သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿငိမ္းခ်မ္းေရးညီလာခံမတိုင္ခင္ အႀကိဳေဆြးေႏြးပဲြ က်င္းပ


ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) ရဲ႕ လုပ္ငန္းညႇိႏႈိင္းအစည္းအေ၀းပဲြျမင္ကြင္း။ (ၾသဂုတ္ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

ေရွ႕သီတင္းပတ္ထဲ က်င္းပမယ့္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ မတုိင္ခင္ အစိုးရနဲ႔ NCA အပစ္ရပ္စာခ်ဳပ္ လက္မွတ္ထိုးထားတ့ဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ကိုယ္စားလွယ္ေတြ ၂ ရက္ၾကာ အႀကိဳေဆြးေႏြးပဲြတခု ဒီကေန႔ စတင္ရာမွာ သေဘာတူညီခ်က္တခ်ဳိ႕ ရခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမုိးေဇာ္က သတင္းေပးပို႔ထားပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ - ၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀း စတင္ႏိုင္ေရးမွာ အဓိကက်တဲ့့ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ အၾကိဳညိွႏိႈင္းအစည္းအေ၀းကို ေနျပည္ေတာ္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးဗဟိုဌာနမွာ ေဆြးေႏြးခဲ့ၾကတာပါ။

ဒီေန႔ ေဆြးေႏြးရာမွာေတာ့ သေဘာတူညီခ်က္တခု ထပ္မံရခဲ့ေၾကာင္း အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္ရဲ့ အၾကံေပးအဖဲြ႔၀င္ ဦးလွေမာင္ေရႊက ဗီြအုိေအ ကို အခုလုိ ေျပာပါတယ္။

“ဒီေန႔ေတာ့ Union Accord Part 3 အတြက္ က်ေနာ္တို႔ ျပင္ဆင္ေနတာ အစိတ္အပိုင္း ၃ ခု ရိွတယ္။ အဲဒီထဲက အစိတ္အပိုင္း ၁ ေပါ့။ NCA Implementation မွာ ေနာက္ ထပ္ အခ်က္ တစ္ခ်က္ ထပ္ၿပီးေတာ့ က်ေနာ္တို႔ၾကားထဲမွာ တူညီမႈေတြ ရိွတဲ့အတြက္ ၁၅ ခ်က္ ျဖစ္လာႏိုင္စရာရိွတယ္။ အပိုင္း ၂ ကေတာ့ က်ေနာ္တုိ႔ ရင္ ရထားတာရိွတယ္။ အပိုင္း ၃ ကေတာ့ က်ေနာ္တုိ႔ ဒီေန႔ ေတာ္ေတာ္မ်ားမ်ားေတာ့ ထပ္ၿပီး ေဆြးေႏြးေနတယ္။ အဲဒီ ေဆြးေႏြးႏိုင္တဲ့ထဲက Option တခ်ိဳ႕လည္း က်ေနာ္တို႔ ႏွစ္ ဘက္ ေျပာေနၿပီ။ အဲဒါေတြကိုေတာ့ PPST ေခါင္းေဆာင္ေတြနဲ႔ EAO ညိွႏိႈင္းေရးအဖဲြ႔ေတြ ျပန္ၿပီးေတာ့ ေဆြးေႏြးေနတယ္။ ေဆြးေႏြးၿပီးရင္ေတာ့ မနက္ျဖန္မွာ က်ေနာ္တို႔ ျပန္ေျပာမယ့္ အေနအထားရိွတယ္။”

အစိုးရနဲ႔ NCA လက္မွတ္ထိုး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (NCA-S EAO) ကိုယ္စားလွယ္အဖဲြ႔ေတြဟာ ဒီလ ၄ ရက္ေန႔နဲ႔ ၅ ရက္ေန႔က ေနာက္ဆံုးအၾကိမ္ေတြ႔ဆံုခဲ့တာပါ။

ဒီေတြ႔ဆံုေဆြးေႏြးပဲြမွာ ၂၁ပင္လံုမွာခ်ဳပ္ဆုိမယ့္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ Union Accord အစိတ္အပိုင္း ၃ အတြက္ NCA အပစ္ရပ္စာခ်ဳပ္ဆိုင္ရာ မူေဘာင္ ျပန္လည္ညႇိႏိႈင္းေရး၊ ၂၀၂၀ ျပည့္ ေရြးေကာက္ပဲြေနာက္ပုိင္း အဆင့္လိုက္ အေကာင္အထည္ေဖာ္မႈနဲ႔ ဖက္ဒရယ္ အေျခခံမူလမ္းညႊန္ ဆိုၿပီး အပိုင္း ၃ ခုနဲ႔ေဆြးေႏြးခဲ့တာပါ။

အပိုင္း (၁) NCA အပစ္ရပ္စာခ်ဳပ္ မူေဘာင္ျပန္လည္ညိွႏိႈင္းေရးမွာ အခ်က္ ၁၅ ခ်က္အနက္က အရင္ေဆြးေႏြးပဲြမွာ ၁၄ ခ်က္ သေဘာတူခဲ့ရာက ဒီေန႔ တစ္ခ်က္ ထပ္မံ ညိွႏိႈင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အပိုင္း(၂) ၂၀၂၀ ျပည့္ ေရြးေကာက္ပဲြေနာက္ပုိင္း အဆင့္လိုက္ အေကာင္အထည္ေဖာ္မႈအပိုင္းမွာေတာ့ ဇယား ၂ ခုအနက္ ဇယား ၁ ကို ေဆြးေႏြးထားၿပီး ဇယား ၂ ကို ေဆြးေႏြးဖုိ႔ က်န္ရိွေနဆဲျဖစ္ပါတယ္။

အပိုင္း(၃) ျဖစ္တဲ့ ဖက္ဒရယ္ အေျခခံမူ လမ္းညႊန္မွာေတာ့ အခ်က္ ၈ ခ်က္မွာ ၂ ခ်က္ သေဘာတူညီခ်က္ ရရိွထားၿပီး က်န္အခ်က္ေတြကို ဒီေန႔ ဆက္လက္ ေဆြးေႏြးၾကတာပါ။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) ရဲ႕ လုပ္ငန္းညႇိႏႈိင္းအစည္းအေ၀းပဲြျမင္ကြင္း။ (ၾသဂုတ္ ၁၀၊ ၂၀၂၀)
ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) ရဲ႕ လုပ္ငန္းညႇိႏႈိင္းအစည္းအေ၀းပဲြျမင္ကြင္း။ (ၾသဂုတ္ ၁၀၊ ၂၀၂၀)

ဒီေန႔ ေဆြးေႏြးပဲြဟာ ေန႔ခင္း ၁ နာရီမွာ ၿပီးဆံုးခဲ့ပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ ကိုယ္စားလွယ္ေတြက ဒီေန႔ ေဆြးေႏြးခဲ့တဲ့အခ်က္ေတြကို PPST ေခၚ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖဲြ႔ကို တင္ျပ၊ အတည္ျပဳခ်က္ ရယူၿပီး မနက္ျဖန္ မနက္မွာ အစိုးရကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးသြားမွာျဖစ္ပါတယ္။

PPST ညိွႏိႈ္င္းအစည္းအေ၀းမွာ အဓိက ေဆြးေႏြးေနတဲ့ အခ်က္ကို ပအုိ၀္းအမ်ိဳးသားလႊတ္ေျမာက္ေရး အဖဲြ႔ခ်ဳပ္ ဒုဥကၠ႒ ဦးခြန္ျမင့္ထြန္းက အခုလို ေျပာပါတယ္။

“အစိုးရ၊ တပ္မေတာ္က ေျပာတာက ျပည္ေထာင္စုအဆင့္ဆုိရင္ေတာ့ ဖဲြ႔စည္းပံုအေျခခံ ဥပေဒလုိ႔ သံုးတယ္။ ျပည္နယ္၊ တုိင္းေဒသၾကီးအဆင့္မွာေတာ့ အေျခခံဥပေဒလုိ႔ပဲ သံုးမယ္။ က်ေနာ္တို႔က ျပည္ေထာင္စုမွာလည္း ဖဲြ႔စည္းပံုအေျခခံဥပေဒလုိ႔ သံုးရင္၊ ျပည္နယ္မွာလည္း ဖဲြ႔စည္းပံုအေျခခံဥပေဒလုိ႔ သံုးရမယ္ေပါ့။ ဒါေပမဲ့ ေရးဆဲြတာေတြ၊ ျပဌာန္းတာေတြကေတာ့ သူ႔ရဲ႕ သတ္မွတ္ခ်က္နဲ႔အညီ ဘယ္လုိေရးေရးေပါ့။ နာမည္အရေတာ့ ျပည္နယ္အဆင့္မွာေတာ့ အေျခခံဥပေဒလုိ႔ သံုးပါေပ့ါ။ အဲဒီေပၚမွာ က်ေနာ္တုိ႔ ေဆြးေႏြးေနတယ္။”

PPST အစည္းအေ၀းကိုေတာ့ ညပိုင္းအထိ ဆက္လက္ေဆြးေႏြးေနခဲ့ၿပီး ဒီအခ်က္အေပၚ ႏွစ္ဘက္ ေျပလည္မႈရရင္ မနက္ျဖန္မွာ သေဘာတူညီခ်က္ အသစ္ထပ္မံရရိွမွာျဖစ္ပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ၊ ၂၁ ရာစုပင္လုံ ေဆြးေႏြးပဲြကုိေတာ့ ေရွ႕သီတင္းပတ္ ဗုဒၶဟူးေန႔ကစၿပီး ၂ ရက္ၾကာ က်င္းပဖုိ႔ စီစဥ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ငြိမ်းချမ်းရေးညီလာခံမတိုင်ခင် အကြိုဆွေးနွေးပွဲ ကျင်းပ

ရှေ့သီတင်းပတ်ထဲ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ မတိုင်ခင် အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ၂ ရက်ကြာ အကြိုဆွေးနွေးပွဲတခု ဒီကနေ့ စတင်ရာမှာ သဘောတူညီချက်တချို့ ရခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး စတင်နိုင်ရေးမှာ အဓိကကျတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကို နေပြည်တော် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဆွေးနွေးခဲ့ကြတာပါ။

ဒီနေ့ ဆွေးနွေးရာမှာတော့ သဘောတူညီချက်တခု ထပ်မံရခဲ့ကြောင်း အစိုးရငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“ဒီနေ့တော့ Union Accord Part 3 အတွက် ကျနော်တို့ ပြင်ဆင်နေတာ အစိတ်အပိုင်း ၃ ခု ရှိတယ်။ အဲဒီထဲက အစိတ်အပိုင်း ၁ ပေါ့။ NCA Implementation မှာ နောက် ထပ် အချက် တစ်ချက် ထပ်ပြီးတော့ ကျနော်တို့ကြားထဲမှာ တူညီမှုတွေ ရှိတဲ့အတွက် ၁၅ ချက် ဖြစ်လာနိုင်စရာရှိတယ်။ အပိုင်း ၂ ကတော့ ကျနော်တို့ ရင် ရထားတာရှိတယ်။ အပိုင်း ၃ ကတော့ ကျနော်တို့ ဒီနေ့ တော်တော်များများတော့ ထပ်ပြီး ဆွေးနွေးနေတယ်။ အဲဒီ ဆွေးနွေးနိုင်တဲ့ထဲက Option တချို့လည်း ကျနော်တို့ နှစ် ဘက် ပြောနေပြီ။ အဲဒါတွေကိုတော့ PPST ခေါင်းဆောင်တွေနဲ့ EAO ညှိနှိုင်းရေးအဖွဲ့တွေ ပြန်ပြီးတော့ ဆွေးနွေးနေတယ်။ ဆွေးနွေးပြီးရင်တော့ မနက်ဖြန်မှာ ကျနော်တို့ ပြန်ပြောမယ့် အနေအထားရှိတယ်။”

အစိုးရနဲ့ NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (NCA-S EAO) ကိုယ်စားလှယ်အဖွဲ့တွေဟာ ဒီလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့က နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့တာပါ။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) ရဲ႕ လုပ္ငန္းညႇိႏႈိင္းအစည္းအေ၀းပဲြျမင္ကြင္း။ (ၾသဂုတ္ ၁၀၊ ၂၀၂၀)
ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST) ရဲ႕ လုပ္ငန္းညႇိႏႈိင္းအစည္းအေ၀းပဲြျမင္ကြင္း။ (ၾသဂုတ္ ၁၀၊ ၂၀၂၀)

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ၂၁ပင်လုံမှာချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ် Union Accord အစိတ်အပိုင်း ၃ အတွက် NCA အပစ်ရပ်စာချုပ်ဆိုင်ရာ မူဘောင် ပြန်လည်ညှိနှိုင်းရေး၊ ၂၀၂၀ ပြည့် ရွေးကောက်ပွဲနောက်ပိုင်း အဆင့်လိုက် အကောင်အထည်ဖော်မှုနဲ့ ဖက်ဒရယ် အခြေခံမူလမ်းညွှန် ဆိုပြီး အပိုင်း ၃ ခုနဲ့ဆွေးနွေးခဲ့တာပါ။

အပိုင်း (၁) NCA အပစ်ရပ်စာချုပ် မူဘောင်ပြန်လည်ညှိနှိုင်းရေးမှာ အချက် ၁၅ ချက်အနက်က အရင်ဆွေးနွေးပွဲမှာ ၁၄ ချက် သဘောတူခဲ့ရာက ဒီနေ့ တစ်ချက် ထပ်မံ ညှိနှိုင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အပိုင်း(၂) ၂၀၂၀ ပြည့် ရွေးကောက်ပွဲနောက်ပိုင်း အဆင့်လိုက် အကောင်အထည်ဖော်မှုအပိုင်းမှာတော့ ဇယား ၂ ခုအနက် ဇယား ၁ ကို ဆွေးနွေးထားပြီး ဇယား ၂ ကို ဆွေးနွေးဖို့ ကျန်ရှိနေဆဲဖြစ်ပါတယ်။

အပိုင်း(၃) ဖြစ်တဲ့ ဖက်ဒရယ် အခြေခံမူ လမ်းညွှန်မှာတော့ အချက် ၈ ချက်မှာ ၂ ချက် သဘောတူညီချက် ရရှိထားပြီး ကျန်အချက်တွေကို ဒီနေ့ ဆက်လက် ဆွေးနွေးကြတာပါ။

ဒီနေ့ ဆွေးနွေးပွဲဟာ နေ့ခင်း ၁ နာရီမှာ ပြီးဆုံးခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေက ဒီနေ့ ဆွေးနွေးခဲ့တဲ့အချက်တွေကို PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ကို တင်ပြ၊ အတည်ပြုချက် ရယူပြီး မနက်ဖြန် မနက်မှာ အစိုးရကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

PPST ညှိနှိုင်းအစည်းအဝေးမှာ အဓိက ဆွေးနွေးနေတဲ့ အချက်ကို ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေး အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“အစိုးရ၊ တပ်မတော်က ပြောတာက ပြည်ထောင်စုအဆင့်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေလို့ သုံးတယ်။ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်မှာတော့ အခြေခံဥပဒေလို့ပဲ သုံးမယ်။ ကျနော်တို့က ပြည်ထောင်စုမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေလို့ သုံးရင်၊ ပြည်နယ်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေလို့ သုံးရမယ်ပေါ့။ ဒါပေမဲ့ ရေးဆွဲတာတွေ၊ ပြဌာန်းတာတွေကတော့ သူ့ရဲ့ သတ်မှတ်ချက်နဲ့အညီ ဘယ်လိုရေးရေးပေါ့။ နာမည်အရတော့ ပြည်နယ်အဆင့်မှာတော့ အခြေခံဥပဒေလို့ သုံးပါပေ့ါ။ အဲဒီပေါ်မှာ ကျနော်တို့ ဆွေးနွေးနေတယ်။”

PPST အစည်းအဝေးကိုတော့ ညပိုင်းအထိ ဆက်လက်ဆွေးနွေးနေခဲ့ပြီး ဒီအချက်အပေါ် နှစ်ဘက် ပြေလည်မှုရရင် မနက်ဖြန်မှာ သဘောတူညီချက် အသစ်ထပ်မံရရှိမှာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံ ဆွေးနွေးပွဲကိုတော့ ရှေ့သီတင်းပတ် ဗုဒ္ဓဟူးနေ့ကစပြီး ၂ ရက်ကြာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG