သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအလုပ္သမားေတြ ထိုင္းမွာ တရားဝင္အလုပ္လုပ္ဖို႔ ျပန္သြားႏုိင္ေတာ့မယ္


ထိုင္းႏုိင္ငံေဆာက္လုပ္ေရးလုပ္ငန္းခြင္ တခုက ျမန္မာအပါအ၀င္ႏုိင္ငံျခားသားအလုပ္သမားမ်ား။ (ၾသဂုတ္ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

အိမ္နီးခ်င္း သံုး ႏုိင္ငံက အလုပ္သမားေတြ ထိုင္းႏုိင္ငံကုိ ျပန္လာၿပီး အလုပ္လုပ္ခြင့္ျပဳဖုိ႔ ထုိင္းလႊတ္ေတာ္က အတည္ျပဳလုိက္တဲ့အတြက္ ျမန္မာအလုပ္သမားေတြလည္း တရား၀င္ ျပန္လာႏုိင္ၾကေတာ့မယ့္အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

ျမန္မာ၊ ကေမာၻဒီးယားနဲ႔ လာအုိ အိမ္နီးခ်င္း သံုး ႏုိင္ငံက ႏုိင္ငံျခားသား အလုပ္သမားေတြကုိ ထုိင္းႏုိင္ငံကုိ ျပန္လာၿပီး အလုပ္လုပ္ခြင့္ျပဳဖုိ႔ ထုိင္းလႊတ္ေတာ္က ဒီတပတ္ထဲမွာပဲ အတည္ျပဳလုိက္တာပါ။ ၂ ႏွစ္အလုပ္လုပ္ခြင့္ျပဳဖုိ႔ ထုိင္းလႊတ္ေတာ္က အတည္ျပဳလုိက္တဲ့အတြက္ ထုိင္းႏုိင္ငံမွာ အလုပ္လုပ္ခြင့္ရမယ့္သူေတြနဲ႔ ပတ္သက္လုိ႔ အလုပ္သမားေရး လႈပ္ရွားေနတဲ့ ျမန္မာျပည္သားမ်ားအေရး ပူးတဲြလႈပ္ရွားမႈေကာ္မတီ ဥကၠ႒ ဦးမုိးႀကိဳးက အခုလုိရွင္းျပပါတယ္။

"ႏိုင္ငံျခားသား အလုပ္သမားေတြထဲက အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ သက္တမ္း မတိုးရေသးတဲ့သူေတြကို အလုပ္ရွင္ေတြရဲ႕ အာမခံနဲ႔ တာ၀န္ယူမူ့နဲ႔ သက္တမ္းတုိးခြင့္ျပဳလိုက္တယ္။ မူလတုန္းက ဇူလုိင္လက ၃၁ ေနထိပဲ စာရြက္စာတမ္း သက္တမ္းကုန္တဲ့သူေတြကိုပဲ ခြင့္ျပဳထားတာ အခုၾသဂုတ္လ ၄ ရက္ေန႔ကေတာ့ ေအာက္တုိဘာလကုန္အထိ သက္တမ္းတုိးခြင့္ျပဳမယ္။ အလုပ္ရွင္ေတြက မိမိတုိ႔ ေရႊ႕ေျပာင္းအလုပ္သမားေတြကုိ အလုပ္သမားေနရာခ်ထားေရးရံုးေတြမွာ စာရင္းေပးသြင္းရမယ္။

အုပ္စု ၁ ကေတာ့ MOU နဲ႔ ျမန္မာႏိုင္ငံကလာတဲ့ သူေတြကုိ စာရင္းေပးသြင္းရမယ္။ အုပ္စု ၂ ကေတာ့ မည္သူမည္၀ါျဖစ္ေၾကာင္း အေထာက္အထားစာအုပ္ စီအုိင္တုိ႔၊ PJ အလုပ္ဗီဇာနဲ႔ လာတဲ့ ႏုိ္င္ငံကူးစာအုပ္ေတြနဲ႔ လာတဲ့သူေတြ၊ အုပ္စု ၃ ကေတာ့ ရာသီအလုိက္ နယ္စပ္ေတြမွာ အလုပ္လုပ္ၾကတဲ့ ၃ လတႀကိမ္ အလုပ္သမား လက္မွတ္လုပ္ရတဲ့ ေရႊ႕ေျပာင္းအလုပ္သမားလို႔ ေခၚတယ္။ သူတုိ႔ေတြဟာ ေအာက္တုိဘာလ ၃၁ ရက္အထိ စာရင္းေပးသြင္းရမယ္ ေနထိုင္အလုပ္လုပ္ခြင့္ကေတာ့၂၀၂၀ ႏို၀င္ဘာလ ၁ ရက္ေန႔က ၂၀၂၂ မတ္လ ၃၁ ရက္အထိ အလုပ္လုပ္ခြင့္ရမယ္။"

ထုိင္းအစုိးရကေတာ့ အိမ္နီးခ်င္းႏုိင္ငံေတြက ျပန္လာၾကမယ့္ အလုပ္သမား ၆၅၀,၀၀၀ ေလာက္ ရွိမယ္လုိ႔ ခန္႔မွန္းထားၿပီး ဘန္ေကာက္အပါအ၀င္ သက္ဆုိင္ရာ နယ္ေျမေတြက အလုပ္သမားေနရာခ်ထားေရးနဲ့ စီမံခန္႔ခြဲေရးဌာနေတြမွာ ေအာက္တိုဘာလ ၃၁ ရက္ေန႔အထိ ေလွ်ာက္ထားႏိုင္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

အလုပ္လုပ္ခြင့္အတြက္ သတ္မွတ္ထားတဲ့ အခေၾကးေငြ ေပးေဆာင္ျပီးေၾကာင္း ေျပစာ -ေဆးေထာက္ခံစာ- ကိုယ္ေရးရာဇ၀င္ အခ်က္အလက္နဲ ့ က်န္းမာေရးအာမခံေၾကးပါ တပါတည္းလုပ္ေဆာင္ရမယ္လို႔လည္း ထိုင္းအစုိးရရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာျ္ပထားပါတယ္။ နယ္စပ္ကေန ျပန္လာၾကမယ့္ ခန္႔မွန္းေျခ အလုပ္သမား ၁၀၀,၀၀၀ နီးပါးကုိလည္း ေနာက္ ၂ ႏွစ္ အလုပ္ခြင့္ျပဳမွာျဖစ္ျပီး ေလွ်ာက္ထားသူေတြဟာ အရင္ သက္တမ္းကုန္ျပီးသား work permit နဲ႔ အလုပ္ရွင္ရဲ႕ အလုပ္ခန္႔စာ မူရင္းစာရြက္နဲ ့အတူေရာက္ရွိေနတဲ့ ေဒသေဆးရံုေတြမွာ က်န္းမာေရးအာမခံ ၀ယ္ယူထားရမွာ ျဖစ္ပါတယ္။

COVID-19 ကပ္ေရာဂါကာလ ထုိင္းႏုိင္ငံမွာ လုပ္ငန္းေတြေတာ္ေတာ္မ်ားမ်ား ရပ္ထားရတဲ့အတြက္ ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ သိန္းနဲ႔ခ်ီတဲ့ အလုပ္သမားေတြ ေနရပ္ျပန္ခဲ့ၾကတာပါ။ ဒါေပမဲ့လည္း ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြကုိ ထုိင္းႏုိင္ငံမွာ တေျဖးေျဖး ျပန္လည္ေလွ်ာ့ေပါ့လာရာက အခုအခါ ႏိုင္ငံျခားသား အလုပ္သမားေတြကုိ ျပန္လည္ လက္ခံဖုိ႔စီစဥ္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအလုပ်သမားတွေ ထိုင်းမှာ တရားဝင်အလုပ်လုပ်ဖို့ ပြန်သွားနိုင်တော့မယ်

အိမ်နီးချင်း သုံး နိုင်ငံက အလုပ်သမားတွေ ထိုင်းနိုင်ငံကို ပြန်လာပြီး အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းလွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် မြန်မာအလုပ်သမားတွေလည်း တရားဝင် ပြန်လာနိုင်ကြတော့မယ့်အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို အိမ်နီးချင်း သုံး နိုင်ငံက နိုင်ငံခြားသား အလုပ်သမားတွေကို ထိုင်းနိုင်ငံကို ပြန်လာပြီး အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းလွှတ်တော်က ဒီတပတ်ထဲမှာပဲ အတည်ပြုလိုက်တာပါ။ ၂ နှစ်အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းလွှတ်တော်က အတည်ပြုလိုက်တဲ့အတွက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ရမယ့်သူတွေနဲ့ ပတ်သက်လို့ အလုပ်သမားရေး လှုပ်ရှားနေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက အခုလိုရှင်းပြပါတယ်။

"နိုင်ငံခြားသား အလုပ်သမားတွေထဲက အကြောင်းအမျိုးမျိုးနဲ့ သက်တမ်း မတိုးရသေးတဲ့သူတွေကို အလုပ်ရှင်တွေရဲ့ အာမခံနဲ့ တာဝန်ယူမူ့နဲ့ သက်တမ်းတိုးခွင့်ပြုလိုက်တယ်။ မူလတုန်းက ဇူလိုင်လက ၃၁ နေထိပဲ စာရွက်စာတမ်း သက်တမ်းကုန်တဲ့သူတွေကိုပဲ ခွင့်ပြုထားတာ အခုသြဂုတ်လ ၄ ရက်နေ့ကတော့ အောက်တိုဘာလကုန်အထိ သက်တမ်းတိုးခွင့်ပြုမယ်။ အလုပ်ရှင်တွေက မိမိတို့ ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမားနေရာချထားရေးရုံးတွေမှာ စာရင်းပေးသွင်းရမယ်။

အုပ်စု ၁ ကတော့ MOU နဲ့ မြန်မာနိုင်ငံကလာတဲ့ သူတွေကို စာရင်းပေးသွင်းရမယ်။ အုပ်စု ၂ ကတော့ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာအုပ် စီအိုင်တို့၊ PJ အလုပ်ဗီဇာနဲ့ လာတဲ့ နိုင်ငံကူးစာအုပ်တွေနဲ့ လာတဲ့သူတွေ၊ အုပ်စု ၃ ကတော့ ရာသီအလိုက် နယ်စပ်တွေမှာ အလုပ်လုပ်ကြတဲ့ ၃ လတကြိမ် အလုပ်သမား လက်မှတ်လုပ်ရတဲ့ ရွှေ့ပြောင်းအလုပ်သမားလို့ ခေါ်တယ်။ သူတို့တွေဟာ အောက်တိုဘာလ ၃၁ ရက်အထိ စာရင်းပေးသွင်းရမယ် နေထိုင်အလုပ်လုပ်ခွင့်ကတော့၂၀၂၀ နိုဝင်ဘာလ ၁ ရက်နေ့က ၂၀၂၂ မတ်လ ၃၁ ရက်အထိ အလုပ်လုပ်ခွင့်ရမယ်။"

ထိုင်းအစိုးရကတော့ အိမ်နီးချင်းနိုင်ငံတွေက ပြန်လာကြမယ့် အလုပ်သမား ၆၅၀,၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းထားပြီး ဘန်ကောက်အပါအဝင် သက်ဆိုင်ရာ နယ်မြေတွေက အလုပ်သမားနေရာချထားရေးနဲ့ စီမံခန့်ခွဲရေးဌာနတွေမှာ အောက်တိုဘာလ ၃၁ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အလုပ်လုပ်ခွင့်အတွက် သတ်မှတ်ထားတဲ့ အခကြေးငွေ ပေးဆောင်ပြီးကြောင်း ပြေစာ -ဆေးထောက်ခံစာ- ကိုယ်ရေးရာဇဝင် အချက်အလက်နဲ့ ကျန်းမာရေးအာမခံကြေးပါ တပါတည်းလုပ်ဆောင်ရမယ်လို့လည်း ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖောြ်ပထားပါတယ်။ နယ်စပ်ကနေ ပြန်လာကြမယ့် ခန့်မှန်းခြေ အလုပ်သမား ၁၀၀,၀၀၀ နီးပါးကိုလည်း နောက် ၂ နှစ် အလုပ်ခွင့်ပြုမှာဖြစ်ပြီး လျှောက်ထားသူတွေဟာ အရင် သက်တမ်းကုန်ပြီးသား work permit နဲ့ အလုပ်ရှင်ရဲ့ အလုပ်ခန့်စာ မူရင်းစာရွက်နဲ့အတူရောက်ရှိနေတဲ့ ဒေသဆေးရုံတွေမှာ ကျန်းမာရေးအာမခံ ဝယ်ယူထားရမှာ ဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါကာလ ထိုင်းနိုင်ငံမှာ လုပ်ငန်းတွေတော်တော်များများ ရပ်ထားရတဲ့အတွက် မြန်မာနိုင်ငံသားတွေ အပါအဝင် သိန်းနဲ့ချီတဲ့ အလုပ်သမားတွေ နေရပ်ပြန်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကို ထိုင်းနိုင်ငံမှာ တဖြေးဖြေး ပြန်လည်လျှော့ပေါ့လာရာက အခုအခါ နိုင်ငံခြားသား အလုပ်သမားတွေကို ပြန်လည် လက်ခံဖို့စီစဉ်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG