟုတ်ကဲ့ပါ။

ဆူးလဲ့ညွှန့်။ ။ ဟုတ်ကဲ့ အစ်မကိုလည်း ကျေးဇူးတင်ပါတယ်။

ခင်ဖြူထွေး။ ။ အခုလက်ရှိမှာက မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာနဲ့တဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုတွေ ဖြစ်တဲ့အခါကျတော့ အသွားအလာကန့်သတ်မှုတွေ ဖြစ်တယ်။ လေကြောင်းလိုင်းတွေ မှာဆိုရင်လည်း လေကြောင်းခရီးစဉ်တွေ ရပ်သွားတာတွေ အများကြီးရှိတယ်။ ဆိုတော့ မဆူးလဲ့ညွှန့်နဲ့ နော်သဇင်ကိုကို တို့ နှစ်ယောက်စလုံးကလည်း အကြီးတန်း လေယာဉ်မယ်တွေ ဖြစ်ကြတယ် ဆိုတော့ အတွေ့အကြုံတွေက သူများတွေထက်လည်း ပိုရှိကောင်းရှိနိုင်ပါတယ်။ ဆိုတော့ ကိုဗစ်-၁၉ မဖြစ်ခင်ကနဲ့ အခု ကိုဗစ်-၁၉ ကူးစက်မှုတွေ ဖြစ်လာပြီးတဲ့နောက်ပိုင်း အလုပ်ခွင်မှာ ထူးထူးခြားခြား အပြောင်းအလဲ ဘာတွေရှိပါသလဲ။

ဆူးလဲ့ညွှန့်။ ။ ဟုတ်ကဲ့။ ကိုဗစ်-၁၉ မှာတော့ အများကြီး သက်ရောက်မှုတော့ ရှိတာပေါ့နော်။ ပြောင်းလဲမှုတွေ အများကြီးရှိတယ်။ ပုံမှန်ဆိုလို့ရှိရင်တော့ ကျမတို့က operate လုပ်ရတဲ့ flight တွေက အများကြီးပါရှင့်။ ဒါပေမဲ့ ဒီ ကိုဗစ်-၁၉ ဖြစ်ပြီဆိုတာနဲ့ ပြောင်းလဲသွားတာ ကတော့ flight တွေက အရင်ကလို အရမ်းမရှိတော့ဘူး။ ပြီးတော့ international flight (နိုင်ငံတကာခရီးစဉ်လေယာဉ်) တွေလည်း relief flight (ကယ်ဆယ်ရေးလေယာဉ်) တွေ အနေနဲ့ ပြောင်းပြီးတော့ ပြေးဆွဲလာတယ်။ domestic flight (ပြည်တွင်းခရီးစဉ်လေယာဉ်) တွေဆိုရင်လည်း အရင်ကလောက် အများကြီး မရှိတော့ဘူးပေါ့နော်။ အဲ့ဒါတွေ flight တွေ ပြောင်းတဲ့အပြင်ကို ကျမတို့ လေယာဉ်မယ် အနေနဲ့ဆိုရင်လည်း သင်တန်းတွေ ပုံမှန် နှစ်စဉ်ပေးနေကျ သင်တန်းတွေဆိုလို့ရှိရင် online class (အွန်လိုင်းသင်တန်း) တွေ အနေနဲ့ ပြောင်းလဲပြီးတော့ ကျမတို့ သင်ရတယ်။ စာမေးပွဲ ပြန်ဖြေဆိုလို့ရှိရင်လည်း အွန်လိုင်းကနေပဲ ပြန်ဖြေဆိုရတယ်ရှင့်။အဲဒီလိုမျိုး ပြောင်းလဲမှုတွေတော့ အများကြီး ဖြစ်လာတာပေါ့နော်။

ခင်ဖြူထွေး။ ။ ဆိုတော့ ဒီကာလမှာ ဖြတ်သန်းရတဲ့အခါမှာ အရင်နဲ့မတူတဲ့ အခက်အခဲကြုံရတာတွေရော ရှိပါသလား။ နော်သဇင်ကိုကို လည်း ပြောပြပေးပါဦးရှင့်။

နော်သဇင်ကိုကို။ ။ ဟုတ်ကဲ့ပါရှင့်။ ဒီလိုမျိုး ကိုဗစ်-၁၉ အချိန်မှာ ကျမတို့ ဒီလို ပတ်ဝန်းကျင်က ချစ်တဲ့ခင်တဲ့သူတွေက ကိုယ့်အလုပ်ကြောင့် ကိုယ့်အိမ်ကို မလာရဲဖြစ်တယ်။ တချို့ကျတော့လည်း သူများမလုပ်နိုင်တာကို လုပ်နေရတာဆိုပြီးတော့ စာနာ နားလည်ပေးပြီး respect ပေးကြပါတယ်ရှင့်။ အခုဆိုရင် ကျမရဲ့ မိသားစုဝင်တွေနဲ့ ကျမ ချစ်သူ၊ ကျမ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကလည်း ကိုယ့်ကို သီးခြားထားပြီးတော့ သူတို့ အဝေးကနေ လှမ်းပြီးတော့ လိုအပ်တာတွေ ထောက်ပံ့ပေးပါတယ်ရှင့်။

ခင်ဖြူထွေး။ ။ အခုလိုအချိန်မှာဆိုရင် လေကြောင်းခရီးစဉ်တွေ လျော့သွားတယ်ဆိုတော့ ကိုယ့်အလုပ်မှာ ကိုဗစ်-၁၉ ကြောင့် တိုက်ရိုက်ကိုယ့်အပေါ် သက်ရောက်မှု ဘာတွေရှိပါလဲ။ အခက်ခဲဆုံး အခြေအနေ ဖြတ်သန်းရတာရှိတယ်ဆိုရင်လည်း ဘာတွေကြုံရတာရှိပါသလဲ။

ဆူးလဲ့ညွှန့်။ ။ အခက်ခဲဆုံး အချိန်ရယ်လို့တော့ မဟုတ်ပါဘူး။ flight တွေ လျော့သွားတဲ့အတွက်ကြောင့် ကျမတို့ အလုပ်နားရတာ တခုလောက်ပါပဲ။ ကျန်တဲ့ဟာတွေကတော့ အားလုံးက အဆင်ပြေတယ်။ လေကြောင်းလိုင်းကလည်း အားလုံး support ကူညီထောက်ပံ့ပေးတဲ့အတွက်ကြောင့်မို့လေ အဆင်ပြေတယ်။ ဒီ quarantine နေရတဲ့အချိန်တွေတောင် support က လုံးဝမပြတ်၊ ဖုန်းတွေေတောက်လေ ျှာက်ဆက်ပြီး support ပေးတဲ့အတွက်ကြောင့်လေ တော်တော်လေးတော့ အဆင်ပြေတယ်။ ကျမတို့ အနေနဲကတော့။

ခင်ဖြူထွေး။ ။ လောလောဆယ် ကျမတို့သိတာက ကယ်ဆယ်ရေးလေယာဉ်တွေ သွားနေတယ်ဆိုတော့ အဲ့ဒီ flight တွေမှာပဲ သွားနေရတာလား။ ဒါမှမဟုတ် ဒီကာလကို ဘယ်လိုဖြတ်သန်းနေသလဲ။ အလုပ်နဲ့ပဲ ဖြတ်သန်းနေတာလား။ ဒါမှမဟုတ် အိမ်မှာဖြတ်သန်းနေရတာ များသလား။ ဒီကာလမှာ လေယာဉ်မယ်တယောက်ရဲ့ ဖြတ်သန်းမှု အတွေ့အကြုံပေါ့။

ဆူးလဲ့ညွှန့်။ ။ ဟုတ်ကဲ့။ relief flight တွေက လိုက်ရတယ်ရှင့်။ ပထမဆုံးသွားတဲ့ flight တွေဆိုရင်တော့လေ။ volunteer အနေနဲ့ (ကိုယ့်သဘောဆန္ဒနဲ့ကိုယ်) လိုက်ဖို့ request လုပ်တဲ့ cabin crew (လေယာဉ်ဝန်ထမ်း) တွေ ရှိတယ်ပေါ့နော်။ အဲ့ဒီအထဲမှာ ကျမက တာဝန်ထမ်းဆောင်ရတဲ့သူ တယောက်ပါ။ အဲ့ဒီတော့ ပထမ ကတော့ relief flight တွေ လိုက်ရတယ်။ ပြီးတော့ အိမ်မှာ home quarantine တွေ နေရတယ်။ နောက်ပိုင်း home quarantine ကနေပြီးတော့ ပိုးတွေ့လူနာတွေရှိတဲ့အချိန်မှာ ကျမတို့ hotel quarantine အနေနဲ့ ပြောင်းလဲပြီး နေရတယ်။ သတ်မှတ်ထားတဲ့ ရက်အတိုင်းပြည့်အောင် hotel quarantine မှာ နေရတယ်။ နောက်ပိုင်း quarantine ပြည့်သွားတဲ့အချိန်မှာတော့ ပုံမှန် ပြည်တွင်း flight တွေ ပြေးဆွဲတဲ့အချိန်မှာ ကျမတို့ ပြန်ပြီးတော့ တာဝန် ပြန် ထမ်းဆောင်ရပါတယ်။ အခက်အခဲရယ်တော့ ထွေထွေထူးထူးတော့ ကျမတို့ မရှိပါဘူးရှင့်။ ပုံမှန် operate လည်း လုပ်နေတာဆိုတော့လေ။

ခင်ဖြူထွေး။ ။ အခု ကိုဗစ်-၁၉ ဖြစ်နေတဲ့ကာလမှာ လေယာဉ်ခရီးစဉ်ပေါင်း ဘယ်လောက်လောက် သွားခဲ့ရပါလဲ။ အဲ့ဒီအတွေ့အကြုံလေးကိုလည်း ပြောပြပါဦး။

ဆူးလဲ့ညွှန့်။ ။ ကျမကတော့ ကိုဗစ်-၁၉ မှာ relief flight အနေနဲ့ ဆိုလို့ရှိရင်တော့ တရုတ်နိုင်ငံ ဝူဟန်မြို့၊ စင်ကာပူ၊ ဘန်ကောက်နဲ့ အိန္ဒိယနိုင်ငံတွေကို သွားခဲ့ရပါတယ်။ ပုံမှန်နဲ့တော့ မတူဘူးပေါ့။ relief flight ဆိုတဲ့အတိုင်း ကျမတို့ ဌာနကနေပေးထားတဲ့ PPE ဝတ်စုံတွေ အပြည့်အစုံကို ဝတ်ဆင်ပြီး relief flight တွေ လိုက်ရတယ်။ PPE ဝတ်စုံ ဝတ်တဲ့အခါမှာရော ချွတ်တဲ့အခါမှာရော procedure (ဆောင်ရွက်ပုံအဆင့်ဆင့်) အတိုင်းကို ဝတ်ရတယ်။ ချွတ်ရတယ်။ သေချာလေး ပိုပြီးတော့ ဂရုစိုက်ရတယ်ရှင့်။ ပြီးတော့ အိမ်မှာပြန်လာပြီဆိုတာနဲ့ home quarantine အနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနကနေ သတ်မှတ်ထားတဲ့ guideline (ညွှန်ကြားချက်) အတိုင်းကိုပေါ့နော် ကျမတို့ နေထိုင်ရတယ်။ တကယ်လို့ ဒီ flight တွေမှာ ပိုးတွေ့လူနာတွေ ပါလာပြီဆိုတာနဲ့ ကျမတို့ ရုံးကနေပြီးတော့ ချက်ချင်း hotel quarantine အနေနဲ့ ပြောင်းပြီးတော့ နေရတယ်ရှင့်။ အဲ့ဒီ hotel quarantine ကလည်း ဒီသတ်မှတ်တဲ့ရက်အတိုင်း အပြည့်နေရတယ်။

ခင်ဖြူထွေး။ ။ ကိုယ်သွားခဲ့တဲ့ လေယာဉ်ခရီးစဉ်ထဲမှာ ရောဂါပိုးရှိတဲ့သူ ပါလာတာမျိုး ကြုံခဲ့ရဖူးပါသလား။

ဆူးလဲ့ညွှန့်။ ။ ဟုတ်ကဲ့။ ရောဂါပိုးရှိတဲ့သူ ပါလာတာနဲ့ ကြုံခဲ့ရဖူးပါတယ်။ အိန္ဒိယနိုင်ငံကနေ ပြန်လာတဲ့အချိန်မှာတော့ ပိုးတွေ့ လူနာတွေ တွေ့တဲ့အတွက်ကြောင့်မိုလို့ ကျမတို့ hotel quarantine နေခဲ့ရပါတယ်ရှင့်။

ခင်ဖြူထွေး။ ။ ကိုဗစ်-၁၉ ဖြစ်တဲ့အခါကျတော့ လေကြောင်းလိုင်းတွေ အတော်များများ ထိခိုက်ကြပါတယ်။ နိုင်ငံတကာမှာဆိုလို့ရှိရင်လည်း ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်တွေ အကုန်လုံး ရပ်သွားခဲ့တာဆိုတော့။ မြန်မာနိုင်ငံမှာတင်မဟုတ်ဘဲ နိုင်ငံတကာမှာရော လေကြောင်းလိုင်းတွေမှာ အလုပ် လုပ်နေကြတဲ့ဝန်ထမ်းတွေကြားမှာ စိုးရိမ်မှုတွေရှိပါတယ်။ သူတို့ ဘယ်တော့ အလုပ်ဖြုတ်ခံရမလဲ။ သူတို့အလုပ်တွေ ဘယ်တော့ ရပ်နားသွားကြမလဲ ဆိုတာမျိုးပေါ့နော်။ ကိုယ့်မှာရော အဲ့ဒီလို စိုးရိမ်မှုမျိုး ရှိပါသလား။

နော်သဇင်ကိုကို။ ။ Airline တွေတင်မဟုတ်ဘဲနဲ့ တကမ္ဘာလုံးနဲ့ချီပြီးတော့ ရင်ဆိုင်နေရတဲ့အချိန် ဆိုတော့လည်း ကျမတို့က ရရှိလာမယ့်အကျိုးဆက်နဲ့ပတ်သက်ပြီးတော့ အမြဲတမ်း အသင့်ပြင်ထားပါတယ် အစ်မ။ ဒါပေမဲ့ လက်ရှိအချိန်အထိ ကိုယ်တန်ဖိုးပြီးတော့ ဝါသနာပါတဲ့ ဒီလေယာဉ်မယ်အလုပ်ကလေးကို ဆက်လုပ်ခွင့်ရနေတာနဲ့တင် အရမ်းကို ပျော်ရွှင်မိပါတယ် အစ်မ။

ခင်ဖြူထွေး။ ။ အကယ်၍များ တခုခု သက်ရောက်မှု ဆိုးဆိုးရွားရွား ရှိခဲ့ရင်လည်း ဘယ်လိုဆက်လုပ်မယ်ဆိုတဲ့ အတွေးမျိုးပေါ့။ ဘယ်လိုစဉ်းစားထားလဲ။ မဆူးလဲ့ညွှန့် လည်း ပြောပြပါဦး။

ဆူးလဲ့ညွှန့်။ ။ ဟုတ်ကဲ့။ အခု လောလောဆယ်အထိကတော့ အားလုံး အဆင်ပြေနေတုန်းပဲပေါ့နော်။ ပုံမှန် flight တွေကလည်း ပြန်လိုက်နေရပြီဆိုတော့ လောလောဆယ်ကတော့ အဆင်ပြေတယ်။ နောက်ပိုင်းမှာ ဆိုးဆိုးရွားရွား ပြောင်းလဲမှုတွေဖြစ်လာတယ် ကြုံတွေ့ရတယ် ဆိုလို့ရှိရင်လည်း ကြုံတွေ့တဲ့ဟာကိုပဲ အကောင်းဆုံးဖြစ်အောင်လို့ ရင်ဆိုင်မယ်။ ပြီးတော့ တခြား အလုပ်တွေကိုလည်း ဆက်လုပ်ဖို့ကို ပိုပြီးတော့ ကြိုးစားနေပါတယ်ရှင့်။ ဒါပေမဲ့ ဒီလေယာဉ်မယ် ဘဝကိုလည်း ဆက်လုပ်မယ်။ အပြင်မှာလည်း အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဟာပေါ့နော်။ ကိုယ့်ရဲ့တတ်ကျွမ်းတဲ့ဟာနဲ့ပဲ အပြင်မှာလည်း လုပ်ငန်းတွေ လုပ်ဆောင်တယ်။ ဒီ cabin crew life လေယာဉ်ဝန်ထမ်းဘဝလည်း လုပ်ဆောင်တဲ့အတွက်ကြောင့်မိုလို့ ကျမ အနေနဲ့ကတော့ အရမ်းကြီးတော့ စိုးရိမ်မှုတော့ မရှိပါဘူးရှင့်။ ပြီးတော့ အခု လောလောဆယ်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ဟာကိုပဲ အကောင်းဆုံး တာဝန်ကျေအောင် ထမ်းဆောင်ပါတယ်ရှင့်။

ခင်ဖြူထွေး။ ။ ဒီလေယာဉ်ဝန်ထမ်းအလုပ်က တခြား အလုပ်တွေနဲ့ နှိုင်းယှဉ်ရင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတယ်။ တာဝန်ယူရတာတွေ များတယ်။ သတ်မှတ်ချက်တွေ များတယ်။ ဒီလိုအလုပ်မျိုးကိုမှ မဆူးလဲ့ညွှန့် ရော၊ နော်သဇင်ကိုကို ရော ဘာကြောင့် ရွေးချယ် လုပ်ဖြစ်ခဲ့တာပါလဲ။

နော်သဇင်ကိုကို။ ။ သမီးရဲ့ အိပ်မက်က ငယ်ငယ်ကတည်းက လေယာဉ်မယ် ဖြစ်ချင်တာပါရှင်။ လေယာဉ်မယ်ဖြစ်ရင် ခရီးသည်တွေကို ဝန်ဆောင်မှုပေးပြီးတော့ ကိုယ့်ကြောင့် စိတ်ချမ်းသာစေချင်တဲ့အတွက် လေယာဉ်မယ် အလုပ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ လေယာဉ်မယ်လုပ်ရတာက တခြားအလုပ်တွေနဲ့ မတူပါဘူး။ သူက စည်းကမ်းလေးတွေ ရှိတယ်။ ဥပမာ ချမှတ်ထားတဲ့ စည်းကမ်းလေးတွေနဲ့သွားရတဲ့ အဖွဲ့အစည်းတခုလည်း ဖြစ်တဲ့အတွက် လူတိုင်းအားကျစရာ အလုပ်လေးတခုလို့ ယူဆလို့လည်း လုပ်ဖြစ်တာပါ။ ပြီးတော့ ဒီအလုပ်ကို လုပ်ပြီးတော့ အပြင်လူတယောက်က ကိုယ့်ကို ကြည့်လိုက်တာနဲ့ ကိုယ့်ရဲ့ personality က ထင်းပြီးတော့၊ ချောတယ် မချောတယ်ဆိုတာထက် standard တခုရှိတယ်လို့ ခံစားရစေတဲ့အတွက် ဒီအလုပ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်ရှင့်။

ခင်ဖြူထွေး။ ။ မဆူးလဲ့ညွှန့်ကရော။

ဆူးလဲ့ညွှန့်။ ။ ဟုတ်ကဲ့။ ကျမ အနေနဲ့ဆိုရင်တော့ လေယာဉ်မယ်ဖြစ်ချင်တာက ငယ်ငယ်ကတည်းက မြန်မာ့လေကြောင်းလိုင်းကိုပေါ့နော်။ အရင်တုန်းက မြန်မာ့လေကြောင်းလိုင်းက ခေတ်စားတာပေါ့နော်။ ကြော်ငြာတွေ ရိုက်ကူးတဲ့အထဲမှာ လေယာဉ်မယ်တွေ သွားတဲ့လာတဲ့ပုံတွေကို ကြည့်ပြီးတော့ သဘောကျတာပေါ့နော်။ အဲ့ဒီကနေပြီးတော့ နောက်ပိုင်း လေယာဉ်မယ်တယောက်က ဘာတွေလုပ်အပ်သလဲ ဆိုတာကို ကိုယ်ကလိုက်ပြီးတော့ လေ့လာတယ်။ စုံစမ်းတယ်။ ပြီးတော့ နောက်ပိုင်း သင်တန်းတွေ လိုအပ်တယ်ဆိုရင် အင်္ဂလိပ်သင်တန်းတို့၊ ရေကူးသင်တန်းတို့ အဲ့ဒီလိုမျိုးတွေ အကုန်လုံး ကိုယ့်ဘက်ကနေပြီးတော့ အစစအရာရာ ပြည့်စုံအောင်လုပ်ပြီးတော့ ဒီလေယာဉ်မယ်အင်တာဗျူးကို လေ ျှာက်ခဲ့တာပေါ့နော်။ ဒီအလုပ်ထဲမှာဝင်တဲ့အခါမှာလည်း ကိုယ်မေ ျှာ်လင့်ထားတာထက် ပိုပြီးတော့ ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ပိုရတယ်။ ပြီးတော့ ဒီလေယာဉ်မယ် ဘဝက တခြားဘဝနဲ့မတူဘူး။ flight တွေ သွားနေရတာ ခရီးတွေသွားရတဲ့ ခံစားချက်ကိုလည်း ကျမ အရမ်း နှစ်သက်တယ်။ အဲ့ဒါကြောင့်မို့ အရင်ကတည်းကလည်း လုပ်ချင်တယ်။ အခု လေယာဉ်မယ်လုပ်တာလည်း အဆင်ပြေတယ်။ ပြီးတော့ ကိုယ့်ရဲ့ Myanmar National Airlines ကလည်း support က အရမ်းကောင်းကောင်းပေးတယ်။ သင်တန်းကအစ အရာရာပြည့်စုံအောင် support ပေးတဲ့အတွက်ကြောင့်မို့ အမြဲတမ်း လေယာဉ်မယ်ဘဝကိုလေ သဘောပိုကျမိတာပေါ့နော်။ ကိုယ့်ရဲ့ airline ကြောင့်လည်း လေယာဉ်မယ်အလုပ်ကို ပိုနှစ်သက်မိတယ်လို့ ကျမ ကတော့ ထင်ပါတယ်ရှင့်။

ခင်ဖြူထွေး။ ။ ကိုယ်သွားခဲ့တဲ့ ခရီးစဉ်တွေထဲမှာရော စိတ်လှုပ်ရှားစရာ ကြောက်ရွံ့ထိတ်လန့်စရာ အခြေအနေမျိုးပဲဖြစ်ဖြစ် ကြုံခဲ့ရတာ ခံစားခဲ့ရတာရော ရှိတယ်ဆိုရင် ပြောပြပါလား။

နော်သဇင်ကိုကို။ ။ ဟုတ်ကဲ့ရှင့်။ ကျမ သာမန် flight ပေါ့နော်။ ဒီ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီးမဟုတ်ဘဲနဲ့ အရင်တုန်းက ကျမ အတွေ့အကြုံအရ လေယာဉ်ပေါ်မှာ နှလုံးကြောင့် အမောဖောက်ပြီးတော့ လဲသွားတဲ့ ခရီးသည်တယောက်နဲ့ ကြုံခဲ့ပါတယ်ရှင့်။ အဲ့ဒီအချိန်မှာ ကျမတို့ လေယာဉ်ဆင်းဖို့ကလည်း မိနစ် ၃၀ လောက် လိုသေးတယ်။ အဲ့ဒီအချိန်မှာ သူက ဗုန်းခနဲ ကိုယ့်ရှေ့မှာလဲသွားတော့ ရုတ်တရက် ကိုယ် ဘာလုပ်ရမယ်မှန်းလဲ မသိဘူးပေါ့နော်။ အဲ့ဒီမှာ သင်ထားတဲ့ဟာတွေကို refresh ပြန်လုပ်ပြီးတော့ ချက်ချင်းပဲ သူ့ကို first aid ပေးတယ်။ အဲ့ဒီအခါမှာ သူက recover ပြန်ဖြစ်သွားတယ်။ CPR ပေးလိုက်တဲ့အချိန်မှာပေါ့နော်။ အဲ့ဒါ အလုပ်ကနေ သင်ပေးတဲ့ အတွေ့အကြုံတွေအရ သူ့ရဲ့အသက်ကို ကယ်နိုင်ခဲ့တယ်။ အဲ့ဒီအတွက် ကျမ တသက်လုံး ဝမ်းသာဂုဏ်ယူမိတယ်ပေါ့နော်။

ခင်ဖြူထွေး။ ။ ကျေးဇူး အများကြီးတင်ပါတယ်။ အခုလို အချိန်ပေးပြီး ပြောပြပေးတဲ့အတွက် နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG