သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မဲစာရင္းစစ္ၾကဖို႔ ေရြးေကာက္ပြဲ ေစာင့္ၾကည့္သူေတြ တိုက္တြန္း


မြန္ျပည္နယ္ ေပါင္ၿမိဳ႕မွာ ဆႏၵမဲေပးခြင့္ရွိသူ အမည္စာရင္းကို ၾကည့္႐ႈေနသူတခ်ဳိ႕။ (ဇူလုိင္ ၂၇၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

(Zawgyi / Unicode)

COVID-19 ကာလ က်င္းပမယ့္ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေရြးေကာက္ပြဲအတြက္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ လတ္တေလာ ေဆာင္ရြက္ခ်က္ေတြအေပၚ ေရြးေကာက္ပြဲ ေစာင့္ၾကည့္သူေတြရဲ႕ အျမင္သံုးသပ္ခ်က္ေတြကို မဆုမြန္ စုစည္းတင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံမွာ လာမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔ တနဂၤေႏြေန႔မွာ လႊတ္ေတာ္အသီးသီးအတြက္ ၂၀၂၀ ျပည့္ႏွစ္ ပါတီစံုဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲေတြ က်င္းပမယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္က ေၾကညာၿပီး ၿပီးခဲ့တဲ့ ဇူလုိင္လ ၂၅ ရက္ေန႔ကေန ၾသဂုတ္လ ၇ ရက္ေန႔အထိ ေရြးေကာက္ပြဲမွာ ပါဝင္မဲေပးခြင့္ရွိတဲ့သူေတြရဲ႕ မဲဆႏၵရွင္စာရင္း ပထမဆံုးအႀကိမ္အျဖစ္နဲ႔ ျမန္မာျပည္တဝန္း ထုတ္ျပန္ ေၾကညာထားပါတယ္။

တကယ္လို႔ အမွားအယြင္း ရွိခဲ့တယ္ဆိုရင္ အသိေပးဖို႔ အခုဆိုရင္ သီတင္းတပတ္ က်န္ေနေသးတဲ့အတြက္ မဲဆႏၵရွင္ ျပည္သူေတြအေနနဲ႔ မဲဆႏၵရွင္စာရင္း ကပ္ထားခ်ိန္ ေသခ်ာသြားၾကည့္ဖို႔၊ ေနာက္ မွားတယ္ဆိုရင္ စနစ္တက် ျပင္ဆင္ေဆာင္ရြက္ၾကဖို႔ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာသူေတြက တိုက္တြန္းပါတယ္။

လတ္တေလာမွာေတာ့ အရပ္ဘက္ အဖြဲ႔အစည္းေတြဘက္က ေရြးေကာက္ပြဲ အနီးကပ္ေစာင့္ၾကည့္ခြင့္ကို တရားဝင္ေတာင္းခံထားတာ ခြင့္ျပဳခ်က္ရဖို႔ ေစာင့္ဆုိင္းေနရဆဲ အေနအထား ရွိေပမယ့္လို႔ ေလ့လာခ်က္ေတြအရ မဲစာရင္းစစ္သူ အေတာ့္ကို နည္းေနပါတယ္လို႔ ေရြးေကာက္ပြဲ အနီးကပ္ေစာင့္ၾကည့္ ေလ့လာေနတဲ့ New Myanmar Foundation အဖြဲ႔က မျမနႏၵာသင္းက ေျပာျပပါတယ္။

“တရားဝင္ ေစာင့္ၾကည့္ခြင့္ မရေသးေပမယ့္လို႔ ဇူလိုင္ ၂၅ ရက္ေန႔က ၃၁ ရက္ေန႔အထိ အလြတ္သေဘာ တပတ္တာ က်မတို႔ မဲဆႏၵရွင္ေတြကို ေမးျမန္းၾကည့္တဲ့အခါမွာ ၅၀ ရာခုိင္ႏႈန္းေလာက္က မဲစာရင္းကို သူတို႔ သြားမၾကည့္ရေသးဘူးဆိုတာ ေတြ႔ရပါတယ္။ ဒါေတာင္ တုိင္းေဒသႀကီးနဲ႔ ၿမိဳ႕ေပၚ အဓိကထားၿပီးကို ေမးခဲ့တာဆိုေတာ့ ဒီ့ထက္ပိုၿပီးေတာ့လည္း မၾကည့္ရေသးတဲ့ ရာခိုင္ႏႈန္း မ်ားႏုိင္တယ္ေပါ့ေနာ္။

“ေနာက္တခ်က္က က်မတို႔ေမးလိုက္ေတာ့ COVID-19 ကာလမွာ ေရႊ႕ေျပာင္းေတြလည္း ေတာ္ေတာ္ေလးမ်ားတယ္။ ျပည္ပကေန ျပန္လာတဲ့သူေတြ ရွိသလို ရန္ကုန္လိုၿမိဳ႕ကေန အလုပ္အကိုင္ အခြင့္အလမ္းနဲ႔ အေျခအေန အရပ္ရပ္ေၾကာင့္ ျပန္သြားၾကတဲ့သူေတြလည္း ရွိတယ္ေပါ့ေနာ္။ ကိုယ္ေရာက္ေနတဲ့ ေနရာေတြနဲ႔ ကြာဟခ်က္ေတြ မ်ားေနတာဆိုေတာ့ ျပင္ဆင္ရမယ့္ အပိုင္းေတြကလည္း ေတာ္ေတာ္မ်ားမ်ားကို ရွိေနပါတယ္။”

ေရြးေကာက္ပြဲ ေစာင့္ၾကည့္သူေတြဘက္က လြတ္လပ္တရားမွ်တဲ့ ေရြးေကာက္ပြဲ ျဖစ္ႏုိင္ေရး ႀကိဳးစားေနၾကသလို မဲေပးရမယ့္ ႏုိင္ငံသားေတြကိုယ္တုိင္ မဲေပးခြင့္ မဆံုး႐ႈံးေစေရး ဂ႐ုတစိုက္ ကုိယ္တုိင္သြားေရာက္ စစ္ေဆးၾကပါလို႔ ေရြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႔ (PACE) ရဲ႕ ပ႐ိုဂရမ္မန္ေနဂ်ာ ကိုဟန္စိုးက ေျပာပါတယ္။

“က်ေနာ္တို႔ႏိုင္ငံရဲ႕ ဒီစနစ္ေပါ့၊ လက္ရွိက်င့္သံုးေနတဲ့ စနစ္က အိမ္ေထာင္စုစာရင္းကေန တုိက္႐ုိက္စာရင္းဝင္သြားတာျဖစ္တယ္။ ဒါေပမယ့္ အခုလိုကာလမွာ မဲစာရင္းကို လာစစ္ၿပီးေတာ့ အကယ္လို႔ မဲစာရင္းမွာ မပါဘူးဆိုရင္ ေလွ်ာက္လႊာတင္လို႔ရတယ္။ မွားေနရင္လည္း ေလွ်ာက္လႊာတင္ၿပီး ျဖည့္လိုက္႐ံုပါပဲ။ အဲဒီေတာ့ ေရြးေကာက္ပြဲဥပေဒအရ မဲစာရင္းမွာပါမွ ေရြးေကာက္ပြဲေန႔မွာ မဲေပးလို႔ရတာမို႔လို႔ ႏုိင္ငံသားေတြအေနနဲ႔ မဲစာရင္းစစ္ဖို႔ လိုပါတယ္။

“က်ေနာ္တို႔အေနနဲ႔ ေစာင့္ၾကည့္ေလ့လာမႈေတြ အခ်ိန္မီ မျပဳလုပ္ႏုိင္ဘူးဆိုရင္ ဘယ္ေလာက္ မဲစာရင္းမွာ အမွားအယြင္းေတြ ျဖစ္ေနတာဆိုတာ မသိႏုိင္လို႔ အဲဒါေၾကာင့္ ႏုိင္ငံသားေတြကိုယ္တုိင္က ကိုယ့္ရဲ႕ မဲေပးခြင့္ကို ကာကြယ္ဖို႔လိုလာၿပီ။ ကိုယ့္ရဲ႕ မဲေပးပိုင္ခြင့္ကို ကာကြယ္ႏုိင္ဖို႔ ကိုယ္တိုင္ မဲစာရင္းကို သြားၾကည့္ဖို႔လိုတယ္။ မပါဘူးဆိုရင္ ခ်က္ခ်င္း ေလွ်ာက္ထားဖို႔လိုတယ္။ ေလွ်ာက္ထားဖို႔ အခက္အခဲရွိတယ္ ဆုိရင္လည္း တုိင္ၾကားဖို႔လိုတယ္။ ဒါမ်ိဳးေတြကို တုိက္တြန္းခ်င္ပါတယ္။”

ဒါေၾကာင့္ မဲဆႏၵရွင္ ျပည္သူေတြအေနနဲ႔ မိမိတို႔ရဲ႕ အမည္စာရင္းေတြကို ကိုယ္တုိင္သြားၾကည့္ၿပီး အမွားအယြင္းရွိတယ္ဆိုရင္ ရပ္ကြက္ ေက်းရြာ ေကာ္မရွင္အဖြဲ႔ခြဲကို ဆက္သြယ္ၿပီး လိုအပ္တဲ့ေဖာင္ပံုစံေတြ ျဖည့္သြင္းပါလို႔လည္း မျမနႏၵာသင္းက တုိက္တြန္းပါတယ္။

“အခုက တပတ္က်န္ေသးတယ္။ ၾသဂုတ္လ ၇ ရက္ေန႔အထိ ၾကည့္လို႔ရေသးတယ္ဆိုေတာ့ မဲဆႏၵရွင္ေတြအေနနဲ႔ မဲစာရင္းကို မျဖစ္မေန သြားၾကည့္သင့္တယ္။ သြားၾကည့္တဲ့အခ်ိန္ ကိုယ့္နာမည္တခုတည္းနဲ႔တင္ မဟုတ္ဘဲ ကိုယ့္မိသားစုပါ ၾကည့္ေပးပါ။ ေနာက္ နာမည္ေတြ က်န္ခဲ့တာမ်ိဳးဆိုရင္လည္း ပံုစံ ၃ နဲ႔ျဖည့္ပါ။ ေနာက္ စာ႐ုိက္မွားတာမ်ိဳး အေၾကာင္းေၾကာင္းေၾကာင့္ မွားေနတာျမင္ရင္ ပံုစံ ၄ (ဃ) နဲ႔ အမွားျပင္ဖို႔ လိုပါတယ္။ ေသဆံုးသူေတြ လံုးဝ အၿပီးအပိုင္ ေျပာင္းေရႊ႕သြားတဲ့သူေတြ ဆိုရင္လည္း ကန္႔ကြက္ဖို႔ေတြလည္း လုပ္ဖို႔လိုပါတယ္။ ကိုယ္တုိင္လုပ္ပါ၊ မလုပ္တတ္ရင္ တာဝန္က်တဲ့ ေရြးေကာ္မရွင္က တာဝန္ရွိသူေတြကို ပံုစံေတြေတာင္းၿပီး ခ်က္ခ်င္းျဖည့္ၿပီးပို႔ဖို႔ ဒါေလးေတြ ေျပာခ်င္ပါတယ္။”

ေရြးေကာက္ပြဲက်င္းပဖို႔ နီးကပ္လာခ်ိန္ျဖစ္ေပမယ့္ ကမာၻ႔ကပ္ေရာဂါ COVID-19 ကူးစက္ေနဆဲမို႔ ႏုိင္ငံသူ ႏုိင္ငံသားေတြ ေရာဂါပိုး ကူးစက္ခံရျခင္း မရွိေအာင္ လူစုလူေဝးနဲ႔ လႈပ္ရွားမႈေတြကို ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္နဲ႔ က်န္းမာေရးဝန္ႀကီးဌာနတို႔ၾကား ပူးေပါင္းၿပီး ကာကြယ္မႈေတြလုပ္ဖို႔ လိုတယ္လို႔လည္း ေရြးေကာက္ပြဲဆိုင္ရာ ေစာင့္ၾကည့္သူ ကိုဟန္စိုးက ေျပာပါတယ္။

“အခုဆိုရင္ ၅ ေယာက္ကေန ၁၅ ေယာက္ကို ေျဖေလွ်ာ့ေပးလိုက္တယ္။ အခုဆိုရင္ မဲဆြယ္စည္း႐ံုးေရးကာလက လာေတာ့မယ္။ ဒီ မဲဆြယ္စည္း႐ုံးမႈေတြကို COVID-19 နဲ႔ပတ္သက္တဲ့ တားျမစ္ခ်က္ေတြဟာ မဲဆြယ္စည္း႐ုံးေရးကာလကို သက္ေရာက္မယ့္ အလားအလာ ရွိေနတယ္။ ကိုဗစ္ကပ္ေရာဂါရဲ႕ အႏၱရာယ္ကလည္း ရွိေနတယ္။ ဒါေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ ေရြးေကာက္ပြဲေကာ္မရွင္တို႔ အနီးကပ္ ပူးေပါင္းဖို႔လိုတယ္။

“အခုဆိုရင္ အခ်ိန္ကလည္း နီးလာၿပီ။ ကမ္ပိန္း Regulations ေတြထဲမွာ ကိုဗစ္ ကာကြယ္ေရးေတြကို ထည့္ဖို႔ လိုလာၿပီေပါ့။ ဒီ Regulations ေတြ ထြက္လာမွာကိုလည္း က်ေနာ္တို႔ ေစာင့္ေနတယ္။ ထြက္လာမွ ေရြးေကာက္ပြဲကို ေစာင့္ၾကည့္တဲ့အခါမွာ ပိုၿပီးစနစ္က်တဲ့ ေမးခြန္းပံုစံေတြနဲ႔ ေမးႏုိင္မယ္။ အခုက ကိုဗစ္ကာလဆိုေတာ့ ဒီ Regulation ေတြဟာ ႏုိင္ငံေရးပါတီေတြေရာ ေရြးေကာက္ပြဲေကာ္မရွင္ေရာ က်န္းမာေရးဝန္ႀကီးဌာနေရာ သံုးဦးသံုးဖလွယ္ ေပါင္းၿပီး အေကာင္အထည္ ေဖာ္သင့္ပါတယ္။ ဒါဟာ လတ္တေလာ အေရးႀကီးတဲ့ အေျခအေနတခုပါပဲ။”

လတ္တေလာမွာေတာ့ မဲဆႏၵရွင္ေတြအေနနဲ႔ မိမိအမည္စာရင္း မပါဝင္ပါက ပံုစံ ၃ ျဖည့္သြင္းၿပီး အမည္စာရင္း ထည့္သြင္းေပးဖို႔ ေတာင္းဆိုႏိုင္သလို မပါဝင္သင့္သူေတြ ပါဝင္ေနတယ္ဆိုရင္လည္း ပံုစံ ၄ ျဖည့္သြင္း ကန္႔ကြက္ႏိုင္ပါတယ္။ ေနာက္ မဲစာရင္းပါ အခ်က္အလက္ေတြ မွားယြင္းေနတယ္ဆိုရင္ ပံုစံ ၄ (ဂ) နဲ႔ ျပင္ဆင္လႊာ ျဖည့္သြင္းႏုိင္ၿပီး ဒီပံုစံေတြကို ရပ္ကြက္ ေက်းရြာ ေရြးေကာက္ပြဲေကာ္မရွင္႐ံုးေတြမွာ အခမဲ့ ရယူႏုိင္ပါတယ္။

ၾသဂုတ္လ ၇ ရက္အထိ ကပ္ထားတဲ့ မဲဆႏၵရွင္စာရင္းရဲ႕ လိုအပ္ခ်က္၊ အမွားအယြင္း၊ ျပင္ဆင္ျဖည့္စြက္ခ်က္ေတြကို ျဖည့္စြက္ၿပီးခ်ိန္မွာေတာ့ ေနာက္ထပ္တႀကိမ္ မဲဆႏၵရွင္စာရင္းေတြကို လာမယ့္ ေအာက္တိုဘာလ ေနာက္ဆံုးအႀကိမ္အျဖစ္ ထပ္မံေၾကညာမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

မဲစာရင်းစစ်ကြဖို့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ တိုက်တွန်း

COVID-19 ကာလ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ လတ်တလော ဆောင်ရွက်ချက်တွေအပေါ် ရွေးကောက်ပွဲ စောင့်ကြည့်သူတွေရဲ့ အမြင်သုံးသပ်ချက်တွေကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ တနင်္ဂနွေနေ့မှာ လွှတ်တော်အသီးသီးအတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့အထိ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးခွင့်ရှိတဲ့သူတွေရဲ့ မဲဆန္ဒရှင်စာရင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ မြန်မာပြည်တဝန်း ထုတ်ပြန် ကြေညာထားပါတယ်။

တကယ်လို့ အမှားအယွင်း ရှိခဲ့တယ်ဆိုရင် အသိပေးဖို့ အခုဆိုရင် သီတင်းတပတ် ကျန်နေသေးတဲ့အတွက် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မဲဆန္ဒရှင်စာရင်း ကပ်ထားချိန် သေချာသွားကြည့်ဖို့၊ နောက် မှားတယ်ဆိုရင် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ကြဖို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေက တိုက်တွန်းပါတယ်။

လတ်တလောမှာတော့ အရပ်ဘက် အဖွဲ့အစည်းတွေဘက်က ရွေးကောက်ပွဲ အနီးကပ်စောင့်ကြည့်ခွင့်ကို တရားဝင်တောင်းခံထားတာ ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေရဆဲ အနေအထား ရှိပေမယ့်လို့ လေ့လာချက်တွေအရ မဲစာရင်းစစ်သူ အတော့်ကို နည်းနေပါတယ်လို့ ရွေးကောက်ပွဲ အနီးကပ်စောင့်ကြည့် လေ့လာနေတဲ့ New Myanmar Foundation အဖွဲ့က မမြနန္ဒာသင်းက ပြောပြပါတယ်။

“တရားဝင် စောင့်ကြည့်ခွင့် မရသေးပေမယ့်လို့ ဇူလိုင် ၂၅ ရက်နေ့က ၃၁ ရက်နေ့အထိ အလွတ်သဘော တပတ်တာ ကျမတို့ မဲဆန္ဒရှင်တွေကို မေးမြန်းကြည့်တဲ့အခါမှာ ၅၀ ရာခိုင်နှုန်းလောက်က မဲစာရင်းကို သူတို့ သွားမကြည့်ရသေးဘူးဆိုတာ တွေ့ရပါတယ်။ ဒါတောင် တိုင်းဒေသကြီးနဲ့ မြို့ပေါ် အဓိကထားပြီးကို မေးခဲ့တာဆိုတော့ ဒီ့ထက်ပိုပြီးတော့လည်း မကြည့်ရသေးတဲ့ ရာခိုင်နှုန်း များနိုင်တယ်ပေါ့နော်။

“နောက်တချက်က ကျမတို့မေးလိုက်တော့ COVID-19 ကာလမှာ ရွှေ့ပြောင်းတွေလည်း တော်တော်လေးများတယ်။ ပြည်ပကနေ ပြန်လာတဲ့သူတွေ ရှိသလို ရန်ကုန်လိုမြို့ကနေ အလုပ်အကိုင် အခွင့်အလမ်းနဲ့ အခြေအနေ အရပ်ရပ်ကြောင့် ပြန်သွားကြတဲ့သူတွေလည်း ရှိတယ်ပေါ့နော်။ ကိုယ်ရောက်နေတဲ့ နေရာတွေနဲ့ ကွာဟချက်တွေ များနေတာဆိုတော့ ပြင်ဆင်ရမယ့် အပိုင်းတွေကလည်း တော်တော်များများကို ရှိနေပါတယ်။”

ရွေးကောက်ပွဲ စောင့်ကြည့်သူတွေဘက်က လွတ်လပ်တရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ရေး ကြိုးစားနေကြသလို မဲပေးရမယ့် နိုင်ငံသားတွေကိုယ်တိုင် မဲပေးခွင့် မဆုံးရှုံးစေရေး ဂရုတစိုက် ကိုယ်တိုင်သွားရောက် စစ်ဆေးကြပါလို့ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ရဲ့ ပရိုဂရမ်မန်နေဂျာ ကိုဟန်စိုးက ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ ဒီစနစ်ပေါ့၊ လက်ရှိကျင့်သုံးနေတဲ့ စနစ်က အိမ်ထောင်စုစာရင်းကနေ တိုက်ရိုက်စာရင်းဝင်သွားတာဖြစ်တယ်။ ဒါပေမယ့် အခုလိုကာလမှာ မဲစာရင်းကို လာစစ်ပြီးတော့ အကယ်လို့ မဲစာရင်းမှာ မပါဘူးဆိုရင် လျှောက်လွှာတင်လို့ရတယ်။ မှားနေရင်လည်း လျှောက်လွှာတင်ပြီး ဖြည့်လိုက်ရုံပါပဲ။ အဲဒီတော့ ရွေးကောက်ပွဲဥပဒေအရ မဲစာရင်းမှာပါမှ ရွေးကောက်ပွဲနေ့မှာ မဲပေးလို့ရတာမို့လို့ နိုင်ငံသားတွေအနေနဲ့ မဲစာရင်းစစ်ဖို့ လိုပါတယ်။

“ကျနော်တို့အနေနဲ့ စောင့်ကြည့်လေ့လာမှုတွေ အချိန်မီ မပြုလုပ်နိုင်ဘူးဆိုရင် ဘယ်လောက် မဲစာရင်းမှာ အမှားအယွင်းတွေ ဖြစ်နေတာဆိုတာ မသိနိုင်လို့ အဲဒါကြောင့် နိုင်ငံသားတွေကိုယ်တိုင်က ကိုယ့်ရဲ့ မဲပေးခွင့်ကို ကာကွယ်ဖို့လိုလာပြီ။ ကိုယ့်ရဲ့ မဲပေးပိုင်ခွင့်ကို ကာကွယ်နိုင်ဖို့ ကိုယ်တိုင် မဲစာရင်းကို သွားကြည့်ဖို့လိုတယ်။ မပါဘူးဆိုရင် ချက်ချင်း လျှောက်ထားဖို့လိုတယ်။ လျှောက်ထားဖို့ အခက်အခဲရှိတယ် ဆိုရင်လည်း တိုင်ကြားဖို့လိုတယ်။ ဒါမျိုးတွေကို တိုက်တွန်းချင်ပါတယ်။”

ဒါကြောင့် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ အမည်စာရင်းတွေကို ကိုယ်တိုင်သွားကြည့်ပြီး အမှားအယွင်းရှိတယ်ဆိုရင် ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲကို ဆက်သွယ်ပြီး လိုအပ်တဲ့ဖောင်ပုံစံတွေ ဖြည့်သွင်းပါလို့လည်း မမြနန္ဒာသင်းက တိုက်တွန်းပါတယ်။

“အခုက တပတ်ကျန်သေးတယ်။ သြဂုတ်လ ၇ ရက်နေ့အထိ ကြည့်လို့ရသေးတယ်ဆိုတော့ မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းကို မဖြစ်မနေ သွားကြည့်သင့်တယ်။ သွားကြည့်တဲ့အချိန် ကိုယ့်နာမည်တခုတည်းနဲ့တင် မဟုတ်ဘဲ ကိုယ့်မိသားစုပါ ကြည့်ပေးပါ။ နောက် နာမည်တွေ ကျန်ခဲ့တာမျိုးဆိုရင်လည်း ပုံစံ ၃ နဲ့ဖြည့်ပါ။ နောက် စာရိုက်မှားတာမျိုး အကြောင်းကြောင်းကြောင့် မှားနေတာမြင်ရင် ပုံစံ ၄ (ဃ) နဲ့ အမှားပြင်ဖို့ လိုပါတယ်။ သေဆုံးသူတွေ လုံးဝ အပြီးအပိုင် ပြောင်းရွှေ့သွားတဲ့သူတွေ ဆိုရင်လည်း ကန့်ကွက်ဖို့တွေလည်း လုပ်ဖို့လိုပါတယ်။ ကိုယ်တိုင်လုပ်ပါ၊ မလုပ်တတ်ရင် တာဝန်ကျတဲ့ ရွေးကော်မရှင်က တာဝန်ရှိသူတွေကို ပုံစံတွေတောင်းပြီး ချက်ချင်းဖြည့်ပြီးပို့ဖို့ ဒါလေးတွေ ပြောချင်ပါတယ်။”

ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာချိန်ဖြစ်ပေမယ့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်နေဆဲမို့ နိုင်ငံသူ နိုင်ငံသားတွေ ရောဂါပိုး ကူးစက်ခံရခြင်း မရှိအောင် လူစုလူဝေးနဲ့ လှုပ်ရှားမှုတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ကြား ပူးပေါင်းပြီး ကာကွယ်မှုတွေလုပ်ဖို့ လိုတယ်လို့လည်း ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်သူ ကိုဟန်စိုးက ပြောပါတယ်။

“အခုဆိုရင် ၅ ယောက်ကနေ ၁၅ ယောက်ကို ဖြေလျှော့ပေးလိုက်တယ်။ အခုဆိုရင် မဲဆွယ်စည်းရုံးရေးကာလက လာတော့မယ်။ ဒီ မဲဆွယ်စည်းရုံးမှုတွေကို COVID-19 နဲ့ပတ်သက်တဲ့ တားမြစ်ချက်တွေဟာ မဲဆွယ်စည်းရုံးရေးကာလကို သက်ရောက်မယ့် အလားအလာ ရှိနေတယ်။ ကိုဗစ်ကပ်ရောဂါရဲ့ အန္တရာယ်ကလည်း ရှိနေတယ်။ ဒါကြောင့် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ အနီးကပ် ပူးပေါင်းဖို့လိုတယ်။

“အခုဆိုရင် အချိန်ကလည်း နီးလာပြီ။ ကမ်ပိန်း Regulations တွေထဲမှာ ကိုဗစ် ကာကွယ်ရေးတွေကို ထည့်ဖို့ လိုလာပြီပေါ့။ ဒီ Regulations တွေ ထွက်လာမှာကိုလည်း ကျနော်တို့ စောင့်နေတယ်။ ထွက်လာမှ ရွေးကောက်ပွဲကို စောင့်ကြည့်တဲ့အခါမှာ ပိုပြီးစနစ်ကျတဲ့ မေးခွန်းပုံစံတွေနဲ့ မေးနိုင်မယ်။ အခုက ကိုဗစ်ကာလဆိုတော့ ဒီ Regulation တွေဟာ နိုင်ငံရေးပါတီတွေရော ရွေးကောက်ပွဲကော်မရှင်ရော ကျန်းမာရေးဝန်ကြီးဌာနရော သုံးဦးသုံးဖလှယ် ပေါင်းပြီး အကောင်အထည် ဖော်သင့်ပါတယ်။ ဒါဟာ လတ်တလော အရေးကြီးတဲ့ အခြေအနေတခုပါပဲ။”

လတ်တလောမှာတော့ မဲဆန္ဒရှင်တွေအနေနဲ့ မိမိအမည်စာရင်း မပါဝင်ပါက ပုံစံ ၃ ဖြည့်သွင်းပြီး အမည်စာရင်း ထည့်သွင်းပေးဖို့ တောင်းဆိုနိုင်သလို မပါဝင်သင့်သူတွေ ပါဝင်နေတယ်ဆိုရင်လည်း ပုံစံ ၄ ဖြည့်သွင်း ကန့်ကွက်နိုင်ပါတယ်။ နောက် မဲစာရင်းပါ အချက်အလက်တွေ မှားယွင်းနေတယ်ဆိုရင် ပုံစံ ၄ (ဂ) နဲ့ ပြင်ဆင်လွှာ ဖြည့်သွင်းနိုင်ပြီး ဒီပုံစံတွေကို ရပ်ကွက် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ အခမဲ့ ရယူနိုင်ပါတယ်။

သြဂုတ်လ ၇ ရက်အထိ ကပ်ထားတဲ့ မဲဆန္ဒရှင်စာရင်းရဲ့ လိုအပ်ချက်၊ အမှားအယွင်း၊ ပြင်ဆင်ဖြည့်စွက်ချက်တွေကို ဖြည့်စွက်ပြီးချိန်မှာတော့ နောက်ထပ်တကြိမ် မဲဆန္ဒရှင်စာရင်းတွေကို လာမယ့် အောက်တိုဘာလ နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကြေညာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG