သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္နဲ႔ခ်င္း အင္တာနက္ျပန္ဖြင့္တယ္ဆိုေပမဲ့ လက္ေတြ႔ သံုးမရ


ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕ရွိ ရြာတရြာမွာ အင္တာနက္သံုးေနတဲ့ အမ်ိဳးသား ႏွစ္ဦး။ (ႏို၀င္ဘာ ၀၉၊ ၂၀၁၄)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္က ၿမိဳ႕နယ္တခ်ိဳ႕မွာ အင္တာနက္ဆက္သြယ္မႈေတြ ျပန္ဖြင့္ ေပးလိုက္ေပမယ့္ လက္ေတြ႔မွာ သုံးစဲြလုိ႔ မရႏုိင္ေသးဘဲ ျဖစ္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။

လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ရခိုင္ေျမာက္ပိုင္းက ၿမိဳ႕နယ္ ရွစ္ ခုနဲ႔ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နယ္ေတြမွာ တႏွစ္ေက်ာ္ၾကာ ပိတ္ထားတဲ့ အင္တာနက္ ဆက္သြယ္မႈေတြကုိ ဒီလဆန္းကစ ျပန္ဖြင့္ေပးလုိက္ေပမဲ့ သုံးလုိ႔မရဘဲ ျဖစ္ေနတယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။ အင္တာနက္ ဆက္သြယ္မႈေတြကုိ ျပန္ဖြင့္ေပးလုိက္ေပမဲ့ ျမန္ႏႈန္းျမင့္အဆင့္ကေန ေလွ်ာ့ခ်ခြင့္ျပဳထားတယ္လုိ႔လည္း ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း MPT Call Center က ကိုေဇာ္လင္းႏိုင္က ေျပာပါတယ္။

"အခုေနာက္ပိုင္းမွ ဖြင့္တဲ့ေနရာေတြမွာ 2G ပဲ ေပးထားတယ္၊ 4G မေပးဘူးခင္ဗ်ာ။ ဒါကေတာ့ ဆက္သြယ္ေရး ညႊန္ၾကားမႈ ဦးစီးဌာရဲ႕ ညႊန္ၾကားအရ 2G ေပးထားတယ္။ တျခားတိက် အင္ေဖာ္ေမးရွင္းေတာ့ မရွိဘူးခင္ဗ်ာ။"

AA ရခုိင္လက္နက္ကုိင္အဖဲြ႔နဲ႔ တပ္မေတာ္ၾကား တုိက္ပဲြေတြ စတင္ျဖစ္ပြားခဲ့တဲ့ ၂၀၁၉ ခုႏွစ္ကစလုိ႔ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပံု၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ပုဏၰားကၽြန္းနဲ႔ ခ်င္းျပည္နယ္က ပလက္ဝၿမိဳ႕နယ္ေတြမွာ လံုၿခံဳေရး အေၾကာင္းျပခ်က္နဲ႔ အင္တာနက္လိုင္းေတြကို ပိတ္ထားခဲ့တာပါ။

အခုအခါ အင္တာနက္ဆက္သြယ္မႈေတြ ျပန္ဖြင့္ေပးလုိက္တယ္ ဆုိေပမဲ့ ျမန္ႏႈန္းအဆင့္ေလွ်ာ့ခ်ထားတာေၾကာင့္ အသုံးျပဳလုိ႔ မရႏုိင္ဘဲ ျဖစ္ေနတယ္လုိ႔ ရခုိင္ျပည္နယ္ ေက်ာက္ေတာ္ေဒသခံ ကိုခိုင္မ်ိဳးေအာင္က ေျပာပါတယ္။

"တျခားၿမိဳ႕ေတြလိုမ်ိဳး အင္တာနက္သံုးစြဲခြင့္ ရခ်င္တယ္။ ရမွလည္း က်ေနာ္တို႔အဆင္ေျပာမွာျဖစ္တယ္။ အခုအေနအထားအဆင္မေျပဘူး ဖြင္ထားတယ္ဆိုေပမဲ့ က်ေနာ္တို႔ ဖြင့္ၾကည့္လိုက္ရင္ FACEBOOK ေတာင္ သံုးလို႔မရဘူး အဝိုင္းလယ္ေနတယ္။"

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွာလည္း အင္တာနက္ ဆက္သြယ္မႈေတြ ျပန္ဖြင့္ေပးလုိက္ေပမဲ့ လက္ေတြ႔မွာ သုံးလုိ႔ မရေသးဘူးလုိ႔ ေဒသခံတဦးျဖစ္တဲ့ ကိုတင္ထြန္းေအာင္က ေျပာပါတယ္။

"က်ေနာ္တို႔ ပလက္ဝၿမိဳ႕နယ္မွာက အင္တာနက္ ဖြင့္တယ္လို႔ နာမည္သာ ရွိတာအကို ... 2G ပံုေတြေတာင္ ၾကည့္လို႔မရဘူး။ ေျပာမယ္ဆိုရင္ mail လည္း ပို႔လို႔မရဘူး။ လံုးဝကို သံုးလို႔မရတဲ့ အဆင့္ပါပဲ အကို။ mpt လည္း သံုးလို႔မရဘူး telenor လည္း သံုးလို႔ မရဘူး။ ဘယ္ကဒ္ပဲ သံုးသံုး၊ သံုးလို႔မရတဲ့ အေနအထားေပါ့ေနာ္။ က်ေနာ္တို႔ဘက္မွာက telenor နဲ႔ MPT နွစ္မ်ိဳးပဲ သံုးလို႔ရတာေလ။"

အင္တာနက္ ဆက္သြယ္မႈေတြ ျဖတ္ေတာက္ထားတဲ့အတြက္ လက္နက္ကုိင္ ပဋိပကၡေတြနဲ႔ ကပ္ေရာဂါကာလ အခက္အခဲေတြ ႀကံဳေနရတဲ့ ေဒသခံေတြအတြက္ လုိအပ္တဲ့ သတင္းအခ်က္အလက္ေတြ ရရွိႏုိင္ေရး အဟန္႔အတားေတြ ျဖစ္ေနရတဲ့အတြက္ အျမန္ဆုံး ျပန္ဖြင့္ေပးဖုိ႔ ျပည္တြင္းျပည္ပက ေတာင္းဆုိေနခ်ိန္မွာပဲ အခုလုိ ျပန္ဖြင့္ေပးလုိက္တာလည္း ျဖစ္ပါတယ္။ အင္တာနက္ အဆက္အသြယ္ေတြ ျပန္ရေနၿပီ ဆုိေပမဲ့ သုံးစဲြသူေတြ အခက္ေတြ႔ေနရတာေၾကာင့္ ဟန္ျပလုပ္ရပ္လုိ ျဖစ္ေနတယ္လုိ႔လည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးထြန္းဝင္းက ေျပာပါတယ္။

"ေရာ့ေပးထားတယ္ ဆိုတဲ့ပံုစံမ်ိဳးနဲ႔ တျခားႏိုင္ငံတကာအဖြဲ႔စည္းေတြကို အေျပာေကာင္းေအာင္ ဒါသက္သက္ျပတဲ့ အေျခအေနတစ္ခု က်ေနာ္တို႔ကေတာ့ ဘာမွ ထူးျခားလာတာ မရွိဘူး။ ဒါထပ္ၿပီးေတာ့ ဒုတိယတစ္ႀကိမ္ ေစာ္ကားခံရမႈလို႔ပဲ က်ေနာ္တို႔ ခံစားရတယ္။"

ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းကေတာ့ ရခုိင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ အင္တာနက္ ျဖတ္ေတာက္ထားတာေတြကုိ အျမန္ဆုံး အဆုံးသတ္ဖုိ႔ မၾကာေသးခင္တုန္းကပဲ ေတာင္းဆုိခဲ့တာပါ။ ျမန္မာအာဏာပုိင္ေတြကေတာ့ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ဟာ မုိဘုိင္းဆက္သြယ္ေရး နည္းပညာကုိ အသုံးခ်ၿပီး အေ၀းထိန္းေဖာက္ခဲြ တုိက္ခုိက္တဲ့ လုပ္ရပ္ေတြကုိ က်ဳးလြန္ေနတာေၾကာင့္ အင္တာနက္ အဆက္အသြယ္ေတြကုိ ျဖတ္ေတာက္ထားရတဲ့အေၾကာင္း တုံ႔ျပန္ထားပါတယ္။ ဒါေပမဲ့လည္း ဒီေျဖရွင္းခ်က္ဟာ အေျခအျမစ္မရွိတဲ့ အေၾကာင္းျပခ်က္ ျဖစ္တာေၾကာင့္ အင္တာနက္အဆက္အသြယ္ေတြ ျဖတ္ေတာက္ထားတာကုိ ျပန္ဖြင့္ေပးဖို႔လည္း ႏုိင္ငံတကာ လူ႔အခြင့္အေရးအဖဲြ႔ HRW က ၿပီးခဲ့တဲ့လကပဲ ေတာင္းဆုိထားပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်နဲ့ချင်း အင်တာနက်ပြန်ဖွင့်တယ်ဆိုပေမဲ့ လက်တွေ့သုံးမရ

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ အင်တာနက်ဆက်သွယ်မှုတွေ ပြန်ဖွင့် ပေးလိုက်ပေမယ့် လက်တွေ့မှာ သုံးစွဲလို့ မရနိုင်သေးဘဲ ဖြစ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်မြောက်ပိုင်းက မြို့နယ် ရှစ် ခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေမှာ တနှစ်ကျော်ကြာ ပိတ်ထားတဲ့ အင်တာနက် ဆက်သွယ်မှုတွေကို ဒီလဆန်းကစ ပြန်ဖွင့်ပေးလိုက်ပေမဲ့ သုံးလို့မရဘဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်တာနက် ဆက်သွယ်မှုတွေကို ပြန်ဖွင့်ပေးလိုက်ပေမဲ့ မြန်နှုန်းမြင့်အဆင့်ကနေ လျှော့ချခွင့်ပြုထားတယ်လို့လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT Call Center က ကိုဇော်လင်းနိုင်က ပြောပါတယ်။

"အခုနောက်ပိုင်းမှ ဖွင့်တဲ့နေရာတွေမှာ 2G ပဲ ပေးထားတယ်၊ 4G မပေးဘူးခင်ဗျာ။ ဒါကတော့ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာရဲ့ ညွှန်ကြားအရ 2G ပေးထားတယ်။ တခြားတိကျ အင်ဖော်မေးရှင်းတော့ မရှိဘူးခင်ဗျာ။"

AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ၂၀၁၉ ခုနှစ်ကစလို့ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ အင်တာနက်လိုင်းတွေကို ပိတ်ထားခဲ့တာပါ။

အခုအခါ အင်တာနက်ဆက်သွယ်မှုတွေ ပြန်ဖွင့်ပေးလိုက်တယ် ဆိုပေမဲ့ မြန်နှုန်းအဆင့်လျှော့ချထားတာကြောင့် အသုံးပြုလို့ မရနိုင်ဘဲ ဖြစ်နေတယ်လို့ ရခိုင်ပြည်နယ် ကျောက်တော်ဒေသခံ ကိုခိုင်မျိုးအောင်က ပြောပါတယ်။

"တခြားမြို့တွေလိုမျိုး အင်တာနက်သုံးစွဲခွင့် ရချင်တယ်။ ရမှလည်း ကျနော်တို့အဆင်ပြောမှာဖြစ်တယ်။ အခုအနေအထားအဆင်မပြေဘူး ဖွင်ထားတယ်ဆိုပေမဲ့ ကျနော်တို့ ဖွင့်ကြည့်လိုက်ရင် FACEBOOK တောင် သုံးလို့မရဘူး အဝိုင်းလယ်နေတယ်။"

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာလည်း အင်တာနက် ဆက်သွယ်မှုတွေ ပြန်ဖွင့်ပေးလိုက်ပေမဲ့ လက်တွေ့မှာ သုံးလို့ မရသေးဘူးလို့ ဒေသခံတဦးဖြစ်တဲ့ ကိုတင်ထွန်းအောင်က ပြောပါတယ်။

"ကျနော်တို့ ပလက်ဝမြို့နယ်မှာက အင်တာနက် ဖွင့်တယ်လို့ နာမည်သာ ရှိတာအကို ... 2G ပုံတွေတောင် ကြည့်လို့မရဘူး။ ပြောမယ်ဆိုရင် mail လည်း ပို့လို့မရဘူး။ လုံးဝကို သုံးလို့မရတဲ့ အဆင့်ပါပဲ အကို။ mpt လည်း သုံးလို့မရဘူး telenor လည်း သုံးလို့ မရဘူး။ ဘယ်ကဒ်ပဲ သုံးသုံး၊ သုံးလို့မရတဲ့ အနေအထားပေါ့နော်။ ကျနော်တို့ဘက်မှာက telenor နဲ့ MPT နှစ်မျိုးပဲ သုံးလို့ရတာလေ။"

အင်တာနက် ဆက်သွယ်မှုတွေ ဖြတ်တောက်ထားတဲ့အတွက် လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ကပ်ရောဂါကာလ အခက်အခဲတွေ ကြုံနေရတဲ့ ဒေသခံတွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်ရေး အဟန့်အတားတွေ ဖြစ်နေရတဲ့အတွက် အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ ပြည်တွင်းပြည်ပက တောင်းဆိုနေချိန်မှာပဲ အခုလို ပြန်ဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ အင်တာနက် အဆက်အသွယ်တွေ ပြန်ရနေပြီ ဆိုပေမဲ့ သုံးစွဲသူတွေ အခက်တွေ့နေရတာကြောင့် ဟန်ပြလုပ်ရပ်လို ဖြစ်နေတယ်လို့လည်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဝင်းက ပြောပါတယ်။

"ရော့ပေးထားတယ် ဆိုတဲ့ပုံစံမျိုးနဲ့ တခြားနိုင်ငံတကာအဖွဲ့စည်းတွေကို အပြောကောင်းအောင် ဒါသက်သက်ပြတဲ့ အခြေအနေတစ်ခု ကျနော်တို့ကတော့ ဘာမှ ထူးခြားလာတာ မရှိဘူး။ ဒါထပ်ပြီးတော့ ဒုတိယတစ်ကြိမ် စော်ကားခံရမှုလို့ပဲ ကျနော်တို့ ခံစားရတယ်။"

ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ အင်တာနက် ဖြတ်တောက်ထားတာတွေကို အမြန်ဆုံး အဆုံးသတ်ဖို့ မကြာသေးခင်တုန်းကပဲ တောင်းဆိုခဲ့တာပါ။ မြန်မာအာဏာပိုင်တွေကတော့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ဟာ မိုဘိုင်းဆက်သွယ်ရေး နည်းပညာကို အသုံးချပြီး အဝေးထိန်းဖောက်ခွဲ တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို ကျုးလွန်နေတာကြောင့် အင်တာနက် အဆက်အသွယ်တွေကို ဖြတ်တောက်ထားရတဲ့အကြောင်း တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့လည်း ဒီဖြေရှင်းချက်ဟာ အခြေအမြစ်မရှိတဲ့ အကြောင်းပြချက် ဖြစ်တာကြောင့် အင်တာနက်အဆက်အသွယ်တွေ ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့လည်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ HRW က ပြီးခဲ့တဲ့လကပဲ တောင်းဆိုထားပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG