သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းေရာက္ျမန္မာေတြ ႀကိဳတင္မဲေပးခြင့္ေဖာင္ေတြ အခ်ိန္မီျဖည့္ၾကဖုိ႔ သံရုံးႏႈိးေဆာ္


အလုပ္သမားသံအရာရွိနဲ႔ အတူ ေရာင္ျခည္ဦးအလုပ္သမားမ်ားအဖြဲ႕က မယ္ပေက်း႐ြာ ဘန႔္ေဆာင္ခြဲနဲ႔ ကပၸိဘန္႔ေက်း႐ြာေတြမွာ ရွိတဲ့ အလုပ္သမားေတြၾကား ရွင္းလင္းေဆြးေႏြးခဲ့ၾကပံု

(Zawgyi/Unicode)

ျမန္မာလုပ္သားသန္းနဲ႕ ခ်ီရွိတဲ့ ထုိင္းႏိုင္ငံမွာ၂၀၂၀ ေရြးေကာက္ပဲြအတြက္ ႀကိဳတင္မဲေပးၾကမယ့္ ထုိင္းေရာက္ျမန္မာအလုပ္သမားေတြ ေဖာင္ျဖည့္တာဟာ လူဦးေရ ၁၀၀၀၀န္က်င္းပဲရွိေသးတာမို႔ မဲေပးမယ့္သူနည္းပါးေနေသးပါတယ္။ VOA သတင္းေထာက္ မေအးေအးမာ ထုိင္း-ျမန္မာနယ္စပ္ကေန သတင္းေပးပုိ႔ ထားပါတယ္။

ျမန္မာႏိုင္ငံမွာ ႏို၀င္ဘာလမွာ က်င္းပမွာျဖစ္တဲ့ ၂၀၂၀ေရြးေကာက္ပဲြနဲ႕ ပတ္သက္လုိ႕ ႀကိဳတင္မဲေပးဖို႔ ပံုစံ(၁၅) ေဖာင္ျဖည့္ျပီးေပးရမယ့္ ေနာက္ဆံုးသတ္မွတ္ရက္ျဖစ္တဲ့ ၾသဂုတ္လ ၅ရက္ေန႕ေရာက္ဖုိ႕ နီးလာေနသလို ႀကိဳတင္မဲေပးၾကမယ့္ ျမန္မာအလုပ္သမားေတြကို သံအရာရွိရံုးက ႏိႈးေဆာ္မူေတြ လုပ္ေနတာပါ။ ဒါေပမဲ့ အခုခ်ိန္ထိ မဲဆႏၵေပးမယ့္သူ နည္းပါးေသးေႀကာင္း ဘန္ေကာက္ျမိဳက မဲဆႏၵရွင္ျပည္သူတဦးျဖစ္တဲ့ မရီရီဦးက ေျပာျပပါတယ္။

“နည္းတာေပါ့ အမေရ၊ လူေပါင္း ၂သန္းေက်ာ္ သံုးသန္းနီးပါးရွိတဲ့ ထိုင္းႏို္င္ငံမွာ ျပီးခဲ့တဲ့ အပတ္ကဆို လူေပါင္း ၉၅၅ေယာက္ပဲ ရွိတယ္ ေနာက္ထပ္ထပ္တိုးလာရင္လည္း ၅၀၀ တေထာင္ေလာက္ လြန္ေရာ ၂၀၀၀ ၀န္းက်င္ေလာက္ပဲရွိႏိုင္မယ္။ ဒါေတာင္မဆိုးဘူး အလုပ္သမား သံအရာရွိေတြက စေန႔ေနေတြေတာင္ လုပ္ၿပီး လုပ္ေပးတယ္ ေဖာင္အခက္အခဲေတြ။ တခ်ိဳ႕က အလုပ္သမားေတြကေဖာင္ေတာင္မျဖည့္တတ္ဘူး သံရံုးသြားတင္ဖုိ႔ကလည္း ေဖာင္သြားတင္ဖို႔ကလည္း အေ၀းႀကီးေလ တခ်ိဳလည္း ေ၀းေနတဲ့ ေနရာမွာ ေနၾကတာေလ။ အဲဒါ က်မအီေမလ္းနဲ႕ ပို႕ေပးရတာေတြလည္း ရွိတယ္ ၊ ကူညီရတာေပါ့ေလ။”

ထုိင္း-ျမန္မာနယ္စပ္ ေရာင္ျခည္ဦး အလုပ္သမားအဖဲြ ့ကေတာ ျမန္မာအလုပ္သမား သံအရာရွိေတြနဲ႕ အတူ ႀကိဳတင္မဲေပးၾကမယ့္ အလုပ္သမားေတြရွိရာကို ပံုစံ ၁၅ ေတြ လိုက္ေ၀ေနတာေတြလည္းရွိေနတာပါ။ မဲေပးႏိုင္ဖို့ေဆြးေႏြးပဲြေတြလည္း လုပ္ေပးေနရၿပီး ေဖာင္ျဖည့္တာေတြ ဘာေၾကာင့္နည္းသလဲလို႔ ေမးတဲ့အခါမွာေတာ့ အလုပ္သမားေတြရဲ႕ အခက္အခဲကုိ ေရာင္ျခည္ဦး အလုပ္သမားအဖဲြ ့ရဲ႕ ရံုးတာ၀န္ခံဦးမုိးေက်ာ္က အခုလိုေျပာျပပါတယ္။

“ေဖာင္ျဖည့္တာ ဘာေၾကာင့္နည္းလဲဆိုေတာ့ ေအာက္ေျခမွာ ဘာလိုခ်က္ရွိလဲဆုိတာ ျပန္ဆန္းစစ္ၾကည့္ေတာ့ ဥပမာ- အိမ္ေထာင္စုစာရင္းေပါက္တဲ့ေနရာမွာ ဘယ္ၿမိဳ႕နယ္ ေကာ္မရွင္ကို တင္ရမလဲဆိုတာ အိမ္ကို လိုက္ေမးေနရတယ္။ ျပီးေတာ့ တခ်ိဳ႕က ေျပာင္းေရႊ႕တာ အိမ္ေထာင္စု ေျပာင္းတာရွိတယ္၊ တခ်ိဳ ့ဒီမွာေနတာၾကာေတာ့ အခုေခတ္ မွတ္ပံုတင္မရွိဘူး ၊ အရင္က အမ်ိုးသားမွတ္ပံုတင္ ဆုိတာမ်ိဳးပဲရွိတယ္။ အဲဒါေတြနဲ႕ထည့္လို႔ရသလားဆိုတာ လိုက္ေမးေနရတယ္။ တခ်ိဳ႕က သူတုိ႔႔မွတ္ပံုတင္နဲ႕ အိမ္ေထာင္စုစာရင္းထဲမွာ ပါတဲ့ အခ်က္အလက္ေတြ လဲြေနတာေတြရွိတယ္။ တခိ်ဳ႕က ေတာ့ က်ေနာ္ကုိ ပြင့္ပြင့္လင္းလင္း ေျပာျပတယ္၊ ဒီဘက္ အသက္ႀကီးရင္ အလုပ္က မခန္႕ေတာ့ဘူး ဆိုေတာ့ မွတ္ပံုတင္ထဲမွာ အသက္ကို ျပန္ငယ္လိုက္တယ္ ။ သူတုိ႔ဟာေျပာင္းလုိက္ တာေတြလည္း ရွိတယ္။ အဲဒါေတြက်ေတာ့ သန္းေခါင္းစာရင္း ထဲမွာ ပါတာနဲ႕ သူကိုင္ထားတဲ့ မွတ္ပံုတင္ထဲက အခ်က္အလက္ေတြ မွားယြင္းေနတာေတြရိွတယ္ အခ်က္အလက္ေတြ။”

အခုဆိုရင္ ၂၀၂၀ ေရြးေကာက္ပဲြအတြက္ ႀကိဳတင္မဲေပးဖို႕ စာရင္းေပးထားတဲ့ သူေတြ နဲ႔ ပတ္သက္လုိ႔ အလုပ္သမားအေရး လုပ္ေနသူေတြေကာ ျမန္မာအလုပ္သမား သံအရာရွိေတြပါ အလုပ္သမားေတြရွိတဲ့ေနရာအထိ ကြင္းဆင္းျပီး ေဆြးေႏြးျပတာပံုစံ ၁၅ကုိ ကူညီျဖည့္ေပး ၾကတာေတြ ရွိေပမဲ့ အလုပ္သမားေတြ ကိုယ္တိုင္က အခက္အခဲေတြ ရွိသလို တရားမ၀င္ လာေရာက္သူေတြကလည္း မဲေပးႏိုင္ခြင့္ေတြ မရၾကပါဘူူး။ တခ်ိဳ႕ကလည္း ကုိဗစ္အေရးေပၚ ကာလမွာ အလုပ္လက္မဲ့ေတြ ႀကံဳေနရခ်ိန္ စား၀တ္ေနေရး အခက္အခဲေတြနဲ႕မို ့မဲေပးဖို႕လည္း စိတ္မ၀င္စား ၾကသူေတြ ရိွတယ္လုိ႔လည္း အလုပ္သမားေရး လုပ္ေဆာင္ေနသူေတြက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ထိုင်းရောက်မြန်မာတွေ ကြိုတင်မဲပေးခွင့်ဖောင်တွေ အချိန်မှီဖြည့်ကြဖို့ သံရုံးနှိုးဆော်

(Unicode)

မြန်မာလုပ်သားသန်းနဲ့ ချီရှိတဲ့ ထိုင်းနိုင်ငံမှာ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးကြမယ့် ထိုင်းရောက်မြန်မာအလုပ်သမားတွေ ဖောင်ဖြည့်တာဟာ လူဦးရေ ၁၀၀၀၀န်ကျင်းပဲရှိသေးတာမို့ မဲပေးမယ့်သူနည်းပါးနေသေးပါတယ်။ VOA သတင်းထောက် မအေးအေးမာ ထိုင်း-မြန်မာနယ်စပ်ကနေ သတင်းပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလမှာ ကျင်းပမှာဖြစ်တဲ့ ၂၀၂၀ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကြိုတင်မဲပေးဖို့ ပုံစံ(၁၅) ဖောင်ဖြည့်ပြီးပေးရမယ့် နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ သြဂုတ်လ ၅ရက်နေ့ရောက်ဖို့ နီးလာနေသလို ကြိုတင်မဲပေးကြမယ့် မြန်မာအလုပ်သမာကို သံအရာရှိရုံးက နှိုးဆော်မူတွေ လုပ်နေတာပါ။ ဒါပေမဲ့ အခုချိန်ထိ မဲဆန္ဒပေးမယ့်သူ နည်းပါးသေးကြောင်း ဘန်ကောက်မြိုက မဲဆန္ဒရှင်ပြည်သူတဦးဖြစ်တဲ့ မရီရီဦးက ပြောပြပါတယ်။

“နည်းတာပေါ့ အမရေ၊ လူပေါင်း ၂သန်းကျော် သုံးသန်းနီးပါးရှိတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ အပတ်ကဆို လူပေါင်း ၉၅၅ယောက်ပဲ ရှိတယ် နောက်ထပ်ထပ်တိုးလာရင်လည်း ၅၀၀ တထောင်လောက် လွန်ရော ၂၀၀၀ ဝန်းကျင်လောက်ပဲရှိနိုင်မယ်။ ဒါတောင်မဆိုးဘူး အလုပ်သမား သံအရာရှိတွေက စနေ့နေတွေတောင် လုပ်ပြီး လုပ်ပေးတယ် ဖောင်အခက်အခဲတွေ။ တချို့က အလုပ်သမားတွေကဖောင်တောင်မဖြည့်တတ်ဘူး သံရုံးသွားတင်ဖို့ကလည်း ဖောင်သွားတင်ဖို့ကလည်း အဝေးကြီးလေ တချိုလည်း ဝေးနေတဲ့ နေရာမှာ နေကြတာလေ။ အဲဒါ ကျမအီမေလ်းနဲ့ ပို့ပေးရတာတွေလည်း ရှိတယ် ၊ ကူညီရတာပေါ့လေ။”

ထိုင်း-မြန်မာနယ်စပ် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ကတော မြန်မာအလုပ်သမား သံအရာရှိတွေနဲ့ အတူ ကြိုတင်မဲပေးကြမယ့် အလုပ်သမားတွေရှိရာကို ပုံစံ ၁၅ တွေ လိုက်ဝေနေတာတွေလည်းရှိနေတာပါ။ မဲပေးနိုင်ဖို့ဆွေးနွေးပွဲတွေလည်း လုပ်ပေးနေရပြီး ဖောင်ဖြည့်တာတွေ ဘာကြောင့်နည်းသလဲလို့ မေးတဲ့အခါမှာတော့ အလုပ်သမားတွေရဲ့ အခက်အခဲကို ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ရဲ့ ရုံးတာဝန်ခံဦးမိုးကျော်က အခုလိုပြောပြပါတယ်။

“ဖောင်ဖြည့်တာ ဘာကြောင့်နည်းလဲဆိုတော့ အောက်ခြေမှာ ဘာလိုချက်ရှိလဲဆိုတာ ပြန်ဆန်းစစ်ကြည့်တော့ ဥပမာ- အိမ်ထောင်စုစာရင်းပေါက်တဲ့နေရာမှာ ဘယ်မြို့နယ် ကော်မရှင်ကို တင်ရမလဲဆိုတာ အိမ်ကို လိုက်မေးနေရတယ်။ ပြီးတော့ တချို့က ပြောင်းရွှေ့တာ အိမ်ထောင်စု ပြောင်းတာရှိတယ်၊ တချို့ဒီမှာနေတာကြာတော့ အခုခေတ် မှတ်ပုံတင်မရှိဘူး ၊ အရင်က အမျိုးသားမှတ်ပုံတင် ဆိုတာမျိုးပဲရှိတယ်။ အဲဒါတွေနဲ့ထည့်လို့ရသလားဆိုတာ လိုက်မေးနေရတယ်။ တချို့က သူတို့မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းထဲမှာ ပါတဲ့ အချက်အလက်တွေ လွဲနေတာတွေရှိတယ်။ တချို့က တော့ ကျနော်ကို ပွင့်ပွင့်လင်းလင်း ပြောပြတယ်၊ ဒီဘက် အသက်ကြီးရင် အလုပ်က မခန့်တော့ဘူး ဆိုတော့ မှတ်ပုံတင်ထဲမှာ အသက်ကို ပြန်ငယ်လိုက်တယ် ။ သူတို့ဟာပြောင်းလိုက် တာတွေလည်း ရှိတယ်။ အဲဒါတွေကျတော့ သန်းခေါင်းစာရင်း ထဲမှာ ပါတာနဲ့ သူကိုင်ထားတဲ့ မှတ်ပုံတင်ထဲက အချက်အလက်တွေ မှားယွင်းနေတာတွေရှိတယ် အချက်အလက်တွေ။”

အခုဆိုရင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ စာရင်းပေးထားတဲ့ သူတွေ နဲ့ ပတ်သက်လို့ အလုပ်သမားအရေး လုပ်နေသူတွေကော မြန်မာအလုပ်သမား သံအရာရှိတွေပါ အလုပ်သမားတွေရှိတဲ့နေရာအထိ ကွင်းဆင်းပြီး ဆွေးနွေးပြတာပုံစံ ၁၅ကို ကူညီဖြည့်ပေး ကြတာတွေ ရှိပေမဲ့ အလုပ်သမားတွေ ကိုယ်တိုင်က အခက်အခဲတွေ ရှိသလို တရားမဝင် လာရောက်သူတွေကလည်း မဲပေးနိုင်ခွင့်တွေ မရကြပါဘူူး။ တချို့ကလည်း ကိုဗစ်အရေးပေါ် ကာလမှာ အလုပ်လက်မဲ့တွေ ကြုံနေရချိန် စားဝတ်နေရေး အခက်အခဲတွေနဲ့မို့မဲပေးဖို့လည်း စိတ်မဝင်စား ကြသူတွေ ရှိတယ်လို့လည်း အလုပ်သမားရေး လုပ်ဆောင်နေသူတွေက ဆိုပါတယ်။

XS
SM
MD
LG