သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကုိဗစ္ကာလအတြင္း ထုိင္းမွာထိန္းသိမ္းခံထားရတဲ့ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္ ျပန္ပုိ႔ခံရ


Photo- ျပည္ႏွင္ဒဏ္ေပးခံရတဲ့ျမန္မာႏို္င္ငံသား၁၀၀ ေက်ာ္ ေကာ့ေသာင္းကိုေရာက္လာပံု (FED)

(Zawgyi/Unicode)

ကုိဗစ္ ၁၉ အေရးေပၚကာလမွာ ထိုင္းႏိုင္ငံ လူ၀င္မႈႀကီးၾကပ္ေရးဌာနက ထိန္းသိမ္းထားသူ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္ကုိ ျမန္မာႏုိင္ငံဘက္ ျပန္ပုိ႔လုိက္တဲ့အေၾကာင္း မေအးေအးမာ တင္ဆက္ေပးခ်င္ပါတယ္။

လူေမွာင္ခုိကူးခံရသူေတြ အပါအ၀င္ ထုိင္းႏုိင္ငံ လူ၀င္မႈႀကီးၾကပ္ေရးဌာနက ထိန္းသိမ္းထားတဲ့ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္ကုိ ေကာ့ေသာင္းၿမိဳ႕က ျမန္မာအာဏာပုိင္ေတြထံ လဲႊေျပာင္းေပးခဲ့တာျဖစ္ပါတယ္။ အမ်ဳိးသမီးေတြ အပါအ၀င္ မေန႔တုန္းက လဲႊေျပာင္းေပးခဲ့တဲ့ သူေတြကုိေတာ့ ေကာ့ေသာင္းၿမိဳ႕က ေစာင့္ၾကည့္ေရး စင္တာေတြမွာ လက္ခံထားတယ္လုိ႔လည္း ေကာ့ေသာင္းၿမိဳ႕ ပညာေရးနဲ႔ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္း ပညာေပးေရးစင္တာတာ၀န္ခံ ဦးမိုးေ၀က ေျပာပါတယ္။

“ျပည္ႏွင္ဒဏ္ေပးလိုက္တာ အကုန္စစ္ထားတယ္၊ Scan ဖတ္ျပီးယူထားတာ သူတို႔ထုိင္းကို ျပန္၀င္မယ္ဆုိရင္ ၂ႏွစ္ေက်ာ္မွ ျပန္၀င္လို႔ရမွာ ၂ႏွစ္ၾကားမွာေတာ့ မရေတာ့ဘူး။ အကုန္လံုး အိုင္ဒီစီ (IDC) ထိုင္းလ၀က ထိန္းသိမ္းေရးစင္တာက အားလံုးမိန္းကေလးက ၁၄ေယာက္ ၊ေယာက္ကၤ်ားေလးက ၉၂ေယာက္ ၾကားထဲမွာလူနာတေယာက္ ၊ ေက်ာင္းသားတေယာက္ အားလံုးက ၁၀၆ ေယာက္က အိုင္ဒီစီကပဲ။ က်န္တဲ့ ၂ ေယာက္က သီးသန္႔ဟုတ္တယ္ က်န္းမာေရးမေကာင္းတဲ့ လူနာတေယာက္နဲ႔ ေက်ာင္းသားတေယာက္က အျပင္လူေပါ့။ ပလုပ္တုတ္ရြာရဲ႕ အေရးေပၚကယ္ဆယ္ေရး ထိန္းသိမ္းတဲ့ စင္တာမွာ ထားတာပါ။”

ျမန္မာႏုိင္ငံဘက္ ျပန္လည္လဲႊေျပာင္း ေပးသူေတြထဲမွာေတာ့ ထုိင္းႏုိင္ငံေတာင္ပုိင္း မေလးရွားႏုိင္ငံနယ္စပ္မွာ လူကုန္ကူးသူေတြက စြန္႔ပစ္ထားခဲ့ရာက ထိန္းသိမ္းထားသူေတြလည္း ပါ၀င္ပါတယ္။

“ကုိဗစ္ကာလမတိုင္ခင္ကတည္းက သူတို႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အလုပ္ရွင္မတူတာ၊ အေထာက္အထားမတူတာေတြ ပါတယ္။ ၿပီးရင္ ေနာက္တခုက လူကုန္ကူးခံရသူေတြလည္းပါတယ္။ ဒါေပမဲ့ တရားခံမဖမ္းမိတာေၾကာင့္ ရိုးရိုးပံုမွန္ အမူေတြနဲ႔ ျပန္ပို႔တာေတြလည္းရိွတယ္။မ်ားေသာအားျဖင့္ ရခိုင္ျပည္နယ္ဘက္ကနဲ႔ ၊မေကြးတိုင္း နဲ႔ ခ်င္းျပည္နယ္ေတြကလူေတြမ်ားတယ္။”

ျပန္လည္လဲႊေျပာင္းေပးလုိက္တဲ့ သူေတြကုိေတာ့ ျမန္မာႏုိင္ငံဘက္မွာ ေရာဂါကူးစက္မႈ ရွိမရွိ ေစာင့္ၾကည့္စစ္ေဆးသြားမွာပါ။ ေသဆုံးသူ ၆ ဦး အပါအ၀င္ ကုိဗစ္-၁၉ ကူးစက္သူ ၃၀၀ေလာက္ကုိ အတည္ျပဳထားတဲ့ ျမန္မာႏုိင္ငံမွာ ေရာဂါကူးစက္မႈ အမ်ားစုဟာ ျပည္ပက ျပန္လာသူေတြ ျဖစ္ၾကပါတယ္။

ဒီအထဲမွာ ထုိင္းႏုိင္ငံက ျပန္လာသူေတြလည္း ပါ၀င္ေနတာေၾကာင့္ နယ္စပ္ေဒသေတြမွာ ေစာင့္ၾကည့္စစ္ေဆးတဲ့ အစီအစဥ္ေတြ တုိးျမွင့္ေဆာင္ရြက္ေနေပမဲ့ ေစာင့္ၾကည့္ေရး စင္တာေတြကေတာ့ လုံေလာက္မႈ မရွိဘူးလုိ႔လည္း ေရႊ႕ေျပာင္းအလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ကိုဗစ်ကာလအတွင်း ထိုင်းမှာထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော် ပြန်ပို့ခံရ

(Unicode)

ကိုဗစ် ၁၉ အရေးပေါ်ကာလမှာ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ထိန်းသိမ်းထားသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို မြန်မာနိုင်ငံဘက် ပြန်ပို့လိုက်တဲ့အကြောင်း မအေးအေးမာ တင်ဆက်ပေးချင်ပါတယ်။

လူမှောင်ခိုကူးခံရသူတွေ အပါအဝင် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ကော့သောင်းမြို့က မြန်မာအာဏာပိုင်တွေထံ လွဲှပြောင်းပေးခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးတွေ အပါအဝင် မနေ့တုန်းက လွဲှပြောင်းပေးခဲ့တဲ့ သူတွေကိုတော့ ကော့သောင်းမြို့က စောင့်ကြည့်ရေး စင်တာတွေမှာ လက်ခံထားတယ်လို့လည်း ကော့သောင်းမြို့ ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ပညာပေးရေးစင်တာတာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။

“ပြည်နှင်ဒဏ်ပေးလိုက်တာ အကုန်စစ်ထားတယ်၊ Scan ဖတ်ပြီးယူထားတာ သူတို့ထိုင်းကို ပြန်ဝင်မယ်ဆိုရင် ၂နှစ်ကျော်မှ ပြန်ဝင်လို့ရမှာ ၂နှစ်ကြားမှာတော့ မရတော့ဘူး။ အကုန်လုံး အိုင်ဒီစီ (IDC) ထိုင်းလဝက ထိန်းသိမ်းရေးစင်တာက အားလုံးမိန်းကလေးက ၁၄ယောက် ၊ယောက်င်္ကျားလေးက ၉၂ယောက် ကြားထဲမှာလူနာတယောက် ၊ ကျောင်းသားတယောက် အားလုံးက ၁၀၆ ယောက်က အိုင်ဒီစီကပဲ။ ကျန်တဲ့ ၂ ယောက်က သီးသန့်ဟုတ်တယ် ကျန်းမာရေးမကောင်းတဲ့ လူနာတယောက်နဲ့ ကျောင်းသားတယောက်က အပြင်လူပေါ့။ ပလုပ်တုတ်ရွာရဲ့ အရေးပေါ်ကယ်ဆယ်ရေး ထိန်းသိမ်းတဲ့ စင်တာမှာ ထားတာပါ။”

မြန်မာနိုင်ငံဘက် ပြန်လည်လွဲှပြောင်း ပေးသူတွေထဲမှာတော့ ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနိုင်ငံနယ်စပ်မှာ လူကုန်ကူးသူတွေက စွန့်ပစ်ထားခဲ့ရာက ထိန်းသိမ်းထားသူတွေလည်း ပါဝင်ပါတယ်။

“ကိုဗစ်ကာလမတိုင်ခင်ကတည်းက သူတို့ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရှင်မတူတာ၊ အထောက်အထားမတူတာတွေ ပါတယ်။ ပြီးရင် နောက်တခုက လူကုန်ကူးခံရသူတွေလည်းပါတယ်။ ဒါပေမဲ့ တရားခံမဖမ်းမိတာကြောင့် ရိုးရိုးပုံမှန် အမူတွေနဲ့ ပြန်ပို့တာတွေလည်းရှိတယ်။များသောအားဖြင့် ရခိုင်ပြည်နယ်ဘက်ကနဲ့ ၊မကွေးတိုင်း နဲ့ ချင်းပြည်နယ်တွေကလူတွေများတယ်။”

ပြန်လည်လွဲှပြောင်းပေးလိုက်တဲ့ သူတွေကိုတော့ မြန်မာနိုင်ငံဘက်မှာ ရောဂါကူးစက်မှု ရှိမရှိ စောင့်ကြည့်စစ်ဆေးသွားမှာပါ။ သေဆုံးသူ ၆ ဦး အပါအဝင် ကိုဗစ်-၁၉ ကူးစက်သူ ၃၀၀လောက်ကို အတည်ပြုထားတဲ့ မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှု အများစုဟာ ပြည်ပက ပြန်လာသူတွေ ဖြစ်ကြပါတယ်။

ဒီအထဲမှာ ထိုင်းနိုင်ငံက ပြန်လာသူတွေလည်း ပါဝင်နေတာကြောင့် နယ်စပ်ဒေသတွေမှာ စောင့်ကြည့်စစ်ဆေးတဲ့ အစီအစဉ်တွေ တိုးမြှင့်ဆောင်ရွက်နေပေမဲ့ စောင့်ကြည့်ရေး စင်တာတွေကတော့ လုံလောက်မှု မရှိဘူးလို့လည်း ရွှေ့ပြောင်းအလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG