သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း နစခ စစ္ေၾကာင္း တုိက္ခုိက္ခံရ


ရခိုင္ျပည္နယ္ရွိ နယ္ျခားေစာင့္ တပ္ (၂၀၁၇ ႏို၀င္ဘာလ)

(Zawgyi/Unicode)

ရခိုင္ျပည္နယ္ ရေသ့ေတာင္ျမိဳ႕နယ္မွာ နစခစစ္ေၾကာင္းတခုတိုက္ခိုက္ခံရလို႕ ထိခိုက္မွဳမ်ားျပားေနတဲ့ အေၾကာင္း ေျပာျပခ်င္ပါတယ္။ ဒီသတင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ႏိုင္ကြန္းအိန္ တင္ျပထားပါတယ္။

နယ္ျခားေစာင့္ရဲ စစ္တပ္နဲ႕ လူ၀င္မွဳၾကီးၾကပ္ေရးအဖြဲ႕ေတြနဲ႕ေပါင္းထားတဲ့ နယ္စပ္ေဒသ လူ၀င္မူ စစ္ေဆးကြပ္ကဲ ေရးဌာနခ်ဳပ္ နစခစစ္ေၾကာင္းတခု ရေသ့ေတာင္ျမိဳ႕ နယ္ ေစတီျပင္နဲ႕ ေက်ာက္ဗန္ဒုရြာအၾကားမွာ ၾသဂုတ္လ(၃) ရက္ ေန႕ညေန ပိုင္း AA ရခိုင္လက္နက္ကိုင္အဖြဲ႕ကေန တိုက္ခိုက္ခဲ့လို႕ ျမန္မာစစ္ေၾကာင္း ထိခိုက္မွဳေတြမ်ားတယ္ လို႕ ေစတီျပင္ရြာ သားတဦးက ေျပာပါတယ္။

“ေစတီျပင္ ေက်ာက္ဗန္ဒုလမ္း အဲဒီေတာင္ေၾကာထဲမွာ ျဖစ္တာ။ ထိတာကေတာ့ လ၀က ေက်ာ္ေဇာခိုင္ ဆိုတဲ့ တေယာက္ ပါသြားတယ္အဲဒီလမ္းေၾကာင္းထဲမွာ။ တိုက္ပြဲျဖစ္တဲ့အခ်ိန္မွာ သူလဲဆုံးသြားတာဘဲလို႕ ၾကားတယ္။ သူ႕မိသား စုေတြက ဆက္သြယ္လာတယ္။ ဒီေန႕ခ်င္းနယ္စပ္ကေနျပန္တက္လာတယ္။ ျပန္တက္လာတဲ့အခ်ိန္မွာ ဒုရဲမွဴးတ ေယာက္ရယ္ တပ္ကအရာရွိ တေယာက္ရယ္။ ခုနေျပာတဲ့ လ၀ကမွဴးေက်ာ္ေဇာခိုင္ က်တယ္။ (၆)ေယာက္ဖမ္းတယ္ လို႕ေတာ့ၾကားတယ္။”

တိုက္ခိုက္မွဳျဖစ္စဥ္မွာ ေသဆုံးသူအထဲမွာ ပလက္၀ျမိဳ႕ဇာတိ လ၀ကအရာရွိ ဦးေက်ာ္ေဇာခိုင္လည္း ပါ၀င္ေနပါတယ္။

ဦးေက်ာ္ေဇာခိုင္ရဲ႕မိသားစု၀င္တဦးကေတာ့ ေစတီျပင္နယ္ျခားေစာင့္စခန္းကိုတာ၀န္နဲ႕အသြားမွာ အခုလို တိုက္ခိုက္ခံ ရတာလို႕ဆိုပါတယ္။

“ရေသ့ေတာင္ျမိဳ႕နယ္မွာ အဲဒီမွာတာ၀န္ထမ္းေဆာင္ဖို႕ဆိုျပီးေတာ့သြားတာပါ။ နစခဆိုတာက ရဲရယ္ တပ္ရယ္ လ၀က ရယ္စုစည္းထားတာ။ သူတို႕တာ၀န္က်ရာမွာ အစုလိုက္သြားၾကတာပါရွင့္။ အဲတာ အတိုက္ခိုက္ခံရတာ။ လ၀က ကေတာ့ ေသတာကေတာ့ သူတေယာက္ထဲ။ ေနာက္ထပ္ ေပ်ာက္ေနေသးတယ္။ တိုက္ပြဲျဖစ္တဲ့ ေနရာမွာ။ အခုေသတဲ့ သူက(၁၁)ေယာက္ေလာက္ သတင္းရထားတယ္ရွင့္။ ရဲမွဴးရယ္ တပ္ကဗိုလ္ၾကီးတေယာက္ရယ္။”

ရခိုင္လက္နက္ကိုင္ AAေျပာခြင့္ရခိုင္သုခကေတာ့ ဒီေန႕တိုက္ပြဲမွာ တပ္မေတာ္စစ္ေၾကာင္းဘက္ ထိခိုက္မွဳေတြ ရွိတဲ့ အျပင္ လက္ရဖမ္းမိတဲ့သူေတြရွိတယ္လို႕ဆိုပါတယ္။

“ အဲဒီအထက္နန္းရြာနားမွာျဖစ္တဲ့တိုက္ပြဲအတြင္းမွာ ဖမ္းဆီးရမိတဲ့ စစ္သုံ႕ပန္းတခ်ိဳ႕ရွိတယ္ဗ်။ ျမန္မာစစ္တပ္ ဘက္ ကသူတို႕ နယ္ျခားေစာင့္နဲ႕ေနျပီးေတာ့ စစ္တပ္ပူးေပါင္းစစ္တပ္ေပါ့ေနာ္ အဲဒီစစ္ေၾကာင္းကလဲ အထိခိုက္အက် ဆုံး ေတြလဲမ်ားတယ္ဗ်။ ျမန္မာစစ္တပ္ဆီကေန ကြ်န္ေတာ္တို႕ဒီလက္နက္ခဲယမ္းမီးေက်ာက္ေတြလဲ သိမ္းဆီးရမိတာ ရွိတယ္။ ေလာေလာဆယ္မွာေတာ့ အေရအတြက္အတိအက် ကေတာ့ကြ်န္ေတာ္ဆီ ေရာက္မလာေသးဘူး။

တပ္မေတာ္ေျပာခြင့္ရဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ဒီကေန႕တိုက္ပြဲအေျခအေန မသိရေသးသလို ဆက္သြယ္ ေနဆဲလို႕ေျပာပါတယ္။

“ကြ်န္ေတာ္လဲမသိေသးဘူးအဲတာ။ ျပန္ေမးၾကည့္ရမယ္။ ျပန္ေမးၾကည့္ျပီး ျပန္ေျပာေပးမယ္။”

မေန႕ကလည္း ေမာင္ေတာနဲ႕ရေသ့ေတာင္ျမိဳ႕နယ္အစပ္ ေမယုေတာင္တန္းဘက္မွာ ျမန္မာစစ္တပ္နဲ႕ AAအဖြဲ႕တို႕ အၾကား တိုက္ပြဲႏွစ္ၾကိမ္ျဖစ္ပြါးခဲ့တယ္လို႕ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

ရခိုင္ျပည္နယ္မွာ ျမန္မာစစ္တပ္ဘက္က အင္အား ထပ္မံျဖည့္တင္းထားသလို ရခိုင္လက္နက္ကိုင္AAအဖြဲ႕နဲ႕လဲ စစ္ေရးပဋိပကၡေတြပိုမိုျပင္းထန္လာေနပါတယ္။

ကမာၻတ၀န္း ကပ္ေရာဂါနဲ႔ ႀကံဳေနရခ်ိန္ ေဒသအတြင္းတုိက္ပဲြေတြ ရပ္ဆုိင္းၾကဖုိ႔လည္း ကုလသမဂၢ အတြင္းေရးမွဴး ခ်ဳပ္အျပင္ ျမန္မာႏုိင္ငံအေျခစုိက္ သံတမန္ေတြကလည္း တုိက္တြန္းထားေပမဲ့လဲ ရခိုင္ျပည္နယ္နဲ႕ ရွမ္းျပည္နယ္ ဘက္မွာေတာ့ တိုက္ပြဲျဖစ္ပြါးေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ရသေ့တောင်မြို့နယ်အတွင်း နစခ စစ်ကြောင်း တိုက်ခိုက်ခံရ


(Unicode)

ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ်မှာ နစခစစ်ကြောင်းတခုတိုက်ခိုက်ခံရလို့ ထိခိုက်မှုများပြားနေတဲ့ အကြောင်း ပြောပြချင်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန် တင်ပြထားပါတယ်။

နယ်ခြားစောင့်ရဲ စစ်တပ်နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေနဲ့ပေါင်းထားတဲ့ နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးကွပ်ကဲ ရေးဌာနချုပ် နစခစစ်ကြောင်းတခု ရသေ့တောင်မြို့ နယ် စေတီပြင်နဲ့ ကျောက်ဗန်ဒုရွာအကြားမှာ သြဂုတ်လ(၃) ရက် နေ့ညနေ ပိုင်း AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ တိုက်ခိုက်ခဲ့လို့ မြန်မာစစ်ကြောင်း ထိခိုက်မှုတွေများတယ် လို့ စေတီပြင်ရွာ သားတဦးက ပြောပါတယ်။

“စေတီပြင် ကျောက်ဗန်ဒုလမ်း အဲဒီတောင်ကြောထဲမှာ ဖြစ်တာ။ ထိတာကတော့ လဝက ကျော်ဇောခိုင် ဆိုတဲ့ တယောက် ပါသွားတယ်အဲဒီလမ်းကြောင်းထဲမှာ။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူလဲဆုံးသွားတာဘဲလို့ ကြားတယ်။ သူ့မိသား စုတွေက ဆက်သွယ်လာတယ်။ ဒီနေ့ချင်းနယ်စပ်ကနေပြန်တက်လာတယ်။ ပြန်တက်လာတဲ့အချိန်မှာ ဒုရဲမှူးတ ယောက်ရယ် တပ်ကအရာရှိ တယောက်ရယ်။ ခုနပြောတဲ့ လဝကမှူးကျော်ဇောခိုင် ကျတယ်။ (၆)ယောက်ဖမ်းတယ် လို့တော့ကြားတယ်။”

တိုက်ခိုက်မှုဖြစ်စဉ်မှာ သေဆုံးသူအထဲမှာ ပလက်ဝမြို့ဇာတိ လဝကအရာရှိ ဦးကျော်ဇောခိုင်လည်း ပါဝင်နေပါတယ်။

ဦးကျော်ဇောခိုင်ရဲ့မိသားစုဝင်တဦးကတော့ စေတီပြင်နယ်ခြားစောင့်စခန်းကိုတာဝန်နဲ့အသွားမှာ အခုလို တိုက်ခိုက်ခံ ရတာလို့ဆိုပါတယ်။

“ရသေ့တောင်မြို့နယ်မှာ အဲဒီမှာတာဝန်ထမ်းဆောင်ဖို့ဆိုပြီးတော့သွားတာပါ။ နစခဆိုတာက ရဲရယ် တပ်ရယ် လဝက ရယ်စုစည်းထားတာ။ သူတို့တာဝန်ကျရာမှာ အစုလိုက်သွားကြတာပါရှင့်။ အဲတာ အတိုက်ခိုက်ခံရတာ။ လဝက ကတော့ သေတာကတော့ သူတယောက်ထဲ။ နောက်ထပ် ပျောက်နေသေးတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာမှာ။ အခုသေတဲ့ သူက(၁၁)ယောက်လောက် သတင်းရထားတယ်ရှင့်။ ရဲမှူးရယ် တပ်ကဗိုလ်ကြီးတယောက်ရယ်။”

ရခိုင်လက်နက်ကိုင်AAပြောခွင့်ရခိုင်သုခကတော့ ဒီနေ့တိုက်ပွဲမှာ တပ်မတော်စစ်ကြောင်းဘက် ထိခိုက်မှုတွေ ရှိတဲ့ အပြင် လက်ရဖမ်းမိတဲ့သူတွေရှိတယ်လို့ဆိုပါတယ်။

“ အဲဒီအထက်နန်းရွာနားမှာဖြစ်တဲ့တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတချို့ရှိတယ်ဗျ။ မြန်မာစစ်တပ် ဘက် ကသူတို့ နယ်ခြားစောင့်နဲ့နေပြီးတော့ စစ်တပ်ပူးပေါင်းစစ်တပ်ပေါ့နော် အဲဒီစစ်ကြောင်းကလဲ အထိခိုက်အကျ ဆုံး တွေလဲများတယ်ဗျ။ မြန်မာစစ်တပ်ဆီကနေ ကျွန်တော်တို့ဒီလက်နက်ခဲယမ်းမီးကျောက်တွေလဲ သိမ်းဆီးရမိတာ ရှိတယ်။ လောလောဆယ်မှာတော့ အရေအတွက်အတိအကျ ကတော့ကျွန်တော်ဆီ ရောက်မလာသေးဘူး။

တပ်မတော်ပြောခွင့်ရဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ဒီကနေ့တိုက်ပွဲအခြေအနေ မသိရသေးသလို ဆက်သွယ် နေဆဲလို့ပြောပါတယ်။

“ကျွန်တော်လဲမသိသေးဘူးအဲတာ။ ပြန်မေးကြည့်ရမယ်။ ပြန်မေးကြည့်ပြီး ပြန်ပြောပေးမယ်။”

မနေ့ကလည်း မောင်တောနဲ့ရသေ့တောင်မြို့နယ်အစပ် မေယုတောင်တန်းဘက်မှာ မြန်မာစစ်တပ်နဲ့ AAအဖွဲ့တို့ အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့တယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်ဘက်က အင်အား ထပ်မံဖြည့်တင်းထားသလို ရခိုင်လက်နက်ကိုင်AAအဖွဲ့နဲ့လဲ စစ်ရေးပဋိပက္ခတွေပိုမိုပြင်းထန်လာနေပါတယ်။

ကမ္ဘာတဝန်း ကပ်ရောဂါနဲ့ ကြုံနေရချိန် ဒေသအတွင်းတိုက်ပွဲတွေ ရပ်ဆိုင်းကြဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်အပြင် မြန်မာနိုင်ငံအခြေစိုက် သံတမန်တွေကလည်း တိုက်တွန်းထားပေမဲ့လဲ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ဘက်မှာတော့ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG