သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတ၀န္း COVID ေၾကာင့္ ေသဆံုးသူ ၈ သိန္းေက်ာ္ကို ေရာက္ရွိ


မကၠဆီကိုမွာ COVID-19 သံသယလူနာကို ေဆး႐ုံပို႔ဖုိ႔ ျပင္ဆင္ေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ၾသဂုတ္ ၂၀၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻတလႊား ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေသဆံုးရသူဟာ စေနေန႔မွာ ၈ သိန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။ ကူးစက္ခံရသူကလည္း ၂၃ သန္းေက်ာ္ ရွိေနၿပီလို႔ အေမရိကန္ Johns Hopkins တကၠသိုလ္က ေကာက္ယူတဲ့ စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

အေမရိကန္ႏုိင္ငံဟာ ကမာၻမွာ ဒီေရာဂါ ကူးစက္မႈနဲ႔ ေသဆံုးမႈ အမ်ားဆံုးျဖစ္ၿပီး စေနေန႔အထိဆို ဒီေရာဂါနဲ႔ ေသဆံုးရသူ ၂ သိန္းနီးပါး ကူးစက္ခံရသူ ၅ သန္းခြဲေက်ာ္ ရွိေနတာပါ။

အေမရိကန္ႏုိင္ငံမွာ လူျဖဴမဟုတ္တဲ့ အသားေရာင္ရွိတဲ့ သူက ၄၀ ရာခုိင္ႏႈန္း ရွိေပမယ့္ ဒီဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးရသူ အားလံုးထဲက ၅၂ ရာခုိင္ႏႈန္းဟာ အသားေရာင္ရွိသူေတြ ျဖစ္တယ္လို႔ AP နဲ႔ ျပစ္မႈဆိုင္ရာ တရားစီရင္ေရး စနစ္အေၾကာင္း ေဖာ္ျပေနတဲ့ သတင္းမီဒီယာ အဖြဲ႔တခုျဖစ္တဲ့ The Marshall Project တို႔က ေျပာပါတယ္။

မကၠဆီကိုႏုိင္ငံမွာ စေနေန႔အထိဆို ဒီေရာဂါကူးစက္ခံရသူ ၅ သိန္းခြဲေလာက္ရွိၿပီး ေသဆံုးရသူက ၆ ေသာင္းေလာက္ ရွိပါတယ္။

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈရွိမရွိ စမ္းသပ္စစ္ေဆးမႈဟာ အေမရိကန္ႏိုင္ငံမွာ လူတသိန္းမွာ အေယာက္ ၁၅၀ ေလာက္ စမ္းသပ္ေပမယ့္ မကၠဆီကိုမွာေတာ့ တသိန္းမွာ ၃ ေယာက္ေလာက္ပဲစမ္းတာ ေတြ႔ရတယ္လုိ႔ WHO က ေသာၾကာေန႔က ေျပာပါတယ္။

ဥေရာပႏိုင္ငံ အမ်ားအျပားမွာေတာ့ ေရာဂါကူးစက္ခံရသူ အေရအတြက္ တိုးျမင့္လာေနတာပါ။ ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕မွာ ေက်ာင္းေတြျပန္ဖြင့္ခြင့္ ေပးလိုက္တဲ့ေနာက္ ရာနဲ႔ခ်ီတဲ့ ေက်ာင္းသားေတြ၊ ေက်ာင္းဝန္ထမ္းေတြ ကူးစက္ခံရတဲ့အတြက္ Quarantine လုပ္ထားရပါတယ္။

ၿဗိတိန္ႏိုင္ငံကေတာ့ ဒီေရာဂါပိုး ပံုမွန္ စမ္းသပ္စစ္ေဆးမႈကို ဒီႏွစ္ကုန္ေလာက္မွာ က်ယ္က်ယ္ျပန္႔ျပန္႔ စလုပ္ဖို႔ စီစဥ္ေနေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကမ္ဘာတဝန်း COVID ကြောင့် သေဆုံးသူ ၈ သိန်းကျော်ကို ရောက်ရှိ

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူဟာ စနေနေ့မှာ ၈ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။ ကူးစက်ခံရသူကလည်း ၂၃ သန်းကျော် ရှိနေပြီလို့ အမေရိကန် Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ ဒီရောဂါ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်ပြီး စနေနေ့အထိဆို ဒီရောဂါနဲ့ သေဆုံးရသူ ၂ သိန်းနီးပါး ကူးစက်ခံရသူ ၅ သန်းခွဲကျော် ရှိနေတာပါ။

အမေရိကန်နိုင်ငံမှာ လူဖြူမဟုတ်တဲ့ အသားရောင်ရှိတဲ့ သူက ၄၀ ရာခိုင်နှုန်း ရှိပေမယ့် ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ အားလုံးထဲက ၅၂ ရာခိုင်နှုန်းဟာ အသားရောင်ရှိသူတွေ ဖြစ်တယ်လို့ AP နဲ့ ပြစ်မှုဆိုင်ရာ တရားစီရင်ရေး စနစ်အကြောင်း ဖော်ပြနေတဲ့ သတင်းမီဒီယာ အဖွဲ့တခုဖြစ်တဲ့ The Marshall Project တို့က ပြောပါတယ်။

မက္ကဆီကိုနိုင်ငံမှာ စနေနေ့အထိဆို ဒီရောဂါကူးစက်ခံရသူ ၅ သိန်းခွဲလောက်ရှိပြီး သေဆုံးရသူက ၆ သောင်းလောက် ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိ စမ်းသပ်စစ်ဆေးမှုဟာ အမေရိကန်နိုင်ငံမှာ လူတသိန်းမှာ အယောက် ၁၅၀ လောက် စမ်းသပ်ပေမယ့် မက္ကဆီကိုမှာတော့ တသိန်းမှာ ၃ ယောက်လောက်ပဲစမ်းတာ တွေ့ရတယ်လို့ WHO က သောကြာနေ့က ပြောပါတယ်။

ဥရောပနိုင်ငံ အများအပြားမှာတော့ ရောဂါကူးစက်ခံရသူ အရေအတွက် တိုးမြင့်လာနေတာပါ။ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျောင်းတွေပြန်ဖွင့်ခွင့် ပေးလိုက်တဲ့နောက် ရာနဲ့ချီတဲ့ ကျောင်းသားတွေ၊ ကျောင်းဝန်ထမ်းတွေ ကူးစက်ခံရတဲ့အတွက် Quarantine လုပ်ထားရပါတယ်။

ဗြိတိန်နိုင်ငံကတော့ ဒီရောဂါပိုး ပုံမှန် စမ်းသပ်စစ်ဆေးမှုကို ဒီနှစ်ကုန်လောက်မှာ ကျယ်ကျယ်ပြန့်ပြန့် စလုပ်ဖို့ စီစဉ်နေကြောင်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG