သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံတြင္း ႏိုင္ငံျခားအလုပ္သမားမ်ား ဇူလုိင္ကုန္ထိ သက္တမ္းတိုး


ထုိင္းႏုိင္ငံက ျပန္လာတဲ့ ျမန္မာအလုပ္သမားမ်ား။ (မတ္ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံမွာ COVID-19 အေရးေပၚကာလမွာ အလုပ္လုပ္ခြင့္သက္တမ္း ကုန္ဆံုးေနတဲ့ ႏုိင္ငံျခားသား အလုပ္သမားေတြကို ထုိင္းႏိုင္ငံထဲမွာ ဇူလိုင္လကုန္ထိ ေနထုိင္ဖို႔ သက္တမ္းတလ ထပ္တိုးေပးလိုက္ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထုိင္းႏိုင္ငံထဲမွာ COVID-19 အေရးေပၚကာလအတြင္း အလုပ္လုပ္ခြင့္သက္တမ္း ကုန္ဆံုးေနသူေတြဟာ ေနရပ္ျပန္ရမွာျဖစ္ေပမယ့္ ထုိင္းအစိုးရက အထူးအခြင့္အေရး အေနနဲ႔ ဇြန္လကုန္ထိ သက္တမ္းတိုးေပးထားတာပါ။ အခုအခါမွာေတာ့ ေနာက္ထပ္ ဇူလုိင္လကုန္ထိ သက္တမ္း ထပ္တုိးေပးထားတာေၾကာင့္ ျမန္မာအလုပ္သမားေတြအတြက္ေတာ့ အဆင္ေျပသြားႏုိင္တယ္လို႔ ထုိ္င္း-ျမန္မာနယ္စပ္ အေျခစုိက္ ေရာင္ျခည္ဦး အလုပ္သမားအဖဲြ႔ရဲ႕ မဲေဆာက္႐ုံးတာ၀န္ခံ ဦးမိုးေက်ာ္က ေျပာပါတယ္။

“ထိုင္းႏိုင္ငံထဲမွာရွိတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြ အေနနဲ႔က တခ်ိဳ႕ဆိုရင္ ကိုဗစ္ကာလမွာ သူတုိ႔ရဲ႕ အလုပ္သမားလက္မွတ္ အလုပ္လုပ္ခြင့္သက္တမ္းေတြ ကုန္ဆံုးေနတာရွိတယ္။ ထုိင္းက ေၾကညာထားတာက ဇြန္လအထိ သက္တမ္းတုိးေပးတာ ရွိတယ္။ အခုဆိုရင္ ဇူလုိင္လကုန္ထိ ထိုင္းႏိုင္ငံထဲမွာ ေနထုိင္ေနတဲ့ အလုပ္သမားေတြကုိ ေနထိုင္ဖို႔ သက္တမ္းတိုးေပးလိုက္တာဆုိေတာ့ အဆင္ေျပတာေပါ့။ ေရႊ႕ေျပာင္းအလုပ္သမားေတြအတြက္ အသက္႐ွဴေခ်ာင္တာေပါ့။”

COVID-19 အေရးေပၚကာလမွာ ထုိင္းႏုိင္ငံမွာလည္း စက္႐ုံေတြပိတ္ရတာ၊ ကုန္ၾကမ္းမရတာ၊ ေဒ၀ါလီခံရတဲ့ စက္႐ုံေတြ မ်ားလာတာေတြေၾကာင့္ ျမန္မာအပါအ၀င္ အလုပ္သမား ၈ သန္းေလာက္ဟာ အလုပ္လက္မဲ့ေတြ ျဖစ္ေနၾကရတာပါ။ ဒီအတြက္ ျမန္မာႏုိင္ငံသားေတြဟာ ေသာင္းဂဏန္းနဲ႔ ေနရပ္ျပန္ေနၾကရပါတယ္။ ဒီထဲမွာ အလုပ္လုပ္ခြင့္သက္တမ္း ကုန္ဆံုးေနသူေတြေရာ အလုပ္လက္မဲ့ ျဖစ္ေနသူေတြလည္း ပါ၀င္တာပါ။ အခုလုိ အလုပ္လုပ္ခြင့္သက္တမ္း တလထပ္တိုးေပးတဲ့အတြက္ သက္တမ္းကုန္ေနတဲ့ အလုပ္သမားေတြ အတြက္လည္း အဆင္ေျပမႈ ရွိႏုိင္တယ္လို႔ ဆိုပါတယ္။

“အနည္းဆံုး ၂ လခဲြ ၃ လေလာက္ အလုပ္လက္မဲ့ ျဖစ္ေနေတာ့ ျပန္ၾကတာမ်ားတယ္။ ေနရပ္ရင္းျပန္ၾကတဲ့ အလုပ္သမားေတြက မူလအလုပ္ေတြ ရပ္ဆုိင္းေနေတာ့ ျပန္ၾကတာမ်ားတယ္။ အခု သက္တမ္းတိုးေပးလိုက္တဲ့အခါမွာ သက္တမ္းကုန္ဆံုးေနတဲ့သူေတြ အတြက္ကေတာ့ အလုပ္သမားလက္မွတ္ေတြ ကုန္ဆုံးေနေတာ့ နယ္စပ္ျပန္ဖို႔အတြက္ စုိးရိမ္ေနတဲ့သူေတြ ရွိတယ္။ အခုေတာ့ သံ႐ုံးကို ခ်ိတ္ဆက္ၿပီး အေထာက္အထားယူၿပီး ျပန္လို႔ရတယ္ အဆင္ေျပတာေပါ့။ ထိုင္းႏုိင္ငံက သက္တမ္းတုိးေပးလိုက္ေတာ့ နယ္စပ္ကုိ ျပန္လို႔ရတဲ့ အခြင့္အလမ္းေတြ ရွိလာႏုိင္တာေပါ့။”

ထိုင္းႏိုင္ငံမွာ ၿပီးခဲ့တဲ့ ႏွစ္ကုန္ပုိင္းကေန အခု COVID-19 ကပ္ေရာဂါ ျဖစ္ေနတဲ့အခ်ိန္ထိ စက္႐ုံေပါင္း ၁,၀၀၀ ေက်ာ္ ပိတ္ပစ္ခဲ့ရတာျဖစ္ၿပီး လုပ္အားခ မေပးႏိုင္ဘဲ ေဒ၀ါလီခံလိုက္တဲ့ စက္႐ုံေတြလည္း အမ်ားအျပား ရွိေနပါတယ္။ စက္႐ုံေတြမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာအလုပ္သမားေတြမွာလည္း လုပ္အားခ နစ္နာတာေတြအျပင္ ေနထုိင္စားေသာက္ဖို႔ အခက္အခဲေတြေၾကာင့္ ၂၀၂၀ ႏွစ္စကေန ေနရပ္ျပန္ေနၾကတာ ျဖစ္ပါတယ္။ ကုိဗစ္အေရးေပၚကာလမွာေတာ့ အလုပ္လက္မဲ့ေတြ ပိုမ်ားလာတာေၾကာင့္ ေသာင္းနဲ႔ခ်ီၿပီး ေနရပ္ကုိ ျပန္ေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

ထိုင်းနိုင်ငံတွင်း နိုင်ငံခြားအလုပ်သမားများ ဇူလိုင်ကုန်ထိ သက်တမ်းတိုး

ထိုင်းနိုင်ငံမှာ COVID-19 အရေးပေါ်ကာလမှာ အလုပ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးနေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ထိုင်းနိုင်ငံထဲမှာ ဇူလိုင်လကုန်ထိ နေထိုင်ဖို့ သက်တမ်းတလ ထပ်တိုးပေးလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ COVID-19 အရေးပေါ်ကာလအတွင်း အလုပ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးနေသူတွေဟာ နေရပ်ပြန်ရမှာဖြစ်ပေမယ့် ထိုင်းအစိုးရက အထူးအခွင့်အရေး အနေနဲ့ ဇွန်လကုန်ထိ သက်တမ်းတိုးပေးထားတာပါ။ အခုအခါမှာတော့ နောက်ထပ် ဇူလိုင်လကုန်ထိ သက်တမ်း ထပ်တိုးပေးထားတာကြောင့် မြန်မာအလုပ်သမားတွေအတွက်တော့ အဆင်ပြေသွားနိုင်တယ်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ရဲ့ မဲဆောက်ရုံးတာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။

“ထိုင်းနိုင်ငံထဲမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့က တချို့ဆိုရင် ကိုဗစ်ကာလမှာ သူတို့ရဲ့ အလုပ်သမားလက်မှတ် အလုပ်လုပ်ခွင့်သက်တမ်းတွေ ကုန်ဆုံးနေတာရှိတယ်။ ထိုင်းက ကြေညာထားတာက ဇွန်လအထိ သက်တမ်းတိုးပေးတာ ရှိတယ်။ အခုဆိုရင် ဇူလိုင်လကုန်ထိ ထိုင်းနိုင်ငံထဲမှာ နေထိုင်နေတဲ့ အလုပ်သမားတွေကို နေထိုင်ဖို့ သက်တမ်းတိုးပေးလိုက်တာဆိုတော့ အဆင်ပြေတာပေါ့။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အသက်ရှူချောင်တာပေါ့။”

COVID-19 အရေးပေါ်ကာလမှာ ထိုင်းနိုင်ငံမှာလည်း စက်ရုံတွေပိတ်ရတာ၊ ကုန်ကြမ်းမရတာ၊ ဒေဝါလီခံရတဲ့ စက်ရုံတွေ များလာတာတွေကြောင့် မြန်မာအပါအဝင် အလုပ်သမား ၈ သန်းလောက်ဟာ အလုပ်လက်မဲ့တွေ ဖြစ်နေကြရတာပါ။ ဒီအတွက် မြန်မာနိုင်ငံသားတွေဟာ သောင်းဂဏန်းနဲ့ နေရပ်ပြန်နေကြရပါတယ်။ ဒီထဲမှာ အလုပ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးနေသူတွေရော အလုပ်လက်မဲ့ ဖြစ်နေသူတွေလည်း ပါဝင်တာပါ။ အခုလို အလုပ်လုပ်ခွင့်သက်တမ်း တလထပ်တိုးပေးတဲ့အတွက် သက်တမ်းကုန်နေတဲ့ အလုပ်သမားတွေ အတွက်လည်း အဆင်ပြေမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

“အနည်းဆုံး ၂ လခွဲ ၃ လလောက် အလုပ်လက်မဲ့ ဖြစ်နေတော့ ပြန်ကြတာများတယ်။ နေရပ်ရင်းပြန်ကြတဲ့ အလုပ်သမားတွေက မူလအလုပ်တွေ ရပ်ဆိုင်းနေတော့ ပြန်ကြတာများတယ်။ အခု သက်တမ်းတိုးပေးလိုက်တဲ့အခါမှာ သက်တမ်းကုန်ဆုံးနေတဲ့သူတွေ အတွက်ကတော့ အလုပ်သမားလက်မှတ်တွေ ကုန်ဆုံးနေတော့ နယ်စပ်ပြန်ဖို့အတွက် စိုးရိမ်နေတဲ့သူတွေ ရှိတယ်။ အခုတော့ သံရုံးကို ချိတ်ဆက်ပြီး အထောက်အထားယူပြီး ပြန်လို့ရတယ် အဆင်ပြေတာပေါ့။ ထိုင်းနိုင်ငံက သက်တမ်းတိုးပေးလိုက်တော့ နယ်စပ်ကို ပြန်လို့ရတဲ့ အခွင့်အလမ်းတွေ ရှိလာနိုင်တာပေါ့။”

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကနေ အခု COVID-19 ကပ်ရောဂါ ဖြစ်နေတဲ့အချိန်ထိ စက်ရုံပေါင်း ၁,၀၀၀ ကျော် ပိတ်ပစ်ခဲ့ရတာဖြစ်ပြီး လုပ်အားခ မပေးနိုင်ဘဲ ဒေဝါလီခံလိုက်တဲ့ စက်ရုံတွေလည်း အများအပြား ရှိနေပါတယ်။စက်ရုံတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေမှာလည်း လုပ်အားခ နစ်နာတာတွေအပြင် နေထိုင်စားသောက်ဖို့ အခက်အခဲတွေကြောင့် ၂၀၂၀ နှစ်စကနေ နေရပ်ပြန်နေကြတာ ဖြစ်ပါတယ်။ ကိုဗစ်အရေးပေါ်ကာလမှာတော့ အလုပ်လက်မဲ့တွေ ပိုများလာတာကြောင့် သောင်းနဲ့ချီပြီး နေရပ်ကို ပြန်နေကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG