သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ ထိုင္းမွာ အလုပ္လက္မဲ့ျဖစ္တဲ့ ျမန္မာအလုပ္သမားေတြျပႆနာ ေျဖရွင္းေပးဖို႔ တင္ျပ


အလုပ္သမားအခြင့္အေရး ကာကြယ္ေရး႐ုံးကုိ သြားေရာက္ေတာင္းဆိုေနတဲ့ ျမန္မာအလုပ္သမားမ်ား။ (ဇူလိုင္ ၃၁၊ ၂၀၂၀။ ဓာတ္ပုံ - AAC)

(Zawgyi / Unicode)

COVID-19 အေရးေပၚကာလအတြင္း အလုပ္လက္မဲ့ျဖစ္တာ ၄ လနီးပါးရွိေနၿပီ ျဖစ္တာေၾကာင့္ ျမန္မာအလုပ္သမား ၁၅၀ ေက်ာ္ဟာ ထုိင္းႏုိင္ငံ ပထံုဌာနီခ႐ုိင္က အလုပ္သမား ကာကြယ္ေရး႐ုံးကို သြားၿပီး အလုပ္ရွင္ အလုပ္သမား ျပႆနာကို ေျဖရွင္းေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအုိေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏိုင္ငံ ပထံုဌာနီခ႐ုိင္က ခရီးေဆာင္အိတ္ေတြခ်ဳပ္တဲ့ စက္႐ုံက ျမန္မာအလုပ္သမား ၁၅၀ ေက်ာ္ဟာ COVID-19 အေရးေပၚကာလမွာ အလုပ္ရပ္နားတာ ၄ လနီးပါးရွိၿပီ ျဖစ္တာေၾကာင့္ ဒီစက္႐ုံအေနနဲ႔ သူတုိ႔ကုိ ဘယ္အခ်ိန္အထိ အလုပ္ေတြ နားထားဦးမလဲဆိုတဲ့ ျပႆနာကုိ ေျဖရွင္းေပးဖို႔ ဇူလုိင္လ ၃၁ ရက္ေန႔က အလုပ္သမား အခြင့္အေရး ကာကြယ္ေရး႐ုံးကို သြားေရာက္ၿပီး ေတာင္းဆိုခဲ့ၾကေၾကာင္း ထိုင္းအေျခစိုက္ အလုပ္သမားကူညီေရးအဖဲြ႔ AAC ရဲ႕ ဒါ႐ုိက္တာ ဦးခိုင္ႀကီးက အခုလိုေျပာပါတယ္။

“၂၀၁၉ ေအာက္တုိဘာနဲ႔ ၾသဂုတ္လအတြင္းမွာ ပို႔ခဲ့တဲ့ အလုပ္သမားေတြ၊ တႏွစ္မျပည့္ေသးဘူး။ အခု ၂၀၂၀ ထဲမွာ ကုိဗစ္ကာလနဲ႔ တိုးတယ္။ ကိုဗစ္ကာလၿပီးရင္ ပုံမွန္အလုပ္ေပးမယ္၊ အခုေတာ့ အစိုးရေထာက္ပ့ံေၾကးနဲ႔ ေနေပးပါလို႔ ေျပာတယ္၊ ခြင့္ေတာင္းတယ္။ အလုပ္သမားေတြကလည္း ေက်နပ္တယ္၊ ေနလိုက္တယ္၊ သတ္မွတ္ကာလက ၃ လဆုိေတာ့ ၃ လအတြင္းမွာ သူတို႔ ေထာက္ပံ့ေပးတဲ့ေငြနဲ႔ အခန္းခ၊ မီးခ၊ ေရခ ေပးေနရတယ္။ က်ေနာ္တို႔ ကိုဗစ္ကာလ နည္းနည္းအလုပ္လုပ္ခြင့္ရမလားဆုိေတာ့ ေနာက္ထပ္တလ ထပ္တုိးတယ္။ အခု ၄ လနီးပါးရွိၿပီ။ ဒါကုိ အလုပ္ ဘယ္ေလာက္၀င္ရမွာလဲ ေမးေတာ့ သူ႔ႏိုင္ငံ သူ႔စီးပြားေရး အဆင္ေျပတဲ့ေန႔မွ အလုပ္၀င္ရမယ္လို႔ ေျပာတဲ့အတြက္ အလုပ္သမားေတြက အလုပ္သမား ကာကြယ္ေရး႐ုံးကုိ သြားၾကတယ္။ အလုပ္ရွင္နဲ႔ ေျပလည္ေအာင္ ညိႇေပးဖို႔ေပါ့။”

COVID-19 အေရးေပၚကာလမွာ အစုိးရေထာက္ပံ့ေပးေငြ တလကို ဘတ္ေငြ ၅,၀၀၀ ေက်ာ္ ရရွိခဲ့ေပမယ့္ အလုပ္ရွင္ကို ျပန္ေပးရတဲ့ အခန္းငွားခ၊ ေရခ၊ မီးခနဲ႔တင္ ကုန္သြားတာမို႔ ျမန္မာအလုပ္သမားေတြဟာ စားေသာက္ေရးပါ ခက္ခဲလာခဲ့တာပါ။ အခုကေတာ့ ေထာက္ပံ့ေၾကး ထပ္ေပးတာမ်ိဳးလည္း မရွိေတာ့သလို အလုပ္ကလည္း ဘယ္အခ်ိန္မွာ ျပန္လုပ္ရမယ္ မသိတာေၾကာင့္ တျခားအလုပ္ေတြကို ေျပာင္းေရႊ႕တာမ်ိဳးေတြကုိ ခြင့္ျပဳေပးႏုိင္ဖုိ႔ သြားေရာက္ေတာင္းဆိုခဲ့ၾကတာ ျဖစ္တယ္လို႔ ဆုိပါတယ္။

“အလုပ္က တကယ္ယူဦးမွာလား၊ နားဦးမွာလား၊ အလုပ္မရွိေတာ့ဘူးဆိုရင္ ဆက္ၿပီး နားရဦးမယ္ဆုိရင္ အလုပ္သမားေတြက မခံႏိုင္ေတာ့ဘူး။ တျခားအလုပ္ရွင္ကုိ ေျပာင္းလုပ္ခ်င္တယ္။ အလုပ္ရွင္က အျပင္သြားခြင့္ မေပးဘူး။ အစုိးရ ေထာက္ပံ့ေၾကးကေတာ့ ၃ လစာေတာ့ ရၿပီးၿပီ။ ဒါေပမယ့္ ေနာက္ဆံုးတလစာ မေပးေတာ့ဘူး။ ဒီေတာ့ အလုပ္ဆက္ခိုင္းဦးမွာလား ဆုိတာ သိခ်င္လုိ႔ အလုပ္သမား ကာကြယ္ေရး႐ုံးကို သြားေတာ့ လာမယ့္ တနလၤာေန႔မွာ အလုပ္႐ုံကုိ လာစစ္မယ္၊ အလုပ္ရွင္ အလုပ္သမား စကားေျပာမယ္လို႔ ဆိုတယ္။”

COVID-19 အေရးေပၚကာလမွာ စက္႐ံုအေတာ္မ်ားမ်ား ပိတ္သိမ္းလိုက္ရၿပီး ႏုိင္ငံျခားသား အလုပ္သမားေတြ အပါအ၀င္ အလုပ္လက္မဲ့ဦးေရ ၈ သန္းထက္မနည္း ရွိေနတာပါ။ ဒီကာလအတြင္းမွာ ျမန္မာႏိုင္ငံသား ၅၀,၀၀၀ ေက်ာ္ေလာက္ ေနရပ္ျပန္ခဲ့ၿပီး အခုလို အဆင္မေျပျဖစ္ေနတဲ့ အလုပ္သမားေတြလည္း အမ်ားအျပား ရွိေနတာပါ။ ထိုင္းႏုိင္ငံမွာ ျမန္မာအလုပ္သမား ၃ သန္းထက္မနည္း အလုပ္လုပ္ကိုင္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

ကိုဗစ်ကာလ ထိုင်းမှာ အလုပ်လက်မဲ့ဖြစ်တဲ့ မြန်မာအလုပ်သမားတွေပြဿနာ ဖြေရှင်းပေးဖို့ တင်ပြ

COVID-19 အရေးပေါ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်တာ ၄ လနီးပါးရှိနေပြီ ဖြစ်တာကြောင့် မြန်မာအလုပ်သမား ၁၅၀ ကျော်ဟာ ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်က အလုပ်သမား ကာကွယ်ရေးရုံးကို သွားပြီး အလုပ်ရှင် အလုပ်သမား ပြဿနာကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်က ခရီးဆောင်အိတ်တွေချုပ်တဲ့ စက်ရုံက မြန်မာအလုပ်သမား ၁၅၀ ကျော်ဟာ COVID-19 အရေးပေါ်ကာလမှာ အလုပ်ရပ်နားတာ ၄ လနီးပါးရှိပြီ ဖြစ်တာကြောင့် ဒီစက်ရုံအနေနဲ့ သူတို့ကို ဘယ်အချိန်အထိ အလုပ်တွေ နားထားဦးမလဲဆိုတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ဇူလိုင်လ ၃၁ ရက်နေ့က အလုပ်သမား အခွင့်အရေး ကာကွယ်ရေးရုံးကို သွားရောက်ပြီး တောင်းဆိုခဲ့ကြကြောင်း ထိုင်းအခြေစိုက် အလုပ်သမားကူညီရေးအဖွဲ့ AAC ရဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက အခုလိုပြောပါတယ်။

“၂၀၁၉ အောက်တိုဘာနဲ့ သြဂုတ်လအတွင်းမှာ ပို့ခဲ့တဲ့ အလုပ်သမားတွေ၊ တနှစ်မပြည့်သေးဘူး။ အခု ၂၀၂၀ ထဲမှာ ကိုဗစ်ကာလနဲ့ တိုးတယ်။ ကိုဗစ်ကာလပြီးရင် ပုံမှန်အလုပ်ပေးမယ်၊ အခုတော့ အစိုးရထောက်ပံ့ကြေးနဲ့ နေပေးပါလို့ ပြောတယ်၊ ခွင့်တောင်းတယ်။ အလုပ်သမားတွေကလည်း ကျေနပ်တယ်၊ နေလိုက်တယ်၊ သတ်မှတ်ကာလက ၃ လဆိုတော့ ၃ လအတွင်းမှာ သူတို့ ထောက်ပံ့ပေးတဲ့ငွေနဲ့ အခန်းခ၊ မီးခ၊ ရေခ ပေးနေရတယ်။ ကျနော်တို့ ကိုဗစ်ကာလ နည်းနည်းအလုပ်လုပ်ခွင့်ရမလားဆိုတော့ နောက်ထပ်တလ ထပ်တိုးတယ်။ အခု ၄ လနီးပါးရှိပြီ။ ဒါကို အလုပ် ဘယ်လောက်ဝင်ရမှာလဲ မေးတော့ သူ့နိုင်ငံ သူ့စီးပွားရေး အဆင်ပြေတဲ့နေ့မှ အလုပ်ဝင်ရမယ်လို့ ပြောတဲ့အတွက် အလုပ်သမားတွေက အလုပ်သမား ကာကွယ်ရေးရုံးကို သွားကြတယ်။ အလုပ်ရှင်နဲ့ ပြေလည်အောင် ညှိပေးဖို့ပေါ့။”

COVID-19 အရေးပေါ်ကာလမှာ အစိုးရထောက်ပံ့ပေးငွေ တလကို ဘတ်ငွေ ၅,၀၀၀ ကျော် ရရှိခဲ့ပေမယ့် အလုပ်ရှင်ကို ပြန်ပေးရတဲ့ အခန်းငှားခ၊ ရေခ၊ မီးခနဲ့တင် ကုန်သွားတာမို့ မြန်မာအလုပ်သမားတွေဟာ စားသောက်ရေးပါ ခက်ခဲလာခဲ့တာပါ။ အခုကတော့ ထောက်ပံ့ကြေး ထပ်ပေးတာမျိုးလည်း မရှိတော့သလို အလုပ်ကလည်း ဘယ်အချိန်မှာ ပြန်လုပ်ရမယ် မသိတာကြောင့် တခြားအလုပ်တွေကို ပြောင်းရွှေ့တာမျိုးတွေကို ခွင့်ပြုပေးနိုင်ဖို့ သွားရောက်တောင်းဆိုခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အလုပ်က တကယ်ယူဦးမှာလား၊ နားဦးမှာလား၊ အလုပ်မရှိတော့ဘူးဆိုရင် ဆက်ပြီး နားရဦးမယ်ဆိုရင် အလုပ်သမားတွေက မခံနိုင်တော့ဘူး။ တခြားအလုပ်ရှင်ကို ပြောင်းလုပ်ချင်တယ်။ အလုပ်ရှင်က အပြင်သွားခွင့် မပေးဘူး။ အစိုးရ ထောက်ပံ့ကြေးကတော့ ၃ လစာတော့ ရပြီးပြီ။ ဒါပေမယ့် နောက်ဆုံးတလစာ မပေးတော့ဘူး။ ဒီတော့ အလုပ်ဆက်ခိုင်းဦးမှာလား ဆိုတာ သိချင်လို့ အလုပ်သမား ကာကွယ်ရေးရုံးကို သွားတော့ လာမယ့် တနင်္လာနေ့မှာ အလုပ်ရုံကို လာစစ်မယ်၊ အလုပ်ရှင် အလုပ်သမား စကားပြောမယ်လို့ ဆိုတယ်။”

COVID-19 အရေးပေါ်ကာလမှာ စက်ရုံအတော်များများ ပိတ်သိမ်းလိုက်ရပြီး နိုင်ငံခြားသား အလုပ်သမားတွေ အပါအဝင် အလုပ်လက်မဲ့ဦးရေ ၈ သန်းထက်မနည်း ရှိနေတာပါ။ ဒီကာလအတွင်းမှာ မြန်မာနိုင်ငံသား ၅၀,၀၀၀ ကျော်လောက် နေရပ်ပြန်ခဲ့ပြီး အခုလို အဆင်မပြေဖြစ်နေတဲ့ အလုပ်သမားတွေလည်း အများအပြား ရှိနေတာပါ။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြပါတယ်။

XS
SM
MD
LG