သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားကနေ မြန်မာကိုပြန်မယ့် မြန်မာနိုင်ငံသားတွေ ထိုင်းမှာဖမ်းခံရ


မလေးရှားကနေ မြန်မာကိုပြန်မယ့် မြန်မာနိုင်ငံသားတွေ ထိုင်းမှာဖမ်းခံရ
မလေးရှားကနေ မြန်မာကိုပြန်မယ့် မြန်မာနိုင်ငံသားတွေ ထိုင်းမှာဖမ်းခံရ

(Zawgyi/Unicode)

မလေးရှားနိုင်ငံကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီးမြန်မာနိုင်ငံကိုပြန်ကြမယ့် တရားမဝင် မြန်မာအလုပ်သမား ၁၀ ဦး ကို နိုင်ငံကူးစာအုပ်အတုများနဲ့ဖမ်းမိတဲ့သတင်းကို တင်ပြပါမယ်။ VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာ က ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖုန်းခရိုင် လမ်မဲမြို့အာရှ အဝေးပြေးလမ်းမ အမှတ် ၄၁ ရဲစစ်ဆေးရေးဂိတ်က တာဝန်ကျရဲတွေက ဇူလိုင်လ ၁၆ ရက်နေ့ ည ၁၂ နာရီအချိန်လောက်မှာမောင်းလာတဲ့ ငွေရောင် ဗင်ကား ကို တားဆီး စစ်ဆေးခဲ့ရာမှာ မြန်မာနိုင်ငံကူးစာအုပ်အတုတွေနဲ့ မလေးရှားနိုင်ငံကနေ ထိုင်းကို ဖြတ်ပြီး မြန်မာနိုင်ငံကိုပြန်ကြမယ့် အလုပ်သမား ၁၀ဦးကို ဖမ်းမိခဲ့တာပါ။

ရဲတပ်ဖွဲ့က စစ်ဆေးတဲ့အခါမှာ အသက် ၂၀ နဲ့ ၃၀ အကြားသာရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား၁၀ ဦးဟာ မလေးရှားနိုင်ငံအတွင်းမှာ တရားမဝင် အလုပ်လုပ်နေကြသူတွေဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကူးဆက်ပြန့်ပွားနေတဲ့ ကာလ အတွင်း အလုပ်အကိုင်မရှိ အိမ်ဌားဖို့မရှိ မြန်မာအစိုးရဘက်ကလည်း ပြန်ခေါ်ပေးဖို့ ကြန့်ကြာနေတဲ့အချိန်မှာ ပွဲစားတွေကို ငွေကြေးပေးပြီးနေရပ်ပြန်ဖို့ လုပ်ခဲ့ကြတာဖြစ်တယ်လို့ သူတို့ကိုစစ်ဆေးမေးမြန်းချိန်မှာ အခုလိုပြောသွားပါတယ်။

“မလေးမှာ ဒုက္ခရောက်နေလို့ပါ။ အလုပ်မရှိ နေစရာမရှိကြလို့ပါ။”

ဒါကတော့ ထိုင်းရဲတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက စစ်ဆေးတဲ့အချိန်မှာသူတို့ က
ဖြေကြားခဲ့တာပါ။ ထိုင်းတောင်ပိုင်းအခြေစိုက်ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်း ရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာတာဝန်ခံ ဦးမင်းဦးကတော့ ထိုင်းဘက်ကတော့ ကိုဗစ် ၁၉ကို ချက်ချင်းစစ်ပြီး တရားမဝင်မူနဲ့ပဲ စွဲချက်တင်မလား၊ နိုင်ငံကူးစာအုပ်အတု ကိုင်ဆောင်မူတွေနဲ့ပါ အပြစ်ပေး အရေးယူမလားဆိုတာကို ဆက်လက်စစ်ဆေးနေတယ်လို့ ပြောပြပါတယ်။

“သူတို့မှာက ဟိုမှာက အလုပ်အကိုင်ကလည်းမရှိ နေဖို့စားဖို့လည်းမရှိ ရောဂါကလည်း ကူးမှာကြောက်တာရတယ်။ အလုပ်အကိုင်နဲ့ နေဖို့စားဖို့ခက်လို့ ရရာကိုသုံးပြီးပြန်လာကြတာ။ ပွဲစားတွေ အသုံးချတာခံရပြီးတော့ အခုလိုဖြစ်တာပေါ့နော်။ လက်ရှိမှာသူတို့ကိုရော ကားသမားကိုရော ၁၁ယောက်လုံးကိုတော့ စစ်ထားပြီးပြီ။ တရားမဝင်အမူတခုတည်း စာအုပ်အတုကိစ္စတွေပါလာရင်တော့ သူတို့ ထောင်ကျမယ့်သဘော၊ အနည်းဆုံးဒဏ်ငွေရိုက်ခံရမယ့် သဘောရှိတယ် အဲဒီ စာအုပ်တွေကို ဘယ်လိုရလာသလဲ၊ ပွဲစားအေဂျင်စီက လုပ်ပေးတာဆိုရင်တော့ သူတို့ ဖြောင့်ချက်ပေးရင်တော့ သက်သေအနေနဲ့ သက်သာမယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် ပတ်စပို့ အတုဆိုရင်တော့ တနှစ်ခွဲလောက် ကျခံရနိုင်တယ်။ သူတို့ ဝန်ခံမယ်ဆိုရင်တော့လည်း ထိုင်းမှာဆိုရင်ပြစ်ဒဏ် တဝက်ကို လျော့ပေးတာတွေ ရှိတယ်။”

နိုင်ငံကူးစာအုပ်တွေရဲ့ အချက်အလက်တွေကို ထိုင်းလဝက က စစ်ဆေးရာမှာ နိုင်ငံကူး စာအုပ် အတုတွေ ဖြစ်နေတာ တွေ့ရကြောင်း ချွန်ဖုန်းခရိုင် ရဲမှူး Pol Maj-General Wimon Phitakburapha က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံသား ၁၀ ဦးဟာ မလေးရှားနိုင်ငံကနေ ထိုင်းကို ဖြတ်ပြီးမြန်မာနိုင်ငံကိုပြန်ဖို့ အတွက် လူကုန်ကူးနေတဲ့ ပွဲစားတွေနဲ့ ဆက်သွယ်ပြီး တစ်ဦးကို ဘတ်ငွေ ၃၅၀၀ ပေးပြီး ပွဲစားတွေရဲ့ အစီအစဉ်နဲ့ ပြန်လာကြတာလို့ဆိုပါတယ်။ အခုလို မလေးရှားကနေ ထိုင်းနိုင်ငံကို ဖြတ်ဖို့ သက်သေခံ နိုင်ငံကူး စာအုပ်အတုတွေကို ပွဲစားတွေကပဲ စီစဉ်ပေးခဲ့တဲ့အကြောင်း မြန်မာနိုင်ငံသားတွေက ဝန်ခံပြောခဲ့တယ်လို့ ထိုင်းသတင်းတွေမှာလည်း ဖောြ်ပနေပါတယ်။

မြန်မာနိုင်ငံသားတွေကိုခေါ်လာတဲ့ ထိုင်းနိုင်ငံသား ကားမောင်းသူကိုတော့ လူကုန်ကူးမှု ဥပဒေနဲ့ အရေးယူထားပြီး မြန်မာနိုင်ငံသား (၁၀) ဦးကိုတော့တရားမဝင်ခိုးဝင်မူ၊ နိုင်ငံကူးစာအုပ်အတု ကိုင်ဆောင်မှုတွေနဲ့ အရေးယူဖို့ ဆက်လက်စစ်ဆေးမူတွေ လုပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)



“မလေးမှာ ဒုက်ခရောကျနလေို့ပါ။ အလုပျမရှိ နစေရာမရှိကွလို့ပါ။”






XS
SM
MD
LG