သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားနယ္စပ္ ျဖတ္ေက်ာ္လာတဲ့ ျမန္မာေတြ ထိုင္းမွာ ဖမ္းဆီးခံရ


စေဒါင္လ၀က အခ်ဳပ္ထဲမွာ ဖမ္းဆီးခံထားရတဲ့ ျမန္မာႏိုင္ငံသားမ်ား (ၾသဂုတ္ ၉၊ ၂၀၂၀။ ဓာတ္ပုံ - MWRN)

(Zawgyi / Unicode)

ထုိင္းကုိျဖတ္ၿပီး ျမန္မာႏုိင္ငံကုိျပန္မယ့္ ကိုယ္၀န္ေဆာင္ အမ်ိဳးသမီး ၈ ဦးပါတဲ့ မေလးရွားျပန္ ျမန္မာႏုိင္ငံသား ၃၂ ဦး ထိုင္းေတာင္ပိုင္း ဆုန္ခလာခ႐ုိင္က စေဒါင္ၿမိဳ႕ ခေလာင္ဒစ္တံတားေအာက္မွာ ထုိင္းအာဏာပုိင္ေတြက ဖမ္းဆီးခဲ့ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ကိုဗစ္အေရးေပၚကာလ ကန္႔သတ္အမိန္႔ေတြ ထုတ္ျပန္ထားၿပီး နယ္စပ္လမ္းေတြ ပိတ္ဆို႔ထားခ်ိန္မွာပဲ မေလးရွားျပန္ ကုိယ္၀န္ေဆာင္အမ်ိဳးသမီးေတြပါတဲ့ ျမန္မာႏုိင္ငံသား ၃၂ ဦးဟာ ျမန္မာႏုိင္ငံကုိ ျပန္ဖို႔အတြက္ တရားမ၀င္ လမ္းေတြကေန ျဖတ္ၿပီး ထုိင္းေတာင္ပုိင္း ဆုန္ခလာခ႐ုိင္ထဲမွာ ဖမ္းဆီးခံရတာပါ။ ဖမ္းဆီးခံရသူေတြကုိ အစားအေသာက္ေတြ သြားေရာက္လွဴဒါန္းခဲ့တဲ့ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရး ကြန္ရက္ရဲ႕ ဆံုခလာခ႐ုိင္ ဟတ္႐ုိင္ၿမိဳ႕ တာ၀န္ခံ ကုိဘရီက အခုလိုေျပာပါတယ္။

“မေလးရွားကေန ပဲြစားနဲ႔ ျမန္မာႏုိင္ငံကို ျပန္တာေပါ့။ ျပန္တဲ့အခ်ိန္ စေဒါင္နယ္ေျမ ေရာက္တဲ့အခါ ပဲြစားက ၂ ရက္ ၃ ရက္အထိ ထမင္းမေက်ြးဘဲ ေတာထဲမွာ ထားပစ္ခဲ့တယ္။ သူတို႔က ထမင္းငတ္တယ္။ မုိးရာသီဆုိေတာ့ မိုးဒဏ္ေလဒဏ္ မခံႏုိင္ေတာ့ လမ္းေပၚထြက္လာၿပီး အဖမ္းခံတဲ့ပံုစံပဲ။ ကုိယ္၀န္ေဆာင္အမ်ိဳးသမီး ေမြးခါနီး ၈ လ ၉ လရွိတဲ့သူ ၈ ေယာက္ပါတယ္။ က်ေနာ္ကေမးတယ္ ဘာလို႔ ကုိယ္၀န္အရင့္အမာနဲ႔ ျပန္လာလဲဆိုေတာ့ မေလးရွားမွာ သူတို႔အလုပ္ရွင္ေတြက ကိုဗစ္ကာလမွာ ေဆး႐ုံေဆးခန္း ပုိ႔တာေတြ မလုပ္ေပးႏုိင္ၾကဘူး။ ဒီေတာ့ ပဲြစားခ ဘတ္ေငြ ၂၀,၀၀၀ ထိေပးၿပီး ျပန္လာၾကရတယ္။ ဒီထဲမွာ ျမန္မာႏုိင္ငံသား အကုန္လံုး အားလံုး ၃၂ ေယာက္ပါတယ္။”

ထိုင္းနယ္ျခားေစာင့္တပ္နဲ႔ လ၀ကအဖြဲ႔က ျမန္မာႏုိင္ငံသားေတြကို ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း စေဒါင္ရဲတပ္ဖြဲ႔ ဒုရဲမွဴး Praphat Muenphet က သတင္းဌာနေတြကို အတည္ျပဳ ေျပာဆုိသြားပါတယ္။

COVID-19 ထိန္းခ်ဳပ္ က်န္းမာေရး၀န္ထမ္းေတြရဲ႕ စစ္ေဆးခ်က္ေတြအရ ျမန္မာႏုိင္ငံသားတခ်ိဳ႕ဟာ ကိုယ္အပူခ်ိန္ ျမင့္တက္ေနတာ ေတြ႔ရတယ္၊ ေခ်ာင္းေတြ ဆိုးေနၾကတယ္လို႔ ဆိုပါတယ္။

မေလးရွားကေန ထိုင္းႏုိင္ငံဘက္ ခိုး၀င္လာၾကတဲ့ ျမန္မာႏုိင္ငံသားေတြဟာ မေလးရွားႏုိင္ငံမွာ ကိုဗစ္ ကပ္ေရာဂါကာလမွာ အလုပ္လက္မဲ့ အေျခအေနနဲ႔ ဒုကၡေရာက္ေနၾကတာျဖစ္လို႔ ျမန္မာႏုိင္ငံကို တရားမ၀င္ လမ္းေၾကာင္းကေန ျပန္၀င္ဖို႔ တဦးကို မေလးရင္းဂစ္ ၂,၀၀၀ စီ ေပးရေၾကာင္းလည္း ဖမ္းမိတဲ့ တခ်ိဳ႕ ျမန္မာႏုိင္ငံသားေတြက ေျပာဆိုၾကပါတယ္။

ထုိင္းအာဏာပုိင္ေတြကေတာ့ ကုိယ္၀န္ေဆာင္ေတြကုိ ေဆး႐ုံေဆးခန္းေတြမွာ အပ္ႏွံေပးခဲ့ၿပီး မေလးျပန္ ျမန္မာႏုိင္ငံသားေတြကို ၁၄ ရက္ ေစာင့္ၾကည့္စင္တာေတြကို ပို႔ေဆာင္မွာ ျဖစ္ပါတယ္။ ဒီေနာက္မွာေတာ့ ထိုင္းႏုိင္ငံထဲ ခိုး၀င္မႈ လ၀ကဥပေဒနဲ႔ အေရးယူခံရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

မလေးရှားနယ်စပ် ဖြတ်ကျော်လာတဲ့ မြန်မာတွေ ထိုင်းမှာ ဖမ်းဆီးခံရ

ထိုင်းကိုဖြတ်ပြီး မြန်မာနိုင်ငံကိုပြန်မယ့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၈ ဦးပါတဲ့ မလေးရှားပြန် မြန်မာနိုင်ငံသား ၃၂ ဦး ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်က စဒေါင်မြို့ ခလောင်ဒစ်တံတားအောက်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ကိုဗစ်အရေးပေါ်ကာလ ကန့်သတ်အမိန့်တွေ ထုတ်ပြန်ထားပြီး နယ်စပ်လမ်းတွေ ပိတ်ဆို့ထားချိန်မှာပဲ မလေးရှားပြန် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါတဲ့ မြန်မာနိုင်ငံသား ၃၂ ဦးဟာ မြန်မာနိုင်ငံကို ပြန်ဖို့အတွက်တရားမဝင် လမ်းတွေကနေ ဖြတ်ပြီး ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင်ထဲမှာ ဖမ်းဆီးခံရတာပါ။ ဖမ်းဆီးခံရသူတွေကို အစားအသောက်တွေ သွားရောက်လှူဒါန်းခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်ရဲ့ ဆုံခလာခရိုင် ဟတ်ရိုင်မြို့ တာဝန်ခံ ကိုဘရီက အခုလိုပြောပါတယ်။

“မလေးရှားကနေ ပွဲစားနဲ့ မြန်မာနိုင်ငံကို ပြန်တာပေါ့။ ပြန်တဲ့အချိန် စဒေါင်နယ်မြေ ရောက်တဲ့အခါ ပွဲစားက ၂ ရက် ၃ ရက်အထိ ထမင်းမကျွေးဘဲ တောထဲမှာ ထားပစ်ခဲ့တယ်။ သူတို့က ထမင်းငတ်တယ်။ မိုးရာသီဆိုတော့ မိုးဒဏ်လေဒဏ် မခံနိုင်တော့ လမ်းပေါ်ထွက်လာပြီး အဖမ်းခံတဲ့ပုံစံပဲ။ ကိုယ်ဝန်ဆောင်အမျိုးသမီး မွေးခါနီး ၈ လ ၉ လရှိတဲ့သူ ၈ ယောက်ပါတယ်။ ကျနော်ကမေးတယ် ဘာလို့ ကိုယ်ဝန်အရင့်အမာနဲ့ ပြန်လာလဲဆိုတော့ မလေးရှားမှာ သူတို့အလုပ်ရှင်တွေက ကိုဗစ်ကာလမှာ ဆေးရုံဆေးခန်း ပို့တာတွေ မလုပ်ပေးနိုင်ကြဘူး။ ဒီတော့ ပွဲစားခ ဘတ်ငွေ ၂၀,၀၀၀ ထိပေးပြီး ပြန်လာကြရတယ်။ ဒီထဲမှာ မြန်မာနိုင်ငံသား အကုန်လုံး အားလုံး ၃၂ ယောက်ပါတယ်။”

ထိုင်းနယ်ခြားစောင့်တပ်နဲ့ လဝကအဖွဲ့က မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း စဒေါင်ရဲတပ်ဖွဲ့ ဒုရဲမှူး Praphat Muenphet က သတင်းဌာနတွေကို အတည်ပြု ပြောဆိုသွားပါတယ်။

COVID-19 ထိန်းချုပ် ကျန်းမာရေးဝန်ထမ်းတွေရဲ့ စစ်ဆေးချက်တွေအရ မြန်မာနိုင်ငံသားတချို့ဟာ ကိုယ်အပူချိန် မြင့်တက်နေတာ တွေ့ရတယ်၊ ချောင်းတွေ ဆိုးနေကြတယ်လို့ ဆိုပါတယ်။

မလေးရှားကနေ ထိုင်းနိုင်ငံဘက် ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံမှာ ကိုဗစ် ကပ်ရောဂါကာလမှာ အလုပ်လက်မဲ့ အခြေအနေနဲ့ ဒုက္ခရောက်နေကြတာဖြစ်လို့ မြန်မာနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ ပြန်ဝင်ဖို့ တဦးကို မလေးရင်းဂစ် ၂,၀၀၀ စီ ပေးရကြောင်းလည်း ဖမ်းမိတဲ့ တချို့ မြန်မာနိုင်ငံသားတွေက ပြောဆိုကြပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ ကိုယ်ဝန်ဆောင်တွေကို ဆေးရုံဆေးခန်းတွေမှာ အပ်နှံပေးခဲ့ပြီး မလေးပြန် မြန်မာနိုင်ငံသားတွေကို ၁၄ ရက် စောင့်ကြည့်စင်တာတွေကို ပို့ဆောင်မှာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ ထိုင်းနိုင်ငံထဲ ခိုးဝင်မှု လဝကဥပဒေနဲ့ အရေးယူခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG