သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအစိုးရရဲ႕ ဥပေဒမဲ့ အင္တာနက္ပိတ္ပင္မႈ ခ်က္ခ်င္းရုပ္သိမ္းဖို႔ HRW ေတာင္းဆို


ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ တေနရာ (ဓါတ္ပံု- Phyo Hein Kyaw/AFP/Getty Images)

(Zawgyi/Unicode)

ျမန္မာအစိုးရအေနနဲ႔ ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ အင္တာနက္ ပိတ္ပင္ထားတာေတြကို ခ်က္ခ်င္းရုပ္သိမ္းဖို႔ႏိုင္ငံတကာလူ႔အခြင့္အေရးအဖြဲ႔ႀကီး တစ္ခုက မေန႔ တနလၤာေန႔က ေတာင္းဆိုလိုက္ပါတယ္။

ဒီအင္တာနက္ျဖတ္ေတာက္ထားတာေၾကာင့္ အရပ္သားေတြကို အႏၱရာယ္ပိုျဖစ္ေစၿပီး၊ ဥပေဒနဲ႔လည္း ဆန္႔က်င္ေနတာေၾကာင့္၊ျပန္ဖြင့္ေပးဖို႔ ခုလို ေတာင္းဆိုရတာလို႔ နယူးေရာက္အေျခစိုက္ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႔ႀကီးရဲ႕ ဇူလိုင္လ ၂၇ ရက္ေန႔ ထုတ္ျပန္တဲ့ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။

လက္နက္ကိုင္ပဋိပကၡေတြျဖစ္ေနတဲ့ ရခိုင္နဲ႔ ခ်င္း ျပည္နယ္ေတြမွာနဂိုထဲက စစ္ေဘး ဒုကၡေရာက္ေနတဲ့ ေဒသခံအရပ္သားေတြကို ပိုထိခိုက္ေစတဲ့အျပင္ လူသားခ်င္းစာနာမႈ အကူအညီေပးေရး ပူးေပါင္းေဆာင္ရြက္မႈေတြ၊မွန္ကန္တဲ့ သတင္းအခ်က္အလက္စုေဆာင္းမူေတြနဲ႔ မတရားႏွိပ္စက္တာေတြေစာင့္ၾကည့္မႈေတြမွာ ထိခိုက္ေစတယ္လို႔ HRW က ေထာက္ျပထားပါတယ္။

ဒါေပမဲ့ ျမန္မာအစိုးရဘက္ကေတာ့ ခုလို အင္တာနက္မိုဘိုင္းဖုန္းလိုင္းေတြ ပိတ္ပင္ရတာဟာAA ရခိုင္လက္နက္ကိုင္တပ္ဖြဲ႔အေနနဲ႔ လက္လုပ္ဗံုးေတြနဲ႔ ေျမျမဳပ္မိုင္းေတြကို ဒီဆက္သြယ္ေရး နည္းပညာသံုး ေဖာက္ခြဲတိုက္ခိုက္ေနတာေၾကာင့္လို႔ မၾကာခင္ထုတ္ျပန္ခ်က္ေတြထဲမွာ ေျဖရွင္းထားပါတယ္။

HRW ကေတာ့ အခုလို AA က တိုက္ခိုက္မူေတြမွာ အင္တာနက္နည္းပညာမလိုပဲ၊ အျခားရိုးရွင္းလြယ္ကူူတဲ့ နည္းေပါင္းမ်ားစြာနဲ႔ လည္း အသံုးျပဳႏိုင္တယ္လို႔ တံု႔ျပန္ေခ်ပထားပါတယ္။

အစိုးရဘက္ကေတာ့ ရခိုင္ျပည္နယ္ (၇) ၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ ၿမိဳ႕နယ္တစ္ခုမွာ ခုလိုဆက္ပိတ္ပင္ထားရတာက၊လံုၿခံဳေရးအရလိုအပ္မူနဲ႔ အမ်ားျပည္သူ အက်ိဳးစီးပြားအတြက္ျဖစ္တယ္၊သတင္းမွားေတြ၊ စစ္ေရးလွ်ိဳ႕ဝွက္ခ်က္ေတြအျပင္၊ အမုန္းတရားနဲ႔ အမ်ိဳးသားေရးလံႈ႔ေဆာ္မူေတြ အင္တာနက္မွာ မျဖန္႔ႏိုင္ဖို႔လည္းျဖစ္တယ္လို႔ အေၾကာင္းျပခ်က္ ေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

မြန်မာအစိုးရရဲ့ ဥပဒေမဲ့ အင်တာနက်ပိတ်ပင်မှု ချက်ချင်းရုပ်သိမ်းဖို့ HRW တောင်းဆို

(Unicode)

မြန်မာအစိုးရအနေနဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက် ပိတ်ပင်ထားတာတွေကို ချက်ချင်းရုပ်သိမ်းဖို့နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီး တစ်ခုက မနေ့ တနင်္လာနေ့က တောင်းဆိုလိုက်ပါတယ်။

ဒီအင်တာနက်ဖြတ်တောက်ထားတာကြောင့် အရပ်သားတွေကို အန္တရာယ်ပိုဖြစ်စေပြီး၊ ဥပဒေနဲ့လည်း ဆန့်ကျင်နေတာကြောင့်၊ပြန်ဖွင့်ပေးဖို့ ခုလို တောင်းဆိုရတာလို့ နယူးရောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ ဇူလိုင်လ ၂၇ ရက်နေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်နဲ့ ချင်း ပြည်နယ်တွေမှာနဂိုထဲက စစ်ဘေး ဒုက္ခရောက်နေတဲ့ ဒေသခံအရပ်သားတွေကို ပိုထိခိုက်စေတဲ့အပြင် လူသားချင်းစာနာမှု အကူအညီပေးရေး ပူးပေါင်းဆောင်ရွက်မှုတွေ၊မှန်ကန်တဲ့ သတင်းအချက်အလက်စုဆောင်းမူတွေနဲ့ မတရားနှိပ်စက်တာတွေစောင့်ကြည့်မှုတွေမှာ ထိခိုက်စေတယ်လို့ HRW က ထောက်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာအစိုးရဘက်ကတော့ ခုလို အင်တာနက်မိုဘိုင်းဖုန်းလိုင်းတွေ ပိတ်ပင်ရတာဟာAA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ လက်လုပ်ဗုံးတွေနဲ့ မြေမြုပ်မိုင်းတွေကို ဒီဆက်သွယ်ရေး နည်းပညာသုံး ဖောက်ခွဲတိုက်ခိုက်နေတာကြောင့်လို့ မကြာခင်ထုတ်ပြန်ချက်တွေထဲမှာ ဖြေရှင်းထားပါတယ်။

HRW ကတော့ အခုလို AA က တိုက်ခိုက်မူတွေမှာ အင်တာနက်နည်းပညာမလိုပဲ၊ အခြားရိုးရှင်းလွယ်ကူူတဲ့ နည်းပေါင်းများစွာနဲ့ လည်း အသုံးပြုနိုင်တယ်လို့ တုံ့ပြန်ချေပထားပါတယ်။

အစိုးရဘက်ကတော့ ရခိုင်ပြည်နယ် (၇) မြို့နယ်နဲ့ ချင်းပြည်နယ် မြို့နယ်တစ်ခုမှာ ခုလိုဆက်ပိတ်ပင်ထားရတာက၊လုံခြုံရေးအရလိုအပ်မူနဲ့ အများပြည်သူ အကျိုးစီးပွားအတွက်ဖြစ်တယ်၊သတင်းမှားတွေ၊ စစ်ရေးလျှို့ဝှက်ချက်တွေအပြင်၊ အမုန်းတရားနဲ့ အမျိုးသားရေးလှုံ့ဆော်မူတွေ အင်တာနက်မှာ မဖြန့်နိုင်ဖို့လည်းဖြစ်တယ်လို့ အကြောင်းပြချက် ပေးထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG