(Zawgyi/Unicode)
ထိုင္း-ျမန္မာနယ္စပ္မွာ ကုိဗစ္ကာလ ကန္႔သတ္ပိတ္ဆုိေနတဲ့ၾကားက ျမန္မာေတြ ၄၀နီးပါး ဖမ္းမိတာေၾကာင့္္ တခ်ိဳကိုေတာ့လူကုန္ကူးမူဥပေဒနဲ့ စစ္ေဆးမူေတြလုပ္ေနပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္းျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။
ထိုင္း-ျမန္မာနယ္စပ္ တာခ့္ခရိုင္္ ၊တန္ေဆာင္ရန္းျမိဳနယ္ ၊ဘန္ ့မဲတန္ အမွတ္(၁) ေက်းရြာအနီးမွာ ၾသဂုတ္လ ၁၃ရက္ေန႔ညက တရားမ၀င္ ျမန္မာနိုင္ငံသားေတြ တင္ေဆာင္ေမာင္းလာတဲ့ ေငြေရာင္ပစ္ကပ္ကားတစ္စီးဟာ စစ္ေဆးဖို႕အတြက္ တားဆီးခဲ့ရာမွာ ကားေမာင္းသူဟာ နယ္ျခားစစ္ေဆးေရးဂိတ္ကို ျဖတ္ေမာင္းေျပးသြားခဲ့တာပါ။ ဒီအတြက္ ရဲတပ္ဖြဲ ့၀င္ေတြဟာ ကားေနာက္ကို တနာရီေက်ာ္ၾကာ လမ္းေတြပိတ္ဆို ဖမ္းဆီးခဲ့ရေၾကာင္း တန္ေဆာင္ရန္းၿမိဳ ့နယ္ ရဲအရာရွိ Sangkhat TadSo က ထုတ္ေဖၚေျပာဆိုခဲ့ပါတယ္။
ျမန္မာႏိုင္ငံသားေတြဟာ ကိုဗစ္ကာလ အတားအဆိီးေတြၾကားက ေနစဥ္ဖမ္းဆီးခံေနရေၾကာင္း AAC အလုပ္သမားကူညီေရး အဖဲြ႕ရဲ ့ေျပာေရးဆုိခြင့္ရွိသူ ကုိရဲမင္းကလည္း အခုလိုေျပာပါတယ္။
“က်ေနာ္တုိ႔မေန႔က ညက ျမန္မာႏုိင္ငံထဲကေန ထုိင္းႏိုင္ငံထဲကုိခိုး၀င္တဲ့ ျမန္မာႏို္င္ငံသား ၁၄ေယာက္ တန္ေဆာင္ရမ္း ခရိုင္ထဲမွာ ဖမ္းမိတယ္။ ကားေမာင္းသမားက ထုိင္းေတာင္ေပၚတုိင္းရင္းသား လက္မွတ္ကုိင္ေဆာင္ ထားတယ္။ ေနာက္ထပ္ မယ္ေဆာက္ဘက္မွာေနာက္ထပ္ ျမန္မာႏိုင္ငံသား ၅ဦးထပ္မိတယ္။ မေန႔က အတုိင္းအတာမွာ ၁၄ေယာက္တဖဲြ ့၅ေယာက္ တဖဲြ႔ဖမ္းမိတယ္ ။ ဒါက က်ေနာ္တို႔ သိထားတဲ့သတင္း တျခားေတြလည္း ရွိဦးမွာပါ။ အခုက ဒီ COVID ကာလမွာ က်ေနာ္တုိ႕ ျမန္မာႏုိင္ငံသားေတြက ေန႕စဥ္ ခုိး၀င္ေနတယ္ ထုိင္းဘက္ကလည္း ၾကပ္ၾကပ္မတ္မတ္ဖမ္းဆီးေနေတာ့ ေန႔စဥ္လိုလို ဖမ္းမိေနတဲ့ သေဘာေပါ့။”
တန္ေဆာင္ရန္းဘက္ကေန ျမန္မာႏိုင္ငံသားေတြကို သယ္ေဆာင္လာတဲ့ ကားေမာင္းသူဟာ ထိုင္းေတာင္ေပၚသား လက္မွတ္ကိုင္ေဆာင္ထားသူ အသက္(၂၄)ႏွစ္ အရြယ္ ကိုသစ္ ဆိုသူျဖစ္ျပီး ကားေပၚမွာ အေထာက္အထား စာရြတ္စာတမ္းမရိွတဲ့ ျမန္မာနိုင္ငံသား ၁၄ ဦး လိုက္ပါလာတာ စစ္ေဆးေတြ ့ရွိခဲ့တာေၾကာင့္ ထုိင္းအာဏာပုိင္ေတြက လူကုန္ကူးဆိုင္ရာ မႈခင္းဥပေဒနဲ ့ အေရးယူေဆာင္ရြက္ဖို့ အတြက္ခရိုင္ရဲစခန္းမွာ ဆက္လက္စစ္ေဆးေနပါတယ္။
ရဲတပ္ဖြဲ ့ရဲ႔ စစ္ေဆးေတြ ့ရွိခ်က္ေတြအရ ကိုသစ္ ဟာ တန္ေဆာင္ရမ္းေဒသမွာ အၾကိမ္ၾကိမ္ လူကုန္ကူး ေနသူ ၊လူေတြပို ့ေပးေနသူျဖစ္ျပီး နယ္စပ္ကေန ပြဲစားေတြ လာေခၚမယ့္ ေနရာအထိ ပို ့ေဆာင္ေပးခဲ့တာပါ။ ျမန္မာနိုင္ငံသားေတြကေတာ့ ထိုုင္းနိုင္ငံမွာ အလုပ္ရဖို႔အတြက္ တစ္ဦးကို ဘတ္ေငြ ၁၅၀၀၀ စီေပးျပီး ျမန္မာနိုင္ငံဘက္ နယ္စပ္ေတာလမ္းေတြကေန အလုပ္ပြဲစားေတြ ကေနေခၚေဆာင္လာခဲ့ၾကတာလို့ဆိုပါတယ္။
နိုင္ငံနယ္စပ္ မိုးေရးျမစ္ကိုျဖတ္ေက်ာ္လာခ့ဲ့ၾကတဲ့ ျမန္ႏိုင္ငံသားေတြကို လူေမွာင္ပြဲစားေတြက ထိုင္းနိုင္ငံဘက္ ကေန ကားေတြနဲ ့ လာေရာက္ေခၚေဆာင္ခဲ့တာျဖစ္တယ္လို ့ ဆိုပါတယ္။ ၾသဂုတ္ ၁၁ရက္ရက္ေန့ကလည္း နခြန္္ဖႏံုဖရိုင္မွာလည္း ခိုး၀င္ေနထုိင္ေနတဲ့ျမန္မာႏို္င္ငံသား ၂၁ဦးကိုဖမ္းမိခဲ့ပါတယ္။
အေမရိကန္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ဇြန္လထဲမွာ ထုတ္ျပန္ခဲ့တဲ့ ကမာၻတ၀န္းက လူကုန္ကူးမႈဆုိင္ရာ အစီရင္ခံစာမွာေတာ့ ျမန္မာႏိုင္ငံဟာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ ထိထိေရာက္ေရာက္ ေဆာင္ရြက္မႈမရွိတဲ့ အနိမ့္ဆုံးအဆင့္ ႏုိင္ငံစာရင္းမွာ ထည့္သြင္းေဖာ္ျပခဲ့တာပါ။
ျမန္မာလူမ်ိဳးေတြနဲ႔ ဆက္စပ္ျပီး လူကုန္ကူးမူအမ်ားဆံုးျဖစ္ေနတဲ့့ ထုိင္းႏိုင္ငံကေတာ့ tire 2 ေစာင့္ၾကည့္အဆင့္ထဲမွာပဲ ထည့္သြင္းထားဆဲ ျဖစ္ပါတယ္။
...............
(Unicode)
ထိုင်း-မြန်မာနယ်စပ်မှာ ကိုဗစ်ကာလ ကန့်သတ်ပိတ်ဆိုနေတဲ့ကြားက မြန်မာတွေ ၄၀နီးပါး ဖမ်းမိတာကြောင့် တချိုကိုတော့လူကုန်ကူးမူဥပဒေနဲ့ စစ်ဆေးမူတွေလုပ်နေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ၊တန်ဆောင်ရန်းမြိုနယ် ၊ဘန့်မဲတန် အမှတ်(၁) ကျေးရွာအနီးမှာ သြဂုတ်လ ၁၃ရက်နေ့ညက တရားမဝင် မြန်မာနိုင်ငံသားတွေ တင်ဆောင်မောင်းလာတဲ့ ငွေရောင်ပစ်ကပ်ကားတစ်စီးဟာ စစ်ဆေးဖို့အတွက် တားဆီးခဲ့ရာမှာ ကားမောင်းသူဟာ နယ်ခြားစစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းပြေးသွားခဲ့တာပါ။ ဒီအတွက် ရဲတပ်ဖွဲ့ဝင်တွေဟာ ကားနောက်ကို တနာရီကျော်ကြာ လမ်းတွေပိတ်ဆို ဖမ်းဆီးခဲ့ရကြောင်း တန်ဆောင်ရန်းမြို့နယ် ရဲအရာရှိ Sangkhat TadSo က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေဟာ ကိုဗစ်ကာလ အတားအဆီးတွေကြားက နေစဉ်ဖမ်းဆီးခံနေရကြောင်း AAC အလုပ်သမားကူညီရေး အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းကလည်း အခုလိုပြောပါတယ်။
“ကျနော်တို့မနေ့က ညက မြန်မာနိုင်ငံထဲကနေ ထိုင်းနိုင်ငံထဲကိုခိုးဝင်တဲ့ မြန်မာနိုင်ငံသား ၁၄ယောက် တန်ဆောင်ရမ်း ခရိုင်ထဲမှာ ဖမ်းမိတယ်။ ကားမောင်းသမားက ထိုင်းတောင်ပေါ်တိုင်းရင်းသား လက်မှတ်ကိုင်ဆောင် ထားတယ်။ နောက်ထပ် မယ်ဆောက်ဘက်မှာနောက်ထပ် မြန်မာနိုင်ငံသား ၅ဦးထပ်မိတယ်။ မနေ့က အတိုင်းအတာမှာ ၁၄ယောက်တဖွဲ့၅ယောက် တဖွဲ့ဖမ်းမိတယ် ။ ဒါက ကျနော်တို့ သိထားတဲ့သတင်း တခြားတွေလည်း ရှိဦးမှာပါ။ အခုက ဒီ COVID ကာလမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေက နေ့စဉ် ခိုးဝင်နေတယ် ထိုင်းဘက်ကလည်း ကြပ်ကြပ်မတ်မတ်ဖမ်းဆီးနေတော့ နေ့စဉ်လိုလို ဖမ်းမိနေတဲ့ သဘောပေါ့။”
တန်ဆောင်ရန်းဘက်ကနေ မြန်မာနိုင်ငံသားတွေကို သယ်ဆောင်လာတဲ့ ကားမောင်းသူဟာ ထိုင်းတောင်ပေါ်သား လက်မှတ်ကိုင်ဆောင်ထားသူ အသက်(၂၄)နှစ် အရွယ် ကိုသစ် ဆိုသူဖြစ်ပြီး ကားပေါ်မှာ အထောက်အထား စာရွတ်စာတမ်းမရှိတဲ့ မြန်မာနိုင်ငံသား ၁၄ ဦး လိုက်ပါလာတာ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေက လူကုန်ကူးဆိုင်ရာ မှုခင်းဥပဒေနဲ့ အရေးယူဆောင်ရွက်ဖို့ အတွက်ခရိုင်ရဲစခန်းမှာ ဆက်လက်စစ်ဆေးနေပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ ကိုသစ် ဟာ တန်ဆောင်ရမ်းဒေသမှာ အကြိမ်ကြိမ် လူကုန်ကူး နေသူ ၊လူတွေပို့ပေးနေသူဖြစ်ပြီး နယ်စပ်ကနေ ပွဲစားတွေ လာခေါ်မယ့် နေရာအထိ ပို့ဆောင်ပေးခဲ့တာပါ။ မြန်မာနိုင်ငံသားတွေကတော့ ထိုင်းနိုင်ငံမှာ အလုပ်ရဖို့အတွက် တစ်ဦးကို ဘတ်ငွေ ၁၅၀၀၀ စီပေးပြီး မြန်မာနိုင်ငံဘက် နယ်စပ်တောလမ်းတွေကနေ အလုပ်ပွဲစားတွေ ကနေခေါ်ဆောင်လာခဲ့ကြတာလို့ဆိုပါတယ်။
နိုင်ငံနယ်စပ် မိုးရေးမြစ်ကိုဖြတ်ကျော်လာခဲ့ကြတဲ့ မြန်နိုင်ငံသားတွေကို လူမှောင်ပွဲစားတွေက ထိုင်းနိုင်ငံဘက် ကနေ ကားတွေနဲ့ လာရောက်ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သြဂုတ် ၁၁ရက်ရက်နေ့ကလည်း နခွန်ဖနုံဖရိုင်မှာလည်း ခိုးဝင်နေထိုင်နေတဲ့မြန်မာနိုင်ငံသား ၂၁ဦးကိုဖမ်းမိခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။
မြန်မာလူမျိုးတွေနဲ့ ဆက်စပ်ပြီး လူကုန်ကူးမူအများဆုံးဖြစ်နေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်ထဲမှာပဲ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။