(Zawgyi / Unicode)
ထိုင္းႏုိင္ငံမွာ ဖမ္းဆီးခံရၿပီး လြတ္ရက္ေစ့လို႔ ျပန္လြတ္ထားၿပီးျဖစ္ေပမယ့္ COVID-19 အေရးေပၚကာလ အသြားအလာ ပိတ္ပင္ကန္႔သတ္ခ်က္ေတြေၾကာင့္ ေနအိမ္ျပန္ခြင့္မရသူ ျမန္မာႏုိင္ငံသား ၁၈၀ နီးပါး အိမ္ျပန္ခြင့္ရသြားပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။
ထိုင္းႏုိင္ငံေတာင္ပိုင္း၊ ရေနာင္းခ႐ိုင္ လူဝင္မႈႀကီးၾကပ္ေရး အခ်ဳပ္ခန္းကေန လြတ္ေျမာက္လာတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား အမ်ိဳးသား ၁၅၅ ဦး၊ အမ်ိဳးသမီး ၂၃ ဦး၊ အားလံုး စုစုေပါင္း ၁၇၈ ဦးဟာ COVID-19 အေရးေပၚ အမိန္႔ေၾကာင့္ နယ္စပ္ေတြပိတ္ေနၿပီး ျမန္မာဘက္ကုိ ျပန္လဲႊေျပာင္းလို႔မရတဲ့ အေျခအေန ျဖစ္ေနတာပါ။ ဒါေၾကာင့္ ႏွစ္ႏုိင္ငံ အစုိးရေတြနဲ႔ အစိုးရမဟုတ္တဲ့ အဖဲြ႔အစည္းေတြ ညႇိႏႈိင္းၿပီး ရေနာင္း-ေကာ့ေသာင္း နယ္စပ္လမ္းကို ယာယီဖြင့္ၿပီး သူတို႔ကို ေနရပ္ျပန္ပို႔ေပးခဲ့ေၾကာင္း ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရး ေဖာင္ေဒးရွင္းရဲ႕ ဒါ႐ုိက္တာ ဦးထူးခ်စ္က ေျပာျပပါတယ္။
“ဒီမွာရွိတဲ့ ရေနာင္းၿမိဳ႕ေတာ္၀န္ကုိ အေၾကာင္းၾကားတယ္။ ဒီအလုပ္သမားေတြကို အျမန္ျပန္ပို႔ေပးလို႔ရေအာင္ ေျပာျပတယ္။ သူတို႔ကလည္း ျမန္မာအစိုးရဘက္ကိုလည္း စာတင္ခိုင္းတယ္။ က်ေနာ္တို႔ ျမန္မာသံ႐ုံးကုိလည္း ဆက္သြယ္တယ္။ ေကာ့ေသာင္းအုပ္ခ်ဳပ္ေရးမွဴးေရာ ျမန္မာဘက္က တနသၤာရီတုိင္း အစုိးရအဖဲြ႔ကုိလည္း အေၾကာင္းၾကားတယ္။ အဲဒါနဲ႔ ဆိုင္တယ္ထင္တယ္။ မေန႔ကေတာ့ သူတို႔အတြက္ နယ္စပ္ကုိ ယာယီဖြင့္ေပးၿပီး အလုပ္သမားေတြကို ပို႔တယ္။ သူတုိ႔က အဖမ္းခံထိၿပီး လြတ္ေပမယ့္လည္း လမ္းပိတ္ထားလို႔ ပိတ္မိေနတဲ့သူေတြေပါ့။”
ေမလ ၁၅ ရက္ေန႔က ျပန္လဲႊေျပာင္းေပးခဲ့တဲ့ သူေတြထဲမွာ လူကုန္ကူးခံရသူေတြ အလုပ္သမား အခြင့္အေရး ခ်ိဳးေဖာက္ခံရသူေတြ ပါ၀င္ၿပီး သက္ဆိုင္ရာ ျပည္နယ္ တုိင္း အစိုးရေတြက ဆက္ၿပီး တာဝန္ယူ လုပ္ေဆာင္သြားမွာ ျဖစ္တယ္လုိ႔လည္း ဦးထူးခ်စ္က ေျပာပါတယ္။
“သူတို႔ကုိ သက္ဆုိင္ရာ ေကာ့ေသာင္းတာ၀န္ရိွသူေတြက ခနစစ္ေဆးၿပီး ျပန္ပို႔ေပးရတယ္။ သူတို႔ထဲမွာ လူကုန္ကူးခံရသူေတြ အလုပ္မွာ အခြင့္အေရး ခ်ဳိးေဖာက္ခံရသူေတြ ပါတယ္။ လုပ္အားခ မရသူေတြလည္း ပါတယ္။ အဖမ္းခံရသူေတြကေတာ့ အနည္းနဲ႔အမ်ားေတာ့ လူကုန္ကူးခံရသူေတြ အလုပ္သမား အခြင့္အေရး ခ်ိဳးေဖာက္ခံရတာပဲ။ အဓိကကေတာ့ ရန္ကုန္ပတ္၀န္းက်င္နဲ႔ ရခိုင္၊ မေကြးကလူေတြ ပါတယ္။ ေကာ့ေသာင္းကလူေတြကေတာ့ ေကာ့ေသာင္းမွာထားၿပီး က်န္တဲ့ တုိင္းနဲ႔ျပည္နယ္ေတြကေတာ့ သက္ဆုိင္ရာ အစိုးရအဖဲြ႔ေတြရဲ႕ အစီအစဥ္နဲ႔ သြားပါတယ္။”
COVID-19 အေရးေပၚကာလ ျဖစ္တဲ့အတြက္ ျပည္ပကေန ျမန္မာႏုိင္ငံကုိ ျပန္ဝင္လာသူ အားလံုးဟာ သက္ဆိုင္ရာ ေဒသႏၲရအုပ္ခ်ဳပ္ေရး တာဝန္ရွိသူေတြရဲ႕ အစီအစဥ္အတိုင္း သီးျခားခြဲေနထိုင္ၾကရမွာ ျဖစ္ပါတယ္။
ထုိင္း-ျမန္မာနယ္စပ္မွာ မဲေဆာက္-ျမ၀တီ ခ်စ္ၾကည္ေရးတံတားအမွတ္ ၂ ကို ျမန္မာဘက္က ဖြင့္ထားတဲ့အတြက္ ဘန္ေကာက္အပါအ၀င္ ေနရာေပါင္းစံုကေန ျပန္လႊဲေျပာင္းေပးလာတဲ့ အက်ဥ္းသား ၅၀၀ ထက္မနည္းကိုေတာ့ ေမလအတြင္းမွာ ျပန္လႊဲေျပာင္းေပးခဲ့ပါတယ္။ အခု ရေနာင္း-ေကာ့ေသာင္းလမ္းကေတာ့ COVID-19 အေရးေပၚကာလမွာ ပိတ္ထားတဲ့့အတြက္ အက်ဥ္းက် ျမန္မာေတြကို ဒီကာလမွာ ပထမဦးဆံုးအႀကိမ္အျဖစ္ ယာယီဖြင့္ေပးၿပီး ေနရပ္ကုိ ျပန္လႊဲေျပာင္းေပးခဲ့တာ ျဖစ္ပါတယ္။
-----------------------------
(Unicode)
ရနောင်းလူဝင်မှုအချုပ်ကျခဲ့သူ မြန်မာနိုင်ငံသားတွေ နယ်စပ်ယာယီဖွင့်ပေးလို့ အိမ်ပြန်ခွင့်ရ
ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီး လွတ်ရက်စေ့လို့ ပြန်လွတ်ထားပြီးဖြစ်ပေမယ့် COVID-19 အရေးပေါ်ကာလ အသွားအလာ ပိတ်ပင်ကန့်သတ်ချက်တွေကြောင့် နေအိမ်ပြန်ခွင့်မရသူ မြန်မာနိုင်ငံသား ၁၈၀ နီးပါး အိမ်ပြန်ခွင့်ရသွားပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းကနေ လွတ်မြောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၁၅၅ ဦး၊ အမျိုးသမီး ၂၃ ဦး၊ အားလုံး စုစုပေါင်း ၁၇၈ ဦးဟာ COVID-19 အရေးပေါ် အမိန့်ကြောင့် နယ်စပ်တွေပိတ်နေပြီး မြန်မာဘက်ကို ပြန်လွဲှပြောင်းလို့မရတဲ့ အခြေအနေ ဖြစ်နေတာပါ။
ဒါကြောင့် နှစ်နိုင်ငံ အစိုးရတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ညှိနှိုင်းပြီး ရနောင်း-ကော့သောင်း နယ်စပ်လမ်းကို ယာယီဖွင့်ပြီး သူတို့ကို နေရပ်ပြန်ပို့ပေးခဲ့ကြောင်း ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ဦးထူးချစ်က ပြောပြပါတယ်။
“ဒီမှာရှိတဲ့ ရနောင်းမြို့တော်ဝန်ကို အကြောင်းကြားတယ်။ ဒီအလုပ်သမားတွေကို အမြန်ပြန်ပို့ပေးလို့ရအောင် ပြောပြတယ်။ သူတို့ကလည်း မြန်မာအစိုးရဘက်ကိုလည်း စာတင်ခိုင်းတယ်။ ကျနော်တို့ မြန်မာသံရုံးကိုလည်း ဆက်သွယ်တယ်။ ကော့သောင်းအုပ်ချုပ်ရေးမှူးရော မြန်မာဘက်က တနင်္သာရီတိုင်း အစိုးရအဖွဲ့ကိုလည်း အကြောင်းကြားတယ်။ အဲဒါနဲ့ ဆိုင်တယ်ထင်တယ်။ မနေ့ကတော့ သူတို့အတွက် နယ်စပ်ကို ယာယီဖွင့်ပေးပြီး အလုပ်သမားတွေကို ပို့တယ်။ သူတို့က အဖမ်းခံထိပြီး လွတ်ပေမယ့်လည်း လမ်းပိတ်ထားလို့ ပိတ်မိနေတဲ့သူတွေပေါ့။”
မေလ ၁၅ ရက်နေ့က ပြန်လွဲှပြောင်းပေးခဲ့တဲ့ သူတွေထဲမှာ လူကုန်ကူးခံရသူတွေ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရသူတွေ ပါဝင်ပြီး သက်ဆိုင်ရာ ပြည်နယ် တိုင်း အစိုးရတွေက ဆက်ပြီး တာဝန်ယူ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။
“သူတို့ကို သက်ဆိုင်ရာ ကော့သောင်းတာဝန်ရှိသူတွေက ခနစစ်ဆေးပြီး ပြန်ပို့ပေးရတယ်။ သူတို့ထဲမှာ လူကုန်ကူးခံရသူတွေ အလုပ်မှာ အခွင့်အရေး ချိုးဖောက်ခံရသူတွေ ပါတယ်။ လုပ်အားခ မရသူတွေလည်း ပါတယ်။ အဖမ်းခံရသူတွေကတော့ အနည်းနဲ့အများတော့ လူကုန်ကူးခံရသူတွေ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာပဲ။ အဓိကကတော့ ရန်ကုန်ပတ်ဝန်းကျင်နဲ့ ရခိုင်၊ မကွေးကလူတွေ ပါတယ်။ ကော့သောင်းကလူတွေကတော့ ကော့သောင်းမှာထားပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေကတော့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေရဲ့ အစီအစဉ်နဲ့ သွားပါတယ်။”
COVID-19 အရေးပေါ်ကာလ ဖြစ်တဲ့အတွက် ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်ဝင်လာသူ အားလုံးဟာ သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေး တာဝန်ရှိသူတွေရဲ့ အစီအစဉ်အတိုင်း သီးခြားခွဲနေထိုင်ကြရမှာ ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအမှတ် ၂ ကို မြန်မာဘက်က ဖွင့်ထားတဲ့အတွက် ဘန်ကောက်အပါအဝင် နေရာပေါင်းစုံကနေ ပြန်လွှဲပြောင်းပေးလာတဲ့ အကျဉ်းသား ၅၀၀ ထက်မနည်းကိုတော့ မေလအတွင်းမှာ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။ အခု ရနောင်း-ကော့သောင်းလမ်းကတော့ COVID-19 အရေးပေါ်ကာလမှာ ပိတ်ထားတဲ့အတွက် အကျဉ်းကျ မြန်မာတွေကို ဒီကာလမှာ ပထမဦးဆုံးအကြိမ်အဖြစ် ယာယီဖွင့်ပေးပြီး နေရပ်ကို ပြန်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။