သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစုိးရနဲ႔ NCA အဖြဲ႔ေတြအၾကား ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ ေဆြးေႏြးမႈ တုိးတက္မႈရွိ


၂၁ ရာစုပင္လံုညီလာခံအစည္းအေဝး

Zawgyi/Unicode

ေရွ႕သီတင္းပတ္မွာ က်င္းပမယ့္ ၂၁-ရာစုပင္လံု ညီလာခံမွာ ခ်ဳပ္ဆုိမယ့္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္နဲ႔ ပတ္သက္လုိ႔ အစိုးရနဲ႔ အပစ္ရပ္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ကိုယ္စားလွယ္ေတြေဆြးေႏြးရာမွာ တိုးတက္မႈေတြ ရွိခဲ့တယ္လုိ႔ ေဆြးေႏြးပဲြမွာ ပါ၀င္သူေတြက ေျပာဆုိလုိက္ၾကတဲ့အေၾကာင္းကို ကိုမိုးေဇာ္ ေျပာျပပါမယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစုပင္လံု စတုတၳအစည္းအေ၀းမွာ ခ်ဳပ္ဆိုမယ့္ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ပါ အခ်က္ေတြကို အစိုးရနဲ႔ အပစ္ရပ္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ကိုယ္စားလွယ္ေတြ ၁၀ရက္ေန႔ကေန ၁၂ရက္ေန႔ထိ ၃ရက္ၾကာေဆြးေႏြးခဲ့တာပါ။

ခ်ဳပ္ဆိုမယ့္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္မွာ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ သေဘာတူညီခ်က္၊ ၂၀၂၀ ျပည့္ ေရြးေကာက္ပဲြေနာက္ပုိင္း အဆင့္လိုက္ လုပ္ငန္းစဥ္နဲ႔ အေကာင္အထည္ေဖာ္မႈ၊ ေနာက္ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ တည္ေဆာက္ေရးဆိုင္ရာ အေျခခံမူလမ္းညႊန္ ဆိုၿပီး အပိုင္း ၃ ခုနဲ႔ေဆြးေႏြးခဲ့ၾကတာလည္း ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔က ၿပီးဆံုးသြားတဲ့ ေဆြးေႏြးပဲြမွာ အပိုင္း ၃ပိုင္းပါ အခ်က္ အေတာ္မ်ားမ်ားကို ညွိႏိႈ္င္းႏိုင္ခဲ့တာေၾကာင့္ ရလဒ္ေကာင္းေတြ ရခဲ့ေၾကာင္း EAO အဖဲြ႕ေတြရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ႏိုင္ေအာင္မေငးက အခုလိုေျပာပါတယ္။

“ အပိုင္း ၁မွာဆို က်ေနာ္တို႔ ၁၅ခ်က္ရရွိၿပီးေတာ့၊ အပိုင္း ၂မွာ ဇယား ၁ကို ရရွိပါတယ္။ ဇယား ၂ က ဆက္လက္ေဆြးေႏြးဖို႔ မွတ္ခ်က္ရွိပါတယ္။ သေဘာတူထားတယ္။ အပိုင္း ၃မွာဆို က်ေနာ္တို႔ အခုဆိုရင္ သေဘာတူညီခ်က္ ၅ခ်က္ရွိၿပီးေတာ့ က်န္တဲ့ သေဘာတူညီခ်က္ကိုလည္း ဆက္လက္ ေဆြးေႏြးႏိုင္ေအာင္ သေဘာထားရွိပါတယ္ခင္ဗ်။ ဒီ ၃ခ်က္ကို က်ေနာ္တို႔ ရရွိခဲ့ပါတယ္။ ေနာက္ထပ္ JICM-S ရဲ႕ Parallel သြားဖို႔လည္း က်ေနာ္တို႔ သေဘာတူထားခ်က္ရွိပါတယ္ခင္ဗ်။ ဒီရလဒ္က က်ေနာ္တို႔ရဲ႕ လုပ္ငန္းညွိႏိႈင္းေရး လုပ္ရပ္ဟာဆိုရင္ ရလဒ္ေကာင္းတယ္ တိုးတက္ ေအာင္ျမင္မႈရွိတယ္လို႔ ေျပာရပါမယ္ခင္ဗ်။ ”

ေဆြးေႏြးတဲ့ အပိုင္း ၃ပိုင္းအနက္က အပိုင္း ၁ NCA အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္သေဘာတူညီခ်က္မွာဆိုရင္ အခ်က္ ၁၅ခ်က္ပါ၀င္ၿပီး အားလံုးသေဘာတူညီခဲ့သလို အပိုင္း၂ - ၂၀၂၀ ျပည့္ ေရြးေကာက္ပဲြေနာက္ပုိင္း အဆင့္လိုက္လုပ္ငန္းစဥ္နဲ႔ အေကာင္အထည္ေဖာ္မႈမွာ ဇယား ၁နဲ႔ ၂ရွိတဲ့အနက္ ဇယား၁ကို ညွိႏိႈင္းႏိုင္ခဲ့တာပါ။ အပိုင္း၃ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ တည္ေဆာက္ေရးဆိုင္ရာ အေျခခံမူလမ္းညႊန္မွာ ေဆြးေႏြးခ်က္ ၈ခ်က္အနက္က ၅ခ်က္ကို ညွိႏိႈင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ညီလာခံေနာက္ပိုင္း ဆက္လက္ ေဆြးေႏြးဖို႔ က်န္ရွိေနတဲ့အခ်က္ေတြထဲမွာေတာ့ အပိုင္း၂ ပါ လံုျခံဳေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းေရးဆိုတာနဲ႔ အပိုင္း ၃ ပါ ျပည္နယ္နဲ႔တိုင္းေဒသႀကီးေတြရဲ႕ Constitution ေရးဆဲြဖို႔ ဆိုတာေတြ ပါ၀င္ပါတယ္။

ဒီအခ်က္ေတြနဲ႔ပတ္သက္ၿပီး လက္ရွိ ေဆြးေႏြးထားခ်က္ေတြကို ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး၀န္ႀကီးဌာန ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးေဇာ္ေဌးက အခုလို ေျပာဆိုပါတယ္။

“NCA လမ္းျပေျမပံုထဲမွာ ပါတယ္။ လံုျခံဳေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းျခင္း ကို ညွိႏိႈင္းေဆြးေႏြးမယ္။ ႀကိဳတင္ေဆာင္ရြက္ဖြယ္ရာေတြ ေဆာင္ရြက္မယ္။ ေနာက္ အခ်က္ကေတာ့ လံုျခံဳေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းျခင္းနဲ႔ပတ္သက္ၿပီး အေကာင္အထည္ေဖာ္ေဆာင္ရြက္တဲ့ ဟာေတြ ပါမယ္ဆို အဆင့္ ၂ဆင့္ပါတယ္။ အဲဒီ အဆင့္၂ဆင့္အတိုင္း က်ေနာ္တို႔က လက္ခံတယ္။ ဒါေပမဲ့ အေသးစိတ္ကို ဆက္သြားဖို႔ လိုတယ္။ အခုဟာက လံုျခံဳေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းျခင္း ဆိုတာ လက္ခံတယ္။ ခုနက ေျပာတဲ့ ညွိႏိႈင္းေဆြးေႏြးျခင္းနဲ႔ ႀကိဳတင္ေဆာင္ရြက္ဖြယ္ရာမ်ား ေဆာင္ရြက္ျခင္းဆိုတဲ့ အဆင့္ထိ ေရာက္သြားၿပီ။ ေအာက္ က အေသးစိတ္သြားမယ့္ဟာ က်ေနာ္တို႔ ဆက္ေဆြးေႏြးဖို႔ လိုေနတယ္။ အဲဒါေတာ့ ဇယား ၂ထဲမွာ ေရာက္သြားၿပီ။ ဇယား ၂ထဲမွာ ဆက္ေဆြးေႏြးရမယ့္ အပိုင္းေတြက ထားခဲ့တယ္။ ဒါေပမဲ့ ေခါင္းစဥ္ ၂ခုေတာ့ သေဘာတူသြားၿပီေပါ့။ ”

ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြရဲ႕ Constitution ေရးဆဲြေရးမွာ ဘယ္သူက ေရးမလဲ၊ ဘယ္လိုအတည္ျပဳမလဲ၊ ေနာက္ ျပည္ေထာင္စုနဲ႔ ျပည္နယ္ ဘယ္လို အာဏာခဲြေ၀မလဲ၊ ျပည္နယ္နဲ႔ ျပည္ေထာင္စု ဖဲြ႕စည္းပံုအေျခခံဥပေဒေတြ ကိုက္ညီမႈရွိ၊ မရွိကို ဘယ္လို သံုးသပ္မလဲ စတဲ့ အေသးစိတ္အခ်က္ေတြကို အခ်ိန္ယူေဆြးေႏြးဖို႔ လိုအပ္ေနတာေၾကာင့္ ေနာက္တက္လာမယ့္ အစိုးရနဲ႔ ဆက္လက္ ေဆြးေႏြးဖို႔ ခ်န္လွပ္ထားခဲ့ေၾကာင္း ဦးေဇာ္ေဌးက ထည့္သြင္း ေျပာၾကားပါတယ္။

လက္ရွိ ၿပီးဆံုးသြားတဲ့ ေဆြးေႏြးပဲြက ရရွိတဲ့အခ်က္ေတြကိုေတာ့ ဒီေန႔ က်င္းပမယ့္ JICM ေခၚ NCA အပစ္ရပ္စာခ်ဳပ္ အေကာင္အထည္ေဖၚမႈဆိုင္ရာ ညွိႏိႈင္းအစည္းအေ၀းမွာ အတည္ျပဳမွာျဖစ္ပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ- ၂၁ရာစုပင္လံုစတုတၳအစည္းအေ၀းကိုေတာ့ ဒီလ ၁၉ရက္ကေန ၂၁ရက္ထိ ၃ရက္ၾကာက်င္းပသြားမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္



Unicode

ရှေ့သီတင်းပတ်မှာ ကျင်းပမယ့် ၂၁-ရာစုပင်လုံ ညီလာခံမှာ ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ်နဲ့ ပတ်သက်လို့ အစိုးရနဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေဆွေးနွေးရာမှာ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောဆိုလိုက်ကြတဲ့အကြောင်းကို ကိုမိုးဇော် ပြောပြပါမယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ်ပါ အချက်တွေကို အစိုးရနဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ၁၀ရက်နေ့ကနေ ၁၂ရက်နေ့ထိ ၃ရက်ကြာဆွေးနွေးခဲ့တာပါ။

ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ်မှာ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ၂၀၂၀ ပြည့် ရွေးကောက်ပွဲနောက်ပိုင်း အဆင့်လိုက် လုပ်ငန်းစဉ်နဲ့ အကောင်အထည်ဖော်မှု၊ နောက် ဒီမိုကရေစီနဲ့ ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ အခြေခံမူလမ်းညွှန် ဆိုပြီး အပိုင်း ၃ ခုနဲ့ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ပြီးဆုံးသွားတဲ့ ဆွေးနွေးပွဲမှာ အပိုင်း ၃ပိုင်းပါ အချက် အတော်များများကို ညှိနှိုင်းနိုင်ခဲ့တာကြောင့် ရလဒ်ကောင်းတွေ ရခဲ့ကြောင်း EAO အဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက အခုလိုပြောပါတယ်။
“ အပိုင်း ၁မှာဆို ကျနော်တို့ ၁၅ချက်ရရှိပြီးတော့၊ အပိုင်း ၂မှာ ဇယား ၁ကို ရရှိပါတယ်။ ဇယား ၂ က ဆက်လက်ဆွေးနွေးဖို့ မှတ်ချက်ရှိပါတယ်။ သဘောတူထားတယ်။ အပိုင်း ၃မှာဆို ကျနော်တို့ အခုဆိုရင် သဘောတူညီချက် ၅ချက်ရှိပြီးတော့ ကျန်တဲ့ သဘောတူညီချက်ကိုလည်း ဆက်လက် ဆွေးနွေးနိုင်အောင် သဘောထားရှိပါတယ်ခင်ဗျ။ ဒီ ၃ချက်ကို ကျနော်တို့ ရရှိခဲ့ပါတယ်။ နောက်ထပ် JICM-S ရဲ့ Parallel သွားဖို့လည်း ကျနော်တို့ သဘောတူထားချက်ရှိပါတယ်ခင်ဗျ။ ဒီရလဒ်က ကျနော်တို့ရဲ့ လုပ်ငန်းညှိနှိုင်းရေး လုပ်ရပ်ဟာဆိုရင် ရလဒ်ကောင်းတယ် တိုးတက် အောင်မြင်မှုရှိတယ်လို့ ပြောရပါမယ်ခင်ဗျ။ ”

ဆွေးနွေးတဲ့ အပိုင်း ၃ပိုင်းအနက်က အပိုင်း ၁ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်မှာဆိုရင် အချက် ၁၅ချက်ပါဝင်ပြီး အားလုံးသဘောတူညီခဲ့သလို အပိုင်း၂ - ၂၀၂၀ ပြည့် ရွေးကောက်ပွဲနောက်ပိုင်း အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အကောင်အထည်ဖော်မှုမှာ ဇယား ၁နဲ့ ၂ရှိတဲ့အနက် ဇယား၁ကို ညှိနှိုင်းနိုင်ခဲ့တာပါ။ အပိုင်း၃ ဒီမိုကရေစီနဲ့ ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ အခြေခံမူလမ်းညွှန်မှာ ဆွေးနွေးချက် ၈ချက်အနက်က ၅ချက်ကို ညှိနှိုင်းနိုင်ခဲ့တာဖြစ်ပါတယ်။
ညီလာခံနောက်ပိုင်း ဆက်လက် ဆွေးနွေးဖို့ ကျန်ရှိနေတဲ့အချက်တွေထဲမှာတော့ အပိုင်း၂ ပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးဆိုတာနဲ့ အပိုင်း ၃ ပါ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေရဲ့ Constitution ရေးဆွဲဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

ဒီအချက်တွေနဲ့ပတ်သက်ပြီး လက်ရှိ ဆွေးနွေးထားချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက အခုလို ပြောဆိုပါတယ်။
“NCA လမ်းပြမြေပုံထဲမှာ ပါတယ်။ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကို ညှိနှိုင်းဆွေးနွေးမယ်။ ကြိုတင်ဆောင်ရွက်ဖွယ်ရာတွေ ဆောင်ရွက်မယ်။ နောက် အချက်ကတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းနဲ့ပတ်သက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်တဲ့ ဟာတွေ ပါမယ်ဆို အဆင့် ၂ဆင့်ပါတယ်။ အဲဒီ အဆင့်၂ဆင့်အတိုင်း ကျနော်တို့က လက်ခံတယ်။ ဒါပေမဲ့ အသေးစိတ်ကို ဆက်သွားဖို့ လိုတယ်။ အခုဟာက လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ဆိုတာ လက်ခံတယ်။ ခုနက ပြောတဲ့ ညှိနှိုင်းဆွေးနွေးခြင်းနဲ့ ကြိုတင်ဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်ခြင်းဆိုတဲ့ အဆင့်ထိ ရောက်သွားပြီ။ အောက် က အသေးစိတ်သွားမယ့်ဟာ ကျနော်တို့ ဆက်ဆွေးနွေးဖို့ လိုနေတယ်။ အဲဒါတော့ ဇယား ၂ထဲမှာ ရောက်သွားပြီ။ ဇယား ၂ထဲမှာ ဆက်ဆွေးနွေးရမယ့် အပိုင်းတွေက ထားခဲ့တယ်။ ဒါပေမဲ့ ခေါင်းစဉ် ၂ခုတော့ သဘောတူသွားပြီပေါ့။ ”

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ Constitution ရေးဆွဲရေးမှာ ဘယ်သူက ရေးမလဲ၊ ဘယ်လိုအတည်ပြုမလဲ၊ နောက် ပြည်ထောင်စုနဲ့ ပြည်နယ် ဘယ်လို အာဏာခွဲဝေမလဲ၊ ပြည်နယ်နဲ့ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ကိုက်ညီမှုရှိ၊ မရှိကို ဘယ်လို သုံးသပ်မလဲ စတဲ့ အသေးစိတ်အချက်တွေကို အချိန်ယူဆွေးနွေးဖို့ လိုအပ်နေတာကြောင့် နောက်တက်လာမယ့် အစိုးရနဲ့ ဆက်လက် ဆွေးနွေးဖို့ ချန်လှပ်ထားခဲ့ကြောင်း ဦးဇော်ဌေးက ထည့်သွင်း ပြောကြားပါတယ်။
လက်ရှိ ပြီးဆုံးသွားတဲ့ ဆွေးနွေးပွဲက ရရှိတဲ့အချက်တွေကိုတော့ ဒီနေ့ ကျင်းပမယ့် JICM ခေါ် NCA အပစ်ရပ်စာချုပ် အကောင်အထည်ဖေါ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ အတည်ပြုမှာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံစတုတ္ထအစည်းအဝေးကိုတော့ ဒီလ ၁၉ရက်ကနေ ၂၁ရက်ထိ ၃ရက်ကြာကျင်းပသွားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG