သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူကုန္ကူးပြဲစားေတြ ေခၚေဆာင္လာတဲ့ ျမန္မာႏုိင္ငံသားအမ်ားအျပား ထုိင္းမွာ ဖမ္းမိ


ဇူလိုင္လ ၂၉ ရက္ေန႕က ကန္ခ်ဘူရီခရိုင္ထဲကို ခိုး၀င္လာတဲ့ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းအာဏာပုိင္ေတြ စစ္ေဆးေနပံု (ဓါတ္ပံု- VOA )

(Zawgyi/Unicode)

COVID-19 အေရးေပၚကာလမွာ ထိုင္းနိုင္ငံအတြင္း လူကုန္ကူးသူေတြ ေခၚေဆာင္လာတဲ့ျမန္မာနိုင္ငံသားမ်ား ဆက္တိုက္ဆိုသလို ဖမ္ဆီးခံေနရပါတယ္။ ဒီသတင္းကို မေအးေအးမာ ထုိင္း-ျမန္မာနယ္စပ္ကေန သတင္းေပးပို႔ ထားပါတယ္။

ထိုင္းနိုင္ငံအတြင္း COVID-19 အေရးေပၚကာလမွာ လူကုန္ကူးမူေတြ ဆက္တုိက္ျဖစ္ေနပါတယ္။

ျမန္မာႏိုင္ငံက တရားမ၀င္ ခိုး၀င္လာေနတဲ့သူေတြ ၀င္ေရာက္မလာႏိုင္ေအာင္ ထိုင္း-ျမန္မာနယ္စပ္ တေလွ်ာက္မွာ ေစာင့္ၾကည့္ စစ္ေဆးမႈေတြ တိုးျမင့္လုပ္ေဆာင္ေနတဲ့ၾကားက ျမန္မာနိုင္ငံသားေတြဟာ လူကုန္ကူးပြဲစားေတြနဲ ့ ခ်ိတ္ဆက္ျပီး ထိုင္းနိုင္ငံအတြင္း ဆက္တိုက္၀င္ေရာက္လာေနပါတယ္။

ဒီရက္ပုိင္းမွာပဲ ျမန္မာႏိုင္ငံသား လူုကုန္ကူးခံရသူေတြကို ဆက္တိုက္ဖမ္းမိေနတဲ့အေၾကာင္း ထိုင္းေတာင္ပုိင္းက ပညာေရးနဲ႔ဖြံ႕ၿဖိဳးေရး ေဖာင္ေဒးရွင္း က အလုပ္သမားေရးရာနဲ႕ မွတ္တမ္းေရးရာတာ၀န္ခံ ဦးမင္းဦးက အခုလိုေျပာျပပါတယ္။

“လန္္ပမ္မွာမိတာ ၇ ေယာက္မိတာ ျမန္မာေတြ ။ သူတို႔႔က တာ့ခရိုင္ကေန ခိုး၀င္တာ လန္ပမ္ဘက္မွာ အလုပ္ခုိးလုပ္ဖို႕ သြားတာ။ ထုိင္းကားသမားနဲ႕သြားတာ ကားကုိ မသကၤာလို႕ check point မွာ စစ္လို႕မိတာ အားလံုး ၇ ေယာက္ ။ ကန္ခ်ဘူရီ ဆုိင္ယုတ္မွာမိတာ အားလံုး ၃၃ေယာက္ အမ်ိဳးသား၊ အမ်ိဳးသမီး စုစုေပါင္းေလ အဲဒါလည္းတရားမ၀င္ခုိး၀င္တာ ။ အဲဒါက တနသၤာရီတုိင္းနဲ႔ ဆက္စပ္ေနတာေပါ့ ။ အခုတေလာ အားလံုးေပါင္း ၂၂ေယာက္လည္းမိတယ္ ။ တရက္ထဲ စံခရဘူရီမွာလည္း ၁၈ေယာက္ ။ အခုက ေတာက္ေရွာက္ဒီလုိမ်ိဳးေတြ မိေနတာ နယ္စပ္ေဒသမွာ စစ္ေဆးေရးဂိတ္ေတြ ခ်မယ္၊ ျခံစည္းရိုးခတ္၊သြပ္ဆူးႀကိဳးေတြ ကာထားတာေတာင္ထပ္မိတယ္။ ပက်ြတ္ခရိုင္မွာဆိုလည္း ၆ေယာက္၊ ပဲြစားေတြက ဒီေလာက္ ေရာဂါအေျခအေနေတြ ရွိေနတဲ့ၾကား အတားအဆီးေတြရွိေနတဲ့ၾကားက လုပ္ေနတာ ။ အေတာ္ကို အႏၱရာယ္လည္းမ်ားပါတယ္ ။”

COVID-19 ကပ္ေရာဂါပိုး ေနာက္ထပ္ တေက်ာ့ျပန္၀င္လာမယ့္ အဓိက လမ္းေၾကာင္း ဟာ ျပည္ေတာ္ျပန္ ထိုင္း နိုင္ငံသားေတြနဲ ့ နယ္စပ္လမ္းေၾကာင္းကတဆင့္ ခိုး၀င္လာေနတဲ့ သူေတြဆီကေန ကူးစက္ျပန္ ့ပြားလာနိုင္တယ္ဆိုျပီး ကပ္ေရာဂါ ထိန္းခ်ဳပ္နိုင္ဖို့ထုိင္းႏိုင္ငံက တင္းၾကပ္တဲ့ စည္းမ်ဥ္းဥပေဒေတြ ခ်မွတ္ေနတဲ့ အခ်ိန္မွာ ဇူလိုင္လ ၂၉ ရက္ေန ့က ထိုင္းနိုင္ငံ ကန္ခ်နဘူရီခရိုင္ Sai Yok ၿမိဳ ့နယ္ ေက်းရႊာအုပ္စု အတြင္း ေမာင္း၀င္လာတဲ့ ကားငယ္နွစ္စီးကို Sai Yokၿမိဳ ့နယ္ အမွတ္၁၃၆ ရဲတပ္ဖြဲ ့ က တားဆီး စစ္ေဆးခဲ့တာျဖစ္ပါတယ္။

ကားေမာင္းလာသူႏွစ္ဦးနဲ ့အတူ ျမန္မာနိုင္ငံသားေတြကို Sai Yok ရဲစခန္းက ဖမ္းဆီး စစ္ေဆးေနျပီး ့ စခန္းမွဴး Mr. Sawit Jiemjiraphon က ထုတ္ေဖၚေျပာဆိုသြားတာကေတာ့ ကားေမာင္းသူ အမ်ိဳးသား ႏွစ္ဦးကို ေတာ့ တရားမ၀င္ လူေမွာင္ခိုကုန္ကူးမွုနဲ ့အေရးယူ သြားမွာျဖစ္ျပီး ခိုး၀င္ျမန္မာႏိုင္ငံသားေတြကိုေတာ့ ၁၉၇၉ လ၀က ဥပေဒအရ Immigration Act 1979 အေရးယူခံရမွာျဖစ္ေၾကာင္း ေျပာဆုိသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

လူကုန်ကူးပွဲစားတွေ ခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားအများအပြား ထိုင်းမှာ ဖမ်းမိ

(Unicode)

COVID-19 အရေးပေါ်ကာလမှာ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးသူတွေ ခေါ်ဆောင်လာတဲ့မြန်မာနိုင်ငံသားများ ဆက်တိုက်ဆိုသလို ဖမ်ဆီးခံနေရပါတယ်။ ဒီသတင်းကို မအေးအေးမာ ထိုင်း-မြန်မာနယ်စပ်ကနေ သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံအတွင်း COVID-19 အရေးပေါ်ကာလမှာ လူကုန်ကူးမူတွေ ဆက်တိုက်ဖြစ်နေပါတယ်။

မြန်မာနိုင်ငံက တရားမဝင် ခိုးဝင်လာနေတဲ့သူတွေ ဝင်ရောက်မလာနိုင်အောင် ထိုင်း-မြန်မာနယ်စပ် တလျှောက်မှာ စောင့်ကြည့် စစ်ဆေးမှုတွေ တိုးမြင့်လုပ်ဆောင်နေတဲ့ကြားက မြန်မာနိုင်ငံသားတွေဟာ လူကုန်ကူးပွဲစားတွေနဲ့ ချိတ်ဆက်ပြီး ထိုင်းနိုင်ငံအတွင်း ဆက်တိုက်ဝင်ရောက်လာနေပါတယ်။

ဒီရက်ပိုင်းမှာပဲ မြန်မာနိုင်ငံသား လူုကုန်ကူးခံရသူတွေကို ဆက်တိုက်ဖမ်းမိနေတဲ့အကြောင်း ထိုင်းတောင်ပိုင်းက ပညာရေးနဲ့ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း က အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပြပါတယ်။

“လန်ပမ်မှာမိတာ ၇ ယောက်မိတာ မြန်မာတွေ ။ သူတို့က တာ့ခရိုင်ကနေ ခိုးဝင်တာ လန်ပမ်ဘက်မှာ အလုပ်ခိုးလုပ်ဖို့ သွားတာ။ ထိုင်းကားသမားနဲ့သွားတာ ကားကို မသင်္ကာလို့ check point မှာ စစ်လို့မိတာ အားလုံး ၇ ယောက် ။ ကန်ချဘူရီ ဆိုင်ယုတ်မှာမိတာ အားလုံး ၃၃ယောက် အမျိုးသား၊ အမျိုးသမီး စုစုပေါင်းလေ အဲဒါလည်းတရားမဝင်ခိုးဝင်တာ ။ အဲဒါက တနင်္သာရီတိုင်းနဲ့ ဆက်စပ်နေတာပေါ့ ။ အခုတလော အားလုံးပေါင်း ၂၂ယောက်လည်းမိတယ် ။ တရက်ထဲ စံခရဘူရီမှာလည်း ၁၈ယောက် ။ အခုက တောက်ရှောက်ဒီလိုမျိုးတွေ မိနေတာ နယ်စပ်ဒေသမှာ စစ်ဆေးရေးဂိတ်တွေ ချမယ်၊ ခြံစည်းရိုးခတ်၊သွပ်ဆူးကြိုးတွေ ကာထားတာတောင်ထပ်မိတယ်။ ပကျွတ်ခရိုင်မှာဆိုလည်း ၆ယောက်၊ ပွဲစားတွေက ဒီလောက် ရောဂါအခြေအနေတွေ ရှိနေတဲ့ကြား အတားအဆီးတွေရှိနေတဲ့ကြားက လုပ်နေတာ ။ အတော်ကို အန္တရာယ်လည်းများပါတယ် ။”

COVID-19 ကပ်ရောဂါပိုး နောက်ထပ် တကျော့ပြန်ဝင်လာမယ့် အဓိက လမ်းကြောင်း ဟာ ပြည်တော်ပြန် ထိုင်းနိုင်ငံသားတွေနဲ့ နယ်စပ်လမ်းကြောင်းကတဆင့် ခိုးဝင်လာနေတဲ့ သူတွေဆီကနေ ကူးစက်ပြန့်ပွားလာနိုင်တယ်ဆိုပြီး ကပ်ရောဂါ ထိန်းချုပ်နိုင်ဖို့ထိုင်းနိုင်ငံက တင်းကြပ်တဲ့ စည်းမျဉ်းဥပဒေတွေ ချမှတ်နေတဲ့ အချိန်မှာ ဇူလိုင်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် Sai Yok မြို့နယ် ကျေးရွှာအုပ်စု အတွင်း မောင်းဝင်လာတဲ့ ကားငယ်နှစ်စီးကို Sai Yokမြို့နယ် အမှတ်၁၃၆ ရဲတပ်ဖွဲ့ က တားဆီး စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ကားမောင်းလာသူနှစ်ဦးနဲ့အတူ မြန်မာနိုင်ငံသားတွေကို Sai Yok ရဲစခန်းက ဖမ်းဆီး စစ်ဆေးနေပြီး့ စခန်းမှူး Mr. Sawit Jiemjiraphon က ထုတ်ဖေါ်ပြောဆိုသွားတာတော့ ကားမောင်းသူ အမျိုးသား နှစ်ဦးကို တော့ တရားမဝင် လူမှောင်ခိုကုန်ကူးမှုနဲ့ အရေးယူသွားမှာဖြစ်ပြီး ခိုးဝင်မြန်မာနိုင်ငံသားတွေကိုတော့ ၁၉၇၉ လဝက ဥပဒေအရ Immigration Act 1979 အရေးယူခံရမှာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

XS
SM
MD
LG